10 March 2014

Fear ( အကြောက်တရား )

Posted by blackroze at Monday, March 10, 2014
FEAR ... ( အကြောက်တရား )

လူတိုင်းမှာ အကြောက်တရား.. ကြောက်ရွံထိတ်လန့်ခြင်းဆိုတဲ့  ခံစားချက် ရှိကြပါတယ်..
ဘယ်လောက်ဘဲ သတ္တိကောင်းတဲ့ သူဖြစ်နေပါစေ... ရင်ဆိုင်လိုက်ရတဲ့ အရာတွေပေါ်
မူတည်ပြီး  ဖြစ်လာတဲ့ ကြောက်လန့်ခြင်းဆိုတာ  ရှိကြစမြဲပါ ...

ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား ( Known fear) နဲ့
 ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား ( Unknown fear)မှာ 
 ဘယ်အရာက သင့်ကိုပိုပြီး ကြောက်လန့်စေပါသလဲ....

မေးခွန်းလေးကို ဖြေရမယ်ဆိုရင်
ကျမ ကတော့ ကြိုတင် သိနေတဲ့ အကြောက်တရား (Known Fear )ကို  ပို ကြောက်လန့်ပါတယ်..
ပိုပြီး Excited ဖြစ်တယ်.. ဘာလို့လည်းဆိုတော့ ..ကြိုတင်သိနေတဲ့ အတွက်  စဉ်းစားနေတတ်တယ်
ဘာဖြစ်လာနိုင်မလည်းလို့ လည်း ကြိုတွေး နေတတ်တယ်.. အဲဒီအချိန်မှာ ခံစားချက်တွေက
ဝင်လာပြီ  ..  စိတ်ဆိုတာကလည်း လူကို ပြန်ခြောက် တတ်တာမျိုးလေ...
ဟုတ်သော်ရှိ မဟုတ်သော်ရှိ .. ကြောက်စိတ်ဝင်လာပြီဆိုရင် အကြီးကြီးလည်း  ဖြစ်လာမယ်လို့
ထင်နေတတ်တာဘဲလေ...။။

ကျန်းမာရေး သိပ်မကောင်းတဲ့ လူတယောက် ခွဲစိတ်ခန်းဝင်ရမယ် ဆိုပါတော့ ..ဘယ်နေ့ ခွဲစိတ်မယ်
ဘယ်surgeon နဲ့ ခွဲမယ်..မေ့ဆေးက ဘယ်သူ .. ဘယ်ဆေးရုံ မှာ ခွဲမယ်..
အဲလိုကြိုသိနေပြီ ဆိုပါတော့...အဲဒီမှာ  ခွဲစိတ်မဲ့ ရက်မရောက်မချင်း  ခွဲစိတ်ခန်းထဲ မဝင်ရသေးမချင်း
မေ့ဆေးပေးပြီး သတိမေ့ မသွား မချင်း  ခွဲစိတ်ခံရမဲ့ လူနာက စဉ်းစားပြီ...နေ့တိုင်းကိုစဉ်းစားနေပြီ ..။။

ငါခွဲစိတ်ခန်းဝင်ဖို့ ဘယ်နှစ်ရက်ဘဲလိုတော့တယ်.. ဘုရား ဘုရား  ...
ငါခွဲစိတ်တာ အောင်မြင်ပါ့မလား.. အဆင်မှ ပြေပါ့မလား... ခွဲစိတ်ပြီးရင် ချုပ်ရိုးတွေက မြန်မြန်ကျက်ပါ့
မလား...သိပ်များနာ နေမလား မသိ.... fear က အဲဒီမှာ စလာပြီ ... ဘေးကမိသားစုတွေက ဘယ်လောက်
ဘဲ အားပေး  အားပေး  .... ကာယကံ ရှင်က ကြောက်နေပြီ ... မကြောက်ပါဘူး စိတ်မပူပါဘူးဆိုနေပေမဲ့
ရင်ထဲက ခံစားချက်ကို သူကိုယ်တိုင်ဘဲ သိမှာပါ ...
အနာသေးသေးလေး ခွဲတာဘဲ ဖြစ်နေပါစေဦး.. ထုံဆေးလေးနဲ့ ခွဲတယ်ဘဲ ထားဦး..
ဆရာဝန်က အနားရောက်လာပြီ ဆိုတာနဲ့  စိတ်ထဲ  ဒါးနဲ့ ခွဲတော့မယ် ခွဲတော့မယ်.. ဆိုပြီးး
ရင်ထဲ တဒုန်းဒုန်းဘဲ.. ... ။။  စိုင်းစိုင်းခမ်းလိုင်  သီချင်းနဲ့ပြောရရင်တော့ ရင်ထဲကို ဗြောင်းဆန်
နေတာဘဲပေါ့လေ... ။။

ကြိုမသိနိုင်တာမျိုးကျတော့ ဘာဖြစ်လာမယ်ဆိုတာ ခန့်မှန်းထားလို့ မရနိုင်သလို
ဘယ်လောက်ထိ ဖြစ်မယ်လို့လည်း မသိဘူးလေ..
ကြို မသိထားတဲ့အခါကျတော့ စိတ်ထဲ ဘာဆိုဘာမှ မရှိဘူး..
သူငယ်ချင်းနဲ့အပြင်သွားဖို့ချိန်းထားတယ်..ပြင်ဆင်ဝတ်စားပြီး လမ်းထွက်လာတယ်..
စိတ်ထဲ မှာ သိနေတာက သူငယ်ချင်းနဲ့ တွေ့မယ်..စားမယ်  လည်မယ်..
ဓါတ်ပုံရိုက်မယ်... ပစ္စည်းဝယ်မယ်.. ဒါလောက်ဘဲစဉ်းစားထားတာ...
အဲဒီအချိန်မှာ လမ်းသွားရင်းနဲ့ ဝုန်းဆို ကားတိုက်ခံလိုက်ရတယ်..

Accident ..ဖြစ်သွားပြီ..

ဒီAccident ဖြစ်လာမယ်လို့ လုံးဝမသိထားတဲ့ အတွက် ဒီဟာနဲ့ ပတ်သက်ပြီး  ကြောက်လန့်ခြင်း
ဆိုတာ လုံးဝမရှိထားဘူး ... ဖြစ်လာကာမှ ဖြစ်ရောဘဲ..ဘာမှကိုကြို ပြီးကြောက်နေတာမရှိဘူး...
ဒီလိုကားတိုက်ခံလိုက်ရတဲ့အတွက်
ဆေးရုံရောက်မယ် ခွဲစိတ်ရမယ်.. အရေးပေါ်အခြေအနေ ဖြစ်မယ်..  ကြိုတင်သိနေတဲ့
ခွဲစိတ်မှု့မျိုးထက် Accident ကြောင့် လုပ်ရတဲ့  ခွဲစိတ်မှု့က ပိုပြီး ပြင်းထန် ချင်ပြင်းထန်ပါလိမ့်မယ်..
ဒါပေမဲ့  ဒါကို ကြိုတင်မသိထားတဲ့အတွက် ပြင်ဆင်ထားတာလည်းမရှိသလို ကြိုပြီး
တွေးတော ကြောက်လန့်နေတာမျိုးလည်း မရှိပါဘူး.. ဖြစ်ဖြစ်လိုက်ချင်း ဝုန်းဆို shock ရလိုက်
တာဘဲ ရှိရင် ရှိလိမ့်မယ်.. သတိချက်ချင်းမေ့သွားတာလည်း ဖြစ်နိုင်သလို ဝုန်းဆို ပြီး ဘာမှ မသိတော့
ဘဲ တခါထဲ Operation ခန်းထဲ ရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်..
ပြင်းထန်တာကတော့ ကြိသိနေတဲ့ ကြိုပြင်ဆင်ထားတဲ့  အရာထက်  ကြိုမသိဘဲ
ဘာမှကိုပြင်ဆင် မထားတဲ့ အရာမျိုးက ပိုနိုင်ပါတယ်.. မြင်ရတဲ့ အရာက ခန့်မှန်းလို့ ရတယ်လေ
မမြင်ရတဲ့ အရာကို ကြိုခန့်မှန်းလို့မရနိုင်ဘူးလေ.....။။

ဒါပေမဲ့  ဘာမှကိုကြိုမသိထားတဲ့ အတွက် ကြောက်လန့် မှု့ Fear မှာတော့ Unkown Fear ထက်
Known Fear က ပိုပြီး များတာပေါ့... Known Fear က limit နဲ့ target ရှိတယ်...
ဘယ်နေ့မှာ ဘာလုပ်မယ် ..အခြေအနေ ဘယ်လိုဆိုတာ အကုန်သိနေတယ်..
ခွဲစိတ်မယ်... ဘာကို ခွဲစိတ်မှာလည်း .. တကယ်တမ်းမှာလည်း လုပ်စရာရှိတာတခု လုပ်ပြီး
ရင် ဒီ ခွဲစိတ်မှု့က ပြီးသွားပါပြီ...

 ကြိုမသိထားတဲ့ကိစ္စ မျိုးတွေကတော့  ဖြစ်လာရင် အဆုံးစွန်အခြေအနေထိ ဖြစ်သွားတတ်တယ်...
ဒါပေမဲ့ ဘာမှကို ကြိုတင်မသိထားတော့ ဘာဖြစ်လာမယ်ဆိုတာလည်း မသိဘူး.
ဘယ်လိုဖြစ်သွားနိုင်တယ် ဆိုတာလည်း မသိဘူး..အဲဒီတော့ အေးအေးဆေးဆေး ဘဲနေနေတာ...

ကျမ အမြင်နဲ့ခံစားချက်မှာတော့ Known Fear က Unknown Fear ထက် ပိုတယ်လို့
ထင်မိပါတယ်ရှင်...။။ ။။  ။။။။

ပစ်ပစ်
10.3.2014
Pm 12:23




16 comments:

Aunty Tint on 10 March 2014 at 12:40 said...

ပစ်ပစ်ရဲ့ အမြင်နဲ့ ခံစားချက် တဂ်ပို့စ်လေး ကြည်နူးစွာနဲ့ ဖတ်သွားတယ် ...
ရှုထောင့်အမျိုးမျိုးကနေ ရသစုံနဲ့ ရေးထားတာလေးတွေ
လိုက်ဖတ်နေရတာ ပျော်စရာကောင်းတယ် :)

မေတ္တာဖြင့်
တီတင့်

Anonymous said...

အကြောက်တရားလေး အကြောင်းကို အမြင်၊ ရှု့ထောင့်တွေနဲ့ ရေးထားတာ ဖတ်လို့အကျိုးရှိစေတယ်၊ ဖတ်သွားခဲ့တယ် ပစ်ပစ် :)

ဆွေလေးမွန် on 10 March 2014 at 13:49 said...

ပစ်ပစ်ရဲ့ အကြောက်တရားပို့(စ်)လေးကလည်း ဖတ်လို့ကောင်းတာပဲ

ဏီလင်းညို on 10 March 2014 at 14:13 said...

သိကြောက်ကို သတိနဲ့ထိမ်းနိုင်ရင် အဆင်ပြေသွားမယ်လို့ ကိုဏီတော့ ထင်မိတာပါပဲ.... :)

----------------
ခင်မင်စွာ....
ကိုဏီ

မိုးညချမ်း on 10 March 2014 at 14:38 said...

ဟုတ်တယ်နော် Known Fear က ပိုကြောက်ဖို့ ကောင်းသလားလို့ပဲ … :)

မြသွေးနီ on 10 March 2014 at 15:12 said...

ပစ်ပစ်ရေးထားတာဖတ်ရတော့လဲ ကြိုတင်သိနေတဲ့ အကြောက်တရားက ကြောက်စရာပါပဲနော်။ အစ်မဖြင့် ကိုကြီးကျောက်ကိုတောင်သတိရသွားမိတယ်။ ကိုကြီးကျောက်ခမျာ ကြိုသိနေခဲ့တဲ့အကြောက်တရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားခဲ့တာ။

စံပယ်ချို on 10 March 2014 at 16:45 said...

ပစ်ရေ---မဂျက်လဲ ဖေဖ၀ါရီ ၁၉ ၇က်နေ့က ခွဲခန်းဝင်ရတယ်လေ ပစ်ရေးထာသလိုပါပဲ ခံစားချက်က ကွက်တိပဲ

နှင်းနဲ့မာယာ on 10 March 2014 at 18:28 said...

ပစ်ပစ်ပြောတာသိပ်မှန်တယ်...
တို့က အစာအိမ်အောင့်ပြီးဆေးရုံ ခဏခဏရောက်တယ်..
ဆေးရုံရောက်ရင် ဘာလုပ်မယ်ဆိုတာတွေ အလွတ်ရနေတယ်လေ..
နောက်ဆုံးအဆင့်မှာ သူတို့ ဆေး ၂ လုံးလောက်သွင်းပေးလိုက်ပီရင်ရင်ပဲ
လူက ဆေးအရှိန်နဲ့ အရုတ်ကျိုးပြတ်ဖြစ်ပြီး ၃ ရက်လောက်ပစ်လဲသွားတတ်တယ်...
ဆေးသွင်းနေတဲ့အချိန်မှာလဲ ဆေးတွေရဲ့ ဆိုးကျိုးက ရင်တွေတလှပ်လှပ်နဲ့ ခြေမကိုက်မိလက်မကိုင်မိ လူက လေထဲမြောက်တက်နေသလို ခံစားရတယ်....တခါတလေမတည့်တဲ့ဆေးများမှားသွင်းပြီဆိုရင် မျက်လုံးတွေဝါးပြီး ၂ ရက်လောက် ဘာမှမမြင်ရတော့ဘူးဖြစ်သွားသေးတယ်...
အဲတော့ ဗိုက်အောင့်ပြီဆိုရင် ဆေးရုံရောက်တော့မယ့်အခြေအနေလားဆိုတာ အမြဲတွေးတယ် ပြီးတော့ ဆေးအရှိန်နဲ့ ခံစားရမယ့် ဝေဒနာတွေကိုသိနေပြီး ဆေးရုံသွားရမှာ သေမလောက်ကြာက်တယ်....တုန်နေအောင်ကိုကြောက်တာမျိုး..
တို့လဲ Known Fear ကို ပိုကြောက်တယ်...
တက်ဂ်ပို့စ်လေးအတွက် ကျေးဇူးပါ ပစ်ရေ.

နှင်း

rose of sharon on 10 March 2014 at 21:22 said...

ကြိုသိနေတဲ့အကြောက်တရားကကြောက်ရချိန်ပိုကြာတာပေါ့နော်... အမအမြင်ပြောတာပါ

ဟန်ကြည် said...

နေ့လည်က ဖတ်ပြီးလို့ ကွန်မန့်ပေးဖို့ ကြံနေတုန်း လိုင်းကျသွားလိုက်တာ ညပိုင်းမှပဲ ကွန်မန့်ပေးရတော့တယ် ပစ်ပစ်ရေ...ဘာပဲပြောပြော သည်ရက်ပတ်အတွင်းမှာ တဂ်ပို့စ်ကောင်းမှုနဲ့ ဖတ်စရာအသစ်တွေ အတော်များများရလာတာတော့ အမြတ်ပဲ...အဲ ခက်တာက စာမေးပွဲကာလကြီးဆိုတော့ အလုပ်တွေကို ရှုပ်နေပါရောလား...

Anonymous said...

ကျုပ်ကတော့ အကုန်ကြောက်တယ် အန်နုန်း ရော နုန်းရော အကုန်ကြောက်တယ်း))

မားမားတင်

မောင်ဘုန်း on 11 March 2014 at 23:50 said...

တွေး ....တွေး ပြီး ကြောက်ရတာ အဆိုးဆုံးပဲဗျာ ..... တွေးလေ ကြောက်လေ ... ကြောက်လေ ပိုတွေးမိလေ ....ဒီလိုနဲ့  နီးရာအတွေးတစ်ခုနဲ့  ဖြေရတာပေါ့ .....

မြတ်ပန်းနွယ် (Myat Pan Nwe) on 13 March 2014 at 09:00 said...

Tag ပို့စ်လေး ဖတ်သွားတယ် ပစ်ပစ်ရေ။ မြတ်ကတော့ ကြောက်စရာတွေ များလွန်းတဲ့ ဒီလောကကြီးမှာ ဘာကိုမှ မကြောက်ချင်တော့ဘူးကွယ်။ ဒါပေမယ့် အကုန်လုံးကို ကြောက်နေမိသေးတာ ခက်တယ်။

ခိုင်လေး ( ရွှေတောင် ) on 14 March 2014 at 11:56 said...

ကျမ အမြင်နဲ့ခံစားချက်မှာတော့ Known Fear က Unknown Fear ထက် ပိုတယ်လို့
ထင်မိပါတယ်ရှင်...။။ ။။ ။။။။အပြည့်ဝ လက်ခံပါတယ် ။ နှစ်ခြိုက်စွာ အားပေးဖတ်ရှု့ခဲ့ပါ
တယ် ။

ခိုင်လေး ( ရွှေတောင် )

Angelhlaing(May everybody be happy and healthy! on 15 March 2014 at 03:01 said...

မမပြောတာ ဟုတ်တယ်မမရေ .. ညီမလေး ကားအက်စီးဒင့် ဖြစ်တာ ကြိုမသိလို့လားမသိဘူး မကြောက်ဘူးရယ်... ဖြစ်ပြိးမှ နောက်ရက်တွေ သတိထားရင်း တွေးကြောက်မိလာတာမျိုး.. လေ..:)

San San Htun on 23 March 2014 at 00:23 said...

ကားအက်စီဒင့်ဖြစ်တုန်းက ကြောက်ရွှံမှုတွေ၊ နာဂစ်မုန်တိုင်းတိုက်တုန်းက ထိတ်လန့် မှုတွေ ..ကြောက်တယ်...အဲ သိကြောက်က ပိုကြောက်ဖို့ ကောင်းတာပါလားနော်..း)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei