Showing posts with label တက်ဂ် ပိုစ့်. Show all posts
Showing posts with label တက်ဂ် ပိုစ့်. Show all posts

06 December 2014

အမှတ်တရ ဒီဇင်ဘာ

Posted by blackroze at Saturday, December 06, 2014 3 comments


ဒီဇင်ဘာလ
ကျမ ဘဝရဲ့ ကောင်းခြင်းဆိုးခြင်း ခံစားချက်တွေ အများဆုံး ရှိခဲ့တဲ့လ...
အမှတ်တရ တွေ ..ကြည်နူးပျော်ရွှင်ခြင်းတွေ ..နာကျင်ကြေကွဲခြင်းတွေ ..ထင်မထားတဲ့ အပြောင်းအလဲတွေ
မြိုသိပ်ခဲ့ရခြင်းတွေ .. တကယ်ကို အများကြီးပါဘဲ ... ပြောရမယ်ဆိုရင်တော့
ဒီဇင်ဘာလ ဆိုတာ..ကျမ ဘဝရဲ့ နာရီalarm တခု လို့ ပါဘဲ...  .. ။

ဒီဇင်ဘာဆိုတဲ့ အသံကြားလိုက်တာနဲ့ အဲဒီအမှတ်တရ တွေ ခံစားချက်တွေ အားလုံးက ကျမ အတွက်
အဖန်ဖန် အခါခါ အသစ်ဖြစ်လို့ ...နာကျင်ခဲ့ရတဲ့ ခံစားချက်တွေ မြိုသိပ်ခဲ့ရတာတွေ စွန့်လွှတ်ခဲ့ရတာတွေ
ရှိခဲ့ပေမဲ့လည်း  ကျမဒီဇင်ဘာကို မုန်းမသွားခဲ့ပါဘူး ။ ခံစားချက်ကသပ်သပ်  ခံယူချက်က သပ်သပ် ဆိုတဲ့
စိတ်ထားမျိုး ဘဲထားခဲ့ပါတယ် ။ကျမ အတွက် အမှတ်တရ အရှိဆုံးလ တလ အနေနဲ့ ဒီဇင်ဘာကို အသိအမှတ် ပြု ခဲ့တယ်  ။

ဒီဇင်ဘာရဲ့ အငွေ့ သက်က အေးမြခြင်းဆိုပါတော့ ။ တချို့ကလည်း ဒီဇင်ဘာကို အမျိုး မျိုး တင်စားကြပါတယ်  ။အမည်နာမ အမျိုး မျိုး နဲ့ ခေါ်ဝေါ်ကြတယ်။ ကျမ ကတော့ အမှတ်တရ
ဒီဇင်ဘာလို့ဘဲ တင်စားပါရစေ။

နှစ်တနှစ် ရဲ့ အဆုံးသတ်ကာနီး အချိန်ရောက်တိုင်း ဒီဇင်ဘာဟာအေးမြမှု့တွေကို
သယ်ဆောင်လို့် ရောက် ရှိလာတတ်တယ် ။ အေးမြမြ အငွေ့အသက် နဲ့အတူ ဒီဇင်ဘာဟာ သူရောက်ရှိလာကြောင်း  အကြောင်းကြားနေကြ  ။

နိုဝင်ဘာလ ကုန်ဆုံးသွားတဲ့ ညတညကနေ နိုးထလာတဲ့ ကျမ ...အိပ်ယာကနိုးလို့ ခုတင်အောက်
ခြေချ လိုက်ချိန် အေးစက်နေတဲ့ ကြမ်းခင်းရဲ့ အထိအတွေ့က ဒီဇင်ဘာဟာ သူရောက်နေပြီဆိုတဲ့
အကြောင်း အသိပေးလိုက်သလိုလို ..။ဒီနှစ်ရဲ့ ဒီဇင်ဘာကို ကျမ သိပ်ကြိုက်တဲ့ mocha  တခွက်ဖျော်လို့
နွေးနွေးထွေးထွေး ကြိုဆိုမိတယ်... ခုတင်မှာခြေလေးတွဲလောင်းချထိုင်လို့ ကော်ဖီ နွေးနွေးလေးရဲ့
အရသာကို တစိမ့်စိမ့် ခံစားနေရင်းနဲ့  ကျမ အတွက် ဒီဇင်ဘာဟာ ကောင်းသော အေးမြခြင်းတွေနဲ့
ပြည့်စုံ ပါစေလို့ လည်း တိတ်တခိုး ဆုတောင်းခဲ့မိတယ် ။

တချိန်တုန်းက ရင်ခုန်ခဲ့ဖူးတဲ့ ဒီဇင်ဘာကာလတွေကို ပြန်သတိရမိတယ်...အတိတ်ကို ခဏလေး
ပြန်သွားမိသည် .. ။ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ ဒီဇင်ဘာ မနက်ခင်း မြူ တွေကြားထဲမှာ
ကျောင်းသွားခဲ့ရတဲ့ အချိန်တွေ ... ဒီဇင်ဘာ နှင်းဝတ်ရုံ အောက်မှာ  စားခဲ့ဖူးတဲ့ မုန့်ဟင်းခါး
ပူပူနွေးနွေး တပွဲကိုလည်း သတိရ မိပြန်ရော  ။ငယ်ငယ်တုန်းကတော့ ကော်ဖီ မကြိုက်သူမို့
ကော်ဖီသောက်ဖို့ထက် မနက်စာ မုန့်ဟင်းခါးတို့ ခေါက်ဆွဲသုတ်တို့ စားရင်းနဲ့ ဟင်းခါးပူပူလေးသောက်
ခဲ့တာလည်း လွမ်းမိသလိုလို... အခုတော့ မနက်စာ ဆိုတာနဲ့ ကော်ဖီခွက်သာ ကိုင်မိတော့တာပါဘဲ ..
အစပိုင်းက " ကျမ ကော်ဖီ သိပ်မကြိုက်ဘူး " ဆိုတာကနေ " ကော်ဖီသောက်ရမှ ကျေနပ်သလိုကို
ဖြစ်နေတာ "ဆိုတဲ့ အဆင့်ကို တိုးတက်ရောက်ရှိလာတဲ့  အတွက် ပြောင်းလဲ လာတဲ့
အနေအထားတွေကိုလည်း မှတ်မှတ်ထင်ထင် သတိထားမိပြန်သည် ။

ဒီဇင်ဘာရောက်တိုင်း မှန်သေချာကြည့်မိသည်  ။ကိုယ့်ကိုကိုယ် လည်းစကားပြန်ပြောဖြစ်သည်  ။
အသက်တနှစ်ကြီးလာတော့မယ်နော် .. ဒီတနှစ်အတွင်း ဘာတွေလုပ်ခဲ့လည်း  ဘာတွေ ရရှိခဲ့လည်း
ဘာတွေဆုံးရှုံးသွားလည်း အမြဲတမ်း ပြန်မေး ဖြစ်ခဲ့သည် ...။ကိုယ့်ဘာကို အမေးအဖြေ လုပ်ရင်း
ရင်မောခဲ့ရတာကိုလည်း ဒီဇင်ဘာအမောလို့ အမည်တပ်ရမယ် ထင်ပါရဲ့  ။

ဒီဇင်ဘာကုန်ဆုံးလို့ နောက်တနှစ်အကူးအပြောင်း အချိန်လေးကို အိပ်ယာထဲကနေ
တိတ်တိတ်ဆိတ်ဆိတ် ဖြတ်ကျော် ခဲ့ရတဲ့အချိန်တိုင်း ကျမရင်ထဲကနေ ခပ်တိုးတိုးဆိုမိတဲ့ သီချင်းတွေ
ပြောမိတဲ့စကားတွေ  ကဗျာ မဖြစ်တဖြစ် ချရေးမိတဲ့ စာလုံးတွေ ..ဒါတွေအားလုံးကို ရော
ဘယ်လိုအမည်တပ်ရမလည်း ... ဒီဇင်ဘာ ည အတွေးများလို့  ပြောရင် ကဗျာဆန်မလားဘဲနော် ...။
တချို့သော သူများအတွက် အဲလိုnew year ညတွေဟာ ဆူညံအသက်ဝင်နေသလောက်
ကျမအတွက်ကတော့ ဒီဇင်ဘာလရဲ့ နောက်ဆုံးညတည မို့ အေးစက်ခြင်းတွေနဲ့
 နာနာကျင်ကျင် နှုတ်ဆက်နေမိသလိုပါဘဲ ။
သေချာတာကတော့ ကျမနေထိုင်ရာအိမ်ရဲ့အပြင်ဘက်မှာ မှောင်မည်း သိပ်သည်းလွန်းနေတယ် ။
ကျမက ဒီဇင်ဘာညတွေကို တိတ်တိတ်ဆိတ်ဆိတ် ခံစားချင်တဲ့သူကိုးးးးးးးးး ....။

တချို့ သော ဒီဇင်ဘာညတွေဟာ.. အေးစက်မှု့ကို တိတ်ဆိတ်ခြင်းတွေက ဝန်းရံလိုက်တဲ့အခါ  ပြောပြလို့မတတ်တဲ့ ကြောက်စရာ
ကောင်းတဲ့ခံစားချက်ကိုပေးတတ်သလို  ... ခံစားချက်တွေကို တိတ်တဆိတ်ဖွင့်ချ လို့ကောင်းတဲ့
ညတွေအဖြစ်လည်းပေးစွမ်းနိုင်ပါတယ် ။ဘယ်လိုဘဲဖြစ်ပါစေ..ကျမကတော့ ဒီဇင်ဘာညတွေကိုချစ်တယ်..။

ဒီဇင်ဘာဟာ တနှစ်နဲ့တနှစ် မတူတဲ့ ခံစားချက်တွေပေးလို့ ကျမအတွက်တော့ အမြဲတမ်း
လှပနေဆဲပါဘဲ .... ..... ။

ဒီဇင်ဘာဟာ  ကျမ အတွက် ချိုမြိန်တဲ့ ခံစားချက်တွေ ပေးခဲ့ဖူးတယ်...
ဒီဇင်ဘာဟာ ကျမအတွက် နာကျင်တဲ့ ခံစားချက်တွေ ပေးခဲ့ဖူးတယ်...
ဒီဇင်ဘာဟာ ကျမကိုရယ်မော စေခဲ့ဖူးတယ်...
ဒီဇင်ဘာဟာ ကျမကိုငိုကြွေးစေခဲ့ဖူးတယ်..
ဒီဇင်ဘာဟာ ကျမအတွက် အမှတ်တရ တွေအများကြီးချန်ထားပေးခဲ့ဖူးတယ်...
ဒီဇင်ဘာဟာ ကျမအတွက်  သတိရမိစရာတွေလည်း သယ်ဆောင်လာတတ်သေးတယ်...

သိပ်ကို ချမ်းအေးတဲ့  ညတညမှာ ကော်ဖီပူပူခွက်လေးကို ကိုင်လိုက်   လက်ကလေးနွေးလာရင်
စာလေး ရိုက်လိုက်နဲ့ ကျမ ဒီစာလေးကို ရေးခဲ့ပါသည် ။
2014ရဲ့ ဒီဇင်ဘာဟာ  လည်း ကျမအတွက် တကယ်ကို အမှတ်တရ ဖြစ်စေမဲ့ခံစားချက်တခုကို
လတ်တလော လေးတင် ပေးခဲ့ပါသည် ။

အဲဒီနေ့ဟာ ဒီနေ့ ...ဒီဇင်ဘာဟာ သူရောက်ရှိလာပြီး 6ရက်မြောက်နေ့ မှာ ကျမအတွက်
ကြေကွဲစရာ ခံစားချက်တခုကိုပေးခဲ့တယ်...ကျမ ဒီနေ့ကို အမှတ်တရ နေ့စွဲလေးထဲ ထည့်ရေးထား
လိုက်ပါပြီ  ။

ကျမကတော့ နှစ်တနှစ် ကုန်ဆုံးကာနီးတိုင်း ရောက်လာ မဲ့ဒီဇင်ဘာ လပေါင်း များစွာကို
ရင်ခုန်စွာစောင့်မျှော်နေမိဦးမှာပါ .... ...... ....... ။။။



( ပစ်ကို tag လုပ်တဲ့ အမ
ဆွေလေးမွန်ကိုလည်း ကျေးဇူးပါနော်  )
အားလုံးဘဲ  SWEET DECEMBER ပါလို့ ....ချိုသော ဒီဇင်ဘာလေး ဖြစ်ပါစေရှင်....

ပစ်ပစ်
Am 2:56
6.12.2014







 





02 September 2014

ဘလော့ဒေးအမှတ်တရပါရှင်...

Posted by blackroze at Tuesday, September 02, 2014 14 comments
ဘလော့ဒေး အမှတ်တရတဲ့ ..တီတင့်က တက်ဂ်တဲ့ ပိုစ့်လေးပါ  ..
ဒါကဒုတိယမြောက် blog day အမှတ်တရ တက်ဂ်ပိုစ့်ဆိုပါတော့ ..
( ပထမ blog day အမှတ်တရ တက်ဂ်ပိုစ့်ကတော့ မောင်မျိုးက တက်ဂ်လုပ်လို့ ရေးဖူးပါတယ် ။
2011 ကဆိုပါတော့   ။)

အခုဆိုရင် အတော်များများတော့ ရေးပြီးကြလောက်ပါပြီ ။ ကျမကတော့ဒီရက်ပိုင်း အာသီးယောင်
နှာစေးချောင်းဆိုး  ဖြစ်နေတာကြောင့် အခုမှ ဘဲ ရေးဖြစ်ပါတော့တယ် ။
အစကတော့ ဘလော့ဒေး အမှတ်တရ ဟိုဟာရေးရကောင်းနိုးနိုး  ဒီဟာရေးရကောင်းနိုးနိုး နဲ့
နောက်ဆုံးတော့ ဘလော့ဒေးအမှတ်တရ ဆိုမှတော့  ဘလော့နဲ့ပတ်သက်တာလေး ရေးတာအသင့်တော်
ဆုံးလို့ဆုံးဖြတ်ပြီး  ကျမရဲ့ ဘလော့ဂါဘဝစဖြစ်လာပုံလေးကို ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။။

ကျမ ရဲ့ ခံစားမှု့ သံစဉ်လေးကို စဖန်တီးဖြစ်ပုံကို လည်းအရင်က ကျမရေးခဲ့ဖူးပါတယ်  ။ စဖြစ်လာပုံ
ကူညီပေးခဲ့တဲ့သူတွေ ..ကျမကို ဝိုင်းဝန်း လက်တွဲခေါ်ခဲ့ကြသူတွေ ..ကျမစာတပုဒ်ရေးခဲ့ဖူးပါတယ်  ။
အခုတခေါက် ဘလော့နဲ့ ပတ်သက်တာရေးမယ်လို့ စဉ်းစားတော့ အရင်က ရေးဖူးတဲ့
အကြောင်း မဟုတ်ဘဲ..ကျမရဲ့ ဘလော့ အပေါ်ထားတဲ့သံယောဇဉ်နဲ့ အခုလက်ရှိ ဘလော့ လောကကို
မြင်ပုံလေး ဘဲရေးရရင်ကောင်းမယ်လို့  စဉ်းစားမိတယ် ။။

အခုလောလောဆယ်ကတော့ ဘလော့ရွာနဲ့ facebook ရွာက အပြိုင် အဆိုင်ပေါ့ ရှင် ။
တချိန်က ဘလော့မှာ ပျော်ခဲ့ဖူးကြတဲ့  ဘလော့ဂါ အများစု က (ကျမအပါအဝင်ပေါ့) facebook ထဲ
ရောက်သွားကြကထဲက  ဘလော့ဘက်ကို ပြန်မလှည့်ဖြစ်ကြတာ တော်တော်ကြာပါပြီ ။
တချို့ကျတော့ လည်း မိသားစု အရေးကြောင့် အချိန် မပေးနိုင်ကြတော့ ဘလော့ မရေး ဖြစ်ကြတော့ဘူး။
တချို့ကျတော့လည်း  ကိုယ့်ပြည် ကိုယ့်ရွာကို ပြန်ကုန်ကြတော့ အင်တာနက် လိုင်း မကောင်းတာ
ကြောင့် ဘလော့ မရေး ဖြစ်ကြတော့ဘူး ။ အကြောင်းအမျိုး မျိုး ကြောင့်ဆိုပါတော့ ..ဘလော့ကို
ကျောခိုင်းသွားတာ တော်တော်များပါတယ်  ။

နောက်တခုက facebook က တခုခုဆို response မြန်တယ်...ကိုယ်က status တကြောင်းတင်လိုက်
အဲဒီအောက်မှာ ဘယ်သူမဆို Like လုပ်လို့ရတယ် comment ရေးလို့ရတယ် ..ဘလော့က အဲလို
မဟုတ်ဘူး ။စာဖတ်ချင်ရင် တကူးတက သွားဖတ်ရတယ်..ကိုယ်ဘာပြောချင်လည်းရေးချင်လည်း
တင်ထားတဲ့စာကိုသေချာဖတ်ပြီးမှ ပြောလို့ရေးလို့ရတယ်  ။ဘလော့မှာစာတင်တဲ့သူကလည်း အလေးအနက် ရေးထားတာမျိုးကို ဘဲတင်တာ များတယ်..ကိုယ်ရေးတဲ့ စာ ကိုယ်တာဝန်ယူရတာကိုးးး  ။
အဲဒီတော့ ဘလော့မှာက ဟာသဆိုရင်လည်း ဟာသပီပီပြင်ပြင်ရေးတယ်..ခရီးသွား
ဆောင်းပါးဆိုလည်း အစအဆုံးသေချာရေးကြတယ်  ။အချစ်အကြောင်းဆိုလည်း သေချာခံစားဖွဲ့နွဲ့ ပြီးမှ
တင်တာများတယ်  ။အဲဒီတော့ ရေးတဲ့သူဘက်ကလည်းတာဝန်ကျေအောင်လေးလေးနက်နက် ခံစားပြီးမှ
ရေးတယ် ။ဖတ်တဲ့သူကလည်း သေချာဖတ်ပြီး ခံစား ပြီးမှ အောက်မှာ comment ရေးကြတာများတယ် ။

facebook ကြတော့ အဲလို မဟုတ်ဘူး...ကိုယ်တင်ချင်တာ တင်လို့ရတယ်  ။ညကအိမ် မက် မက်တယ်
ဆိုပြီး စာတကြောင်းတင်လိုက်ရင်လည်း ကိုယ့်friend list ထဲက ခင်တဲ့သူတွေက ဘာတွေမက်တာလည်း
ဘယ်လိုအိမ်မက်လည်း  ဆိုပြီးစဟယ် နောက်ဟယ်နဲ့ ပေါ့ပေါ့ပါးပါး ရေးလို့ရတယ်..တခုခုဆိုရင်လည်း
တကူးတက ကိုသွားဖတ်စရာမလိုဘူး ။ကိုယ့် Timeline မှာ တက်လာသမျှ စောင့်ဖတ်ရုံဘဲ ။
ကောမက်ရေးတဲ့နေရာမှာလည်း ပေါ့ပေါ့ပါ့ပါ့းလေး ရေးခဲ့လို့ရတယ် ။communication မှာ facebook က
Blog ထက်ပိုမြန်တယ်  ။တခုခုဆို ချက်ချင်းသိနိုင်တယ်...မေးနိုင်တယ်  ...ကျမထင်ပါတယ်
blogger အများစုက ဒီလို ဆက်သွယ်မှု့ လွယ်ကူတဲ့ အတွက် facebook ကို သုံးကြရာကနေ
blog နဲ့တဖြည်းဖြည်းအဆက်ပြတ်ကုန်ကြတာ နေမှာပါ ။blog ကိုတမင်တကာ ဖြတ်ကြတဲ့သူတွေတော့
မရှိကြပါဘူး ။Blogger တိုင်းက ကိုယ့် ပိုင်ဆိုင်တဲ့ blog ကို တန်ဖိုးထားကြတာကြီးပါဘဲ ။

blog ရေးတဲ့သူတွေ ပျောက်ကုန်ကြတဲ့ နောက်တချက်ကလည်း ဘလော့ဂါဆိုတဲ့ သူတွေအများစုက ပြည်ပကများပါတယ်  ။ သူများနိုင်ငံမှာ နေရတဲ့ အချိန် အိမ်လွမ်းစိတ်
ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ဖိစီးမှု့ တွေ ကို ရင်ဖွင့်ရာနေရာ အဖြစ် ဘလော့ဆိုတာကို ရေး
ဖြစ်လာကြတာများတယ် ။ အချိန်တန် အိမ်ပြန်သွားကြတဲ့ အခါ အကြောင်းအမျိုးမျိုးကြောင့်
စာရေးခြင်းကိုအချိန် မပေးနိုင်ကြတော့ဘဲ Blog လောက ကနေ ပျောက်ကုန်တာပါ ။ကျမ Blog စရေးတာ
2009 မှာပါ ။ အဲဒီတုန်းက ခင်မင်ခဲ့တဲ့ blogger တွေထဲမှာ အခုချိန်ထိ ဆက်ရေးနေတဲ့သူတွေလည်းရှိသလို
မရေးဘဲ ပျောက်ကုန်ကြတဲ့သူတွေလည်းရှိပါတယ်..အဲဒီတုန်းက facebook ဆိုတာကြီးကို ဒီလောက်
ကြီး သုံးတဲ့ အချိန်မဟုတ်သေးတော့ ဘလော့မှာ မတွေ့တော့ရင် ဘယ်မှာဆက်သွယ်ရမယ်ဆိုတာ
မသိကြတော့ပါဘူး ။အခုဆိုရင် ကျမဘလော့ရေးလာတာ 5နှစ်ပေါ့ ။ဒီငါးနှစ်မှာ ဘလော့ကတဆင့်
ခင်မင်ခွင့်ရခဲ့တဲ့ မိတ်ဆွေတွေလည်းအများကြီးပါ ။

ကျမက ကျမကိုယ် ကျမ စာပေဝါသနာပါလို့ စာရေးတဲ့သူတယောက် အဖြစ်ဘဲ ခံယူပါတယ် ။

ကျမ စိတ်ညစ်တဲ့အခါ  ကျမခံစားချက်..ကျမ မကျေနပ်ချက် .. ဒါတွေကို စရေးရင်းနဲ့
ဘလော့ဂါရယ်လို့ ဖြစ်လာတာပါဘဲ ။ ကျမ စာရေးတာဝါသနာပါတယ် ။ဒီအတွက်ကြောင့် ကျမ မြင်မိတာ
ခံစားမိတာကို ရေးးဖြစ်တာများပါတယ်  ။ ကျမဘယ်အချိန်အထိ စာရေးဖြစ်နေမလည်း ဆိုတာ
ကျမကိုယ် ကျမတောင် သေချာ မသိပါဘူး ။ကျမအခု အင်တာနက် ကို လွယ်လင့်တကူ သုံးးစွဲလို့
ရတဲ့နေရာမှာ နေတယ်..ဒါကြောင့် ခလုတ်လေးတချက်ဖွင့်လိုက်တာနဲ့ ကိုယ်ဘာရေးချင်လည်း
ကိုယ်ဘလော့လေးမှာ ကိုယ်ရေးနိုင်တယ်  ။

တကယ်လို့များ ကျမ လည်းသူများတွေလို ပြန်သွားတဲ့ အခါ
အင်တာနက် အဝိုင်းလေး လည်နေတာကို ထိုင်ကြည့်နေရတဲ့ အနေအထားဆို ကျမ စာတွေ
ဆက်ရေးနိုင်ပါ့မလား...ဒီမေးခွန်းကို ကျမကိုယ် ကျမ ပြန်မေးနေတာ အတော်ကြာပါပြီ  ။
နောက်တခုက ကျမအခုက လွတ်လပ်တယ်..နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် အလုပ်ချိန်ကလွဲရင် ကျမစိတ်ပါတာကို
ချက်ချင်းထလုပ်နိုင်တယ်..တကယ်လို့များ ကျမမှာလည်း မဖြစ်မနေ ခွဲဝေယူရမဲ့တာဝန် တွေ ရှိလာခဲ့ရင်
ကျမ စာရေးခြင်းအတွက် ဘလော့ဘက်ကို အချိန်ပေးနိုင်ပါ့မလား စဉ်းစားမိတယ်  ။
အဲလို စဉ်းစားမိလိုက်တိုင်း ကျမ အရမ်းစိတ်မကောင်းဖြစ်ရတယ် ။

ဒါပေမဲ့လည်းလေ  ..
ဖြစ်ချင်တာက ဆန္ဒ ..ဖြစ်နေတာက ဘဝတဲ့  ။။။ ဖြစ်ချင်တဲ့ ဆန္ဒထက် ဖြစ်သင့်တာကို ဦးစားပေးရတယ်တဲ့။
ကျမကြားဖူးတာလေးပါ  ။ကျမဘဝမှာ တခုခုကိုရွေးချယ်ရတော့မဲ့ အခါ ...ကျမရွေးချယ်လိုက်ရတဲ့ အခါ..
ဘလော့ဆိုတာကို ကျမကျောခိုင်းခဲ့ရမယ်ဆိုရင်  ကျမကို မေ့မသွားကြပါနဲ့နော်...
တချိန်တုန်းက ပစ်ပစ်ဆိုတဲ့ မိန်းကလေးတယောက်က ခံစားမှု့သံစဉ်  ဆိုတဲ့ ဘလော့လေးမှာ
သူ ခံစားယုံကြည်ရာကို ရေးဖွဲ့ ခဲ့ဖူးတယ်လို့  သတိရပေးပါ ။

တကယ်လို့များ အဲလိုအချိန်က တကယ်ရောက်လာခဲ့မယ်ဆိုရင် ကျမလည်း အားလုံးကို
အမှတ်ရနေမှာပါ ။တချိန်တုန်းက ခင်မင်ခဲ့ရတဲ့  စာပေမိတ်ဆွေ မောင်နှမ တွေကို ကျမသတိရနေမှာပါ ။

ပစ်ပစ်
Am  2:50
2.9.2014

10 March 2014

Fear ( အကြောက်တရား )

Posted by blackroze at Monday, March 10, 2014 16 comments
FEAR ... ( အကြောက်တရား )

လူတိုင်းမှာ အကြောက်တရား.. ကြောက်ရွံထိတ်လန့်ခြင်းဆိုတဲ့  ခံစားချက် ရှိကြပါတယ်..
ဘယ်လောက်ဘဲ သတ္တိကောင်းတဲ့ သူဖြစ်နေပါစေ... ရင်ဆိုင်လိုက်ရတဲ့ အရာတွေပေါ်
မူတည်ပြီး  ဖြစ်လာတဲ့ ကြောက်လန့်ခြင်းဆိုတာ  ရှိကြစမြဲပါ ...

ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား ( Known fear) နဲ့
 ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား ( Unknown fear)မှာ 
 ဘယ်အရာက သင့်ကိုပိုပြီး ကြောက်လန့်စေပါသလဲ....

မေးခွန်းလေးကို ဖြေရမယ်ဆိုရင်
ကျမ ကတော့ ကြိုတင် သိနေတဲ့ အကြောက်တရား (Known Fear )ကို  ပို ကြောက်လန့်ပါတယ်..
ပိုပြီး Excited ဖြစ်တယ်.. ဘာလို့လည်းဆိုတော့ ..ကြိုတင်သိနေတဲ့ အတွက်  စဉ်းစားနေတတ်တယ်
ဘာဖြစ်လာနိုင်မလည်းလို့ လည်း ကြိုတွေး နေတတ်တယ်.. အဲဒီအချိန်မှာ ခံစားချက်တွေက
ဝင်လာပြီ  ..  စိတ်ဆိုတာကလည်း လူကို ပြန်ခြောက် တတ်တာမျိုးလေ...
ဟုတ်သော်ရှိ မဟုတ်သော်ရှိ .. ကြောက်စိတ်ဝင်လာပြီဆိုရင် အကြီးကြီးလည်း  ဖြစ်လာမယ်လို့
ထင်နေတတ်တာဘဲလေ...။။

ကျန်းမာရေး သိပ်မကောင်းတဲ့ လူတယောက် ခွဲစိတ်ခန်းဝင်ရမယ် ဆိုပါတော့ ..ဘယ်နေ့ ခွဲစိတ်မယ်
ဘယ်surgeon နဲ့ ခွဲမယ်..မေ့ဆေးက ဘယ်သူ .. ဘယ်ဆေးရုံ မှာ ခွဲမယ်..
အဲလိုကြိုသိနေပြီ ဆိုပါတော့...အဲဒီမှာ  ခွဲစိတ်မဲ့ ရက်မရောက်မချင်း  ခွဲစိတ်ခန်းထဲ မဝင်ရသေးမချင်း
မေ့ဆေးပေးပြီး သတိမေ့ မသွား မချင်း  ခွဲစိတ်ခံရမဲ့ လူနာက စဉ်းစားပြီ...နေ့တိုင်းကိုစဉ်းစားနေပြီ ..။။

ငါခွဲစိတ်ခန်းဝင်ဖို့ ဘယ်နှစ်ရက်ဘဲလိုတော့တယ်.. ဘုရား ဘုရား  ...
ငါခွဲစိတ်တာ အောင်မြင်ပါ့မလား.. အဆင်မှ ပြေပါ့မလား... ခွဲစိတ်ပြီးရင် ချုပ်ရိုးတွေက မြန်မြန်ကျက်ပါ့
မလား...သိပ်များနာ နေမလား မသိ.... fear က အဲဒီမှာ စလာပြီ ... ဘေးကမိသားစုတွေက ဘယ်လောက်
ဘဲ အားပေး  အားပေး  .... ကာယကံ ရှင်က ကြောက်နေပြီ ... မကြောက်ပါဘူး စိတ်မပူပါဘူးဆိုနေပေမဲ့
ရင်ထဲက ခံစားချက်ကို သူကိုယ်တိုင်ဘဲ သိမှာပါ ...
အနာသေးသေးလေး ခွဲတာဘဲ ဖြစ်နေပါစေဦး.. ထုံဆေးလေးနဲ့ ခွဲတယ်ဘဲ ထားဦး..
ဆရာဝန်က အနားရောက်လာပြီ ဆိုတာနဲ့  စိတ်ထဲ  ဒါးနဲ့ ခွဲတော့မယ် ခွဲတော့မယ်.. ဆိုပြီးး
ရင်ထဲ တဒုန်းဒုန်းဘဲ.. ... ။။  စိုင်းစိုင်းခမ်းလိုင်  သီချင်းနဲ့ပြောရရင်တော့ ရင်ထဲကို ဗြောင်းဆန်
နေတာဘဲပေါ့လေ... ။။

ကြိုမသိနိုင်တာမျိုးကျတော့ ဘာဖြစ်လာမယ်ဆိုတာ ခန့်မှန်းထားလို့ မရနိုင်သလို
ဘယ်လောက်ထိ ဖြစ်မယ်လို့လည်း မသိဘူးလေ..
ကြို မသိထားတဲ့အခါကျတော့ စိတ်ထဲ ဘာဆိုဘာမှ မရှိဘူး..
သူငယ်ချင်းနဲ့အပြင်သွားဖို့ချိန်းထားတယ်..ပြင်ဆင်ဝတ်စားပြီး လမ်းထွက်လာတယ်..
စိတ်ထဲ မှာ သိနေတာက သူငယ်ချင်းနဲ့ တွေ့မယ်..စားမယ်  လည်မယ်..
ဓါတ်ပုံရိုက်မယ်... ပစ္စည်းဝယ်မယ်.. ဒါလောက်ဘဲစဉ်းစားထားတာ...
အဲဒီအချိန်မှာ လမ်းသွားရင်းနဲ့ ဝုန်းဆို ကားတိုက်ခံလိုက်ရတယ်..

Accident ..ဖြစ်သွားပြီ..

ဒီAccident ဖြစ်လာမယ်လို့ လုံးဝမသိထားတဲ့ အတွက် ဒီဟာနဲ့ ပတ်သက်ပြီး  ကြောက်လန့်ခြင်း
ဆိုတာ လုံးဝမရှိထားဘူး ... ဖြစ်လာကာမှ ဖြစ်ရောဘဲ..ဘာမှကိုကြို ပြီးကြောက်နေတာမရှိဘူး...
ဒီလိုကားတိုက်ခံလိုက်ရတဲ့အတွက်
ဆေးရုံရောက်မယ် ခွဲစိတ်ရမယ်.. အရေးပေါ်အခြေအနေ ဖြစ်မယ်..  ကြိုတင်သိနေတဲ့
ခွဲစိတ်မှု့မျိုးထက် Accident ကြောင့် လုပ်ရတဲ့  ခွဲစိတ်မှု့က ပိုပြီး ပြင်းထန် ချင်ပြင်းထန်ပါလိမ့်မယ်..
ဒါပေမဲ့  ဒါကို ကြိုတင်မသိထားတဲ့အတွက် ပြင်ဆင်ထားတာလည်းမရှိသလို ကြိုပြီး
တွေးတော ကြောက်လန့်နေတာမျိုးလည်း မရှိပါဘူး.. ဖြစ်ဖြစ်လိုက်ချင်း ဝုန်းဆို shock ရလိုက်
တာဘဲ ရှိရင် ရှိလိမ့်မယ်.. သတိချက်ချင်းမေ့သွားတာလည်း ဖြစ်နိုင်သလို ဝုန်းဆို ပြီး ဘာမှ မသိတော့
ဘဲ တခါထဲ Operation ခန်းထဲ ရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်..
ပြင်းထန်တာကတော့ ကြိသိနေတဲ့ ကြိုပြင်ဆင်ထားတဲ့  အရာထက်  ကြိုမသိဘဲ
ဘာမှကိုပြင်ဆင် မထားတဲ့ အရာမျိုးက ပိုနိုင်ပါတယ်.. မြင်ရတဲ့ အရာက ခန့်မှန်းလို့ ရတယ်လေ
မမြင်ရတဲ့ အရာကို ကြိုခန့်မှန်းလို့မရနိုင်ဘူးလေ.....။။

ဒါပေမဲ့  ဘာမှကိုကြိုမသိထားတဲ့ အတွက် ကြောက်လန့် မှု့ Fear မှာတော့ Unkown Fear ထက်
Known Fear က ပိုပြီး များတာပေါ့... Known Fear က limit နဲ့ target ရှိတယ်...
ဘယ်နေ့မှာ ဘာလုပ်မယ် ..အခြေအနေ ဘယ်လိုဆိုတာ အကုန်သိနေတယ်..
ခွဲစိတ်မယ်... ဘာကို ခွဲစိတ်မှာလည်း .. တကယ်တမ်းမှာလည်း လုပ်စရာရှိတာတခု လုပ်ပြီး
ရင် ဒီ ခွဲစိတ်မှု့က ပြီးသွားပါပြီ...

 ကြိုမသိထားတဲ့ကိစ္စ မျိုးတွေကတော့  ဖြစ်လာရင် အဆုံးစွန်အခြေအနေထိ ဖြစ်သွားတတ်တယ်...
ဒါပေမဲ့ ဘာမှကို ကြိုတင်မသိထားတော့ ဘာဖြစ်လာမယ်ဆိုတာလည်း မသိဘူး.
ဘယ်လိုဖြစ်သွားနိုင်တယ် ဆိုတာလည်း မသိဘူး..အဲဒီတော့ အေးအေးဆေးဆေး ဘဲနေနေတာ...

ကျမ အမြင်နဲ့ခံစားချက်မှာတော့ Known Fear က Unknown Fear ထက် ပိုတယ်လို့
ထင်မိပါတယ်ရှင်...။။ ။။  ။။။။

ပစ်ပစ်
10.3.2014
Pm 12:23




29 August 2013

အိတ်လေး မှောက်လိုက်တယ်..

Posted by blackroze at Thursday, August 29, 2013 12 comments


ဒီနေ့  ကျမအလုပ်နားတယ်လေ...
အဲတာနဲ့ လွယ်နေကျအိတ်လေး မှောက်ကြည့် ဖြစ်တယ်ဆိုပါတော့..
ထွက်လာတာတွေကတော့  သုံးနေကျပစ္စည်းလေးတွေနဲ့  ဘာလို့ထည့်ထားမိမှန်း မသိတာ
လေးတွေလည်းပါတယ်ဆိုပါတော့လေ...

ပိုက်ဆံအိတ် အညိုရောင်လေးကတော့  ကျမရဲ့ ပိုက်ဆံအိတ်လေးဆိုပါတော့..
အိတ်ထဲမှာတော့...ပိုက်ဆံ..ကဒ်ပေါင်းစုံ.. ပစ္စည်းဝယ်ထားတဲ့ ဖြတ်ပိုင်းလေးတွေ
 ..နောက်ပြီး ကျမချစ်မြတ်နိုးတဲ့သူတွေရဲ့  ပုံလေးတွေ  ထည့်ထားတာဆိုပါတော့....

ဝန်ထမ်း ID card ..

တစ်ရူးထုပ်..

ဘယ်တုန်းကထည့်ထားမိမှန်းတောင်မသိတဲ့   ကော်ဖီထုပ်လေးတထုပ်လည်း ထွက်လာလေရဲ့

အစိမ်းရောင်tube တောင့်လေးက လက်လိမ်းတဲ့ အဆီဘူးလေ...ကျမက လက်သည်းခဏခဏကျိုးတတ်ပါတယ်...အဲဒီအဆီဘူးလေးက
မွှေးလည်းမွှေးတယ်..နောက်ပြီးလိမ်းလိုက်ရင် စေးကပ်ကပ်လည်းဖြစ်မနေဘူး..အဲတာလေး
လိမ်းတာကြာလှပေါ့..လိမ်းပြီးတဲ့ နောက်ပိုင်း လက်သည်းကျိုးတာလည်း သက်သာသွားတယ်..
(မှတ်ချက်--ကြော်ငြာဝင်ခြင်း မဟုတ်ပါ..)

ကောက်ညင်းထုပ်ပုံစံအိတ်သေးသေးလေးကတော့  အကြွေစေ့လေးတွေ ထည့်ထားတဲ့အိတ်ပါ
အဲဒီအိတ်လေးက သူငယ်ချင်းတယောက်အလည်ခရီးက ပြန်လာတော့ လက်ဆောင်
ပေးထားတဲ့အိတ်လေး..ကျမ သိပ်သဘောကျတယ်..အိတ်လေးက ချစ်စရာလေး..

ရေဘူးနဲ့ထီးမပါ  နွေခါမှ သိလိမ့်မယ်တဲ့ ..
ကျမတော့  ထီးပါအောင် ယူတယ်... ရေဘူးကတော့  7-11  ကနေ အဆင်ပြေသလိုဝယ်လိုက်တာဘဲ..

အိမ်ကနေ ထွက်ခါနီးတိုင်း  သတိထားပြီး အမြဲကြည့်မိတာ..အိမ်သော့နဲ့ ပိုက်ဆံအိတ်ဘဲ
လှေကားတံခါးသော့... အိမ်တံခါးသော့..နောက်ဖေးဝရံတာ တံခါးသော့..
သော့ချောင်း5ချောင်းလောက်  တွဲထားတဲ့  key change လေးက ကျမ သတိထား    ရတဲ့ ပစ္စည်းလေးပါဘဲ။

နောက်ပြီး ကျမဆိုးနေကြ နှုတ်ခမ်းနီတောင့်လေး..နာမည်ကြီးတံဆိပ်တွေထဲကမဟုတ်ပါဘူး..
NIVEA ကထုတ်တဲ့  Lovely lips ..pink smoothie  ပါ..အဲတာလေးဆိုးရတာ တော်တော်
အဆင်ပြေလို့   အဲဒီတံဆိပ်လေးဘဲ သုံးနေတာ  4နှစ်လောက် ရှိပါပြီ..

နောက်ပြီးတော့ ထွက်လာတာက ဖုန်းပေါ့.. ကျမနဲ့  Facebook ကမ္ဘာ ကို မပြတ်ဆက်သွယ်ပေးတဲ့
SAMSUNG ဖုန်းလေးပါဘဲ ....

ဘီးအကြည်လေး တချောင်းလည်း ထွက်လာတယ်ရှင်..တခါမှ တော့ ခေါင်းထုတ်မဖီးဘူးတာ
အသေအချာဘဲ..

နောက်တခုကတော့  မျှော်လင့်ချက် တပွေ့တပိုက်နဲ့  ထိုးထားတဲ့ ထီလက်မှတ်လေးပါဘဲ
စက္ကူအိတ်အနီလေး နဲ့က ထီလက်မှတ်လေးလေ...ကျမရဲ့  မျှော်လင့်ချက်အိတ်လေးလို့ တင်စားရမှာပေါ့
 ထီမပေါက်ချင်တဲ့သူ  ရှိမယ်မထင်ပါဘူးနော်..  :P

ကဲ...ပစ်ပစ်ရဲ့  အိတ်ကလေးထဲက ပစ္စည်းလေးတွေကတော့  အဲတာ အကုန်ပါဘဲ...
အော်မေ့လို့  မေ့လို့
ရန်ကုန်ကိုဆက်ထားတဲ့ ဖုန်းကဒ်အဟောင်းလေးတွေ  ကိုတော့  မနက်ကဘဲ လွှင့်ပြစ်လိုက်မိတယ်..
နို့  မို့  ဆို  အိတ်လေး မှောက်ချလိုက်ရင်  အဲဒီကဒ်လေးတွေအများကြီးထွက်လာဦးမှာလေ...
ကျမဘယ်လောက် ဖုန်းဆက်တယ်ဆိုတာ  အဲတာသာကြည့်တော့...

တခါတခါတော့လည်း   လွယ်ရတဲ့ အိတ်က လေးတယ်လို့ ခံစားမိတယ်..
တခါတခါ ကျတော့လည်း  ဒါက ဘဝကပေးတဲ့ ဝတ္တရားတွေ ထည့်ထားတဲ့ အိတ်လေး
လို့လည်း  ခံစားမိပြန်တယ်...
အဲလိုနဲ့  ဘဲ တရက်ပြီး တရက် ခရီးဆက်လာခဲ့တယ်ဆိုပါတော့လေ...

ကဲ..မနက်ဖန်  ကျမအလုပ်ပြန်တက်ရပြီ..အိတ်လေးလွယ်ပြီး  အလုပ်သွားရဦးမယ်...

 ပစ်ပစ်
28.8.2013
Pm 11:12





21 March 2013

ကျမရဲ့ခုတလော

Posted by blackroze at Thursday, March 21, 2013 18 comments
ဒီပိုစ့်လေးရဲ့ အစကတော့ မကြီးသက်ဝေ တို့ မနော်တို့  မမကွန်တို့စီကနေ မြစ်ဖျားခံလာတာပါ...
မကြီးမိုးငွေ့ ရေးထားတာလေးဖတ်ပြီး ... .ပစ်ပစ်လည်းရေးမယ်ဆိုပြီးရေးဖြစ်သွားတာပါ...

ကျမရဲ့ခုတလောကတော့  စိတ်လှုပ်ရှားစရာ သိပ်ကောင်းတယ်လို့ ထင်တာပါဘဲ...
ရင်ခုန်လို့စိတ်လှုပ်ရှားတယ်ဆိုတာထက်...ဒေါသတွေ သည်းမခံနိုင်မှု့တွေ  နဲ့လှုပ်ရှားတာလို့ပြောပါရစေ..။

ခုတလော
========

***တွေးနေမိတာက - 
----------------------
ကျမစီမှာ ရေရာတဲ့အတွေးဆိုတာ မရှိဘူး...ကျမအကုန်လျောက်တွေးတယ်.. စီးပွားရေး.. လူမှု့ရေး
အချစ်ရေး  အိမ်ထောင်ရေး .. မိတ်ဆွေ..အပေါင်းအသင်း အစုံပါဘဲ...


 ***ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက -
----------------------------------------------------
 အရာရာ ကိုရင့်ကျက်စွာနဲ့ သိုသိုသိပ်သိပ် ခံစားတတ်ဖို့ ကြိုးစားရဦးမယ်ဆိုတာပါ...


***ကျန်းမာရေး -
---------------------
အိုကေပါတယ်...


*** ဖတ်ဖြစ်တဲ့စာအုပ်တွေက -
------------------------------------
အစုံပါဘဲ  ..သတင်းတွေလည်းဖတ်ဖြစ်ပါတယ်...အတင်းတွေလည်း လိုက်ဖတ်ဖြစ်ပါတယ်..Facebook မှာ
ဆိုပါတော့...။ ဖတ်ချင်လို့ down ထားပြီးကာမှ မဖတ်ရသေးတာတွေလည်းတပုံကြီးပါဘဲ...

***ရောက်ဖြစ်နေတာက -
--------------------------------
ရောက်ချင်တာကတော့  မြန်မာ ပြည်ကြီးပေါ့ရှင်...
ဒါပေမဲ့ နေ့တိုင်းရောက်နေဖြစ်တာကတော့  အလုပ်ပါဘဲ....။


***နားထောင်ဖြစ်နေတာက -
------------------------------------
ကွန်ပြူတာရှေ့မှာဆိုရင်တော့  ကိုင်ဇာ  ရဲ့ ဟိုးအရင်တုန်းက သီချင်းဟောင်းတွေပြန်
နားထောင်မိတယ်...
အိပ်ခန်းထဲမှာဆိုရင်တော့  ကျမဖုန်းမှာ download ချပြီးသိမ်းထားတဲ့
5ပုဒ်တည်းသော သီချင်း ကိုဘဲအပြန်အလှန် နားထောင်မိတယ်...


***ရွတ်နေဖြစ်တဲ့ကဗျာက -
------------------------ ----------
ကျမအခုတလော  ကဗျာတွေနဲ့ဝေးနေတယ်...


***ဖြစ်ချင်နေတာက -
-------------------------------
ကျမရဲ့ မျက်စိအကြည့်တချက်မှာတင်  အရာရာကို ပြောင်းလဲပြစ်နိုင်တဲ့
စုန်းမ တယောက်လိုဖြစ်ချင်တယ်...  :P

*** စားဖြစ်နေတတ်တာက -
--------------------------------------
ထမင်းနဲ့ဟင်းပါဘဲ....တခါတလေ အလုပ်ပိတ်ရက်လေး စားချင်တာလေး လုပ်စားပေါ့
သိပ်ထွေထွေထူးထူး မရှိလှပါဘူး... ခေါက်ဆွဲခြောက်ကတော့ ညတိုင်းနီးပါး ပါဘဲ...။

*** သနားနေမိတာက -
---------------------------------
Myself

*** လွမ်းနေမိတာက -
----------------------------------
ပြောပြဖို့ လိုမယ်တောင် မထင်ပါဘူးကွယ်...   :)))


***မေ့လျော့ပစ်နေရတာက -
-----------------------------------------
အချိန် ရယ်..နေ့ရက်တွေရယ်...
နောက်ပြီး မျက်စိထဲကန့်လန့်ဝင်ဝင်လာတတ်တဲ့ လူတချို့ရယ်...ဆိုပါတော့...

*** ခါးသက်နေမိတာက -
-----------------------------------
အခုတလော  ကျမအတွက် အရာရာဟာ ကော်ဖီတခွက်လိုဘဲ
အရမ်း  ခါးတယ်...

*** တမ်းတနေမိတာက -
----------------------------------
နံပါတ်တစ်ကတော့ ဘာဆိုတာပြောစရာမလိုပါဘူးနော်... :))

နံပါတ်နှစ်ကတော့  ကျမရဲ့ငယ်ဘဝလေးဆိုပါတော့ ...း(

***ကြိတ်ပြီးချီးကျူးနေမိတာက -
---------------------------------------------
ကျမရဲ့ ချစ်လှစွာသော ညီမငယ်လေး ကိုပါ...
သူခံနိုင်ရည်သိပ်ကောင်းတယ်...
စိတ်ဓါတ်လည်း ပြင်းတယ်...
အရာရာလည်း ပြတ်သားတယ်...

***ကြိတ်ပြီးအထင်သေးနေမိတာက -
-------------------------------------------------
ဘယ်သူကိုမှ အထင်မသေးပါဘူး ..လူတိုင်းတန်ဖိုးကိုယ်စီရှိတယ်လို့ လက်ခံထားပါတယ်...


*** ဆန္ဒမရှိတဲ့နေရာ -
---------------------------
ကျမနေ့တိုင်းအိတ်တလုံးလွယ်ပြီး သွားနေရတဲ့ ကျမရဲ့ အလုပ်....

*** ဆန္ဒရှိနေတဲ့ကိစ္စ -
---------------------------------
ဒီဆန္ဒကို  အကောင်အထည်ဖော်နိုင်ဖို့ အတွက်  ကျမအချိန်ဆိုတာကို
နည်းနည်းမေ့ထားပြီး  ပိုက်ဆံရှာနေတယ်..

***မုန်းတီးနေမိတာက -
---------------------------------
ကိုယ်တိုင်ဖန်တီးခွင့်ခက်ခဲနေတဲ့  အရာတချို့ကို


*** ချစ်နေတာက -
-----------------------------
အများကြီးဘဲ...   :P  LOL


*** စိတ်ပျက်နေမိတာက -
-----------------------------------
တခါတလေ ကမောက်ကမ နိုင်တဲ့ ကံတရား

*** စွဲလန်းနေမိတာက -
-----------------------------
ခုတလော  အနေအထားနဲ့ အကိုက်ညီဆုံးဖြစ်အောင်ပြောရမယ်ဆိုရင်တော့
ညတိုင်းmilo တခွက်နဲ့ Facebook စာမျက်နှာ ပါဘဲ...

*** လိုအပ်နေတာက -
---------------------------
နွေးထွေးတဲ့ အားပေးသံလေးတခု....
 
*** ရောက်နေတဲ့နေရာက -
-----------------------------------------
ခရီးတခုရဲ့ အလည်မှာလို့  ခံစားမိတယ်...

*** နက်နက်နဲနဲပြန်စဉ်းစားနေမိတာက -
--------------------------------------------------
ငါ့စိတ်ဓါတ်တွေကို  ပြောင်းလဲသင့်နေပြီလားဆိုတာပါဘဲ.. ။။

 ကျမရဲ့ခုတလောကတော့  သိပ်ပြီးတောက်တောက်ပပ  မရှိလှပါဘူး..
နဲနဲ များ မှိုင်းနေသလားလို့နော်...
မကြီးမိုးငွေ့စီကနေတဆင့် ကျမရေးတယ်..
ကျမစီကနေတဆင့်လည်း  ရေးကြပါလို့  ပြန်တက်ဂ်ပါရစေ..
အားလုံးကိုကျေးဇူးတင်ပါတယ်...

ပစ်ပစ် 
Am 2:43
21.3.2013



11 August 2012

My Treasure (Tag)

Posted by blackroze at Saturday, August 11, 2012 13 comments
ဒီ Tag Post လေးရဲ့  မူလ ပထမ ပိုင်ရှင်ကတော့  မောင်လေးနွေလ  လို့ သိရပါတယ် ...
ဒီ Tag post လေးကို  ကျမကို  tag လိုက်တာကတော့ လက်တွဲဖော် အေးဂျင့်ည မတော် စံစံ လေးပါ...နောက်ထပ်ဘယ်သူတွေ  တက်ဂ်ထားသေးလည်း မသိပါဘူး..နာမည်လေးများကျန်ခဲ့ရင် ခွင့်လွှတ်စေချင်ပါတယ်..  
ကျမကလည်း အခုတလောက  မအားဘူးရှင်  (ဘယ်အားမလည်းလေ  တညတည Facebook ထဲဘဲ ဝင်နေတာကိုး  အဟီးးး    ဘလော့ကိုသိပ်တောင် မဝင် ဖြစ်ဘူးလေ..  )
အဲတာနဲ့  ဘလော့ကတက်လာသမျှ Post တွေလည်း   သိပ်လိုက်မဖတ်ဖြစ်ဘူးပေါ့  ..အဲအတွက်လည်း
ဘလော့ဂါမောင်နှမတွေကို   ခွင့်လွှတ်ပါလို့    တောင်းပန်ပါရစေနော်... 
ညမတော် လေးကC box မှာ  လာပြောသွားတယ်   တက်ဂ်ထားပေးတယ်..အရင်ရေးပေးတဲ့  
ကဲအဲတော့   ကဆုန်စိုင်းပြီးရေးလိုက်ပါတယ် ...   :P
တွေ့တွေ့ချင်းကို    ကောက်ရေးလိုက်တာနော်  ဟင်းဟင်းး  ဒီက သူ့စကားဘယ်လောက် အလေးထားလဲဆိုတာသိတယ်မှတ်လား..  ခွိခွိ
ကဲ  အမတော် တာဝန်ကျေတယ်နော်  ညမတော်  အဲဒီအတွက် သဘောပေါက်တယ်နော် ဟင်းးဟင်းးဟင်းး ..  :P   lol

(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?

     စတည်ဆောက်ခဲ့တာကတော့  2009  နှစ်ကုန်ခါနီးလောက်မှာပါ   ...    

ဘယ်လိုတည်ဆောက်ခဲ့ရသလဲဆိုတာကတော့   ...
အဲတာလေးကိုတော့ပြောရရင် တော့ နဲနဲ ရှည်မယ်ထင်ပါတယ်
ကျမအရင်တုန်းက ချော့ကလက်ဆိုတဲ့ ဆိုရှယ်  ဆိုက်တခုကို တော်တော်လေး သုံးဖြစ်ပါတယ်...
အဲမှာ  အားလုံးက Cas လို့ ခေါ်ကြတဲ့ သူငယ်ချင်းတယောက်နဲ့ခင်ပါတယ်...သူကလည်းကဗျာတွေေ၇းပါတယ်
ကျမကလည်း     ကဗျာတွေ မတောက်တခေါက်ရေးပြီးတင်ပါတယ်   အဲမှာ  ခင်သွားကြတာပါ ..သူက   ဘလော့တခုလုပ်ထားတယ်ဆိုပြီး   သူ့ရဲ့   ဘလော့လင့်လေး ပေးပါတယ်...ကျမ သူ့ဘလော့လေး
ကြည့်ပြီးတော်တော်  သဘောကျသွားခဲ့ပါတယ်..   အဲတာနဲ့  ကျမလည်း ဒီလိုဘလော့လေး  တခုလုပ်ချင်တယ်  ..ဆိုတော့   သူက ..သူတတ်နိုင်သလောက်ကူညီပေးပါမယ်   ဆိုပြီး   ပြောတာနဲ့
အခု ကျမရဲ့  ခံစားမှု့ သံစဉ်   ဆိုတဲ့  ဘလော့လေးတခုဖြစ်လာတာပါဘဲ... ဒီဘလော့လေးဖြစ်လာပုံကို
ပြောရရင်  ကျမကျေးဇူးအရမ်းတင်ရတဲ့သူ နှစ်ယောက်ရှိပါတယ်.. ကျမရဲ့  ဒီဘလော့လေးနဲ့  ပတ်သက်ပြီး    မှတ်မှတ် ကူညီပေးခဲ့တဲ့   သူနှစ်ယောက်ပါ ..ပထမ တယောက်က  ဘလော့ တခုဖြစ်လာအောင်  တတ်နိုင်သလောက်  ပြောပေး    ကူညီပေးခဲ့တဲ့  Cas ပါဘဲ...
ပြောရရင်  Cas  က ကျမကို ဘလော့အိမ်လေး  တခုဖြစ်အောင် စကူညီပေးခဲ့သူပါ ... 
( Cas  ကိုတော့  မကြီးမိုငွေ့တို့ သိမယ်ထင်ပါတယ်  )
.နောက်တယောက်ကတော့  ကျမဘလော့စရေးတဲ့အချိန်မှာ  မသိတာတွေကို
သင်ပေးခဲ့တဲ့   ကျမရဲ့ သူငယ်ချင်းစိုးဧပြီရယ်မွန်  သီချင်းဆိုက် ပိုင်ရှင် ဘလော့ဂါ  စိုးမင်းဦး ပါဘဲ ..
စိုးမင်းဦးကတော့   ကျမဘလော့ရေးတဲ့အချိန်မှာ  ကျမမသိတာတွေ  မလုပ်တတ်တာတွေကို သင်ပေးခဲ့တဲ့သူပါ...

ဒါပေမဲ့  အခုချိန်မှာတော့  သူတို့နှစ်ယောက်လုံးဘလော့  လောက ကနေ ထွက်သွားတယ်လို့ဘဲ  ပြောရမလား ပါဘဲ ..ဘလော့ဆက်မရေးဖြစ်ကြတော့ပါဘူး.. 
နှစ်ယောက်စလုံးလည်း သူတို့ရဲ့ ဘလော့တွေကို ပိတ်ထားလိုက်ကြတာ  ကြာပါပြီ...တာဝန်တွေကိုယ်စီနဲ့  တကယ်လက်တွေ့ ဘဝကို  ရင် ဆိုင် ရတဲ့အချိန်မှာ   ဘလော့အတွက် အချိန်မပေးနိုင်ကြတော့တာပါ .. ကျမ သတိရကြောင်း ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ သူတို့ အတွက် ဆုတောင်းပေးပါတယ်.  Cas  လည်းနိုင်ငံခြားမှာ   ပိုက်ဆံတွေအများကြီးရှာနိုင်  ပိုင်ဆိုင်နိုင်တဲ့  သူတယောက်ဖြစ်ပါစေ..
စိုးမင်းဦးလည်း  တာဝန်ကျေပြွန်စွာ ထမ်းဆောင်နိုင်တဲ့ နိုင်ငံသားကောင်း ဖြစ်ပါစေလို့ ..ဆုတောင်းပေးပါတယ်..   သူတို့က ဘလော့မရေးကြတော့ပေမဲ့  သူတို့ ဝိုင်းဝန်းကူညီပေးခဲ့တဲ့
သူတို့ ဝိုင်းတည်ဆောက်ပေးခဲ့တဲ့  ကျမရဲ့  ခံစားမှု့သံစဉ်လေး  ကတော့ အခုချိန်ထိအောင်  
ရှင်သန်နေဆဲပါဘဲ ...

(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?

ကဗျာလေးတွေ စာလေးတွေရေးချင်တဲ့  ရည်ရွယ်ချက်ကြောင့်ပါ ...ကျမစိတ်ထဲခံစားမိတာတွေ
ဒိုင်ယာရီသဘောမျိုးရေးချင်တယ်... အဲတာကြောင့် တည်ထောင်ခဲ့မိတာပါ ...ကျမရင်ထဲက
ခံစားမိတာတွေကို  ရေးမယ်ဆိုတဲ့  စိတ်ကူးနဲ့  ဘလော့နာမည်လေးကိုတောင်
ခံစားမှု့ သံစဉ်   လို့ပေးခဲ့တာပါ ....



(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … 
ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
ဘယ်လောက်ထိရည်မှန်းထားသလဲဆိုတာ  ပြောရရင် တော့  ..ကျမကတော့ ဒီဘလော့လေးကို
ကျမအချိန်ပေးနိုင်သရွေ့ ရေးနေမိမှာပါ ...တခြားဘယ်လိုအနေအထားဖြစ်ရမယ်  ဆိုတဲ့
အတွေးတွေတော့  မရှိပါဘူး..  ကျမ စိတ်ထဲခံစားမိတာလေးတွေ   ကျမရေးဖြစ်တဲ့  ကဗျာလေးတွေ
ကျမရဲ့  ခံစားချက် အပိုင်းအစလေးတွေ   ...  ကျမရေးခွင့်ရရင် ဘဲကျေနပ်ပါပြီ...

ဘယ်လောက်ထိမြတ်နိုးလည်းဆိုတာတော့ ... ကျမအရမ်းနှစ်သက်မြတ်နိုးပါတယ်..  ကျမရဲ့ ကိုယ်တိုင်
တည်ဆောက်ထားတဲ့အရာလေးမို့  တန်ဘိုးလည်းထားပါတယ်...


(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?

     No ....တခါမှ မပျောက်ဆုံးခဲ့ဖူးပါ ဘူး....   

   
(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
   
     မပျောက်ဆုံးဖူးတော့   ဘယ်လိုဆိုတာ မခံစားခဲ့ဖူးပါဘူး.. ..ဒါပေမဲ့  တကယ်လို့
တစုံတခုများ  ဖြစ်ခဲ့ရင်လည်း  ကျမတော်တော်လေး ဆောက်တည်ရာမရ ဖြစ်မှာအသေချာပါဘဲ
ကျမ ရဲ့ ဒိုင်ယာရီ စာအုပ်ပျောက်သွားသလိုဖြစ်သွားမှာ  အသေအချာပါဘဲ...
အဲဒီမေးခွန်းကြီးတော့  ဆက်မဖြေချင်ဘူးရှင်  ကိုယ့်ဘာကို ဘဲ  ဆင်ဆာ ဖြတ်လိုက်ပါတယ်...း)

ကဲ..ဒီလောက်ဆို  ကျမရဲ့ ပိတ်သတ်ကြီးလည်း  ကျေနပ်ကြမယ် ထင်ပါတယ်...
ညမတော်လေး  စံစံ  လည်း  ကျေနပ်မယ်ထင်ပါတယ်....
(နေဦး..ငါလည်း ပြန်တက်ဂ်ဦးမယ်..ခေါင်းစဉ် ရှာလိုက်ဦးမယ်..ဟွင်းးဟွင်းး  )   :P

ဒီနေ့ အလုပ်ပိတ်တယ်  သိလား..တို့အိမ်မှာဘဲ..  ဘယ်မှမသွားဘူး  :P

ပစ်ပစ်
PM 3:42    11.8.2012




16 March 2012

မေမြို့မိုးရဲ့ တက်ဂ် ပိုစ့်

Posted by blackroze at Friday, March 16, 2012 14 comments
မေမြို့မိုးက Cbox မှာလာပြောသွားပါတယ်..အမပစ်ပစ်ရေ ..တက်ဂ်ထားတယ်တဲ့ ..ရေးပေးပါဦးတဲ့..
သူတက်ဂ်ထားတဲ့ ခေါင်းစဉ်လေးကတော့ ဘင်္ဂလားနဲ့ မြန်မာ ငြင်းခုန်နေကြတဲ့ ကိစ္စပါဘဲ..
အခုတော့ အဖြေထွက်သွားပါပြီ... အဲဒီအဖြေက မျှတသလား မမျှတဘူးလားဆိုတာ တော့
ကျမလည်းမသိဘူး.... Facebook မှာတော့ အဲဒီကိစ္စကို တော်တော်များများ ရေးနေကြ တင်နေကြတာ
တွေ့ရပါတယ်...ဖတ်တော့ ဖတ်တယ်..ကျမလည်း ကိုယ်သေချာနားမလည်တဲ့ကိစ္စမို့လို့
ဘာမှကိုဝင်မပြောတတ်တာတော့ အမှန်ပါဘဲ ...။။

(၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ရေပိုင်နက်ကိစ္စကိုဘယ်လို မြင်သလဲ..။

တချို့ကလဲပြောကြတယ် ဘင်္ဂလားအနိုင်ရသွားတာမဟုတ်ပါဘူးတဲ့...

http://www.facebook.com/groups/381908758489238/405904682756312/?comment_id=405927876087326#!/notes/naing-htoo-aung/ရေပိုင်နက်အရေး-မြန်မာရှုံးတယ်တဲ့လား/3706708029538

(facebook မှာ တင်ထားတာလေးတွေ့လို့ ပါ...)

တချို့ကလည်းပြောကြတယ်...မြန်မာရှုံးတယ်တဲ့ ...တယောက်နဲ့တယောက်ကတော့ အမြင်ချင်း
မတူနိုင်ကြဘူးပေါ့လေ....


(၂) မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ..။

အရမ်းစိတ်မကောင်းဖြစ်ရပါတယ်...မချင့်မရဲ လည်းဖြစ်ရပါတယ်...ဖြစ်ရလေ ဆိုပြီးတော့လည်း
ခံစားမိပါတယ်.... facebook မှာ အမ ကလိုရီ (အမနမ်းမဝ) တင်ထားတဲ့ စာလေးကိုလည်း
တွေးမိပါတယ်..အိမ်ထဲမှာရန်ဖြစ်နေတာနဲ့တင် အိမ်နောက်ဖေးမှာ လှမ်းထားတဲ့လုံခြည်..သူများ
အခိုးခံလိုက်ရတယ်ဆိုတဲ့ စာသားလေးပါ...အဲစာသားလေးအရမ်းမှန်ပါတယ်...။။
ဒါကြောင့် ကျမမြင်တာကတော့ ကျမတို့မြန်မာမရှုံးပါဘူး..သူတို့ခိုးသွားတာ ခံလိုက်ရတာပါ ...
ကျမတို့ပေးလိုက်ရတာ မဟုတ်ပါဘူး...သူတို့တွေ ခိုးလိုက်တာပါ..


(၃) တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့.ဘယ်လို လုပ်သင့်သလဲ..။

ဘယ်လိုမှလုပ်လို့ မ၇တော့ဘူးလေ...။။ တာဝန်ရှိတဲ့ခေါင်းဆောင်တွေတောင် ဒီအဖြေကို လက်ခံ လိုက်ရမှတော့ ...ကျမတို့လို့ ပြည်သူတွေ ဘာလုပ်လို့ရတော့မှာလဲ...
ပြီးသွားပြီလေ... ပြန်မှမရနိုင်တော့တာ....


နောက်ထပ်..နောက်ထပ် အဲလိုဖြစ်ရပ်တွေ..အဲလိုအဖြစ်မျိုးတွေ ထပ်မဖြစ်လာဖို့
ဆုတောင်းရုံဘဲရှိတော့တာပေါ့......။။။။။


ကျမတို့တိုင်းပြည်မှာ အလိုအပ်ဆုံးက ဘာလဲ..????? ဆိုတာ ကို အားလုံးသေချာ သဘောပေါက်သင့်ပြီလို့လည်း ထင်ပါတယ်...။။။။

(တယောက်နဲ့ အမြင်ချင်း ခံစားချက်ခြင်း မတူနိုင်ကြတဲ့အတွက် ကွဲလွဲ မှု့လေးတွေရှိခဲ့မယ်ဆိုရင်လည်း နားလည်ပေးပါလို့ ပြောပါရစေ ..)

09 February 2012

အမှတ်တရနေ့စွဲ

Posted by blackroze at Thursday, February 09, 2012 17 comments
ဒီနေ့အလုပ်နားပါတယ် အစကတော့ အကြွေးကျန်နေသေးတဲ့ အမှတ်တရ တက်ဂ်ပိုစ့်လေးကို အပြီးရေးမယ်ပေါ့..။။ ဘာအကြောင်းလေးတွေရေးမယ် ဘယ်လိုဟာလေးဆို ပိုပြီးတော့ မှတ်မိနေလဲ ဆိုပြီးစဉ်းစားထားတာ အများကြီးပါဘဲ ။စိတ်ထဲမှာ သေချာမှတ်မိနေတဲ့ အမှတ်တရလေးတွေက
ဘာတွေလည်းဆိုပြီး မနေ့ကထဲကစဉ်းစားထားတာပါ ။။

မနက်ပိုင်းနိုးတော့ ဈေးသွားပြီး ဖုန်းကဒ်ဝယ်ပါတယ် ။။ ပြန်လာတော့ သိုးမွေးထိုးဖို့ချည်ဝယ်မယ်ပေါ့ ဆိုင်ကချည်ဝယ်ရင် ထိုးတာလေးပါသင်ပေးတယ် ဆိုတော့အဆင်ပြေတယ်ပေါ့..။။ အဲဒီဆိုင်မှာဘဲကျမ မာဖလာထိုးဖို့ ချည်ဝယ်နေကြပါ ။။
ချည်တခါဝယ်တိုင်းလည်းဆွယ်တာထိုးရင် ပြပေးနော် လို့ပြောနေကြပါ။။

ကျမမာဖလာတော့ထိုးတတ်ပါတယ် ။ဆွယ်တာတခါမှမထိုးဖူးပါဘူး ။တချောင်းထိုးတော့ ထိုးတတ်တယ် ။။
တချောင်းထိုးနဲ့တော့ အကျီလေးတွေ ထိုးဖူးတယ် ။ရန်ကုန်မှာနေတုန်းကပေါ့ ။။တချောင်းထိုးက ဆွယ်တာထိုးရင် မလှပါဘူး ။။ နှစ်ချောင်းထိုးနဲ့ကပိုလှပါတယ်...အနားသတ်တာလေးတွေ ကအစပေါ့။။
ကျမလည်းဆိုင်ရောက်တော့ ဆိုင်ကပိုင်ရှင်ကိုပြောပါတယ် ။ကျမအခုချည်ဝယ်မလို့ ပြီးရင်နဲနဲပါးပါး သင်ပေးနော် ဆိုတော့ ပိုင်ရှင်မိန်းမကြီးက အခုမှစသင်မှာလားတဲ့ အရင်ကသူ့စီမှာသင်ဖူးလားတဲ့ ။။
မသင်ဖူးဘူးလို့ အခုမှ ဆွယ်တာထိုးမလို့ သေချာမထိုးတတ်လို့မေးတာပါလို့ဖြေလိုက်တယ် ။။

ပြီးတော့ ကျမလည်း ကျမသဘောကျတဲ့ ချည်လေးရွေးတာပေါ့ ။အဲတော့သူက အခုမှစသင်၇င်ချည်အရောင်ယှက်ထားတာ မယူနဲ့တဲ့ ။။ကျမရွေးထားတဲ့ အရောင်လေးက ချည်တလုံးထဲမှာကိုမှ သူ့ဘာသာသူ အရောင်စပ်ထားပြီးသားပါ ။။အဲလိုချည်ရောင် နဲ့ဆိုရင်သင်လို့ မကောင်းဘူးတဲ့ ။။ အဲတာဆိုရင် ဘယ်လိုအရောင်ယူရမလဲဆိုတော့ အဖြူဆိုအဖြူ အနီဆိုအနီ တရောင်တည်းဟာကိုယူတဲ့ ။။ သူက ကျမကိုချည်ရွေးပေးမယ်တဲ့ ။ သူရွေးပေးလိုက်တဲ့ချည်တန်ဘိုးက ချည်လုံးလေးတလုံးကို 500 လောက်ပေးရတဲ့ဟာပါ... ဆွယ်တာတထည်ထိုးဘို့အတွက် ချည်လုံးက 8လုံးကနေ 10 လောက်လိုတယ်တဲ့ ....ဆွယ်တာက အပေါ်ကနေထပ်ဝတ်တာဆိုတော့ နဲနဲပွမှ အဆင်ပြေမှာတဲ့ ...ကျမတွက်ကြည့်လိုက်တယ် ။ချည်တလုံး 500 10လုံးဆို 5000 ပြီးတော့ ထိုးမဲ့အပ်ကလဲ သုံးလေးစုံဝယ်ရမယ်တဲ့ ။ တစုံတည်းနဲ့ အစအဆုံးထိုးလို့မရဘူးတဲ့ ။။ချည်ဘိုးနဲ့အပ်ဘိုးနဲ့တင် 5500လောက်ဖြစ်နေပါပြီ ။မြန်မာငွေနဲ့တွက်ရင် တသိန်းကျော်နေပါပြီ ။
လက်ပြတ်ဆွယ်တာလေးတထည်က တသိန်းကျော်ဆိုရင် မတန်ပါဘူး... ။ကျမကိုယ်တိုင်ထိုးတာမို့လို့
တန်ဘိုးမဖြတ်နိုင်ဘူးဆိုပေမဲ့ အဲလောက်ကြီးမလိုအပ်ပါဘူး.... နိုင်ငံခြားမှာ ပိုက်ဆံဆိုတာလွယ်လွယ်နဲ့
ကျမတို့တွေရနေတာမဟုတ်ပါဘူး ။ဖိစီးမှု့တွေအောက်ကနေ ငွေရှာရတာပါ ..ကျမအဲလောက်ကြီးသုံးဖို့
မလိုအပ်ဘူးလို့ထင်တယ် ။အဲတာနဲ့ အဲတာကြီးကအရမ်းဈေးကြီးတယ် လို့ပြောလိုက်တော့ နောက်တမျိုးပြပါတယ် ။တလုံး220တန်ပါ ။ အဲဒီ220 တန်နဲ့လည်းတွက်လိုက်ရင် ချည်ဘိုး2200
အပ်ဘိုးနဲ့ဆို 2500 ကျော်သွားမှာပါ ။။မြန်မာပိုက်ဆံနဲ့တွက်လိုက်ရင် 7သောင်းလောက်ကျနေပါပြီ ။။
ဆွယ်တာတထည် ကို7သောင်း ဆိုတာ လက်မခံနိုင်သေးပါဘူး ။ ကျမမှန်းထားတာက တထောင်ပတ်ဝန်းကျင်လောက်ဆို မဆိုးဘူးပေါ့ ။။ ကိုယ်တိုင်မထိုးဘဲ ဈေးမှာထိုးပြီးသားရောင်းတဲ့ဆိုင်မှာ
ဝယ်ရင်တောင် 490...590 လောက်ဆို အရမ်းလှနေတာတွေ ဝယ်လို့ရနေပါပြီ ..ကျမကအမှတ်တ၇
ဖြစ်အောင်ဆိုပြီးကိုယ်တိုင်ထိုးချင်လို့ပါ ..။။

သူကလည်း ဈေးကြီးတာတွေဘဲဝယ်ခိုင်းနေတယ် ။။ကျမ ဘယ်ချည်လုံးကိုပြပြ မရဘူးဆိုတာကြီးဘဲ။ ကျမလည်းကိုယ့်ဘာကိုကြည့်မယ်လို့ ပြောပြီးရှာတော့ တလုံး80 တန်ချည်လုံးလေးတွေတွေ့ပါတယ် ။။ကျမတွက်ကြည့်လိုက်တာ တလုံး80တန်ဆို ချည်ဘိုးနဲ့အပ်ဘိုးပေါင်းမှ တထောင်စွန်းစွန်းဆိုတော့ အဲဒီ80တန်လေးယူမယ်လို့ပြောလိုက်တာပေါ့ ။။အမှန်အတိုင်းဆို အဲတာတောင် များနေပါသေးတယ် ။
လက်ပြတ်ဆွယ်တာလေးတထည်က မြန်မာပိုက်ဆံနဲ့တွက်ရင် 3သောင်းဆိုတာ မတန်ပါဘူး...။
ဒါပေမဲ့ ကျမကိုယ်တိုင်ဖန်တီးထားတဲ့ အကျီလေးတထည်ဖြစ်အောင် ဒီလောက်တော့ ကုန်ခံရမှာဘဲ
ဆိုပြီးအဲဒီပမာဏ ကိုသုံးရမှာပါ။

အဲဒီတော့ ပိုင်ရှင်မိန်းမကြီးက အဲတာနဲ့ဆွယ်တာထိုးလို့မရဘူးတဲ့ ။။အဲတာတွေက မာဖလာထိုးတဲ့
ချည်တွေတဲ့ ။။အချိန်ကုန်ခံပြီးထိုးမဲ့ဟာ ချည်အကောင်းစားနဲ့ထိုးတာမဟုတ်ဘူးတဲ့ ။။ကျမအရမ်းကို
ပေါက်ကွဲသွားပါတယ် ။။ကျမဘာသာ အကောင်းစားဘဲယူယူ အပေါစားဘဲယူယူ သူနဲ့မဆိုင်ပါဘူး
ဒီဆွယ်တာထိုးပြီးရင်ပိုင်ဆိုင်မဲ့သူဟာ...ကျမပါ ...ထိုးမဲ့သူကလည်း ကျမပါဘဲ ...ကျမကသေချာမတတ်လို့
သူကသင်ပေးလိုက်ရတာဘဲရှိမှာပါ ။။သိုးမွေးချည်လုံးဆိုတာ မာဖလာဘဲထိုးထိုး ဆွယ်တာဘဲထိုးထိုး လက်အိတ်ဘဲထိုးထိုး ဦးထုပ်ဘဲထိုးထိုး မရဘူးဆိုတာမရှိပါဘူး ။ချည်အမျိုးအစားကွာလို့ နူးညံတာ မနူးညံတာ ဘဲရှိရင်ရှိမှာပါ ။။ဒီချည်လုံးနဲ့ ဆွယ်တာဘဲထိုးရမယ် ..ဒီချည်လုံးနဲ့မာဖလာ ဘဲထိုးရမယ်ဆိုပြီး
သတ်မှတ်ထားတယ်လို့မကြားဖူးပါဘူး ။။အခုဟာက ကျမကို သူဝယ်စေချင်တဲ့ချည်လုံးမဝယ်ဝယ်အောင်
အတင်းလိုက်လုပ်နေသလိုဘဲ ။ကျမလည်းစိတ်တိုတိုနဲ့ အဲလောက်ဈေးကြီးနေရင်တော့ ဆွယ်တာထိုးဖို့ စဉ်းစားဦးမယ်လို့ ပြောပြီးထွက်လာလိုက်ပါတယ် အမှန်ဆိုရင်ထဲမှာ ပြောချင်တဲ့စကားတွေကတော့
့အများကြီးပါဘဲ ။ဆက်ပြောရင်လည်း ရန်ဖြစ်ခြင်းဆိုတာနဲ့ဘဲ အဆုံးသတ်သွားမှာပါ ။

ကျမရင်ထဲမှာ အရမ်းဖြစ်ချင်နေတဲ့ဆန္ဒတခုကို ကျမဘာသာပြန်လွှင့်ပြစ်ပလိုက်တာပါ ။ကျမက80တန်ချည်လုံးလေးကို ပြပြီးဒါလေးနဲ့ဘဲထိုးမယ်လို့ ပြောလိုက်တော့ အဲတာတွေက မာဖလာထိုးတာတွေ ဆွယ်တာထိုးလို့မရဘူးလို့ အဲမိန်းမပြန်ပြောလိုက်တဲ့အချိန် ကျမလေ စိတ်ထဲသူ့ကို ဘယ်လိုမုန်းသွားမှန်းမသိဘူး ။ကျမဆွယ်တာလေးတထည် အရမ်းထိုးတတ်ချင်တယ် ။။
ဆွယ်တာလေးထိုးဖို့ ကျမကြိုးစားတယ် ၊။ ဒါပေမဲ့အဆင်မပြေဘူး....အဲဒီတော့ အဲဒီဆန္ဒကို
ကျမလွှင့်ပြစ်ပလိုက်တယ်....ဒီနေ့ဟာလည်းကျမရဲ့ Update အဖြစ်ဆုံး အမှတ်တရ နေ့ပါဘဲ ....
ဒီနေ့ထက် Update ဖြစ်တာ မရှိတော့ပါဘူး...
အစကတော့ ရင်ထဲမှတ်မှတ်ရှိနေတဲ့ နေ့စွဲလေးတွေအကြောင်းရေးမလို့ပါဘဲ .. ။။
ဒါပေမဲ့ ကြားဖြတ်တက်လာတဲ့ ဒီနေ့စွဲလေးက လောလောလတ်လတ် မို့ အသစ်လွင်ဆုံး
ဖြစ်နေတယ်ရှင် ။အဲတာနဲ့ဘဲ ဒီနေ့ကိုဘဲ အမှတ်တရလေးအဖြစ်ရေးလိုက်တယ် ။။။

ကျမလည်းအခုတလော အတွေးတွေနဲ့ ခဏခဏရန်ဖြစ်နေရတယ် ။။


ပစ်ပစ်
10.2.2012 AM 00:22

08 February 2012

ငယ်ငယ်တုန်းက...

Posted by blackroze at Wednesday, February 08, 2012 16 comments
ငယ်ငယ်တုန်းကတော့ ကလေးလေးပေါ့လေ..
နည်းနည်းကြီးလာတော့လား လူကြီးဖြစ်သွားတယ်လေ...
ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်ပြောရမယ်ဆိုရင်တော့ အများကြီးပါဘဲ ။အခုဆိုအသက်ဘဲ
30နားနီးနေပြီဘဲလေ ။လူ့လောကထဲမှာရှင်သန် နေတာအနှစ်30နီးပါးလောက် ရှိတော့မယ်ဆိုတော့
အမှတ်ရစရာအဖြစ်တွေကလည်းအများကြီးပါဘဲ ....အစကတော့ တက်ဂ်ပိုစ့်နှစ်ခုကို တခုတည်းပေါင်းရေးမယ်လို့ စဉ်းစားထားတာပါ........ရေးမယ်လို့သေချာစဉ်းစားတော့ နှစ်ခုကိုပေါင်းမရေးချင်တော့ဘူး ။ အဲဒါနဲ့ဘဲ တပုဒ်စီသပ်သပ်စီရေးမယ်လို့ဆုံးဖြတ်လိုက်တယ်....။

ကျမငယ်ငယ်တုန်းကအရမ်းဆိုးပါတယ် ...အိမ်ကျယ်ပေါ့...အိမ်မှာတော့ကိုယ်ကဆရာကြီးဘဲလေ...
အဖေကလည်းအချစ်ဆုံးဆိုတော့ အသကုန်ကိုလွှတ်ဆိုးတော့တာပေါ့ တခုခုဆို..အဖေ့ကိုပြန်တိုင်တော့ အဖေနဲ့အမေနဲ့ခဏခဏပြသနာတက်ပါတယ်.....အဲဒီတော့ အိမ်မှာအဒေါ်တွေကလည်း
ကျမဆို သဲကြီးမဲကြီးကို ချဉ်တာပါ ...။။ဘယ်လောက်တောင်အမြင်ကတ်ကြသလဲဆိုရင်
ကျမငယ်ငယ်ကအရိုက်ခံရရင် မရိုက်ပါနဲ့ဆိုပြီးဝင်ဆွဲမဲ့သူ တယောက်မှမရှိပါဘူး...

ကျမကို မော်လမြိုင်မြို့အမေရိကန်ဆေးရုံမှာမွေးတာပါ ...မွေးပြီးပြီးချင်း အမေဘယ်လိုထိန်းလဲဆိုတာ
မမှတ်မိပါဘူး....စမှတ်မိနေတာကတော့ ငယ်ငယ်ကအိမ်မှာမုန့်တွေရောင်းတယ်ဆိုတာပါ...
ကျမကတခါတလေ ဆိုင်ရှေ့မှာထိုင်ပြီးပုလင်းထဲကသကြားလုံးတွေနှိုက်စားတတ်တာကို မှတ်မိနေသလိုဘဲ
တခါကတော့ အိမ်ကိုသီလရှင်တွေဆန်ခံလာနေကြပါ အမေတို့ကလည်း သီလရှင်အပါးတိုင်းကို
ဆန်လောင်းပါတယ်...တရက်ကျမဆန်တွေယူဆော့လို့ အမေရိုက်တာကိုလည်း
မှတ်မိနေသေးတယ်...ကျမအမေဘယ်လောက်လက်သံပြောင်လဲဆိုရင် ကျမကိုရိုက်တာတံမြက်စည်း
တချောင်းကျိုးတယ်ဆိုဘဲ...အမှန်က အမေကရိုက်တော့ ကျမကထွက်ပြေးပါတယ်...အိမ်ထဲမှာပတ်ပြေး
တာပေါ့ ..အမေကလိုက်ရိုက်တော့ တခြားပစ္စည်းတွေကိုလည်း ထိမိတာပေါ့ အဲတော့ တံမြက်စည်းလည်း
ကျိုးသွားပါတယ်...ကျမကိုဝတ်ပေးထားတဲ့ စပ်ထမီလေးလည်း တထည်လုံးစုတ်ပြဲသွားတယ်တဲ့...
ကျမလူးလိမ့်ပြီးငိုနေတာကိုတော့ မှတ်မိတယ်....အမေကရိုက်ရင်းနဲ့မေးတယ်...နင်နောက်ခါဆန်တွေ
ဆော့ဦးမလားတဲ့ မဆော့ဘူးလို့ဖြေရင် မရိုက်တော့ဘူး..အဲလိုဖြေစမ်းလို့ပြောတယ်တဲ့...ကျမကလည်း
ဘယ်လောက်ခေါင်းမာသလဲဆိုရင် မဆော့တော့ပါဘူးလို့ လုံးဝမဖြေဘူးတဲ့ ...ဆော့မယ်လို့ချည်း
ဖြေတာတဲ့ (အဒေါ်တွေကကျမကို ပြန်ပြောပြတာလေ )...အဲသလောက်ထိငယ်ငယ်က ဆိုးခဲ့တာပါ

ကျမမှတ်မိနေတာတွေကိုတော့အကုန်မရေးတော့ပါဘူး..အဲအထဲကနေ ကျမပြောပြချင်တဲ့ အကြောင်းလေးတွေဘဲရေးလိုက်ပါတယ်...ကျမလည်းငယ်ငယ်တုန်းက အဆော့သန်ပါတယ်
ဘယ်လောက်တောင်ဆော့လဲဆိုရင် မုန့်ဆိုင်ရှေ့မှာ ရပ်ပြီးမုန့်ဝယ်နေတဲ့ စက်ဘီးကို ကျမကပြေးရင်းနဲ့
ဝင်တိုက်လိုက်တာပါ..စက်ဘီး ဟန်ဒယ်နဲ့ မျက်ခုံးနဲ့တိုက်မိပြီး မျက်ခုံးကွဲသွားပါတယ်...အနာကိုလက်နဲ့
အုပ်ပြီးအိမ်ပြန်လာတဲ့ ကျမကိုအမေက ချီပြီးဆေးခန်းပို့ပါတယ်....အိမ်ကအဒေါ်တွေက စက်ဘီးသမားကို
တောင်းပန်ပြီးစက်ဘီးပြင်ဖို့ပိုက်ဆံလျှော်လိုက်ရပါတယ်..အဆုံးသတ်လိုက်တော့ ကျမမျက်ခုံးကို
6ချက်ချုပ်လိုက်ရပါတယ်...ဘယ်ဘက်မျက်ခုံးမှာ အလယ်ကနေ ပြတ်နေတဲ့ အမာရွတ်ချုပ်ရိုးကြောင်း ရှိပါတယ်..

နောက်တခုကတော့ ငယ်ငယ်ကကျမတို့ စိန်ပြေးတမ်းဆော့ရင်းနဲ့ ချိုတူးဆိုတဲ့ကောင်လေးနဲ့
ရန်ဖြစ်တာပါ....အဲကောင်လေးကကြွေပန်းကန်စေ့လားမသိပါဘူး...ကိုင်ထားတယ် ..ကျမတို့၇န်ဖြစ်တော့
သူကလက်နဲ့လှမ်းလုပ်လိုက်တာ ကိုင်ထားတဲ့ကြွေပန်းစေ့နဲ့ ကျမလက်ကို ထိုးမိပါတယ်...ကျမကလည်း
သူ့ကိုဆံပင်ဆွဲထားပြီး ကျမတို့နှစ်ယောက်ရန်ဖြစ်ကြတာပါ..ကျမလက်မှာ ကြွေပန်းကန်စေ့အကွဲနဲ့
ထိုးမိတဲ့ အမာရွတ်ရှိပါတယ်....

ကျမသုံးတန်းလောက်ကထဲက အမေကစာသွားအောင်ဆိုပြီး စာအုပ်ဖတ်ခိုင်းပါတယ်...ကာတွန်းစာအုပ်
ရွှေသွေး...မိုးသောက်ပန်း အဲလိုစာအုပ်တွေပါ....ကျမစာဖတ်ဝါသနာပါအောင် အမေက ပျိုးထောင်ပေးခဲ့တာပါ။။ကျမငယ်ငယ်ကထဲကစာဖတ်ဝါသနာပါတယ်....ကျောင်းကြီးပိတ်ပြီဆိုတာနဲ့ စာအုပ်ဆိုင်သွားတာပါဘဲ။။။ရသမျှမုန့်ဘိုး စာအုပ်ငှားခနဲ့ကုန်တာပါဘဲ...နောက်ပြီးညီမလေးကိုလည်း
ငယ်ငယ်က ကာတွန်းစာအုပ်တွေဖတ်ပြရပါတယ်...သူကကျောင်းမတက်ရသေးတော့ စာမဖတ်တတ်သေးဘူးလေ..။။ အဲတော့ သူသဘောကျတာကို စာအုပ်ဆိုင်မှာသူယူတယ် ပြီးရင် အဲစာအုပ်ကိုကျမကထိုင်ဖတ်ပြရပါတယ်...သူကနားထောင်ပါတယ်...သူသိချင်တာရှိရင် ပြန်မေးပါတယ်...မောင်စူပါ ကဘာဖြစ်သွားတာလဲတို့ ဒီလုံးကိုလူဆိုးတွေကဘယ်လိုဖမ်းသွားတာလဲတို့ ဇီးတော်ပွင့်ကဘယ်ရောက် သွားတာလဲတို့ ဦးကပ်စီးနဲ့တိုက်ဂါးဘာဖြစ်သွားတာလဲတို့ ဆိုတာမျိုးတွေပေါ့...သူကအဲလိုစာအုပ်လေး တွေယူလာတတ်ပါတယ်....သူနဲ့ကျမငယ်ငယ်ကထဲက အဲလိုနေခဲ့ကြလို့လားမသိပါဘူး...ကျမသူ့ကို အရမ်းချစ်ပါတယ်...သူလည်းကျမအပေါ်
သံယောဇဉ် အရမ်းကြီးပါတယ်..ညီအမနှစ်ယောက် ဘယ်ကိစ္စမဆိုတိုင်ပင်နေကြပါ...ခုချိန်ထိလည်း သူက တခါတလေ ဖတ်ပြခိုင်းတတ်ပါတယ်...နင်ဖတ်လိုက် ငါဒီကနေ နားထောင်မယ်ဆိုပြီး..ဘလော့က စာတွေကို တခါတလေ ဖတ်ခိုင်းတတ်ပါတယ်...

ကျမအဖေကလမ်းတံတား အင်ဂျင်နီယာပါ...
ကျမအဖေမုပ္ပလင်မှာ တာဝန်ကျတုန်းက ကျမနဲ့ညီမလေးကို ညနေဘက်ဆိုခေါ်ပြီး မီးရထားလမ်းဘက်
လမ်းလျှောက်ကြတာမှတ်မိသေးတယ်....ညနေဘက်ဆိုရထားကြီးတစင်းကအမြဲလာနေကြပါ..
ရထားလာတာနဲ့ကျမနဲ့ညီမလေးက ရထားကြီးကို ဝေးးးး ဆိုပြီးလက်ပြနှုတ်ဆက်နေကြပါ..
ရထားပေါ်ကလူတွေကလည်း ပြန်ပြီးလက်ပြကြပါတယ်...အဲတုန်းက ဘာမှန်းသေချာမသိပေမဲ့
ကိုယ်လက်ပြလိုက်လို့ ရထားပေါ်ကပြန်လက်ပြရင် အရမ်းပျော်ပါတယ်...အခုတော့ အဖေလည်း
ကျမတို့ဘဝထဲက ထွက်သွားတာ နှစ်ပေါင်းမနည်းတော့ပါဘူး...

တညရွာမှာပွဲဈေးရှိပါတယ်...ကျမတို့မိသားစု ပွဲဈေးသွားတော့ မီးခွက်လေးတွေ မှိတ်တုတ် နဲ့ ဈေးသည်တွေ အများကြီးတွေ့ပါတယ်...ကျမလည်းဟိုဟာပူဆာ ဒီဟာပူဆာနဲ့ ပြန်တော့ ညီမလေးက
အိပ်နေပါပြီ..အမေကညီမလေးကိုချီပါတယ်...အဖေ့တပည့်တယောက်က လက်နှိပ်ဓါတ်မီးထိုးပေးပါတယ်
အဖေကကျမကိုချီပါတယ်.....အဖေ့ကိုယ်ပေါ်ကနေ ပခုံးပေါ်ခေါင်းလေးတင်ပြီး လိုက်ခဲ့တာကို
အခုထက်ထိမမေ့သေးပါဘူး...စိတ်ထဲမှာမနေ့တနေ့ကလေးတင် အဖေနဲ့ပွဲဈေးသွားခဲ့သလိုပါဘဲလေ...။။

ငယ်ငယ်တုန်းကအကြောင်းတွေကတော့ အများကြီးပါဘဲ...။။
ကျမဒီလောက်ဘဲရေးလိုက်တော့မယ်နော် ။။


တပုဒ်တော့ရေးပြီးပြီနော်...တပုဒ်ဘဲကျန်တော့တယ်...အလုပ်ပိတ်ရက်မှထပ်ေ၇းပေးမယ်..
ပစ်ပစ်
8.2.2012 AM 3:35

04 January 2012

တနေ့တာ...

Posted by blackroze at Wednesday, January 04, 2012 23 comments
2012 ရဲ့  ပထမဆုံး  tag  post လေးဖြစ်မယ်လို့   မျှော်လင့်ပါတယ်

အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
    ခုတင်ခေါင်းရင်းက   နာရီလေးကိုယူကြည့်မိတာပါ..

မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ

    မြန်မာ  စားစရာဖြစ်တဲ့   မုန့်ဟင်းခါးတို့   ခေါက်ဆွဲသုတ်   ကြာဇံသုတ်တို့   စားရတာ
    ကြိုက်ပါတယ်...

လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
    ကော်ဖီနဲ့  မုန့်တခုခု  ..

နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ

   အိမ်မှာပါ

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ

    ထမင်းပူပူလေးကိုဆီနဲ့ဆားနဲ့နယ်ပြီး     ငါးခူကြော်   ငါးဖယ်ကြော်  ပုစွန်ကြော်      တခုခုနဲ့တွဲစားချင်ပါတယ်

အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ
   တခွက်..တခါတလေနှစ်ခွက်..

ညနေစာကိုဘယ်မှာစားတတ်ပါလဲ
    အလုပ်ကကင်တင်းမှာပါ..

ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ
    အလုပ်ဆင်းဖို့ နောက်ထပ်4 နာရီတောင်  စောင့်ရဦးမယ်  ဆိုတာပါ

အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
   ပထမဆုံးခံစားမိတာက  တနေ့တော့ပြီးသွားပြီဆိုတာပါ
   ဒုတိယခံစားမိတာက    ပင်ပန်းတယ်ဆိုတာပါ
   တတိယခံစားမိတာက   ဘဝရဲ့အလုပ်  လုပ်ရမဲ့နေ့ရက်တွေကထဲက   တရက်တော့လျော့သွားပြီလို့

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
   ခလုတ်မှန်သမျှလိုက်ဖွင့်တာပါ..ကွန်ပြူတာ မီးခလုတ်  အိမ်မီးခလုတ်  ကျမအခန်းမီးခလုတ်

ဒုတိယလုပ်မိတာလေး..
    အခန်းထဲက  ကျမအရုပ်လေးကို  သွားဖက်အိပ်တာပါ..


ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
   အရင်ကတော့သောက်တယ်..ဆရာဝန်က ကော်ဖီအစားတခြားဟာ   ပြောင်းသောက်ပါလို့ပြောလို့
   ဒီနှစ်ပိုင်းတွေမှာ   နို့ဖျော်သောက်ပါတယ်

ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
   ဘုရားရှိခိုး  ပုတီးစိပ်တာပါ..

အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ
  ဖုန်း inbox ထဲက  151  စောင်သော message တွေကို ပြန်ဖတ်ပါတယ်
  (ဒါတောင် Inbox ထဲမှာမဆန့်တော့လို့ delete လိုက်ရတာတွေအစောင်ပေါင်းရာနဲ့ချီပါတယ်  :P )


တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ
   ရေချိုးရင်းနဲ့ ထိုင်ငိုလိုက်တာပါ


အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
   အိမ်သော့...ဖုန်း...ပိုက်ဆံအိတ်


မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ
  ညီမငယ်ယု

သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ
   ကျမရဲ့ချစ်သူ...

အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
   ကျမအလုပ်ဝင်ဝင်ချင်း  ကျမကို လာမိတ်ဆက်တဲ့   သူငယ်ချင်းလေးပါ
   သူ့အကြောင်းကျမ  ဒီမှာ   ရေးဖူးတယ်..

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
    ရန်ကုန်အိမ်မှာကျန်ခဲ့တဲ့  ကျမရဲ့ဂစ်တာလေးပါ

လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
   လက်ဆောင်ရထားတဲ့ပစ္စည်းမှန်သမျှကိုတန်ဘိုးထားပါတယ်..
   အကြိုက်ဆုံး ဆိုတာမရှိသေးပါ

ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
  ကျမရဲ့ချစ်သူပါ..  :)

အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
   မြန်မာပြည်အရမ်းပြန်ချင်နေတယ်   ....

ကဲ..အားလုံးဘဲ..နှစ်သစ်မှာ  tag post လေးကို  ရေးပေးကြပါလို့  ပြောပါရစေနော်..

ကိုရင်နဲ့မားမား ...ဂျက်စ်နဲ့ ဂျက်စ်ချစ်ချစ် ...jerry pigpig ရဲ့ လက်တွဲဖော်အေးဂျင့်ဂျင်ဆန်းမီ...အကိုသူကြီးမင်း
မကြီးချော..အမမြသွေးနီ.. ကန်ဒီလေး... မောင်မောင်(မြစ်ဆုံ)...မောင်တလုံး..မမ အဖြူရောင်နတ်သမီး
မောင်သန့်..မောင်ဘုန်း..ကို AH...ကြောင်ဖြူများရှင်ကိုလတ်...တီတီတင့်...ဆြာဟန်ကြည်..
ညီမအိန်ဂျယ်လှိုင်..မောင်သန့်..ကိုတူး..အကိုညီလင်းသစ်...ဘုန်းဘုန်းတောက်ပနဲ့ ဘုန်းဘုန်းချယ်ရီမြေ
သူငယ်ချင်းညီရဲသစ်..ကိုညလင်းအိမ်..ကိုဗညား...အကိုအောင် (ပျူနိုင်ငံ)..ချစ်သူမောင်..မကြီးမိုးငွေ့
မောင်မျိုး...အကိုကညိမ်းနိုင်..စန်းထွန်း..ကိုဘကြိုင်..

(တော်ပြီ  ဒီလောက်ဘဲတက်ဂ်လိုက်မယ်..သူများတွေဆက်တက်ဂ်ဖို့ ချန်ထားလိုက်ဦးမယ်.. )

ပစ်ပစ်..

AM  4.1.2012    AM 00:45


24 December 2011

အမှတ်တရ December ....( Tag ပိုစ့်)

Posted by blackroze at Saturday, December 24, 2011 19 comments
December လရဲ့ ရက်တရက်မှာကျမကိုမွေးဖွားခဲ့ပါတယ်...  နှင်းငွေ့တွေဝေနေတဲ့  ဆောင်းတညရဲ့  ညနက်နက်ထဲမှာ   ကျမလောကကြီးထဲရောက်ရှိခဲ့ပါတယ်  ..။။
ဆောင်းတွင်းမှာမွေးတဲ့  ကျမကို  ကျမရဲ့အဖေက  ဆောင်းမှာဘဲ ပွင့်တဲ့ ပန်းတမျိုးရဲ့  နာမည်ကိုပေးခဲ့ပါတယ်  ...။ကျမငယ်ငယ်ကအဖေ့ကို   မေးဖူးပါတယ်    ။ဘာလို့ကျမကိုဒီလို  နာမည်ပေးရတာလဲဆိုပြီးတော့ပါ ။ အဖေကပြောတယ်   အဲဒီပန်းလိုမျိုး သမီးရဲ့ ဘဝကိုအမြင့်ဆုံးမှာ
ရှိစေချင်လို့ပေါ့တဲ့ ....ဒါပေမဲ့  အဖေကျမတို့မိသားစုကို   ဒီဇင်ဘာလရဲ့ ရက်တရက်မှာထားသွားခဲ့တယ်..
ကျမအဖေဆုံးသွားတာ ဒီဇင်ဘာလ 28ရက်ပါ...သူများတွေခရစ်စမတ်နဲ့ New year ကြားမှာ..ပျော်စရာ
ရက်လေးတွေကို  ဘယ်လိုဖြတ်သန်းမလဲလို့ စဉ်းစားနေကြချိန်မှာ...ကျမလူတွေမသိအောင် ငိုနေခဲ့ဖူးတယ်..
တကယ်တော့  ဒီဇင်ဘာဆိုတာ ကျမဘဝရဲ့တကယ်ကို  အမှတ်တရတွေ  ရှိခဲ့တဲ့လပါဘဲ...
အပျော်ဆုံးလို့ထင်ခဲ့တဲ့   အချိန်တွေရှိခဲ့ဖူးတယ်... အနာကျင်ဆုံးခံစားခဲ့ဖူးတဲ့   အချိန်တွေရှိခဲ့ဖူးတယ်..
အရာရာကို စွန့်လွှတ်ကျောခိုင်းလိုက်ဖို့    ကျမဒီဇင်ဘာလထဲမှာဆုံးဖြတ်ခဲ့ဖူးတယ်..

ကျမကိုမွေးခဲ့တာ  ဒီဇင်ဘာလထဲမှာ...

ကျမအဖေကျမတို့  မိသားစုကိုထာဝ၇အပြီးအပိုင်  ကျောခိုင်းသွားတာ ဒီဇင်ဘာလထဲမှာ

ကျမဘဝရဲ့ပထမဆုံး  ငယ်ရည်းစားနဲ့   တွေ့ခဲ့တာဒီဇင်ဘာလထဲမှာ..

အဲဒီငယ်ချစ်နဲ့  ကွဲခဲ့တာလည်း   ဒီဇင်ဘာလထဲမှာပါဘဲ  ..း)

ဘဝတစ်ခုကို  ဒီဇင်ဘာလထဲမှာ   ကျမတည်ဆောက်ခဲ့ဖူးတယ်...
နောက်ဆုံးတော့   အရာရာဟာ..ကံတရားအတိုင်းဘဲလို့ သဘောထားပြီး...ကျမအရာအားလုံးကို
အရှုံးပေးခဲ့ရတယ်..

ကျမဘဝရဲ့ ဘယ်တော့မှမမေ့နိုင်တဲ့ခွဲစိတ်မှု့တခုကို  ကျမဒီဇင်ဘာလရဲ့ 29ရက်နေ့မှာ အမှတ်မထင်  ရင်ဆိုင်ခဲ့ဖူးပါတယ်   မေ့ဆေးဆရာဝန်ရောက်မလာသေးလို့  ဆိုပြီး.. ကျမကိုမနာကျင်ရအောင် ဆိုပြီးဆေးတွေ တလုံးပြီးတလုံး   လာထိုးပေးနေတုန်းက ကျမစဉ်းစားမိတယ်..
ငါဘာလို့သတိမလစ်သွားတာလဲ..
သတိသာလစ်သွားရင်..နာကျင်မှု့ဆိုတာကိုငါသိတော့မှာမဟုတ်ဘူး..အခုတော့နာနေတာကို
ခံစားပေးနေရတယ်..ဒါလည်း ဒီဇင်ဘာရဲ့  အမှတ်တရဘဲလားဆိုပြီးတော့ပါ..


ကျမမြန်မာပြည်ကိုကျောခိုင်းပြီး  နိုင်ငံခြားကိုထွက်လာခဲ့တာ  ဒီဇင်ဘာလထဲမှာပါ..မှတ်မှတ်ရရပါဘဲ  အဲနေ့ကကျမရဲ့မွေးနေ့  ဒီဇင်ဘာလ 14ရက်ပါဘဲ..ကျမရဲ့မွေးနေ့တခုကို  ကျမလေယာဉ်ပျံပေါ်မှာ
ဖြတ်သန်းခဲ့ဖူးပါတယ်.. ဆုတောင်းမဲ့သူမရှိ  လက်ဆောင်ပေးမဲ့သူမရှိ....
Happy birthday ဆိုတဲ့  စကားသံတွေ နဲ့ဝေးတဲ့   China Airline ရဲ့ လေယာဉ်တစ်စီးပေါ်မှာပါ
ငါဘဝသစ်တခုကို စဖို့ အတွက် ငါဒီခရီးကိုထွက်လာတာ...ဘယ်လိုအခက်ခဲတွေတွေ့တွေ့
ငါရအောင် ရင်ဆိုင်မယ်..ဆိုတဲ့ စိတ်ထားလေးတခုဘဲကျမစီမှာပါလာတယ်..
ကျမကိုယ်ကျမ အဲဒီစိတ်ထားကို လက်ဆောင်အဖြစ်ပြန်ပေးခဲ့ပါတယ်..

ကျမအခုအလုပ်ကိုရဖို့အတွက်အချိန်တော်တော်ကြာစောင့်ခဲ့ရပါတယ်..ဒီအလုပ်ကို  ရတော့လည်း..
ဒီဇင်ဘာလထဲမှာပါဘဲ..ဒီဇင်ဘာလ 11 ရက်နေ့ပါ..

အခုကျမရဲ့ချစ်သူပေါ့ သူ့နဲ့စချစ်ခဲ့တာလည်း  ဒီဇင်ဘာလထဲမှာပါဘဲ..ကျမပြက္ခဒိန်အရတော့
ဒီဇင်ဘာလ 2ရက်နေ့ပါ   သူ့ပြက္ခဒိန်အရတော့  ဒီဇင်ဘာလ1ရက်နေ့ပေါ့..သူနေတဲ့နေရာက
ကျမနေတဲ့နေရာထက် 4နာရီနီးပါး  နောက်ကျပါတယ်..အဲတာကြောင့်သူကပြောရင် 1ရက်နေ့
ကျမကပြောရင်2ရက်နေ့ပါ..း)

ကဲ..ဒီဇင်ဘာဆိုတာ   ကျမအတွက်ဘယ်လောက်   အမှတ်တရတွေများသလဲနော်...။။


ကန်ဒီလေးက ကျမကို Tag ထားပါတယ်..ဒီဇင်ဘာပိတ်ရက်မှာဘာတွေလုပ်မလဲတဲ့..

ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
 
  နိုး ..သာမန်အနေအထားလောက်ပါဘဲ..အရမ်းကြီးfeeling မရှိပါဘူး...
  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
  အဲတာလည်း  No ပါ..


နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။



အင်းးး  ခရစ်စမတ်ကာလလေးတခုကိုတော့  နှင်းဖြူဖြူ တွေကျနေတဲ့  နေရာ လေးတခုမှာ  တခါလောက်     တော့  ဖြတ်သန်းဖူးချင်တယ်  ကျမအခုနေတဲ့နေရာက  ဆောင်းတွင်းဆိုအရမ်းအေးပေမဲ့
    နှင်းမကျဘူး   ..မိုးတွေတော့ရွာတယ်   ..တနေကုန်အုံမှိုင်းပြီးအေးစက်နေတာဘဲ....

ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။





ကျမအတွက် ခရစ်စမတ်ပိတ်ရက်ဆိုတာမရှိပါဘူး   ကျမရောက်နေတဲ့နိုင်ငံက ခရစ်စမတ်ဦးစားပေး
နိုင်ငံမဟုတ်လို့ပါဘဲ..ခရစ်စမတ်လည်းခါတိုင်းပုံမှန်အလုပ်တက်ရက်တွေလိုပါဘဲ...25ရက်နေ့နဲ့ 1လပိုင်း 1ရက်နေ့ ကိုဘဲ Holiday လို့သတ်မှတ်တာပါ..အလုပ်ပိတ်ရက်ရှည်တွေ မရှိပါဘူး..

ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။






အဲတာလည်း  No ပါဘဲ..အခုလက်ရှိသူငယ်ချင်းတွေထဲမှာ..   ခရစ်ယာန် မရှိလို့ပါ
ွှ  ( အရင်တုန်းက ငယ်ငယ်တုန်းကပေါ့  သူငယ်ချင်းခရစ်ယာန်မလေးတယောက်ရှိပါတယ် သူ့ကို   တော့ လက်ဆောင်ပေးလေ့ ရှိပါတယ် )



 ♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။





ခရစ်စမတ်အမှတ်တရ  ကတော့ အထူးတလည်မရှိပါဘူး..မြန်မာပြည်မှာတုန်းကတော့   ခင်တဲ့
သူငယ်ချင်းတွေစုပြီးစားကြသောက်ကြ  အဲတာမျိုးလောက်ဘဲရှိပါတယ်

နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

     အင်းး....ရှိနေစေချင်တာကတော့  ချစ်သူပေါ့ ..အမေနဲ့ညီမကအခုအနားမှာရှိနေတာကိုးး
အဲဒီတော့  ချစ်သူကိုပါရှိစေချင်တယ်..



New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

  No ပါ  ..New year အမှတ်တရကတော့..

Final Year  တက်နေတဲ့အချိန်ထင်တယ်    သူငယ်ချင်းတွေစုပြီးညလုံးပေါက် Beer သောက်ဖူးတယ်  အဲတာလေးတော့  အမှတ်တရ  ရှိပါတယ်..အဲတုန်းကသူငယ်ချင်းတွေအကုန်လုံး  အခုတော့ တယောက်တနေရာစီ ဖြစ်ကုန်ပြီ..နိုင်ငံခြားရောက်တဲ့သူနဲ့  အိမ်ထောင်ကျတဲ့သူနဲ့  အဲဒီတုန်းကလို
အားလုံးအတူတူ  ပြန်ဆုံဖို့ဆိုတာ   လုံးဝမဖြစ်နိုင်တော့ပါဘူး...တယောက်မဟုတ်တယောက်ကတော့
လိုနေမှာအသေအချာပါဘဲ..အဲတာကြောင့်လည်း..အဲဒီနေ့ကလေးကို..  အမှတ်တရ  အမြဲတမ်းရှိနေမိတယ်  ...တကယ်ကို အမှတ်တရ  ရှိနေခဲ့တာပါ..ပြန်စဉ်းစားလိုက်တိုင်း
အဲဒီအချိန်တုန်းကပြောခဲ့တဲ့စကားတွေ   ...တယောက်နဲ့တယောက် စနောက်ခဲ့ကြတာတွေ..
အရာရာဟာ..လောလောလတ်လတ်ဖြစ်ခဲ့သလို  တည်ရှိနေဆဲပါဘဲ...

နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။



  နှစ်သစ်ကိုကုန်ဆုံးစေချင်တဲ့သီးသန့်နေရာမျိုးရှိပါတယ်...အဲဒီနေရာကတော့New year ညလေးတညမှာ.. အရမ်းအေးတဲ့ တောင်ပေါ်ဒေသလေးတခုပေါ့..အဲဒီနေရာလေးမှာ..

ချစ်သူရင်ခွင်ထဲမှာနေပြီး..သူဆိုပြမဲ့  သီချင်းကိုနားထောင်ချင်တယ်..
သူဖျော်တိုက်မဲ့ Coffee ကိုသောက်ချင်တယ်း)


လောလောဆယ် new year ကတော့ ဘာအလည်အပတ် အစီအစဉ်မှမရှိပါဘူး..

နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။

 အင်းးးး    အရာရာကို   အဆင်ပြေအောင်ရင်ဆိုင်သွားမယ်ဆိုပြီးတော့ဘဲတွေးထားပါတယ်




နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။





NO ..

နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။

   No  ..



ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။

  ကျမခင်မင်ရတဲ့  ချစ်ခင်လေးစားရတဲ့  ဘလော့ဂါမိတ်ဆွေများအားလုံး...

Merry X'mass & Happy New Year  ပါလို့..   

Tag  ထားတဲ့သူများ ကိုလည်းကျေးဇူးပါနော်..(ဘယ်သူတွေကjerry pigpig ကို tag ထားလဲဆိုတာ
သေချာမသိလို့ အခုလိုဘဲ  ယောင်ဝါးဝါးချလိုက်တာပါ  ဟီးးဟီးး)

ပစ်ပစ်
24.12.2011   AM3:53

ကျမခင်မင်ရတဲ့မိတ်ဆွေတယောက်ကို ဆက်ပြီးတော့ Tag ချင်ပါတယ်..(အတော်များများကတော့
အ တက်ဂ် ခံပြီးနေပါပြီး...တော်တော်များများလည်း တက်ဂ်ပိုစ့်ကို
ရေးပြီးနေကြပါပြီ..) ဘယ်သူမှမTag ရသေးတဲ့ သူငယ်ချင်းတယောက်ပါ
အရိပ်..(ညီသူအိမ် )ပါ အဆင်ပြေမယ်ဆိုရင် ဒီ Tag ပိုစ့်လေးနဲ့အတူ
ဘလော့ပြန်ရေးပါလို့   ပြောပါရစေ...ဘယ်လိုမှအဆင်မပြေလို့မရေးဖြစ်ဘူးဆိုရင်လည်း
ရပါတယ်..ကျမစိတ်မဆိုးပါဘူး..


15 September 2011

ဘလော့ဂါ ဆိုတာ..

Posted by blackroze at Thursday, September 15, 2011 13 comments
ဘလော့ဂါဆိုတာဘာလဲ ......တော်တော်များများကတော့ အဓိပ္ပါယ်အမျိုးမျိုးနဲ့ရေးပြီးကြပါပြီ....
ကျမအမြင်ကိုပြောရမယ်ဆိုရင် ...ဘလော့ဂါဆိုတာ အွန်လိုင်းပေါ်ကစာရေးသူတွေ လို့မြင်ပါတယ်...
တချို့ကအချစ်အကြောင်းရေးတယ်
တချို့ကနည်းပညာအကြောင်းရေးတယ်..
တချို့ကချက်နည်းပြုတ်နည်း..အစားအသောက်နဲ့ပတ်သက်တာလေးရေးတယ်..
တချို့ကျတော့ ကျန်းမာရေးဆိုင်ရာသုတွေရေးတယ်..
တချို့ကျတော့ ဗဟုသုတ ဆိုင်ရာလေးတွေပြန်မျှဝေပေးတယ်...
ကျမလိုဟိုမေ၇ာက် ဒီမေ၇ာက်စာတွေ ရေးတဲ့သူကတော့မရှိသလောက်ရှားမယ်ထင်တာဘဲ..အဟီးးး
ဘယ်လိုအနေအထားနဲ့ဘဲရေးရေးပါ...ကိုယ်သိတာကိုပြန်လည်မျှဝေပေးတဲ့
စာေ၇းသူတွေကိုဘလော့ဂါလို့ခေါ်ကြတာပါ...။

သေချာတာတခုကတော့ ဘလော့ဂါဆိုတာ လူသားတွေထဲကလူသားတွေပါဘဲ...

အသွေးအသားနဲ့ဖွဲစည်းတည်ဆောက်ထားကြတဲ့သူတွေကြီးပါဘဲ...

ကျမနေလည်းသိပ်မကောင်းလို့ ဒီလောက်ဘဲရေးလိုက်တယ်နော်....
တဂ်ထားတဲ့ jas နဲ့မောင်ဘုန်း ရေ..ကျမရေးပြီးပြီနော်...
(နောက်ထပ်ဘယ်သူတွေကျမကိုတဂ်ထားသေးလဲသေချာမသိတော့ပါဘူး)
ကိုရင်လည်းမကိုင်ပါနဲ့တော့နော်..နတ်ဆိုရင်ကြောက်လွန်းလို့ပါ...
အခုနေမကောင်းတကောင်း ဖြစ်နေတာတောင် နတ်ကိုင်နေတာများလားမသိ ....
အဲတာဆိုရင်တော့ ဒွတ်ခ ဘဲနော်...

( အခုတလောကျမတခုခုကိုအာရုံစိုက်ပြီးလုပ်နေရင်နောက်တခုကိုသတိမထားမိတတ်ဘူး...
တခါတလေ ကျမဘလော့မှာစာဖတ်ပြီးစိတ်ဝင်တစားနဲ့ကောမက်ရေးနေတာမျိုးတို့
စာတခုခုကိုအာရုံစိုက်ပြီးဖတ်နေတာမျိုးဆိုရင် တယောက်ယောက်က လှမ်းပြီး
စာ type လာရင် ကျမမသိတော့ဘူး..ချက်ချင်းပြန်မပြောရင် စိတ်မဆိုးဖို့ တောင်းပန်ပါတယ်...
ကျမကgtalk ဖွင့်တာမဟုတ်ပါဘူး...Gmail ကိုဘဲဖွင့်ထားလို့ပါ ....gtalk ဖွင့်ထားရင် စာ typeလိုက်ရင်
chat boxလေးကတက်လာတော့ချက်ချင်းသိနိုင်တာပေါ့...Mail ကျတော့mail ထဲမှာဘဲပေါ်နေတာ
ဆိုတော့ မေးလ် ထဲပြန်မကြည့်မိမချင်း သူများလှမ်းပြောနေလားဆိုတာ မသိတော့ဘူး..
အဲတာကြောင့်မို့လို့ပါ .။။။)

blackroze ( or) jerry pigpig
15.9.2011 AM 3:09

26 August 2011

blog day အမှတ်တရ...

Posted by blackroze at Friday, August 26, 2011 16 comments



အားလုံးမင်္ဂလာပါလို့ အရင်နှုတ်ဆက်ပါရစေ...
ဒီညတော့ကော်ဖီတခွက်နဲ့ ဆရာသမားကိုမောင်မျိုးတဂ်ထားတဲ့ blog Day အမှတ်တရ အပီအပြင်ရေးတဲ့
ညပါဘဲရှင်..မနက်ဖန်ကျမအလုပ်ပိတ်ပါတယ်... အဲတော့ ဒီညမအိပ်လည်းကိစ္စမရှိပါဘူး...။

ကျမဒီဘလော့ လေးကိုစလုပ်ဖြစ်တာက 2009 ဒီဇင်ဘာလောက်မှာပါ ..။ အဲဒီတုန်းကအမြဲတမ်း သုံးဖြစ်တဲ့
ဆိုက်ဒ်လေးက ချော့ကလက်မြို့တော် ဆိုတဲ့ ဆိုက်ဒ်လေးပါ ။ အဲဆိုက်ဒ်လေးကနေ casper လို့
ခေါ်တဲ့ သူငယ်ချင်းတယောက်နဲ့ခင်သွားပါတယ်...။တခြားခင်တဲ့သူငယ်ချင်းတွေလည်း အများကြီးပါ..။
ဒါပေမဲ့ ကျမကလည်း ကဗျာဝါသနာပါသလို သူကလည်းကဗျာရေးတဲ့သူပါ ...တနေ့သူနဲ့ gtalk မှာ
ကဗျာအကြောင်းပြောရင်းနဲ့ သူကသူလုပ်ထားတဲ့ Blog အကြောင်းပြောပြပါတယ်.... ကျမက ကျမလည်း
အဲလိုလုပ်ချင်တယ် ...လို့ပြောတော့ သူကသူကူညီပေးမယ် သူအားတဲ့အချိန် လုပ်ပေးမယ် ဆိုပြီး...
ကျမကိုဒီဘလော့လေး လုပ်ဖို့သူကူညီပေးခဲ့တာပါ ...(သူ့ကိုအမမိုးငွေ့တို့သိမှာပါ .. အရင်က နေညှိ ဆိုတဲ့
နာမည်နဲ့ သူဘလော့ရေးခဲ့ဖူးပါတယ်..အခုတော့သူလည်းဘလော့မရေးတော့ပါဘူး ....)ကိုးရီးယားမှာ
တကယ့်ဘဝတိုက်ပွဲဝင်နေပါပြီ....။

အဲတာနဲ့ ကျမရဲ့မြောက်မြားလှစွာသော ခံစားချက်တွေကို ချရေးဖို့ ဒိုင်ယာရီ စာအုပ်လေး တဖြစ်လည်း
ခံစားမှု့သံစဉ် ဆိုတဲ့ ဒီဘလော့လေး ဖြစ်လာတာပါ....ကျမဒီဘလော့လေးမှာပထမဆုံးစရေးဖြစ်တာက
ဥပေက္ခာ အချစ်ဆိုတဲ့ ကဗျာလေးပါ ....ဘယ်သူမှလာမဖတ်ပါဘူး....ဘယ်သူမှလည်းကျမကိုမသိပါဘူး...
အဲနောက်ပိုင်း ကျမ ကဗျာတွေတော်တော်များများရေးဖြစ်တယ်.....နောက်ပြီးကျမတွေးမိတာလေးတွေ
ခံစားမိတာလေးတွေ ရေးဖြစ်တယ်.....။

ကျမဘလော့ရေးခဲ့တဲ့ အချိန်အတွင်းမှာ ပထမဆုံးတဂ်ပိုစ့်ကတော့
တကမ္ဘာ လုံး Waka Waka လို့အော်ဆိုနေကြတဲ့အချိန်မှာ...မောင်မျိုးကဘဲ
ဘယ်အသင်းဗိုလ်စွဲမလဲ...ဆိုတဲ့ TItle နဲ့ တဂ်ဖူးတဲ့ ပိုစ့်လေးပါ...

ဒုတိယမြောက်ကတော့ မနမ်းရဲ့ ကြိုက်၏မကြိုက်၏ ဆိုတဲ့ တဂ်ပိုစ့်လေးပါ

အခုပိုစ့်ကတော့ တတိယမြောက် တဂ်ပိုစ့်ပါဘဲ...။

ကျမ ရဲ့ဘလော့မှာ (ကျမရဲ့သူငယ်ချင်းမဟုတ်ဘဲ အပြင်ကစာဖတ်သူပေါ့) ပထမဦးဆုံးကောမက်လာပေးတဲ့သူကတော့ ဇီဝက (ဆေး-၂) ပါဘဲ....သူဘယ်သူဆိုတာကျမမသိပါဘူး....ကျမေ၇းတဲ့ စစ်နဲ့ဂီတ ဆိုတဲ့ ပိုစ့်လေးမှာသူကော်မက် ရေးပေးသွားတာပါ.....အခုသူလည်း Blog ဆက်မရေးတော့ဘူးလား မသိပါဘူး
သူ့လင့်လေးလည်းသွားလို့မရတော့ပါဘူး.... သိတယ်ဆိုရင်လင့် ပေးခဲ့ကြပါဦး...

သူရေးပေးခဲ့ကောမက်လေးပါ..

1 comments:

ဇီဝက (ဆေး-၂) on 19 February 2010 10:41 said...

the pianist ရုပ်ရှင်ဇာတ်ကားကို ကျွန်တော်လည်း အရမ်းကြိုက်တယ်။ ဂျာမန်စစ်ဗိုလ်က စန္တာရားတီးခိုင်းတဲ့အခန်းကို အကြိုက်ဆုံးပဲ။ ဒီ review လေး ရေးထားတာ အရမ်းကောင်းတယ်။ နောင်လည်း များများရေးနိုင်ပါစေလို့။


ဒုတိယကောမက်ကတော့ ဘဝပန်းချီကား ဆိုတဲ့ပိုစ့်လေးမှာ
ကော်မက်ရေးပေးခဲ့တဲ့ ကေသရီ ပါဘဲ....သူလည်းအခုဘလော့မရေးတော့ဘူးထင်ပါရဲ့လေ ....။
မတွေ့တာကြာပေါ့...။သူလင့်လေးလည်းသွားလို့မရတော့ဘူးလေ...။ကျမရေးတဲ့ပိုစ့်တော်တော်များများကို
လာဖတ်ပေးနေကြပါ....ကျမသတိရမိပါတယ် မကေသရီကို...သူ့လင့်လေးသိတယ်ဆိုရင်ပေးခဲ့ကြပါဦး..
သူရေးပေးခဲ့တဲ့ကောမက်လေးပါ

1 comments:

ကေသရီ on 1 April 2010 16:59 said...
အတွေးနဲ့ အရေးလေးက နူးညံ့သိမ်မွေ့လိုက်တာ။ ဘ၀ဆိုတဲ့ ပန်းချီကားလေးကို လှပစွာ ချယ်မှုန်းနိုင်ပါစေညီမရေ။

တတိယ ကောမက်ကတော့ အလွမ်းကဗျာတွေေ၇းတဲ့ ကိုညလင်းအိမ် ပါဘဲ....ကျမရဲ့ ကဗျာလေးတပုဒ်မှာ ကောမက် ရေးပေးခဲ့တာပါ..နောက်ပိုင်းကဗျာတွေကိုလည်း
အမြဲတမ်းလာဖတ်ပေးနေကြပါ....။
ကိုညေ၇းပေးခဲ့တဲ့ကောမက်လေးပါ..

1 comments:

ညရဲ့ကောင်းကင် on 5 April 2010 15:31 said...
လွမ်းဆွတ်စရာလေးပါလား ... ရေးတတ်တယ်ဗျာ ...

အဲဒီနောက်ပိုင်းတော့ ကျမရဲ့ဘလော့လေးစီကိုလာလည်ခဲ့ဖူးတဲ့သူတွေကတော့ ..ကျမကမကြီးချောလို့
ခေါ်တဲ့ အမချော(အစိမ်းရောင်လွင်ပြင်) ..အမမြသွေးနီ.. ဦးမြစ်(မြစ်ကျိုးအင်း) ...ကိုဗညား ..ကိုဆိုစီ....မသိင်္ဂါကျော်...ဆွေလေးမွန် ...အမွန် (မြတ်မွန်)..ဆရာသမားကိုမောင်မျိုး ...နေဝသာန်..သဒ္ဒါ..
မနမ်း(အဖြူရောင်နတ်သမီး)...ဘိလပ်ကသူကြီးမင်း (အဲလောက်ဆိုသိကြမယ်ထင်တယ် ဘယ်သူဆိုတာ
ကျမသူ့ကိုပေးထားတဲ့နာမည်ပြောင်လေးက ၃ထိပ် ၅ပိတ်ပါ..ဟဲဟဲ ဖွတာ ဖွတာ..အကိုရေ..စိတ်မဆိုးပါနဲ့
စတာနော် :P) ...အမမိုးငွေ့..ကိုမောင်လေး.. (ခုတော့ကိုညိမ်းနိုင်ပေါ့ ကျမစသိတုန်းကတော့ ကိုမောင်လေးလို့ဘဲမှတ်ထားတာပါ) .... အမ (စိတ်၏ဖြေရာ )နာမည်သေချာမသိလို့ပါအမရေ...
ဆင်ထဲကဖေးက သူငယ်ချင်းတွေဖြစ်တဲ့ ကိုရေသန့် ကိုပေါ့ဆိမ့် .. ဘလက်ကော်ဖီ ....လသာညဖြစ်ပါတယ်လို့ရေးတတ်တဲ့ အမ(လသာည)...
ဖိုးကြယ် (ကြယ်လွမ်းသူ)...ဘုန်းဘုန်းတောက်ပကြယ်စင်...
နောက်ပြီး..ကျမ မမှတ်မိတော့တဲ့သူတွေလည်းရှိနိုင်ပါတယ်...တကယ်လို့များကျန်ခဲ့မယ်ဆိုရင်
ခွင့်လွှတ်စေချင်ပါတယ်ရှင်....ကျမလည်းကြိုးစားပြီးတော့..ပြန်ရှာထားတာဘဲ

တခါတလေ လာလည်ဖူးတဲ့ အမရွှေစင်ဦး.....အမချစ်ကြည်အေး....အမခင်ဦးမေ..
ညအင်္လကာ...နေသွေး(bravo) ....flower poem ....ကိုသက်တန့်ချို....အမနှင်းနဲ့မာယာ..ရင်ခွင်ရှိန်း..
မိုးယံနဲ့ကိုးကိုးအိမ် (သူတို့နှစ်ယောက်လည်းတခါတလေ လာလည်ဖူးကြပါတယ်)

အရင်တုန်းကတွေ့ရပေမဲ့ အခုတော့မတွေ့တာ
တော်တော်ကြာနေပြီဖြစ်တဲ့ ..ပန်းနုနှင်းဆီလေး ..မယွန်း...ခိုင်နုငယ်...ကိုအုပ်ကြီး...ညီဇံလှ...ပူးတေ...
ကိုနွေဆူးင်္လကာ....ကိုဒေါင်းမင်း..သော်ဇင်စိုး...မိုးစက်အိမ်.....

ခုနောက်ပိုင်းကျမစီလာလည်ကြတဲ့ ကျမရဲ့သူငယ်ချင်းအသစ်တွေကတော့ ..
jas လို့ကျမကခေါ်တဲ့..jasmine.....ဘုန်းဘုန်းချယ်ရီမြေ...အလင်းစက်လေး...လရိမ်အိမ်...
နေပြည်တော်ကလာတဲ့ မောင်ဘကြိုင်...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ် လို့ဆုတောင်းပေးတတ်တဲ့ အန်တီတင့်.....။။
အထုပ်လိုက်သယ်ပေးမယ်လို့ကတိပေးထားတဲ့ အမမဒိုးကန်..(တကယ်မသယ်ပေးရင်တော့အော်ငိုမှာနော်)
ကျမရဲ့ဘလော့လေးကိုပထမဦးဆုံးအကြိမ်လာလည်သွားတဲ့ ဆရာကိုဟန်ကြည်....
ကျမအားလုံးကိုခင်မင်ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ...

နောက်ပြောချင်တာလေးကတော့ အခုကျန်းမာရေးအရ ဘလော့ဆက်မရေးဘဲခဏရပ်ထားတဲ့
ကိုဏီ(အကိုဏီလင်းညို)..အကိုရေ စာတွေအမြန်ဆုံးပြန်ရေးနိုင်ပါစေလို့ ညီိမဆုတောင်းပေးပါတယ်နော်..

နောက်ပြီးကျမကအရိပ်လို့ခေါ်တဲ့ ညီသူအိမ် ပါဘဲ..သူနဲ့စသိတုန်းက သူ့ဘလော့ကမေပလ်သူ ဆိုတဲ့
နာမည်နဲ့ပါ...အဲတော့ကျမလည်းသူ့ကိုမိန်းကလေးလို့ ထင်မိပါတယ်....gtalk မှာစကားပြောဖြစ်တော့
ညီမလို့ခေါ်မိတော့မှ..သူကကျနော်မိန်းကလေး မဟုတ်ဘူးဆိုတော့မှ ကျမသူ့ကိုယောက်ကျားလေးမှန်း
သိတာပါ..ကျောင်းပြီးလို့ပြန်တော့မယ်ဆိုပြီး...နှုတ်ဆက်သွားတဲ့အရိပ်ရေ...အခြေအနေပေးရင်
စာတွေဆက်ရေးပါလို့ ကျမတိုက်တွန်းပါရစေ...

နောက်တယောက်ကတော့ စိုးဧပြီရယ်မွန်သီချင်းဆိုက်ရဲ့ blogger ကိုစိုးပါဘဲ...
ကျမကိုBlog နဲ့ပတ်သက်ပြီး...မသိတာတွေသင်ပေးခဲ့တဲ့ မိတ်ဆွေကောင်းတယောက်ပါ...
ပညာဆိုတာမျှဝေရတယ် အမရဲ့ ဆိုပြီးကျမကိုမသိတာတွေပြောပြကူညီပေးခဲ့သူပါ...
တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်တဲ့ နိုင်ငံသားကောင်းဖြစ်ပါစေလို့ ကျမဆန္ဒပြုပါတယ်ကိုစိုး....

ကျမရေးတဲ့စာတွေလာဖတ်ပေးတတ်တဲ့ ညီမ..မွန်...

ကျမနဲ့တူတူနေပေမဲ့ကျမဘလော့ကိုဘယ်တော့မှဝင်မကြည့်ဘဲ သူများဘလော့တွေကစာကိုလိုက်ဖတ်တဲ့
ကျမရဲ့ရန်ဖြစ်ဖော်ညီမလေးး ယု
(အဲတာပြောတာပေါ့..ညီအမဖြစ်ရဲ့သားနဲ့အားမနာတာလေ...)

စာအုပ်စာပေဆိုတာလူ့မိတ်ဆွေ..လို့ပြောခဲ့ဖူးတဲ့
ကျမကိုစာရေးဖို့ တွန်းအားတွေအများကြီးပေးခဲ့တဲ့ ...
စာတွေအများကြီးရေးပါလို့ပြောခဲ့တဲ့....... ကျမရဲ့ ........ သူငယ်ချင်း ညီမြတ်သူ

သူမပြန်ခင်တုန်းကတော့ကျမblog နဲ့ပတ်သက်တာတခုခုလုပ်နေရင် မပြီးသေးဘူးလား လို့ခဏခဏ
ဂဂျီဂဂျောင် ကျပေမဲ့..သူပြန်သွားတာနဲ့..ပစ်ပစ် ကိုယ်တို့အကြောင်းတွေရေးနော် လို့
တဖွဖွ မှာသွားတဲ့.....
ကျမကဗျာတွေအကြောင်းပြောရင် အားနာပါးနာ နဲ့ နားထောင်ပေးတတ်တဲ့
ကျမရဲ့....ချစ်သူ

ကျမရေးတဲ့စာတွေကဗျာတွေကို အမှတ်မထင်လာဖတ်ခဲ့ဖူးတဲ့ .....
ကျမနဲ့ခံစားချက်ခြင်းထပ်တူကျခဲ့ဖူးမဲ့သူတွေ......

အားလုံးဟာ....ကျမဘလော့ရေးခဲ့တဲ့အချိန်အတွင်းမှာ...အမှတ်တရတွေပါဘဲ
ကျမ Blog day ရဲ့ အမှတ်တရလေးတွေပါဘဲ

အခုဆိုရင်ကျမ blog ရေးခဲ့တာ 2နှစ်နီးပါးလောက်ရှိတော့မှာပါ...ဒါပေမဲ့ စိတ်ထဲမှာတော့..
မနေ့တနေ့ကမှ Blog စရေးသလိုပါဘဲလေ....ကောမက်လေးတွေတွေ့လိုက်ရင်..ရင်ခုန်တုန်း..
c-box ကို အပြေးအလွှားကြည့်မိတုန်း....ကျမခံစားချက်တွေအများကြီး..ရေးဖြစ်ဦးမယ်ထင်ပါတယ်....
ကျမမရေးဖြစ်တော့ဘူးဆိုတဲ့ တနေ့ကျရင်လည်း...ကျမအားလုံးကိုအမှတ်တရ အနေနဲ့ ရင်ဘတ်ထဲမှာ
သေချာသိမ်းထားမှာပါ....blog လောကထဲမှာဘဲခင်မင် ရပေမဲ့...ကျမဖြူစင်စွာနဲ့ အားလုံးကို...
ခင်မင်ပါတယ်....အားလုံးကိုလည်းကျေးဇူးတင်ပါတယ်....။။

ဒီပိုစ့်လေးရေးဖို့ တဂ်ထားတဲ့ မောင်မျိုးကိုလည်းကျေးဇူးတင်ပါတယ်...။

ကဲ..နောက်ဆုံးပြောချင်တာလေးကတော့..ကျမဒီည facebook မှာ cityvalle မဆော့ဘဲ
ဒီပိုစ့်လေးကိုရေးလိုက်တယ်ဆိုတာပါဘဲရှင်..။

အခုမနက် 5း42 ရှိနေပြီမို့ ...... Hi ..all... Morning ..!

ပုံလေးကတော့ကျမနာမည်ရေးတဲ့အခါကျန်ခဲ့မှာစိုးလို့စာရင်းလုပ်ထားတာလေးပါ..
အဲတာတောင်ကျန်ခဲ့သေးလားမသိဘူး...း(

blackroze

26.8.2011 AM 5: 43


03 August 2011

ကျမကြိုက်၏ မကြိုက်၏

Posted by blackroze at Wednesday, August 03, 2011 8 comments
ကျမရဲ့အကြိုက်တွေကတော့ စားစရာကနေစပြောမယ်နော်...မြန်မာစားစရာတွေအကုန်ကြိုက်တယ် ။
ယိုးဒယားစားစရာတွေလည်းကြိုက်တယ် ။။ကျမကချဉ်ချဉ်စပ်စပ်တွေ ကြိုက်တဲ့သူမို့လို့ပါ ။
ကြေးအိုး နဲ့ရခိုင်မုန့်တီအရမ်းကြိုက်တယ် ။ ကျောင်းတက်တုန်းက အမြဲစားဖြစ်တဲ့ဆိုင်ကတော့ Ykko လို့ ခေါ်တဲ့ ရန်ကင်းကြေးအိုးပါဘဲ ။ကျမအထင်ပေါ့နော်.. အဲဒီ YKKO ကတခြားဆိုင်တွေထက်ဈေးနဲနဲလေးပိုပါတယ် ။ ဒါပေမဲ့စားရတဲ့အရသာလည်းကွာပါတယ်။
တခြားဆိုင်တွေထက် ပိုကောင်းတယ်လို့ထင်ပါတယ် ။

အဝတ်အစားဆိုရင်တော့ လွတ်လပ်ပေါ့ပါးတဲ့ Free style ကိုအကြိုက်ဆုံးပါဘဲ...
ချည်သားအဖြူရောင်လွင့်လွင့်လေး ဆိုရင်အရမ်းသဘောကျပေါ့ ။ Jean ကိုအရမ်းကြိုက်တယ် ။
Jean ဘောင်းဘီတွေက ဟောင်းသွားပေမဲ့လည်း ဒီဇိုင်းတမျိုးနဲ့လန်းတယ် ထင်လို့ပါ ။
တခြားချည်ဘောင်းဘီအပွလေးတွေလည်း သဘောကျပါတယ်..ဒါပေမဲ့ Jean ကတော့ အကြိုက်ဆုံးပါဘဲ ။။

အရောင်ထဲမှာလည်း အဖြူရောင်ကိုအကြိုက်ဆုံးပါဘဲ ။။အဖြူနဲ့ဆန့်ကျင်ဘက်အနက်ရောင်ကိုလည်း
ကြိုက်တယ် ။သူငယ်ချင်းတယောက်ကတော့ပြောဖူးတယ် ။အဝတ်အစားဝယ်ရင် အဖြူနဲ့အနက်ယူတာ
များလို့ နင်ကcolour blind တဲ့ လေ ။စိတ်ဆိုးရအခက် မဆိုးရအခက် ။။အောင့်သက်သက်နဲ့ဘဲ
ရီနေလိုက်ရတာပေါ့ ။

လက်ဝတ်ရတနာတွေထဲမှာတော့ အကြိုက်ဆုံးကတော့ diamond လို့ခေါ်တဲ့ စိန် ဆိုတဲ့ ရတနာ ပါဘဲ ။
(ဟဲဟဲ ..Blackroze တို့အကောင်းမကြိုက်ဘူးနော်...)
ပုလဲလေးကိုစိန်လေးကွပ်ထားတဲ့ လက်ဝတ်ရတနာပစ္စည်းလေးများ တွေ့လို့ကတော့ မျက်လုံးကျွတ်မတတ်
ငေးမိတော့တာပါဘဲ....ကျမမျက်စိထဲမှာတော့ ပုလဲရဲ့နို့နှစ်ရောင်လေးကို စိန်ရဲ့တောက်ပမှု့လေးနဲ့
ရံလိုက်တဲ့အခါမှာ သိပ်ကိုလှပတဲ့ ရောင်စဉ်လေးတွေလို့ထင်မိတယ် ။ကဗျာဆန်ဆန်လေးနဲ့ကို
လှနေတဲ့ တွဲဖက်ညီတဲ့ ရတနာစုံတွဲလို့ သတ်မှတ်ထားပါတယ် ။။

ဖိနပ်ကတော့ သိပ်မရွေးပါဘူး ။။ဆောင်းတွင်းဆိုရင်တော့ အအေးလုံမဲ့ ဝေါ့ကင်းရူးပေါ့ ။။
နွေဘက်ဆိုရင်တော့ ခြေညှပ်အပါးလေးတွေဘဲစီးလိုက်တာပါဘဲ ။။

ခရီးသွားရင်းနဲ့စာအုပ်ဖတ်ရတာအရမ်းကြိုက်တယ် ။ ကားနဲ့ဘဲခရီးသွားသွား ။လေယာဉ်နဲ့ဘဲသွားသွား
ကျမအမြဲယူသွားတာကတော့ စာအုပ်တွေပါဘဲ ။ရန်ကုန်မှာတုန်းက ညဘက် Express ကားတွေစီးပြီးခရီးသွားရင် ကားပေါ်မှာတညလုံး စာအုပ်ဖတ်သွားတာပါ ..အဲလိုကားအကြီးကြီးတွေစီးပြီး
ခရီးသွားရတာလည်းသဘောကျတယ် ။အဲ...ဒါပေမဲ့ ခရီးသွားတဲ့အချိန် ကိုယ့်ထိုင်ခုံဘေးမှာ
ကလေးဆိုးလေးတွေရှိနေတာမျိုး ကိုတော့လုံးဝမကြိုက်ပါဘူး ။တော်ကြာကလေးကရူးပေါက်ချင်လို့ ခဏခဏထပေးရတာနဲ့ ကလေးကဂျီကျလို့ အော်နေတာမျိုး ကျမစိတ်မရှည်ပါဘူး ။ ပိုဆိုးတာက
ကိုယ့်ထိုင်ခုံနောက်ဘက်ကခုံမှာ ဂဂျီဂဂျောင်လေး များပါလာလို့ကတော့ သွားပြီဘဲ....တချို့ကလေးတွေက
အရမ်းဆိုးပါတယ်.. မိဘအလိုလိုက်ထားတာလဲပါမှာပါ ။။ သူတို့လိုချင်တာမရရင် ရှေ့ခုံကိုခြေထောက်နဲ့
ကန်ပြီး သောင်းကျန်းတော့တာပါဘဲ ။ရှေ့မှာထိုင်နေရတဲ့ သူအဖို့ကတော့ ငလျှင်ကြောပေါ် ရောက်နေသလိုပါဘဲ ..ထပြောလို့လဲမရ... မချိပြုံးလေးပြုံးလို့ ။

မိုးရွာထဲထီးမပါဘဲလမ်းလျှောက်ရတာသဘောကျတယ် ။မိုးရွာနေတုန်းမိုးကြိုးပစ်တာ မိုးခြိမ်းတာ မကြိုက်ပါဘူး ။အလုပ်သွားတဲ့အချိန်မိုးရွာတာတော့မကြိုက်ဘူး ။

ရုပ်ရှင်ကြည့်ရင်ငိုရတဲ့ဇာတ်လမ်းတွေမကြိုက်ဘူး ။

ဘောလုံးအရမ်းဝါသနာတယ် ။ချယ်ဆီးအသင်းအရမ်းကြိုက်တယ် ။ နိုင်ငံအသင်းထဲမှာဆိုရင် အီတလီ ။
ဘောလုံးသမားထဲမှာဆိုရင် ရှက်ဗ်ချန်ကို ..ဂျွန်တယ်ရီ ...မာလ်ဒီနီ ...တော့တီ ..ရော်နယ်ဒင်ဟို ...
(ကျမကြိုက်တဲ့ player တွေက နဲနဲတော့ အန်းတိတ်ဖြစ်နေမလားမသိဘူး .ကျမအခုဘောလုံးပွဲ
တွေလည်းမကြည့်ဖြစ်တော့ဘူးလေ ..အခုနောက်တက်player လေးတွေကိုလည်းမသိတော့ဘူး)


ကျမနာရီမကြိုက်ပါဘူး.... ဘယ်တော့မှနာရီမပတ်ပါဘူး.. အချိန်သိချင်ရင်ဖုန်းထုတ်ကြည့်လိုက်တာပါဘဲ ။။
ဒါပေမဲ့ တချို့ယောက်ကျားလေးတွေ နာရီသားရေကြိုးအမဲလေးတွေ ပတ်ထားရင်
အရမ်းသဘောကျတယ် ။။ဘာလို့မှန်းဆိုတာတော့ သေချာမပြောတတ်ဘူး ။စိတ်ထဲမှာတော့
တန်ဘိုးကြီးတဲ့ ရွှေရောင်နာရီလေးတွေ နာမည်ကြီးကုမ္ပဏီတွေက ထုတ်တဲ့ နာရီတွေထက် အဲလိုလက်ပတ်ကြိုး အမည်းရောင်နဲ့နာရီလေးတွေကို ပိုသဘောကျတယ်...။။
တချိန်မှာ..ချစ်သူနဲ့တွေ့တဲ့အခါ ကျမနာရီလေးတလုံး သူ့အတွက်လက်ဆောင်ပေးမှာပါ ။
အဲဒီနာရီလေးကလည်း လက်ပတ်ကြိုးအမည်းရောင်လေးနဲ့ဆိုတာ မေးဖို့လိုမယ်မထင်ဘူးနော် ^^

ကျမဆံပင်အရှည်ကိုအရမ်းသဘောကျတယ် ။။ဒါပေမဲ့ဆံပင်စည်းတာကိုတော့ မကြိုက်ဘူး ။။
စိတ်ထဲမှာ..ချုပ်နှောင်ခံထားရတယ်ထင်လို့ပါ ....ဆံပင်ကိုအရောင်ဆိုးတာမကြိုက်ဘူး...

အော်ကြီးဟစ်ကျယ်ရန်ဖြစ်တာမကြိုက်ဘူး....

ကွယ်ရာမှာအတင်းပြောတာမကြိုက်ဘူး...

သူတပါးကိုနှိမ်ပြီးပြောဆိုတာမကြိုက်ဘူး...

ူသတ္တိမရှိတဲ့သူတွေကိုမကြိုက်ဘူး...အရာရာကိုရင်မဆိုင်ရဲတဲ့သူတွေကိုမကြိုက်ဘူး...

မုသားကိုတခါတရံမှာသုံးပေမဲ့ သူတစ်ပါးထိခိုက်နစ်နာအောင်လိမ်တာမျိုး မကြိုက်ပါဘူး..

ကဲ...ဒီလောက်ဆိုတော်တော်လေးပြည့်စုံပြီထင်တယ်နော် ..။။

Blackroze

07 June 2010

ဘယ်အသင်းဗိုလ်စွဲမလဲ...

Posted by blackroze at Monday, June 07, 2010 10 comments
ကျမကအားကစားဆိုရင်ငယ်ငယ်ကအားလို့ကစားတဲ့အားကစားကလွဲပြီးကျန်တာဝါသနာမပါပါဘူး...
အဲ....ဒါပေမဲ့ဘောလုံးကိုတော့ဝါသနာပါပါတယ်.....ဝါသနာသာပါတာပါ..ဘောလုံးနဲ့ပတ်သက်တာဘာမှမသိပါဘူး
ဘယ်တောင်ပံညာတောင်ပံတွေလဲမသိပါဘူး(ကြက်တောင်ပံတော့သိပါတယ်)
အနိမ့်ဘော..အမြင့်ဘောတွေလဲမသိပါဘူး..အဲ..တည့်တည့်ဘောတော့သိပါတယ်..
ဂိုးပေါက်ထဲကိုတည့်တည့်ဝင်သွားတဲ့ဘောပါ...ကောင်တာပေါက်တာတွေဘာတွေလဲမသိပါဘူး..
သူများပြောတာတွေသာကြားဖူးနေတာပါ...အဲလိုမျိုးဘောလုံးဗဟုသုတနဲ့ပြည့်စုံတာပါ

worldCupမှာဆိုရင်ကျမအားပေးတဲ့အသင်းက..အီတလီပါ...အဲတုန်းက1994ပေါ့...USA...မှာကျင်းပတဲ့
WorldCup..1994ပါ...မြန်မာ့အသံကနေ...555လား...London..မသိဘူး...စီးကရက်ကုမ္ပဏီ..
တစ်ခုကစပွန်ဆာပေးပြီးပြတာလေ...ဘောလုံးပွဲကိုအဲမှာစကြည့်ဖူးတာဘဲလေ...စစချင်းကြည့်ရတော့...
ဘယ်အသင်းကိုအားပေးရမှန်းမသိဘူးလေ...ဘယ်အသင်းကဘယ်လိုဆိုတာလဲမသိပါဘူး....
အဲတုန်းကကျမတို့အိမ်မှာ..အဖော်လာနေပေးတဲ့မအုန်းဆိုတဲ့..အမကြီးတယောက်ရှိပါတယ်...သူကလဲ
ဘောလုံးပွဲဝါသနာပါ..ပါတယ်..အဲဒီနေ့ကအိုင်ယာလန်နဲ့အီတလီကန်တဲ့နေ့ပါ..ကျမသေချာမှတ်မိပါတယ်..
1994...June..18ရက်ပါ...ဘောလုံးပွဲဆိုတာကိုပထမဆုံးအနေနဲ့တီဗွီကနေစကြည့်ဖူးတဲ့နေ့လေးပါဘဲ...
နှစ်ဘက်ဘောလုံးသမားတွေကွင်းထဲဝင်လာတော့...ကျမတို့ကြည့်နေတဲ့သူတွေကကိုယ်အားပေးမဲ့အသင်းရွေးတာပေါ့
ကျမကအိုင်ယာလန်ရွေးတာပါ...မအုန်းက..."နင်ဟာလေ..အမြင်မစူးရှလိုက်တာ..အီတလီကဘောသမားတွေကမှ
ချောတာဟဲ့.."...ဆိုပြီးပြောပါတယ်..အဲတော့မှသေချာကြည့်မိတယ်..ဟယ်..ဟုတ်သားဘဲ..အီတလီကမှချောတာ
ဆိုပြီး..ချက်ချင်းဘဲအီတလီပြောင်းပြီးအားပေးလိုက်ပါတယ်..အီတလီအသင်းမှာအဲတုန်းက..ဘက်ဂီယို..ပါပါတယ်.
အဲတုန်းကဘယ်သူကနာမည်ကြီးဆိုတာလဲမသိပါဘူး..ဘက်ဂီယိုက..ပိုနီတေးဆံပင်စတိုင်လေးနဲ့ပါ..ကျမမှာအဲဒီ
ဆံပင်ပုံစံနဲ့ဘက်ဂီယိုပုံပါတဲ့တီရှပ်လေးတောင်..အမှတ်တရဝယ်ထားတာခုထိရန်ကုန်အိမ်ကဘီရိုထဲမှာသိမ်းထားဆဲပါ
ဒါပေမဲ့အဲဒီနှစ်မှာအီတလီအသင်း..ဖိုင်နယ်မှာ..ဘရာဇီးကိုရှုံးပြီး...ဒုတိယဘဲရပါတယ်...ဘက်ဂီယိုကန်တဲ့ပင်နယ်တီ
မဝင်ခဲ့တဲ့အတွက်ပါ...ဟာ..ခနဲဖြစ်သွားတဲ့ခံစားချက်နဲ့အတူဝမ်းနည်းခဲ့ရပါတယ်...
နောက်တခါ1998မှာလဲ...အီတလီအသင်းကပြန်သစ်ကိုရှုံးပြန်ပါတယ်...ဒါပေမဲ့အဲဒီအချိန်မှာတော့ကျမကအီတလီအသင်း
ရဲ့အရှုံးအနိုင်မှန်သမျှကိုသတ္တိရှိရှိခံစားရဲတဲ့..အမြဲတမ်းပရိတ်သတ်တယောက်ဖြစ်လို့နေပါပြီ..
နိုင်ငံအသင်းဆိုတာနဲ့..ကျမကအီတလီအသင်းအားပေးနေကြပါဘဲ...
2002ခုမှာလဲ...ကိုးရီးယားကိုရှုံးပြီးကွာတားကနေထွက်ရပြန်ပါတယ်...2006မှာတော့ကျမအားပေးတဲ့အီတလီအသင်း
အောင်မြင်မှု့ရခဲ့ပါတယ်....ဒါပေမဲ့...2006မှာကျမရန်ကုန်မှာမရှိတော့ပါဘူး....တကယ့်လက်တွေ့ဘဝထဲရောက်နေခဲ့ပါပြီ
အလုပ်တဘက်နဲ့မို့ဘောလုံးပွဲကြည့်ဖို့လဲအချိန်သေချာမပေးနိုင်တော့ပါဘူး..အီတလီအသင်းရဲ့အောင်မြင်မှု့
ကိုကျမ...မခံစားလိုက်ရပါဘူး...ဘဝတိုက်ပွဲတွေနဲ့ရင်ဆိုင်နေရပါပြီ..ဒါပေမဲ့ကမ္ဘာဖလားဆိုတာနဲ့ကျမက
အီတလီအသင်းပါဘဲ....ကဲ...ကိုမောင်မျိုးရေလာပြီနော်.......

ဒီနှစ်လဲအီတလီကိုဘဲရစေချင်ပါတယ်....ကလပ်အသင်းဆိုရင်chelsea..နိုင်ငံဆိုရင်..Italy...ပါဘဲလေ...
ဘယ်တော့မှမပြောင်းလဲတဲ့ဆန္ဒပါဘဲ...ဘူဖွန်စောင့်တဲ့ဂိုးပေါက်ထဲ..ဘယ်ဘောလုံးဝင်မှာလဲ...ဘူဖွန်ရဲ့ရှေ့မှာလဲ
ကင်နာဗာရိုတို့အုပ်စုရှိသေးတယ်လေ...(မျက်လုံးပြာပြာနဲ့တံတိုင်းကြီးလိုခိုင်မာတဲ့မာလ်ဒီနီကိုတော့လွမ်းမိသားရှင်)
အလယ်တန်းမှာလဲ..ဂတ်တူဆိုတို့...ပီယာလိုတို့...ကိုဘယ်သူကျော်နိုင်မှာလဲလို့...ရှေ့တန်းဆိုလဲ...ဂီလာဒီနိုနဲ့
အယ်ကွင်တာတို့အုပ်စုကို..ဘယ်နောက်တန်းကယှဉ်ရဲမှာလဲလေ...(ဒါတောင်ရောမကျောက်ရုပ်မျက်နှာပိုင်ရှင်
တော့တီ..မပါလို့နော်)......နောက်ပြီးတအုပ်စုထဲကျနေတာက..ပါရာဂွေး..နယူးဇီလန်နဲ့ဆလိုဗက်ကီးယားဆိုတော့
အုပ်စုကနေတော့အေးဆေး...ကွင်းလုံးကျွတ်ပါဘဲ...ဗေဒင်သဘောတရားအရဘဲကြည့်ဦးမလား..
ဒီနှစ်ကမ္ဘာဖလားကတောင်အာဖရိကမှာကျင်းပတာဆိုတော့..တောင်ဆိုတော့
စနေနံလေ...အီတလီက..အနဲ့စတော့တနင်္ဂနွေနံ....အဲမှာနဂါးနဲ့ဂဋ္ဌုန်တွေ့တာဘဲ..နဂါးနဲ့ဂဋ္ဌုန်မှာဂဋ္ဌုန်ကသာ
အနိုင်ရစမြဲလေ...ဒီတော့ဘာဘဲပြောပြောအီတလီက..အနိုင်ရမယ်ဆိုတဲ့သဘောပါဘဲ...
မဟာဘုတ်သဘောအရဘဲကြည့်မလား..အောင်..လံ..ထူ..စစ်..သူ..ကြီး...ပွဲ..ဆိုတဲ့..တိုင်ထူတဲ့နေရာမှာ
အောင်..(အ)နဲ့စတာလေ..အဲတော့လဲ..မဟာဘုတ်အရလဲ..အီတလီကထိပ်မှာပါဘဲ...
ဒီတော့ကျမရဲ့အီတလီက...အားလုံးအိုကေပါဘဲ...အနဲ့စတာချင်းတူတူအင်္ဂလန်က...လန်သွားတယ်ဆိုတော့..
သူကသိပ်မအိုကေလောက်ပါဘူး..ကျမထင်တာပေါ့နော်..ဟီးးဟီးးး....နည်းပြရော..ကြည့်ဦးမလား...
"လစ်ပီ"..လေ...ဖလားကိုအပီကစ်သွားမဲ့လစ်ပီပေါ့...ကဲ..မဟုတ်ဘူးလားလို့နော့်...
အီတလီဗိုလ်စွဲတာနဲ့..အီတလီအသင်းကိုဂုဏ်ပြုသီချင်းသီဆိုဖို့အတွက်..ဝှစ်တနီဟူစတန်ကိုအောက်ဈေးနဲ့
ညှိနေကြောင်းပါ...း) ။။။


1994..ကအီတလီလက်ရွေးစင်အသင်းပါ....

ဒါကတော့..ကျမပထမဆုံးကြည့်ခဲ့ဖူးတဲ့1994..World Cup ပြိုင်ပွဲဝင်အီတလီအသင်းပါဘဲ...အမှတ်တရအနေနဲ့
ပြန်ပြီးတင်လိုက်တာပါ...တကယ်တော့..၁၆ နှစ်တောင်ကြာခဲ့ပါပြီ...အဲတုန်းကအီတလီအသင်းမှာ...ပါဝင်ခဲ့တဲ့
ဘက်ဂီယို(10)...မာလ်ဒီနီ(5)..ဘာတီ(4 လား14လားကျမသေချာမမှတ်မိတော့ပါဘူး)..
ပက်ဂလူယာဂီ(1)..ဆီညှော်ရီ(20)ဒါကကျမမှတ်မိနေသေးတဲ့နာမည်တွေနဲ့ကျောနံပါတ်တွေပါ...
နာမည်မမှတ်မိတော့တဲ့သူတွေလဲ..ကျန်ပါသေးတယ်...အဲဒီတုန်းက..အီတလီလက်ရွေးစင်ကစားသမားတွေ
အခုချိန်မှာအနားယူကုန်ပါပြီ....ဘောလုံးလောကမှာမရှိတော့ပါဘူး...ဒါပေမဲ့..ကျမကတော့..အီတလီအသင်းရဲ့
အမြဲတမ်းပရိတ်သတ်တယောက်ဖြစ်ခဲ့ပါတယ်...နောင်ဘယ်အချိန်..ဘယ်အခါဘဲဖြစ်နေပါစေ...
ကျမက...ချယ်ဆီးနဲ့အီတလီအသင်းရဲ့..ပရိတ်သတ်ပါဘဲ....Ever & Forever ပါ...........။။။။။

(7.6.2010....AM 3:47 -Monday )
tag ထားတဲ့..ကိုမျိုးကိုလဲကျေးဇူးပါ...
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei