08 April 2012

မရမ်းချောင်းအလှုပြီးစီးခြင်း မှတ်တမ်းဓါတ်ပုံများနှင့် ဗွီဒီယိုဖိုင်(၂)

Posted by blackroze at Sunday, April 08, 2012 3 comments
ဆက်ပါအုံးမယ်ခင်ဗျား။နှင်းဆီရင်ခွင်အဖွဲ့သားတွေ ပြောသလို ပြောရရင်တော့ မြန်မာပြည်က အလှုဓါတ်ပုံများ ကျွန်တော်တို့ဆီရောက်အောင် ပို့နိုင်ဖို့ “မီးးးးစက် လိုပါတယ်ခင်ဗျား”။တစ်ခုကောင်းရင် တစ်ခု ဆုတ်ယုတ်တဲ့ ဓမ္မတာအရ မီးလည်း လာရော လှည်းတန်းက ဂုံးကျော်တံတားတည်ဆောက် ရာမှာ ဒီနေ့ပဲ မြေတွေတူးတယ်လို့ သိရပြီး အင်တာနက်လိုင်း ထပ်မံပြတ်တောက်ပါတယ်။အကယ်၍ ကျွန်တော်မနက်ဖန်မှာ အလှုစာရင်းရှင်းတမ်း မတင်ပေးနိုင်သေးရင် သည်းခံပြီး ခဏစောင့်ပေးကြပါအုံးလို့ အလှုရှင်များအား မေတ္တာရပ်ပါတယ်။
မရမ်းချောင်း ဧည့်သည်မှတ်တမ်း
 မုဒိတာအလှုရှင်အားလုံးရဲ့ကိုယ်စား white board မှာ အမည်ရေးထိုးပါတယ်။
အလှုပစ္စည်းများနဲ့ အလှုခံအဖိုးအဖွားများ
ဝှီးချဲလ်ဆယ်စီးပါ..။
ခြေထောက်လေးများရဲ့ အလှုရှင်များ ဖြစ်ပါတယ်ခင်ဗျား..။
၁။ကိုငြိမ်းချမ်း (ဂျပန်နိုင်ငံ)၊ ၂။အရှင်ဇနက @ အင်္ဂါမောင် (ဗြိတိန်)
၃။မနိုင်းနိုင်းစနေ (အမေရိကန်နိုင်ငံ)၊ ၄။မချစ်စံအိမ် (မြန်မာနိုင်ငံ)
၅။ ဦးချစ်ထွန်း + ဒေါ်အိနန်း (သမီး) မစန်းစန်းခိုင် (စင်ကာပူ)၊၆။ဦးကိုကိုနိုင်+ဒေါ်မြင့်သဲစုစံ(သား)မောင်ဇွဲလုလင်နိုင် (စင်ကာပူ)
၇။မဟေမာမြတ်ခိုင်၊ မနန္ဒာထွန်း (ဗြိတိန်)၊ ၈။မမီမီသန်းဌေး (ဂျပန်)
၉။ZYL & KPS (စင်ကာပူ)၊ ၁၀။နိုင်ချစ်စိန် + မိအုံးရီ (သမီး) မိမြစန္ဒာ (စင်ကာပူ)
ဝှီးချဲလ်အလှုရှင် ကိုငြိမ်းချမ်း (ဂျပန်နိုင်ငံ) နှင့် အရှင်ဇနက @ အင်္ဂါမောင် (ဗြိတိန်)တို့ ကိုယ်စား ကျော်စွာစိုးမြတ်မှ လှုဒါန်းပေးပါတယ်။
ဝှီးချဲလ်အလှုရှင် ဦးချစ်ထွန်း + ဒေါ်အိနန်း (သမီး) မစန်းစန်းခိုင် (စင်ကာပူ)နှင့် ဦးကိုကိုနိုင်+ဒေါ်မြင့်သဲစုစံ (သား)မောင်ဇွဲလုလင်နိုင် (စင်ကာပူ)တို့ ကိုယ်စား ကိုကြည်လှိုင်ဝင်းမှ ပေးလှုခဲ့ပါတယ်။
ဝှီးချဲလ် အလှုရှင် မနိုင်းနိုင်းစနေ (အမေရိကန်နိုင်ငံ) နှင့် မချစ်စံအိမ် (မြန်မာနိုင်ငံ)တို့ကိုယ်စား သမီးစံမှ ပေးလှုခဲ့ပါတယ်။
ဝှီးချဲလ်အလှုရှင် ZYL & KPS (စင်ကာပူ) နှင့် နိုင်ချစ်စိန် + မိအုံးရီ (သမီး) မိမြစန္ဒာ (စင်ကာပူ)တို့ကိုယ်စား MMYG မှ ညီမငယ်တစ်ဦးမှ ပေးလှုခဲ့ ပါတယ်။
ဝှီးချဲလ်အလှုရှင် မဟေမာမြတ်ခိုင်၊ မနန္ဒာထွန်း (ဗြိတိန်) နှင့် မမီမီသန်းဌေး (ဂျပန်)တို့ကိုယ်စား ဖိုးတာမှ လှုဒါန်းပေးခဲ့ပါတယ်။
မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် အလှုရှင်များအားလုံးကိုယ်စား MMYG လူငယ်များနှင့် FEEL Restaurant Group တာဝန်ရှိသူများမှ မတည်ငွေ ကျပ်၁၀သိန်းအား ဂေဟာမှုးကို ပေးလှုပါတယ်။
မရမ်းချောင်းဂေဟာရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပဒေသာပင်ထဲသို့ အလှုရှင်များအားလုံး ကိုယ်စား MMYG လူငယ်များနှင့် FEEL Restaurant Groupမှ တာဝန်ရှိသူများက ကျပ် (၁၁)သိန်းအား ဂေဟာမှုးသို့ ထပ်မံလှုဒါန်းပါတယ်။
ဂေဟာမှုးမှ  ဂုဏ်ပြုမှတ်တမ်းလွှာကို အလှုရှင်များကိုယ်စား MMYG သို့  ပြန်လည်ပေးအပ်ပါတယ်။
မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် မတည်ငွေ ကျပ်ဆယ်သိန်း လှုဒါန်းနိုင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပဒေသာပင်ထဲသို့ ကျပ် ဆယ့်တစ်သိန်း နှစ်ခုပေါင်း ငွေသား ကျပ် နှစ်ဆယ့်တစ်သိန်းတိတိ လှုဒါန်းနိုင်ခဲ့ပါတယ်ခင်ဗျား။အစောပိုင်းက သူတို့ဈေးဝယ်ရင် ဆိုင်ကယ်ရီခ မတန်တဆ ပေးရတယ်ဆိုတာကြောင့် ၀ယ်လှုဖို့ စီစဉ်ခဲ့သော်လည်း ဂေဟာမှာ ရှိပြီးသား ဖြစ်နေပြီ ဖြစ်တာကြောင့် အလှုငွေချည်းပဲ လှုဒါန်းပေးခဲ့ဖြင်း ဖြစ်ပါတယ်။
အလှုရှင်များခင်ဗျား..မရမ်းချောင်းဂေဟာက ယနေ့အချိန်ထိ မီးမရရှိသေးပါဘူး။ဒါပေမဲ့ ယနေ့မှာ မရမ်းချောင်းဂေဟာအနီးထိ လမ်းမီးများ ရရှိနေပြီး မိမိတို့ အစီအစဉ်နဲ့ မီးရယူမယ်ဆိုရင် ရယူနိုင်နေပါပြီ။အဲ့ဒီအတွက် စုစုပေါင်း ကုန်ကျစရိတ် ၂၅ သိန်းဝန်းကျင်ခန့် ကုန်ကျနိုင်ပါသည်။အကယ်၍ လှုဒါန်းလိုသူများ ရှိပါက မိမိတို့ရဲ့ အစီအစဉ်နဲ့ မရမ်းချောင်းဂေဟာ မီးရရှိရေးအတွက် သွားရောက်လှုဒါန်းနိုင် ပါသည်ခင်ဗျား...။
ဂေဟာမှ အလှုခံပုဂ္ဂိုလ် အဖိုး၊အဖွားများရဲ့ ဆုပေးကြပုံနဲ့ ဂေဟာရဲ့ လည်ပတ်စောင့်ရှောက်ပုံ၊အလှုအကြောင်းကိုသူတို့ရဲ့ ဆန္ဒအရ ကိုကျော်စွာစိုးမြတ်မှ ရှင်းလင်းပြခဲ့တာတွေကို အောက်က မူဗီဖိုင်ထဲမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျား..
“မီးလေးများရရင် ကျုပ်တို့က ပန်ကာလေးနဲ့ အေးအေးလေးနေရတော့ တော်ယုံနဲ့ မသေနိုင်တော့ဘူးပေါ့ဗျာ..။ခင်ဗျားတို့ လှုဒါန်းတာလေးတွေကို စားပြီး တရားဘာဝနာကို အေးအေးဆေးဆေး အားထုတ်ချင်သေးတယ်”ဆိုတဲ့ အဖိုးတစ်ယောက်ရဲ့ စကား “နိုင်ငံတော် အစိုးရက ဂေဟာမှ လူတစ်ယောက်အတွက် တစ်နေ့ကို ကျပ် ၅၀ ထောက်ပံ့ပေးပါတယ်” ဆိုတဲ့ ဂေဟာမှုးရဲ့ ပြောစကားတွေက အလှုရှင်တွေရဲ့ရင်ဘတ်ကို တိုက်ရိုက်ထိစေပါလိမ့်မယ်..ကြည့်လိုက်ပါအုံးဗျာ..။
မနက်ဖန်ကျရင်လည်း မီးစက်နှိုးပြီးပို့အုံးမှာ ဖြစ်လို့ ထပ်ပြီးဆက်ပါအုံးမယ်ခင်ဗျား..>>>>
လေးစားစွာဖြင့်
MMYGလူငယ်များ အားလုံးကိုယ်စား
ကိုရင်
18:02 (GMT) 



မြန်မာမုဒိတာလူငယ်များအဖွဲ့(MMYG) မှကူးယူဖော်ပြပါသည်..
 
အခုလိုအလှုလေးဖြစ်မြောက်  အောင်မြင်အောင်   လှုဒါန်းကြတဲ့  နိုင်ငံတကာမှအလှုရှင်မိသားစုများနဲ့
MMYG   ဝိုင်းတော်သားများအားလုံးကို   ကျေးဇူးအထူးတင်ရှိပါကြောင်း
ထပ်လောင်းပြောကြားပါရစေရှင်.. ။။

 ""   ရှင်သန်ခြင်းဟာ  မျှဝေခြင်း
    မျှဝေခြင်းဟာ  ကမ်းလင့်ခြင်း
    ကမ်းလင့်တဲ့လက်အစုံဟာ   မုဒိတာ ...""  

အားလုံးကိုခင်မင်လေးစားလျက်
ပစ်ပစ်
 8.4.2012    AM  3:06
 
 

07 April 2012

မရမ်းချောင်းအလှုပြီးစီးခြင်း မှတ်တမ်းဓါတ်ပုံများ(၁)

Posted by blackroze at Saturday, April 07, 2012 2 comments
မရမ်းချောင်းဂေဟာအတွက်အလှုလေး လုပ်ကြမယ်လို့ စပြီးတိုင်ပင်တဲ့အချိန်က ကျွန်တော်တို့ရဲ့ ရရှိလာနိုင်တဲ့ အလှုငွေကို ခန့်မှန်းခဲ့ကြရာမှာ ၇သိန်းဝန်းကျင်လောက်ပဲ ဖြစ်ဖို့များတယ်ဆိုပြီး ကျွန်တော်တို့ ကောက်ချက်ချခဲ့ ကြတယ်။အဲ့တာလေးနဲ့ ဆန်အိတ် လေး ငါးအိတ်လောက်ရယ်၊ ၀ှီးချဲလ်လေး နှစ်စီးလောက်ရယ်နဲ့ ပိုတာလေးကို ပဒေသာပင်ထဲထည့်မယ်ဆိုပြီး ဒီအလှုလေးကို အုတ်မြစ်စချတယ်။တကယ်လည်း အလှုခံလို့ပြီးရော ကျွန်တော်တို့ လက်ခံရရှိခဲ့တဲ့ပမာဏက ကနဦး ကျွန်တော်တို့ခန့်မှန်းထားခဲ့တာထက် ခြောက်ဆကျော်လောက် ရရှိခဲ့တယ်။ မရမ်းချောင်းက ဝေဒနာ-ရှင်တွေရဲ့ ကံတရားကောင်းမှုကြောင့်ရယ် နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့ တိုင်းတာမရနိုင်တဲ့ သဒ္ဒါတရားတွေကြောင့် ကျွန်တော်တို့ဟာ ဒီအလှုငွေတွေနဲ့ မရမ်းချောင်းဂေဟာရဲ့ လက်ရှိလိုအပ်နေတဲ့ အရာလေးတွေ (ဂေဟာက တောင်းဆိုလာသလောက်အကုန်)ကို ဖြည့်ဆည်းနိုင်ခဲ့ တဲ့အပြင် ပိုလျှံနေတဲ့ အလှုငွေတွေကိုပါ ရာသက်ပန် ပဒေသာပင်ထဲ ထည့်ပေးနိုင်ခဲ့ပါပြီ။စိတ်ကြည်နူးမိတယ်၊ ပီတိဖြစ်မိတယ်ဆိုတာထက် အဆပေါင်းများစွာ ရင်ထဲမှာဖြစ်နေတာကို စာစီပြလို့ မရနိုင်ပါဘူး။မနက်ကလည်း အစောကြီး အလုပ်ထဲကထွက်ပြီး ဒီနေ့မှာ သွားပြီးလှုပေးမဲ့ အဖွဲ့တွေကို မေတ္တာပို့ပြီး ဖုံးဆက်တယ်။သူတို့ တက်ကြွနေတဲ့ အသံတွေကို ကြားမိတော့ ကြက်သီးတွေတောင် ထမိတယ်။

ဒီနေ့မှာ ကိုကျော်စွာစိုးမြတ်နဲ့သမီးစံတို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဆေးဝါးများ၊ ခေါင်းအုံးအလုံး(၈၀)၊ ၀ှီးချဲလ် (၁၀)စီး၊ ဆန်(၂၀)အိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ၂၅သိန်းကျော်ဖိုး အလှုပစ္စည်းများအား တင်ဆောင်ကာ ရန်ကုန်မှ နံနက် ခုနစ်နာရီခွဲအချိန်မှာ MMYG လူငယ်အင်အားစု (၃၀) ၀န်းကျင်နဲ့ ထွက်ခွာကြပါတယ်။နေ့လည်စာ ဒံပေါက်ကြွေးမှာ ဖြစ်တာမို့ မရမ်းချောင်းဂေဟာကို မနက် ဆယ်နာရီရောက်အောင် သွားခဲ့ကြပါ တယ်။
ကျော်စွာနဲ့ မိစံတို့ ဦးဆောင်တဲ့ MMYG အင်အားစု မရမ်းချောင်းဂေဟာကို ရောက်သွားကြပါပြီ..။
ခရီးရောက်မဆိုက်ပဲ ခဏနားပြီး သူတို့တွေ အလှုပစ္စည်းတွေ ကားပေါ်က ချကြပြီ။
သူတို့တွေ တကယ် ပင်ပန်းကြပြီ..
ဂေဟာမှ သန်စွမ်းတဲ့လူတစ်ချို့ လည်း ကူညီပေးကြပါတယ်..။
တစ်ဖက်က ပစ္စည်းတွေ ချနေတဲ့အချိန်မှာ ကျန်တဲ့တစ်ဖွဲ့က ဂေဟာက ဝေဒနာရှင်တွေအတွက် နေ့လည်စာ ပြင်ဆင်ကြပါတယ်။
 ဒံပေါက်စားပွဲဝိုင်းကို လာရောက်နိုင်တဲ့ ဝေဒနာရှင်တွေ အလှုဒံပေါက်ကို စားဖို့ အဆင်သင့် ပြင်ဆင်ပြီးပါပြီ..
သူတို့တွေ အလှုထမင်းကို စားကာနီးအချိန်မှာ လက်အုပ်ချီနေကြတဲ့ပုံက ကျွန်တော့ရင်ကို မြှားတစ်စင်းနဲ့ ထုတ်ချင်းပေါက်အပစ်ခံလိုက်ရသလို ထိခိုက်ခံစားရစေတယ်။ကျွန်တော်တို့ အလှုအတွက် အထူးတလည် ဆုတောင်းပေးစရာ မလိုပါဘူး..။အထူးသဖြင့် လက်အုပ်ချီစရာ မလိုပါဘူး ခင်ဗျား..။
 အနာရောဂါတွေ မြန်မြန်သက်သာပါစေဗျာ..၀ဋ်ကြွေးတွေဆိုလည်း ခဏတာပဲ ဖြစ်ပါစေ..။
လူကြီးတွေပြီးတော့ ကလေးတွေကို ကြွေးပါတယ်။မရမ်းချောင်းကျေးရွာက ကလေးတွေ ဂေဟာမှာလာပြီး ဆော့ကစားနေကြဟန်တူရဲ့။ 
တကယ်တော့ ဒံပေါက်ထမင်းဆိုတာ မရမ်းချောင်းဂေဟာက ဝေဒနာသည်တွေ တစ်နှစ်လုံးနေမှ နှစ်ကြိမ်ပဲ စားခဲ့ဘူးပါတယ်တဲ့။အခုတော့ ကျွန်တော်တို့ MMYG က သူတို့အတွက် သုံးကြိမ်မြောက် ဒံပေါက်ထမင်းကို လှုဒါန်းနိုင်ခဲ့ပါပြီ။ဒီနေ့မှာ ဒီအလှု ဒီခရီးအတွက် ဒံပေါက်အလှုကို အမေရိကန်နိုင်ငံမှ ကိုဝေမိုးအောင်+မခင်မာဇင်တို့က သားဖြစ်သူ မောင်ကျော်ဇင်ဟိန်းရဲ့ မွေးနေ့အလှုအဖြစ် လှုဒါန်းပေးခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်မှ Feel Resturant Group မှ မေတ္တာဖြင့် အကောင်းဆုံး ချက်ပေးခဲ့ခြင်း ဖြစ်ပါတယ်ခင်ဗျား။ ကိုဝေမိုးအောင် + မခင်မာဇင် နဲ့ သားဖြစ်သူ မောင်ကျော်ဇင်ဟိန်းတို့ ဒီမြင်ကွင်းကိုမြင်တွေ့ပြီး စိတ်နှလုံး ချမ်းမြေ့ကြပါစေ..မုဒိတာ ပွားနိုင်ကြပါစေ.. တကယ်တော့ ကျွန်တော် ဒီနေ့ညမှာ အကုန်လုံးကို တင်ပေးဖို့ပါပဲခင်ဗျား..။ဒါပေမဲ့ မီဂါဝပ်တွေ ပိုလျှံနေပါတယ်ဆိုတဲ့ ကျွန်တော်တို့ နိုင်ငံက ရွှေမြို့တော်ကြီးမှာ မီးပျက်နေတဲ့အတွက် မြန်မာနိုင်ငံက ၀ိုင်းတော်သားတွေ ဓါတ်ပုံပို့ပေးဖို့ အခက်တွေ့နေကြလို့ပါခင်ဗျား..။ နောက်လာမဲ့ အပိုင်းမှာ ၀ှီးချဲအလှုရှင်များနဲ့ ပဒေသာပင်အတွက် ထည့်ဝင်ငွေအလှုဓါတ်ပုံများ၊ ဗွီဒီယိုဖိုင်များကို ဖော်ပြပေးပြီး နောက်ဆုံးအပိုင်းမှာ အလှုစာရင်း ရှင်းတမ်းကို တစ်ပါတည်း ဖော်ပြပေးပါ့မယ်.. အားလုံးချမ်းမြေ့ကြပါစေခင်ဗျား.. လေးစားစွာဖြင့် MMYG ကိုယ်စား ကိုရင် 15:47(GMT)   ~~~~~~~~&&&&&~~~~~~~~ ဆက်ပါအုံးမည် ခင်ဗျား ~~~~~~~~&&&&&~~~~~~~~
 
မြန်မာမုဒိတာလူငယ်များအဖွဲ့(MMYG) မှကူးယူဖော်ပြပါသည်..
 
အခုလိုအလှုလေးဖြစ်မြောက်  အောင်မြင်အောင်   လှုဒါန်းကြတဲ့  နိုင်ငံတကာမှအလှုရှင်မိသားစုများနဲ့
MMYG   ဝိုင်းတော်သားများအားလုံးကို   ကျေးဇူးအထူးတင်ရှိပါကြောင်း
ထပ်လောင်းပြောကြားပါရစေရှင်.. ။။

 ""   ရှင်သန်ခြင်းဟာ  မျှဝေခြင်း
    မျှဝေခြင်းဟာ  ကမ်းလင့်ခြင်း
    ကမ်းလင့်တဲ့လက်အစုံဟာ   မုဒိတာ ...""  

အားလုံးကိုခင်မင်လေးစားလျက်
ပစ်ပစ်
7.4.2012    PM 3:45

 
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei