18 June 2012

အမှတ်တရ ခံစားချက်များ

Posted by blackroze at Monday, June 18, 2012 16 comments
ကျမစီမှာ အမှတ်တရတွေအများကြီးပါဘဲလေ..
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ဆရာမဂျူးရဲ့ အမှတ်တရ ဆိုတဲ့ ဝတ္ထုလေး ပြန်သွားဖတ်မိတယ်...
အလုပ်ကပြန်လာလို့ Facebook ထဲဝင်လိုက်တဲ့အချိန် မိုးသက်နဲ့ မိစံတို့က ဝတ္ထုစာအုပ်လင့်တွေ တင်ထားတယ် .... ကျမလည်းမနက်ဖန်အလုပ် 2ရက်ဆက်တိုက် နားရမယ်...နောက်ပြီး မိုးလေဝသ ကလည်း မိုးရွာမယ်လို့ကြေငြာထားတော့ စာအုပ်ဖတ်တာ အကောင်းဆုံးဘဲဆိုပြီး စာအုပ်တွေပို့ပေးလို့ မိစံစီကနေ တောင်းလိုက်မိတယ်...

ဆရာမ ဂျူး ရဲ့ အမှတ်တရ ဆိုတဲ့ ဝတ္ထု ကို ကျမဖတ် ဖူးတာကြာပါပြီ ..။။အဲဒီတုန်းကတော့ ဝတ္ထုထဲက ဆရာမရဲ့ ဇာတ်ကောင် ဆရာဝန်မလေး စုစုထွေးရဲ့ ခံစားချက်တွေ ကို ဖတ်ခဲ့ရတာပေါ့.. အဲတုန်းကလည်းဖတ်၇င်းနဲ့ မျက်ရည်ကျမိတယ် ထင်တယ်...
ကျမမြန်မာပြည်မှာကျောင်းသူ ဘဝထဲကဆိုတော့ နဲနဲတော့ကြာပြီလေ..အခု ကျမ ဒီဝတ္ထုလေး ကို ပြန်ဖတ်မိတယ်...ဒီတခါ ဖတ်မိတဲ့အချိန်မှာ ဝတ္ထုထဲက ဆရာဝန် မလေးရဲ့ ခံစားချက်တွေ အပြင် ကျမရဲ့ ကိုယ်ပိုင် ခံစားချက်တွေ ကိုပါ ကျမရောထွေးခံစားမိတယ်....။။

ကျမစာအုပ်ကိုသာဖတ်နေရတယ်...စိတ်ထဲမှာ စာအုပ်ထဲက ရေးထားတဲ့ စကားလုံးတွေအပြင် ကျမစိတ်ထဲ ခံစားမိတာတွေကိုပါ ..ကျမပြန်ဖတ်နေရ သလိုဘဲ....။ အရင်တခေါက်ဖတ် ခဲ့တုန်းကတော့
ဆရာဝန်မလေး ရဲ့ ခံစားချက်တွေကို ဖတ်ပြီး ကျမငိုခဲ့ရတယ်....။။အခုတခေါက်ဖတ်ရတဲ့အခါမှာ
ကျမရဲ့ ခံစားချက်တွေ... ကျမခံစားမိနေတာတွေ .... သိပ်မကြာသေးတဲ့ အချိန်ကာလတခုစီက ကျမရဲ့အမှတ်တရတွေ ..ကျမမျှော်လင့်တကြီးမက်ခဲ့ဖူးတဲ့ အိပ်မက် တွေ ....နောက်ဆုံးမှာ တစစီရိုက်ချိုး ပြစ်တာ ခံလိုက်ရတဲ့ ကျမရဲ့ အချစ်တွေ ..အဲတာတွေကိုခံစားမိပြီး ကျမငိုခဲ့ရတယ်..
ကျမအဲဒီဝတ္ထု ကိုဖတ်ရင်းနဲ့ ငိုခဲ့ရတယ်....အခုတခေါက် ငိုရတာက ကျမရဲ့ ကိုယ်ပိုင် ခံစားချက်တွေကြောင့် ကျမရဲ့ ကိုယ်ပိုင် အမှတ်တရတွေကြောင့် ငိုခဲ့ရတာ....။။။
ဆက်မဖတ်ပါနဲ့တော့ လို့ မိစံကပြောတယ်.....။။

ဒါပေမဲ့ ကျမစဖတ်ကထဲက ပြီးအောင်ပြန်ဖတ်မယ်လို့ ဆုံးဖြတ်ထားပြီးသား...ငိုရင်းနဲ့ဘဲ..
ပြီးအောင်ဖတ်ခဲ့တယ်...ရွေးချယ်သွားတဲ့ သူတယောက်နဲ့ ရွေးချယ်ခံလိုက်ရတဲ့ သူတယောက်...။။

ကျမနားထဲပြန်ကြားယောင်မိတယ်...တိုင်းရင်းသားသံခပ်ဝဲဝဲ နဲ့ ပစ်ပစ်လို့ ခေါ်လိုက်တဲ့
ခေါ်သံတစ်ခု...။။ ပါးချိုင့်နှစ်ဘက် ပေါ်အောင် ပြုံးလိုက်တဲ့ အပြုံးတစ်ခု....မကျေနပ်တာ တခုခု ရှိနေရင် ပြုံးနေရင်းနဲ့ ခပ်စိုက်စိုက်ကြည့်တတ် တဲ့ အကြည့်တွေ ...အရာရာကိုမြိုသိပ်နိုင်တဲ့
လူတယောက် ....လူတဘက်သားကိုအားနာလွန်းလို့ အဲလောက်အားမနာပါနဲ့လို့ တောင်
တားယူရတဲ့ လူတယောက်..(သူကသူများကိုသာ အားနာတာပါ..ကျမကိုကျတော့ နဲနဲလေးမှတောင် အားမနာဘူးလေ...ရက်ရက်စက်စက်ကိုထား ခဲ့တာ )

ကျမအဲဒီ ပုံရိပ်တွေ..အဲဒီအပြုံးတွေ...အဲဒီအကြည့်တွေ ..အဲဒီခေါ်သံတွေကို
ပြန်ကြားယောင်မိနေတုန်းဘဲ ပြန်မြင်ယောင်နေမိတုန်းဘဲ ပြန်တမ်းတမိနေတုန်းဘဲ....
အဲဒီပုံရိပ်တွေ အကြည့်တွေ အပြုံးတွေ အသံတွေက ကျမကိုအကြိမ်ကြိမ် ဖြတ်ရိုက်နေသလိုပါဘဲ
အဲလိုခံစားချက်တွေကြောင့် ကျမပုံရက်သားလဲနေပြီ...ကျမ ခံနိုင်ရည်ရှိအောင်ဘယ်လောက်ဘဲ
တည်ဆောက်တည်ဆောက် တိုက်ဆိုင်မှု့ တခုတလေနဲ့ဆုံတာတောင် ခံနိုင်ရည်မရှိချင်ဘူး...
နေ့ရက်တွေ အချိန်တွေ ကို အားတင်းပြီး ကျမရအောင်ဖြတ်သန်းနေတယ်....

ဒါပေမဲ့ ကိုယ့်ကိုကိုယ် ဘဲသိတယ် ခံနိုင်ရည်ဆိုတာ တစက်လေးမှတောင် မကျန်တော့ဘူး..
မှုံဝါးဝါး မထင်ရှားတဲ့ အိပ်မက်တွေနဲ့ နိုးထလာတဲ့ ညတွေဆိုတာ မနည်းတော့ဘူး..
အိပ်မပျော်လို့ တယောက်ထဲ အမှောင်ထဲ ငုတ်တုတ် ထိုင်ရင်းမိုးလင်းခဲ့ရတဲ့ ညတွေဆိုတာ
မနည်းတော့ဘူး... အလုပ်မှာ လူတွေမသိအောင် ကြိတ်ငိုနေရတဲ့ နေ့တွေ
အိမ်မှာ လူတွေမသိအောင် ကြိတ်ငိုနေရတဲ့ ညတွေ ...ချည်နဲ့နဲ့ နဲ့ ပြန်တည်ဆောက်နေရတဲ့
ကျမရဲ့အနာဂတ်တွေ ..တစစီလိုက်ကောက်နေရတဲ့ ကျမရဲ့ မျှော်လင့်ချက်လေးတွေ
အဝေးကြီးကိုလွှင့်ပြစ်တာခံလိုက်ရတဲ့ ကျမရဲ့ အချစ်တွေ ...။။။

ကျမစီမှာ ဘာမှကိုမရှိတော့ဘူး
ဘာမှကိုမကျန်တော့ဘူး...အစိတ်စိတ်အပိုင်းပိုင်း ကျိုးပြက်သွားတဲ့ နှလုံးသားတစ်ခုဘဲကျန်တော့တယ်
ကယောင်ချောက်ချား ဖြစ်နေတဲ့ အတွေးတွေဘဲကျန်တော့တယ်..
ကျမအတွက်ဒီခံစားချက်တွေကတော့  တကယ်ကို အမှတ်တရပါဘဲ...တသက်လုံးအတွက်ပါဘဲလေ..
ဒါတွေဟာ ဝဋ်ကြွေးတွေဆိုရင်  ဒီဝဋ်ကြွေးတွေအကုန်လုံးကို  ဒီဘဝမှာဘဲ  ကုန်အောင်ဆပ်ခဲ့ပါရစေလို့
ကျမဆုတောင်းတယ်......။။

သူသာကြားနိုင်မယ်ဆိုရင်
ကျမကိုဘာလို့အဲလောက်ရက်စက်ခဲ့ရတာလည်း
ဘာလို့အဲလောက် ခံစားရအောင် လုပ်ခဲ့ရတာလည်း
ဘာလို့ငိုရအောင်လုပ်ရက်ရတာလည်း
ကျမမေးလိုက်ချင်တယ် ..... ....... .... ..... ....။။။။

ပစ်ပစ်
18.6.2012 AM 4:08

04 June 2012

၂ နှစ်ခရီးစတင်ခြင်း...

Posted by blackroze at Monday, June 04, 2012 12 comments
ကျမကသွားတွေမလှပါဘူး...
ငယ်ကထဲက   သူများတွေ    သွားတွေညီညီညာညာလေးဆိုရင်   အရမ်းသဘောကျတယ်...ကျမသွားတွေက
ထပ်တယ်..မညီဘူး... မညီတော့ ခေါထွက်တဲ့အချောင်းက ခေါတယ်... အထဲဝင်နေတဲ့အချောင်းက ဝင်နေတယ်.... အစွယ်ဖြစ်နေတဲ့အချောင်းက အစွယ် လိုလိုဘာလိုလို  နဲ့လေ.....

ကျမသွားတွေကိုပြင်မယ်  ပြင်မယ်နဲ့  ပိုက်ဆံနှမြောတာရော...  လူလည်းအနာမခံချင်တာရော  ..ကြောက်တာရော...အစုံပေါင်းပြီး..ဘာမှမလုပ်ဖြစ်ပါဘူး...အဲလိုနဲ့ဘဲအချိန်ဆွဲလာတာ 
3 ..4  နှစ်ပါဘဲလေ... 

အခုတော့ကျမဆုံးဖြတ် လိုက်တယ်  ဒီအချိန်မှမပြင်ရင် ကျမအတွက် အချိန်ဆိုတာ နောက်ကျသွားမှာ
စိုးးးးးးးးးလို့ပါ ..အဟဲ..လှချင်တာပေါ့နော်...

အဲတာနဲ့  Taipei တခွင်  ဆရာဝန် စုံစမ်းပါတယ်.... ဘယ်ဆရာဝန်က ဘယ်လောက်ယူတာ
ဘယ်လိုအာမခံတာ...ဘယ်လိုကောင်းတယ်.. အင်တာနက်ကနေ ရှာတယ်...
နောက်ဆုံးတော့  ဆရာဝန် တစ်ဦးတွေ့ပါတယ်...ဈေးလည်း ကျမဆစ်သလောက်ရတယ်
စိတ်လည်းရှည်တယ်...သဘောလည်းကောင်းတယ်...ဆေးခန်းကလည်းသန့်တယ်..
သန့်ဆို ဖွင့်တာမှမကြာသေးတာလေ..အသစ်စက်စက်ဆေးခန်း..ဆရာဝန်ကလည်း အမေရိကား
ကပြန်လာတာမကြာသေးဘူး...

သူကလည်း ဆေးခန်းဖွင့်စ မိတ်ဆွယ်တဲ့အချိန်..ကျမလည်းဈေးဆစ်လို့ရတဲ့ဆေးခန်း
ရှာတဲ့အချိန်...အဆင်ပြေသွားတယ်ဆိုပါတော့လေ....

အဲတာနဲ့ သွားပြ လိုက်တယ်..ဆရာဝန်က သွား4ချောင်းနှုတ်ခိုင်းတယ်...
ကျမသွားတွကသိပ်ထပ်နေလို့ပါ  .....ကိစ္စမရှိပါဘူး...  ပစ်ပစ်ဆိုတဲ့ကျမကလည်း  လှချင်တာ
စက်စက်ယို ဆိုတော့ နှုတ်မယ်..ကိစ္စမရှိဘူး...လှဖို့ကအဓိက ဆိုတဲ့ မူ   ...လက်ကိုင်ထားလို့
သွားကိုအပေါ်နှစ်ချောင်း   အောက် နှစ်ချောင်းကိုနှုတ်ပြစ်လိုက်ပါတယ်....

သွားနှုတ်တော့ဆရာဝန်က ဘယ်လောက်သဘောကောင်းလည်းဆိုရင်  ကျမအလုပ်နားတဲ့ရက်
ဆန်းဒေးကို  ဆေးခန်းကို တကူးတက လာဖွင့်ပြီး... နှုတ်ပေးတာပါ..
 ( အဲဒီလက ကျမအလုပ်နားရက်က    ဆန်းဒေးပါ )

ဆေးခန်းသွားမဲ့ မနက်မှာတော့ ကြောက်တော့ ကြောက်တာပေါ့...ဒါပေမဲ့မကြောက်ပါဘူး..
လှဖို့အရေး အနာခံရမယ်ဆိုတဲ့မူ ကို ကိုင်ဆွဲလို့ ဆေးခန်းကိုချီတက်သွားပါတယ် ....
ဟိုရောက်တော့ထုံဆေးထိုး ...သွားဆေး.. ပြီးတော့ နှုတ်ပွဲကြီးစတင်ပါလေရော...
ကျမကထုံဆေးထိုးခံထားရတဲ့ သူဆိုတော့   မနာပါဘူး....ထုံဆေးအရှိန်နဲ့လေ...အပြင်က စောင့်နေတဲ့
ကျမညီမ ကတော့ ဂျစ်ဂျစ် ဆိုတဲ့ အသံတွေကြားနေရုံနဲ့တင်  ကြက်သီးတဖြန်းဖြန်းထနေလေရဲ့....
ကျမအပေါ်သွားက ဆရာဝန်ဆွဲထုတ်တဲ့အချိန်မှာ ကျိုးသွားတယ်  ..သွားအစက သွားဖုံးထဲမှာကျန်ခဲ့တယ်..
အဲတာနဲ့  ဆရာဝန်လည်း ဆွဲထုတ်ပေမဲ့   မထွက်ဘူးထင်ပါတယ်..သွားဖုံးကိုခွဲချလိုက်ပါလေရော...
သူလုပ်နေတာကျမဘာမှမနာဘူး..ဘာမှမသိဘူး...အစလည်းကုန်အောင်ထုတ်ပြီးရော..
သွေးတွေထွက်တော့ ပလုပ်ကျင်းခိုင်းတာ  ..ကျမ မှန်ကိုတချက်လှမ်းကြည့်တာ...
အမလေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အပေါ်သွားဖုံးက ဟက်တက်ကြီးကွဲနေတာနော်....ခံနိုင် ရည်ရှိအောင် ပြင်ဆင်ထားပါတယ်
ဆိုတာတောင်  တော်တော်ကျွတ်ကြဲ သွားတာပါ....မရတော့ဘူးလေ..အဲလိုနှုတ်ပြီးမှတော့
ရှေ့ဆက်ဖို့ဘဲ      ရှိတော့တာဘဲ...ဒါနဲ့ကျန်တဲ့  အောက်သွားကိုဆက်နှုတ်တယ်....
အောက်သွားကတော့ အေးဆေးပါဘဲနှုတ်ရတာ...
ဒါပေမဲ့အ ပေါ်သွားဖုံးကိုတော့ ပြန်ချုပ်လိုက်ရပါတယ်.... အိမ်ပြန်လာတော့ ထုံဆေးလည်းပျယ်ရော
အဲမှာစတွေ့တာပါဘဲ..နာလိုက်တာ....အမလေးတောင်တ ယူရတဲ့အထိပါဘဲရှင်...
တပါတ်နီးပါးကိုက်တာ.... အရမ်းနာရင် သောက်ဖို့ ဆိုပြီးဆေးပေးထားတောင် မလောက်ပါဘူး...
ကျမတော်တော် ခံစားလိုက်ရပါတယ်  နာကျင်မှု့ကို...ဒါပေမဲ့ကျမနောက်ဆုတ်လို့ မ၇တော့ပါဘူး
ရှေ့ဆက်ဖို့ဘဲရှိပါတော့တယ်....

နောက်ထပ်သွားနှစ်ချောင်း   နှုတ်တာကတော့  လွယ်ပါတယ်..ခွဲရတာ ချုပ်ရတာမရှိပါဘူး...
ဒါပေမဲ့ နှုတ်ပြီးအိမ်ပြန်လာတော့      သွေးမတိတ်ပါဘူး..သွေးတွေက    ပါးစပ်ထဲပြည့်လာလိုက်.
.ထွေးထုတ်လိုက်နဲ့...... .ရေခဲအိတ်ကို       ပါးတခြမ်းထုံနေအောင်    ကပ်ထားရပါတယ်  ...သွားအကောင်းတွေကို      နှုတ်ပြစ်ရတာ  တော်တော် ခံစားရဆိုးတာဘဲ...

နောက်တော့    ကျမရဲ့ သွားနှုတ်ခြင်း    ကိစ္စပြီးဆုံးသွားပါတယ်..လူလည်းမစားနိုင် မသောက်နိုင်နဲ့
မျောက်နာရုပ်လေးဖြစ်သွားပါတယ်...အမတယောက်ကစပါတယ်..ဖွားဖွားပစ်တဲ့လေ...
အိမ်ကညီမကတောင်  နင့်ကို       pigpig  ကနေ မျောက်မျောက် လို့ပြောင်းခေါ်ရတော့မယ်လို့
စတဲ့အထိပါဘဲလေ.....။။။။

3.6.2012  ဒီနေ့ သွားတွေကိုစတီးစဆွဲပါတယ်.....အရမ်းနာမှာစိုးလို့  ဆရာဝန်က  အပေါ်သွား
စဆွဲတာပါ...တော်တော်လေးခံစားရခက်တဲ့   ဝေဒနာပါဘဲလေ...စတီးကြိုးတွေတပ်ပြီးပြီးချင်း
ကျမမှန်ကြည့်တော့   အင်မတန်မှကိုရုပ်ဆိုးသွားပါတယ်...  နဂိုကမှ ကြည့်လို့အဆင်ပြေသေးတယ်..။။
ဆရာရယ်..ပြီးရင် လှမလှတော့မသိဘူး  အခုတော့ အရမ်းရုပ်ဆိုးတာဘဲဆိုတော့ ....
နင်ကလှချင်တာကိုးး...အခုလောက်တော့ သည်းခံရမှာပေါ့တဲ့လေ....
အစပိုင်းဘဲနာမှာပါတဲ့..နောက်တော့ နေတတ်သွားလိမ့်မယ်တဲ့လေ....
အခုတော့   ကျမအိမ်မက်ဆိုးတွေ   မက်နေရသလိုပါဘဲ...ကယောင်ချောက်ချားဖြစ်သလိုလို
ဘာလိုလို နဲ့လေ....၂ နှစ်ဆိုတဲ့ အချိန်ကာလကို  ကျမစိတ်ရှည်ခြင်း  သည်းခံခြင်းတွေကို  လက်ကိုင်
ထားပြီးကျော်ဖြတ်ရမှာပါ...ကျမရဲ့ခံနိုင်ရည်တခုကို  စမ်းသမ်မဲ့  ၂ နှစ်လို့ဘဲ သတ်မှတ်လိုက်ပါတယ်..
အခုတော့လား.....ဆန်ပြုတ်ပေါ့နော်...မမုန်းတမ်းသောက်နေရပါတယ်....မာတဲ့အစာကို
ယောင်လို့တောင်လှည့်ကြည့်လို့မရတဲ့ဘဝဖြစ်နေပါတယ်...

ဘာဘဲပြောပြောပါ...3.6.2012  ကနေ စရေတွက်ရင်  3.6.2014  ဒီ ၂နှစ်တာကာလကို
ကျမကျော်ဖြတ်ပြီးတဲ့အခါ   .....ကျမဘယ်လိုပြောင်းလဲသွားမလဲ...ဘယ်လောက်ပြောင်းလဲသွားမလဲ
ကြည့်ရဦးမှာပေါ့...
အခုတော့ နာကျင်ခြင်းတွေရင်ဝယ်ပိုက်ထားတယ်....
ရင်ထဲကလည်းနာတယ်....ပါးစပ်ထဲကလည်းနာတယ်...စိတ်ထဲကလည်းနာသလိုလိုရှိနေပြီ...။။
 လောလောဆယ်တော့  နာကျင်ခြင်းဆိုတာကိုဘဲ  တသီးတသန့် ခံစားနေတယ်....

( ကျမအမှတ်တရဖြစ်အောင် ပုံရိုက်ပြီး   Facebook မှာတင်ထားတယ်...)


ပစ်ပစ်
4.6.2012   AM  1:59 


 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei