27 December 2011

သမီးစံကိုအွန်လိုင်းလာဖို့ပြောပေးပါရန်..

Posted by blackroze at Tuesday, December 27, 2011 11 comments
ညမတော် ဘလော့ ဂါသမီးစံ   
ရောက်ရာအရပ်မှ  အမတော် Jerry pigpig ထံအမြန်ဆုံးဆက်သွယ်ပေးပါ..


jerry pigpig မှ သမီးစံ..
ကြားလား..ကြားလားကြားရင်အကြောင်းပြန်ပါ.


 သမီးစံနဲ့ဖုန်းအဆက်သွယ်ရှိပါကတဆင့်ပြောပေးကြပါ
jerry pigpig ...သမီးစံနှင့်.. ပြောစရာကိစ္စရှိပါသည်..
အကူအညီတောင်းချင်လို့ပါ..
်ကျမအလုပ်ပိတ်ရက်(27.12.2011 ) တွင်အဆင်ပြေပါက အွန်လိုင်းလာဖို့ပြောပေးကြပါ..
တနေကုန်စောင်နေ့ပါမည်.. မနက် 11နာရီမှည11နာရီအတွင်း
အဆင်ပြေပါကအွန်လိုင်းလာပေးဖို့  သမီးစံအားပြောပေးကြပါ..
ကျမသူ့ဖုန်းနံပါတ်ကိုမသိလို့ပါ..
သူ့ကိုဘယ်လိုဆက်သွယ်ရမယ်ဆိုတာမသိလို့အခုလိုနည်းလမ်းကို
အသုံးပြုလိုက်တာပါ..
အားလုံးကိုကျေးဇူးတင်ပါတယ်


ပစ်ပစ်
27.12.2011  AM 00:54

ညမတော်လေးစံစံ   အွန်လိုင်းကိုအမြန်ဆုံးလာပါနော်
အမတော် ရန်ကုန်ပြန်လာတဲ့အခါ ညမတော်စံစံကို   YKKO မှာကြေးအိုးလိုက်ကျွေးပြီး
ရွှေပုဇွန်တွင် ဖာလူဒါတိုက်မည်ဟု  ဘလော့ဂါအပေါင်းအားသက်သေထူပြီး  ကတိပေးလိုက်ပါသည်
Promise  Promise  Promise .... ကတိ  ကတိ ကတိ  
သုံးခါတိတိပေးပါသည်...
မြန်မြန်လာနော်...


24 December 2011

အမှတ်တရ December ....( Tag ပိုစ့်)

Posted by blackroze at Saturday, December 24, 2011 19 comments
December လရဲ့ ရက်တရက်မှာကျမကိုမွေးဖွားခဲ့ပါတယ်...  နှင်းငွေ့တွေဝေနေတဲ့  ဆောင်းတညရဲ့  ညနက်နက်ထဲမှာ   ကျမလောကကြီးထဲရောက်ရှိခဲ့ပါတယ်  ..။။
ဆောင်းတွင်းမှာမွေးတဲ့  ကျမကို  ကျမရဲ့အဖေက  ဆောင်းမှာဘဲ ပွင့်တဲ့ ပန်းတမျိုးရဲ့  နာမည်ကိုပေးခဲ့ပါတယ်  ...။ကျမငယ်ငယ်ကအဖေ့ကို   မေးဖူးပါတယ်    ။ဘာလို့ကျမကိုဒီလို  နာမည်ပေးရတာလဲဆိုပြီးတော့ပါ ။ အဖေကပြောတယ်   အဲဒီပန်းလိုမျိုး သမီးရဲ့ ဘဝကိုအမြင့်ဆုံးမှာ
ရှိစေချင်လို့ပေါ့တဲ့ ....ဒါပေမဲ့  အဖေကျမတို့မိသားစုကို   ဒီဇင်ဘာလရဲ့ ရက်တရက်မှာထားသွားခဲ့တယ်..
ကျမအဖေဆုံးသွားတာ ဒီဇင်ဘာလ 28ရက်ပါ...သူများတွေခရစ်စမတ်နဲ့ New year ကြားမှာ..ပျော်စရာ
ရက်လေးတွေကို  ဘယ်လိုဖြတ်သန်းမလဲလို့ စဉ်းစားနေကြချိန်မှာ...ကျမလူတွေမသိအောင် ငိုနေခဲ့ဖူးတယ်..
တကယ်တော့  ဒီဇင်ဘာဆိုတာ ကျမဘဝရဲ့တကယ်ကို  အမှတ်တရတွေ  ရှိခဲ့တဲ့လပါဘဲ...
အပျော်ဆုံးလို့ထင်ခဲ့တဲ့   အချိန်တွေရှိခဲ့ဖူးတယ်... အနာကျင်ဆုံးခံစားခဲ့ဖူးတဲ့   အချိန်တွေရှိခဲ့ဖူးတယ်..
အရာရာကို စွန့်လွှတ်ကျောခိုင်းလိုက်ဖို့    ကျမဒီဇင်ဘာလထဲမှာဆုံးဖြတ်ခဲ့ဖူးတယ်..

ကျမကိုမွေးခဲ့တာ  ဒီဇင်ဘာလထဲမှာ...

ကျမအဖေကျမတို့  မိသားစုကိုထာဝ၇အပြီးအပိုင်  ကျောခိုင်းသွားတာ ဒီဇင်ဘာလထဲမှာ

ကျမဘဝရဲ့ပထမဆုံး  ငယ်ရည်းစားနဲ့   တွေ့ခဲ့တာဒီဇင်ဘာလထဲမှာ..

အဲဒီငယ်ချစ်နဲ့  ကွဲခဲ့တာလည်း   ဒီဇင်ဘာလထဲမှာပါဘဲ  ..း)

ဘဝတစ်ခုကို  ဒီဇင်ဘာလထဲမှာ   ကျမတည်ဆောက်ခဲ့ဖူးတယ်...
နောက်ဆုံးတော့   အရာရာဟာ..ကံတရားအတိုင်းဘဲလို့ သဘောထားပြီး...ကျမအရာအားလုံးကို
အရှုံးပေးခဲ့ရတယ်..

ကျမဘဝရဲ့ ဘယ်တော့မှမမေ့နိုင်တဲ့ခွဲစိတ်မှု့တခုကို  ကျမဒီဇင်ဘာလရဲ့ 29ရက်နေ့မှာ အမှတ်မထင်  ရင်ဆိုင်ခဲ့ဖူးပါတယ်   မေ့ဆေးဆရာဝန်ရောက်မလာသေးလို့  ဆိုပြီး.. ကျမကိုမနာကျင်ရအောင် ဆိုပြီးဆေးတွေ တလုံးပြီးတလုံး   လာထိုးပေးနေတုန်းက ကျမစဉ်းစားမိတယ်..
ငါဘာလို့သတိမလစ်သွားတာလဲ..
သတိသာလစ်သွားရင်..နာကျင်မှု့ဆိုတာကိုငါသိတော့မှာမဟုတ်ဘူး..အခုတော့နာနေတာကို
ခံစားပေးနေရတယ်..ဒါလည်း ဒီဇင်ဘာရဲ့  အမှတ်တရဘဲလားဆိုပြီးတော့ပါ..


ကျမမြန်မာပြည်ကိုကျောခိုင်းပြီး  နိုင်ငံခြားကိုထွက်လာခဲ့တာ  ဒီဇင်ဘာလထဲမှာပါ..မှတ်မှတ်ရရပါဘဲ  အဲနေ့ကကျမရဲ့မွေးနေ့  ဒီဇင်ဘာလ 14ရက်ပါဘဲ..ကျမရဲ့မွေးနေ့တခုကို  ကျမလေယာဉ်ပျံပေါ်မှာ
ဖြတ်သန်းခဲ့ဖူးပါတယ်.. ဆုတောင်းမဲ့သူမရှိ  လက်ဆောင်ပေးမဲ့သူမရှိ....
Happy birthday ဆိုတဲ့  စကားသံတွေ နဲ့ဝေးတဲ့   China Airline ရဲ့ လေယာဉ်တစ်စီးပေါ်မှာပါ
ငါဘဝသစ်တခုကို စဖို့ အတွက် ငါဒီခရီးကိုထွက်လာတာ...ဘယ်လိုအခက်ခဲတွေတွေ့တွေ့
ငါရအောင် ရင်ဆိုင်မယ်..ဆိုတဲ့ စိတ်ထားလေးတခုဘဲကျမစီမှာပါလာတယ်..
ကျမကိုယ်ကျမ အဲဒီစိတ်ထားကို လက်ဆောင်အဖြစ်ပြန်ပေးခဲ့ပါတယ်..

ကျမအခုအလုပ်ကိုရဖို့အတွက်အချိန်တော်တော်ကြာစောင့်ခဲ့ရပါတယ်..ဒီအလုပ်ကို  ရတော့လည်း..
ဒီဇင်ဘာလထဲမှာပါဘဲ..ဒီဇင်ဘာလ 11 ရက်နေ့ပါ..

အခုကျမရဲ့ချစ်သူပေါ့ သူ့နဲ့စချစ်ခဲ့တာလည်း  ဒီဇင်ဘာလထဲမှာပါဘဲ..ကျမပြက္ခဒိန်အရတော့
ဒီဇင်ဘာလ 2ရက်နေ့ပါ   သူ့ပြက္ခဒိန်အရတော့  ဒီဇင်ဘာလ1ရက်နေ့ပေါ့..သူနေတဲ့နေရာက
ကျမနေတဲ့နေရာထက် 4နာရီနီးပါး  နောက်ကျပါတယ်..အဲတာကြောင့်သူကပြောရင် 1ရက်နေ့
ကျမကပြောရင်2ရက်နေ့ပါ..း)

ကဲ..ဒီဇင်ဘာဆိုတာ   ကျမအတွက်ဘယ်လောက်   အမှတ်တရတွေများသလဲနော်...။။


ကန်ဒီလေးက ကျမကို Tag ထားပါတယ်..ဒီဇင်ဘာပိတ်ရက်မှာဘာတွေလုပ်မလဲတဲ့..

ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
 
  နိုး ..သာမန်အနေအထားလောက်ပါဘဲ..အရမ်းကြီးfeeling မရှိပါဘူး...
  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
  အဲတာလည်း  No ပါ..


နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။



အင်းးး  ခရစ်စမတ်ကာလလေးတခုကိုတော့  နှင်းဖြူဖြူ တွေကျနေတဲ့  နေရာ လေးတခုမှာ  တခါလောက်     တော့  ဖြတ်သန်းဖူးချင်တယ်  ကျမအခုနေတဲ့နေရာက  ဆောင်းတွင်းဆိုအရမ်းအေးပေမဲ့
    နှင်းမကျဘူး   ..မိုးတွေတော့ရွာတယ်   ..တနေကုန်အုံမှိုင်းပြီးအေးစက်နေတာဘဲ....

ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။





ကျမအတွက် ခရစ်စမတ်ပိတ်ရက်ဆိုတာမရှိပါဘူး   ကျမရောက်နေတဲ့နိုင်ငံက ခရစ်စမတ်ဦးစားပေး
နိုင်ငံမဟုတ်လို့ပါဘဲ..ခရစ်စမတ်လည်းခါတိုင်းပုံမှန်အလုပ်တက်ရက်တွေလိုပါဘဲ...25ရက်နေ့နဲ့ 1လပိုင်း 1ရက်နေ့ ကိုဘဲ Holiday လို့သတ်မှတ်တာပါ..အလုပ်ပိတ်ရက်ရှည်တွေ မရှိပါဘူး..

ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။






အဲတာလည်း  No ပါဘဲ..အခုလက်ရှိသူငယ်ချင်းတွေထဲမှာ..   ခရစ်ယာန် မရှိလို့ပါ
ွှ  ( အရင်တုန်းက ငယ်ငယ်တုန်းကပေါ့  သူငယ်ချင်းခရစ်ယာန်မလေးတယောက်ရှိပါတယ် သူ့ကို   တော့ လက်ဆောင်ပေးလေ့ ရှိပါတယ် )



 ♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။





ခရစ်စမတ်အမှတ်တရ  ကတော့ အထူးတလည်မရှိပါဘူး..မြန်မာပြည်မှာတုန်းကတော့   ခင်တဲ့
သူငယ်ချင်းတွေစုပြီးစားကြသောက်ကြ  အဲတာမျိုးလောက်ဘဲရှိပါတယ်

နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

     အင်းး....ရှိနေစေချင်တာကတော့  ချစ်သူပေါ့ ..အမေနဲ့ညီမကအခုအနားမှာရှိနေတာကိုးး
အဲဒီတော့  ချစ်သူကိုပါရှိစေချင်တယ်..



New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

  No ပါ  ..New year အမှတ်တရကတော့..

Final Year  တက်နေတဲ့အချိန်ထင်တယ်    သူငယ်ချင်းတွေစုပြီးညလုံးပေါက် Beer သောက်ဖူးတယ်  အဲတာလေးတော့  အမှတ်တရ  ရှိပါတယ်..အဲတုန်းကသူငယ်ချင်းတွေအကုန်လုံး  အခုတော့ တယောက်တနေရာစီ ဖြစ်ကုန်ပြီ..နိုင်ငံခြားရောက်တဲ့သူနဲ့  အိမ်ထောင်ကျတဲ့သူနဲ့  အဲဒီတုန်းကလို
အားလုံးအတူတူ  ပြန်ဆုံဖို့ဆိုတာ   လုံးဝမဖြစ်နိုင်တော့ပါဘူး...တယောက်မဟုတ်တယောက်ကတော့
လိုနေမှာအသေအချာပါဘဲ..အဲတာကြောင့်လည်း..အဲဒီနေ့ကလေးကို..  အမှတ်တရ  အမြဲတမ်းရှိနေမိတယ်  ...တကယ်ကို အမှတ်တရ  ရှိနေခဲ့တာပါ..ပြန်စဉ်းစားလိုက်တိုင်း
အဲဒီအချိန်တုန်းကပြောခဲ့တဲ့စကားတွေ   ...တယောက်နဲ့တယောက် စနောက်ခဲ့ကြတာတွေ..
အရာရာဟာ..လောလောလတ်လတ်ဖြစ်ခဲ့သလို  တည်ရှိနေဆဲပါဘဲ...

နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။



  နှစ်သစ်ကိုကုန်ဆုံးစေချင်တဲ့သီးသန့်နေရာမျိုးရှိပါတယ်...အဲဒီနေရာကတော့New year ညလေးတညမှာ.. အရမ်းအေးတဲ့ တောင်ပေါ်ဒေသလေးတခုပေါ့..အဲဒီနေရာလေးမှာ..

ချစ်သူရင်ခွင်ထဲမှာနေပြီး..သူဆိုပြမဲ့  သီချင်းကိုနားထောင်ချင်တယ်..
သူဖျော်တိုက်မဲ့ Coffee ကိုသောက်ချင်တယ်း)


လောလောဆယ် new year ကတော့ ဘာအလည်အပတ် အစီအစဉ်မှမရှိပါဘူး..

နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။

 အင်းးးး    အရာရာကို   အဆင်ပြေအောင်ရင်ဆိုင်သွားမယ်ဆိုပြီးတော့ဘဲတွေးထားပါတယ်




နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။





NO ..

နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။

   No  ..



ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။

  ကျမခင်မင်ရတဲ့  ချစ်ခင်လေးစားရတဲ့  ဘလော့ဂါမိတ်ဆွေများအားလုံး...

Merry X'mass & Happy New Year  ပါလို့..   

Tag  ထားတဲ့သူများ ကိုလည်းကျေးဇူးပါနော်..(ဘယ်သူတွေကjerry pigpig ကို tag ထားလဲဆိုတာ
သေချာမသိလို့ အခုလိုဘဲ  ယောင်ဝါးဝါးချလိုက်တာပါ  ဟီးးဟီးး)

ပစ်ပစ်
24.12.2011   AM3:53

ကျမခင်မင်ရတဲ့မိတ်ဆွေတယောက်ကို ဆက်ပြီးတော့ Tag ချင်ပါတယ်..(အတော်များများကတော့
အ တက်ဂ် ခံပြီးနေပါပြီး...တော်တော်များများလည်း တက်ဂ်ပိုစ့်ကို
ရေးပြီးနေကြပါပြီ..) ဘယ်သူမှမTag ရသေးတဲ့ သူငယ်ချင်းတယောက်ပါ
အရိပ်..(ညီသူအိမ် )ပါ အဆင်ပြေမယ်ဆိုရင် ဒီ Tag ပိုစ့်လေးနဲ့အတူ
ဘလော့ပြန်ရေးပါလို့   ပြောပါရစေ...ဘယ်လိုမှအဆင်မပြေလို့မရေးဖြစ်ဘူးဆိုရင်လည်း
ရပါတယ်..ကျမစိတ်မဆိုးပါဘူး..


22 December 2011

အဆင်ပြေသွားပါပြီ..

Posted by blackroze at Thursday, December 22, 2011 6 comments
Google Chrome  တွင် မြန်မာ  Font ရသွားပါပြီ..

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်..

ပစ်ပစ်
22.12.2011    AM  1:36

21 December 2011

ံHelp me ...

Posted by blackroze at Wednesday, December 21, 2011 14 comments
Google Chrome တွင် မြန်မာFont မရဘူးဖြစ်နေပါတယ်
သိသူများရှိပါက.. ကူညီပေးကြပါရန်...


ပစ်ပစ်
21.12.2011  AM 2: 13

14 December 2011

ကျမရဲ့မွေးနေ့

Posted by blackroze at Wednesday, December 14, 2011 30 comments


ဒီဇင်ဘာ 14ရက်...
အဲဒီနေ့ကကျမရဲ့မွေးနေ့
နှစ်တနှစ်ရဲ့  အမှတ်တရများကို
ကျော်ဖြတ်လို့
ခါးသီးခြင်းတွေ...ချိုမြခြင်းတွေနဲ့အတူ
 မှတ်တိုင်တခု
ထပ်စိုက်လိုက်တဲ့နေ့

ကျမအသက်တနှစ်ကြီးသွားတဲ့နေ့....

လွန်ခဲ့တဲ့အနှစ်25 ကျော်ကာလတခုမှာ
ဒီဇင်ဘာ 14ရက် ဆိုတဲ့ ညတခုမှ
ကျမလောကကြီးထဲရောက်လာခဲ့တယ်..
အခုဆိုရင်
လောကရဲ့ရိုက်ပုတ်မှု့ဒဏ်တွေ
ကြံကြံခံရင်းနဲ့
ကျမဖြတ်သန်းလာခဲ့တာ
နှစ်ပေါင်းမနည်းတော့ဘူးလေ..
ကျမစိုက်ထူထားခဲ့တဲ့
မှတ်တတိုင်တွေလည်း..
တတိုင်ပြီးတတိုင်...
အစီအရီ..
နောက်ပြန်မလှည့်ကြည့်ချင်ဘူး...

ကျမဒီနေ့မှာအမေ့ကိုသေချာကြည့်မိတယ်..
အမေတော်တော်အိုနေပြီဘဲ...
ကျမညီမကိုသေချာကြည့်မိတယ်..
သူလည်းတော်တော်ရင့်ကျက်နေပြီ
ကျမကိုကျမပြန်ကြည့်မိတယ်..
ကျမဘာဖြစ်နေပြီလဲလို့
ကျမဘာဆိုဘာမှမထူးခြားသေးဘူး..
အရင်လိုဘဲ..

ကျမဘာဆက်လုပ်ချင်လဲ
ကိုယ့်ဘာသာပြန်မေးမိတယ်...
ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို
အားလုံးဖြစ်မြောက်အောင်
ကျမလုပ်ခဲ့ပြီးပြီလား...
ဟင့်အင်းးးး
ဘာဆိုဘာမှမလုပ်ရသေးသလိုဘဲ..
အဲလိုမျိုးနဲ့ဘဲ..မှတ်တိုင်တွေစိုက်ခဲ့တာ
ဘယ်လောက်များနေပြီလဲ..

လောကကြီးမှာအရှိတရားနဲ့အသိတရား
မျှတမှု့ရှိဖို့အင်မတန်အရေးကြီးပါတယ်...
ကျမစီမှာရော.. အရှိတရားနဲ့အသိတရား
မျှတရဲ့လား...

ကျမ...အသေအချာမသိသေးပါဘူး

ယောင်ဝါးဝါးနဲ့ဘဲ..
ဘဝကိုကူးခတ်နေဆဲပါဘဲ
ကျမမွေးနေ့ရောက်တိုင်း
ကျမ..အမှတ်တရ..အရှိဆုံးသူကတော့..
ကျမတို့မိသားစုကို..ဟိုးငယ်ငယ်ကထဲကစွန့်ပစ်သွားတဲ့
ကျမအင်မတန်ချစ်ရပါသော...
ကျမအဖေပါဘဲ....
ကျမစီမှာအဖေပေးခဲ့တဲ့အမွေဆိုတာ
ကျမတဦးတည်းပိုင်ဆိုင်တဲ့
ကျမရဲ့..နာမည်လေးပါဘဲ.....


ကျမရဲ့မွေးနေ့ရောက်တိုင်းသတိအရမိဆုံး..
နောက်ထပ်လူသားတဦးကတော့
ကျမ5တန်းနှစ်မှာ...
ကျမမွေးနေ့ကိုကျမတောင်သတိမထားမိခဲ့တဲ့အချိန်မှာ..
မွေးနေ့လက်ဆောင်ဆိုပြီး..
Album စာအုပ်လေးတအုပ်လက်ဆောင်လာပေးခဲ့တဲ့
ကျမရဲ့..သူငယ်ချင်းမလေးပါဘဲ......

သူမွေးနေ့လက်ဆောင်လာပေးသွားတဲ့
နှစ်ကနေ စပြီး..ကျမဒီဇင်ဘာလ 14ရက်ဆိုတာကို
သတိထားမိတတ်လာတယ်..
ကိုယ့်မွေးနေ့လေးကိုကိုယ့်ဘာသာကျင်းပတတ်လာတယ်..

ကျမမွေးနေ့တိုင်းသူငယ်ချင်းတွေနဲ့
တခါတလေမုန့်သွားစားပါတယ်..
တခါတလေ..ညီအမတွေဘဲမုန့်စားကြမျိုးရှိပါတယ်...
တနှစ်နဲ့တနှစ်..မွေးနေ့ဆိုပြီး..
ကျမလုပ်ခဲ့တာတွေမတူပါဘူး...

အသက်20ကျော်နောက်ပိုင်းကစပြီး
ကျမမွေးနေ့ရောက်တိုင်း
အပျော်သဘောထက်စာရင်
တခုခုကိုလှုတာမျိုး..
ပိုလုပ်ဖြစ်ပါတယ်....
ကျမနိုင်သလောက်အလှုမျိုးလေးပေါ့..

ကျမမွေးနေ့တိုင်း
အမြဲတမ်း လုပ်ဖြစ်တာတခုကတော့
ဒီဇင်ဘာလည 13ရက်နေ့ကျော်လို့
12နာရီကျော်တာနဲ့
ကျမ အမေမသိအောင် အမေ့ကိုကန်တော့လိုက်တာပါ..

အခန်းထဲမှာအိပ်နေတဲ့အမေ..မသိအောင်
အခန်းပြင်ကနေ..ကျမ ထိုင်ကန်တော့တိုင်းဘာလို့မှန်းမသိပါဘူး
ကျမအမြဲတမ်းမျက်ရည်ကျရပါတယ်..
ကျမအမေကအဝေးမှာရောက်နေတယ်ဆိုရင်လည်း
ကျမစိတ်နဲ့မှန်းပြီးကန်တော့နေကြပါ
ပြီးရင်...
ကျမသိမ်းထားတဲ့ အဖေ့ဓါတ်ပုံကိုထုတ်ပြီး
ကန်တော့တိုင်းလည်းကျမမျက်ရည်ကျရတယ်..


ကျမပတ်သက်ခဲ့တဲ့သူတွေ..
ကျမဘဝရဲ့ အရင်းနှီးဆုံးလို့
ကျမသတ်မှတ်ခဲ့တဲ့သူတွေ...
အဲဒီသူတွေအကုန်လုံးကကျမရဲ့
ခံစားချက်တွေကို
မြင်အောင်ကြည့်တတ်တဲ့သူ
တယောက်မှမပါခဲ့ပါဘူး...
အဲဒီတော့လည်း..ကျမအမြဲတမ်းတယောက်ထဲ
ဖြစ်နေခဲ့ပါတယ်...


ကဲ...ဒီနှစ်မွေးနေ့မှာတော့.. အမ မဒမ်ကိုးကနေပြီးတော့..
မွေးနေ့မရောက်ခင်ကထဲက...ကြိုပြီး ဆုတောင်းပေးခဲ့ပါတယ်...

 
ကောင်မလေးတစ်ယောက်အတွက်ဆုတောင်း
ကောင်မလေးရေ..
မနက်ဖြန်ဆိုရင် နေ့တစ်နေ့ကိုအစပြုလို့
ခုနှစ်တခုကိုဖြတ်ကျော် မွေးနေ့တစ်ခုကိုရောက်ပြန်ပြီနော
ကောင်မလေးရေ ...
နာရီသံတွေရှည်လျားပေမယ့်
နေ့ရက်တွေက ကုန်မြန်လွန်းပြီး
ရာသီစက်ဝန်းတွေကလည်း
ပုံမှန်လည်နေမြဲမို့တနှစ်တနှစ်ပြီးတဲ့အခါ
နောက်ကိုပြန်ပြန်လှည့်ကြည့်ပါ ..
ပျော်ရွှင်ခြင်းတွေရယ်
ကံကောင်းခြင်းတွေရယ်
နေ့သစ်တွေရယ် ..
မင်းလေးအတွက် အမြဲယူဆောင်ပေးခဲ့တယ်...
ကျေးဇူးတင်လိုက်ပါကွယ်
သည်ကမ္ဘာမြေကြီးရယ်..ချစ်သောမေမေရယ် ..
မင်းလေးအတွက် ကံ ကောင်းခြင်းတွေသယ်ဆောင်ပေးခဲ့တယ်..
ကောင်မလေးရေ..
ဆုတောင်းလေးကရိုးရှင်းလွန်းပေမယ့်
ချစ်ခြင်းတွေလဲပါပါတယ် .
သံယောဇဉ်တွေဖွဲ့ချည်လို့ရယ်
မမြင်ရပေမယ့်ကြင်နာကြတဲ့မေတ္တာတရားတွေရယ်
ဆုတောင်းပေးကြမယ
သည်နေ့မှကွယ် စလို့ရယ်
ပြည့်စုံတဲ့ချစ်ခြင်းတွေရယ်
ထွန်းလင်းတဲ့အနာဂတ်နဲ့တွေနဲ့
နွေးထွေးတဲ့သည်မြေကမ္ဘာဝယ်
နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် ရှည်စေကွယ် ...


ချစ်သော အမမဒိုးကန်
၉း၅၆ မိနစ်
၁၃.၁၂.၂၀၁၁

တန်ဖိုးမရှိပေမယ့် ချစ်ခြင်းအပြည့်နဲ့ရေးဖွဲ့ခဲ့ပါတယ်
ကျေးဇူးပါအမ...


13 Dec 11, 10:16 PM
ညိမ်းနိုင်: မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပစ်ပစ်ချစ်သောသူနှင့် အတူတကွလက်တွဲ၍ ဘဝခရီးလမ်းကို ဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ပါစေဗျား
13 Dec 11, 10:15 PM
ညိမ်းနိုင်: ပျော်ရွင်ကြည်နူးဖွယ်မွေးနေ့လေးဖြစ်ပါစေဗျား.......

ကျေးဇူးတင်ပါတယ်အကိုညိမ်းနိုင်

13 Dec 11, 10:51 PM
 ညလင်းအိမ်: ဘလက် .. ဟတ်ပီးဘတ်ဒေး ...နော်


ကျေးဇူးပါ ကိုည...


13 Dec 11, 10:53 PM
KO2: မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့ပါစေ .. ချစ်ရသောသူနဲ့လည်းဆုံးဆည်းပါစေ ..

ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကိုတူး



13 Dec 11, 11:12 PM
angelhlaing: ပျော်ရွင်ဖွယ်မွေးနေ့မင်္ဂလာရက်မြတ်လေးဖြစ်ပါစေမမ:)

ကျေးဇူးပါလှိုင်

ကျမရဲ့မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ14ရက် ရောက်ရောက်ချင်းမှာတော့
ကျမရဲ့ ချစ်သူကနေပြီးတော့..ဆုတောင်းပေးခဲ့ပါတယ်...


HAPPY BIRTH DAY ပါ ကိုကို့ ရဲ့ အသဲ တုံးလေး။ပစ်ပစ်
  နောင်နှစ်ပေါင်းများစွာပျော်ပျော်ရွှင်ရွှင်နေနိုင် ပြီး ပစ်ပစ် ကြံ ရွယ်သမျှ
  အဆင်ပြေ ပါစေ
  ပီးတော့ စိတ်၏ချမ်းသာချင်း ကိုယ်ကျန်းမာခြင်းကောင်းခြင်းနှစ်ဖြာ ပြည့်စုံ
  နိုင်ပါစေနော်....
ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်..

 ကျမစီဖုန်းဆက်ပြီးမွေးနေ့ဆုတောင်းပေးခဲ့ကျမရဲ့မောင်လေး..ဘိုဘို
ကျမရဲ့ညီမ ယုယု



14 Dec 11, 12:08 AM
အန်တီတင့်: Happy Birthday ပစ်ပစ်ရေ တီတင့်ဘလော့မှာ တင်လိုက်ပြီနော်း)

ကျေးဇူးပါအန်တီတင့်ရေ..

14 Dec 11, 12:12 AM
kocherry: ပစ်ပစ်ရေ.. မွေးနေ့ဆုတောင်းလေးတွေ စီလို့ပါလား... Many happy bitthday return to you!!!!
 ဘုန်းဘုန်းရေ..ကျေးဇူးပါဘဲရှင်...



14 Dec 11, 12:16 AM
မောင်မောင်: အစ်မ ပစ်ပစ်ရေ ပျှော်ရွှင် ဖွယ်ရာမွေးနေ.ဖြစ်ပါစေ။

ကျေးဇူးပါမောင်မောင်...


ကျမအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်...
ပျော်လည်းပျော်ပါတယ်...

အားလုံးကိုလည်းချစ်ပါတယ်လို့ပြောပါရစေနော်...

ပစ်ပစ်
14.12.2011   AM 2:24



 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei