14 December 2011

ကျမရဲ့မွေးနေ့

Posted by blackroze at Wednesday, December 14, 2011


ဒီဇင်ဘာ 14ရက်...
အဲဒီနေ့ကကျမရဲ့မွေးနေ့
နှစ်တနှစ်ရဲ့  အမှတ်တရများကို
ကျော်ဖြတ်လို့
ခါးသီးခြင်းတွေ...ချိုမြခြင်းတွေနဲ့အတူ
 မှတ်တိုင်တခု
ထပ်စိုက်လိုက်တဲ့နေ့

ကျမအသက်တနှစ်ကြီးသွားတဲ့နေ့....

လွန်ခဲ့တဲ့အနှစ်25 ကျော်ကာလတခုမှာ
ဒီဇင်ဘာ 14ရက် ဆိုတဲ့ ညတခုမှ
ကျမလောကကြီးထဲရောက်လာခဲ့တယ်..
အခုဆိုရင်
လောကရဲ့ရိုက်ပုတ်မှု့ဒဏ်တွေ
ကြံကြံခံရင်းနဲ့
ကျမဖြတ်သန်းလာခဲ့တာ
နှစ်ပေါင်းမနည်းတော့ဘူးလေ..
ကျမစိုက်ထူထားခဲ့တဲ့
မှတ်တတိုင်တွေလည်း..
တတိုင်ပြီးတတိုင်...
အစီအရီ..
နောက်ပြန်မလှည့်ကြည့်ချင်ဘူး...

ကျမဒီနေ့မှာအမေ့ကိုသေချာကြည့်မိတယ်..
အမေတော်တော်အိုနေပြီဘဲ...
ကျမညီမကိုသေချာကြည့်မိတယ်..
သူလည်းတော်တော်ရင့်ကျက်နေပြီ
ကျမကိုကျမပြန်ကြည့်မိတယ်..
ကျမဘာဖြစ်နေပြီလဲလို့
ကျမဘာဆိုဘာမှမထူးခြားသေးဘူး..
အရင်လိုဘဲ..

ကျမဘာဆက်လုပ်ချင်လဲ
ကိုယ့်ဘာသာပြန်မေးမိတယ်...
ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို
အားလုံးဖြစ်မြောက်အောင်
ကျမလုပ်ခဲ့ပြီးပြီလား...
ဟင့်အင်းးးး
ဘာဆိုဘာမှမလုပ်ရသေးသလိုဘဲ..
အဲလိုမျိုးနဲ့ဘဲ..မှတ်တိုင်တွေစိုက်ခဲ့တာ
ဘယ်လောက်များနေပြီလဲ..

လောကကြီးမှာအရှိတရားနဲ့အသိတရား
မျှတမှု့ရှိဖို့အင်မတန်အရေးကြီးပါတယ်...
ကျမစီမှာရော.. အရှိတရားနဲ့အသိတရား
မျှတရဲ့လား...

ကျမ...အသေအချာမသိသေးပါဘူး

ယောင်ဝါးဝါးနဲ့ဘဲ..
ဘဝကိုကူးခတ်နေဆဲပါဘဲ
ကျမမွေးနေ့ရောက်တိုင်း
ကျမ..အမှတ်တရ..အရှိဆုံးသူကတော့..
ကျမတို့မိသားစုကို..ဟိုးငယ်ငယ်ကထဲကစွန့်ပစ်သွားတဲ့
ကျမအင်မတန်ချစ်ရပါသော...
ကျမအဖေပါဘဲ....
ကျမစီမှာအဖေပေးခဲ့တဲ့အမွေဆိုတာ
ကျမတဦးတည်းပိုင်ဆိုင်တဲ့
ကျမရဲ့..နာမည်လေးပါဘဲ.....


ကျမရဲ့မွေးနေ့ရောက်တိုင်းသတိအရမိဆုံး..
နောက်ထပ်လူသားတဦးကတော့
ကျမ5တန်းနှစ်မှာ...
ကျမမွေးနေ့ကိုကျမတောင်သတိမထားမိခဲ့တဲ့အချိန်မှာ..
မွေးနေ့လက်ဆောင်ဆိုပြီး..
Album စာအုပ်လေးတအုပ်လက်ဆောင်လာပေးခဲ့တဲ့
ကျမရဲ့..သူငယ်ချင်းမလေးပါဘဲ......

သူမွေးနေ့လက်ဆောင်လာပေးသွားတဲ့
နှစ်ကနေ စပြီး..ကျမဒီဇင်ဘာလ 14ရက်ဆိုတာကို
သတိထားမိတတ်လာတယ်..
ကိုယ့်မွေးနေ့လေးကိုကိုယ့်ဘာသာကျင်းပတတ်လာတယ်..

ကျမမွေးနေ့တိုင်းသူငယ်ချင်းတွေနဲ့
တခါတလေမုန့်သွားစားပါတယ်..
တခါတလေ..ညီအမတွေဘဲမုန့်စားကြမျိုးရှိပါတယ်...
တနှစ်နဲ့တနှစ်..မွေးနေ့ဆိုပြီး..
ကျမလုပ်ခဲ့တာတွေမတူပါဘူး...

အသက်20ကျော်နောက်ပိုင်းကစပြီး
ကျမမွေးနေ့ရောက်တိုင်း
အပျော်သဘောထက်စာရင်
တခုခုကိုလှုတာမျိုး..
ပိုလုပ်ဖြစ်ပါတယ်....
ကျမနိုင်သလောက်အလှုမျိုးလေးပေါ့..

ကျမမွေးနေ့တိုင်း
အမြဲတမ်း လုပ်ဖြစ်တာတခုကတော့
ဒီဇင်ဘာလည 13ရက်နေ့ကျော်လို့
12နာရီကျော်တာနဲ့
ကျမ အမေမသိအောင် အမေ့ကိုကန်တော့လိုက်တာပါ..

အခန်းထဲမှာအိပ်နေတဲ့အမေ..မသိအောင်
အခန်းပြင်ကနေ..ကျမ ထိုင်ကန်တော့တိုင်းဘာလို့မှန်းမသိပါဘူး
ကျမအမြဲတမ်းမျက်ရည်ကျရပါတယ်..
ကျမအမေကအဝေးမှာရောက်နေတယ်ဆိုရင်လည်း
ကျမစိတ်နဲ့မှန်းပြီးကန်တော့နေကြပါ
ပြီးရင်...
ကျမသိမ်းထားတဲ့ အဖေ့ဓါတ်ပုံကိုထုတ်ပြီး
ကန်တော့တိုင်းလည်းကျမမျက်ရည်ကျရတယ်..


ကျမပတ်သက်ခဲ့တဲ့သူတွေ..
ကျမဘဝရဲ့ အရင်းနှီးဆုံးလို့
ကျမသတ်မှတ်ခဲ့တဲ့သူတွေ...
အဲဒီသူတွေအကုန်လုံးကကျမရဲ့
ခံစားချက်တွေကို
မြင်အောင်ကြည့်တတ်တဲ့သူ
တယောက်မှမပါခဲ့ပါဘူး...
အဲဒီတော့လည်း..ကျမအမြဲတမ်းတယောက်ထဲ
ဖြစ်နေခဲ့ပါတယ်...


ကဲ...ဒီနှစ်မွေးနေ့မှာတော့.. အမ မဒမ်ကိုးကနေပြီးတော့..
မွေးနေ့မရောက်ခင်ကထဲက...ကြိုပြီး ဆုတောင်းပေးခဲ့ပါတယ်...

 
ကောင်မလေးတစ်ယောက်အတွက်ဆုတောင်း
ကောင်မလေးရေ..
မနက်ဖြန်ဆိုရင် နေ့တစ်နေ့ကိုအစပြုလို့
ခုနှစ်တခုကိုဖြတ်ကျော် မွေးနေ့တစ်ခုကိုရောက်ပြန်ပြီနော
ကောင်မလေးရေ ...
နာရီသံတွေရှည်လျားပေမယ့်
နေ့ရက်တွေက ကုန်မြန်လွန်းပြီး
ရာသီစက်ဝန်းတွေကလည်း
ပုံမှန်လည်နေမြဲမို့တနှစ်တနှစ်ပြီးတဲ့အခါ
နောက်ကိုပြန်ပြန်လှည့်ကြည့်ပါ ..
ပျော်ရွှင်ခြင်းတွေရယ်
ကံကောင်းခြင်းတွေရယ်
နေ့သစ်တွေရယ် ..
မင်းလေးအတွက် အမြဲယူဆောင်ပေးခဲ့တယ်...
ကျေးဇူးတင်လိုက်ပါကွယ်
သည်ကမ္ဘာမြေကြီးရယ်..ချစ်သောမေမေရယ် ..
မင်းလေးအတွက် ကံ ကောင်းခြင်းတွေသယ်ဆောင်ပေးခဲ့တယ်..
ကောင်မလေးရေ..
ဆုတောင်းလေးကရိုးရှင်းလွန်းပေမယ့်
ချစ်ခြင်းတွေလဲပါပါတယ် .
သံယောဇဉ်တွေဖွဲ့ချည်လို့ရယ်
မမြင်ရပေမယ့်ကြင်နာကြတဲ့မေတ္တာတရားတွေရယ်
ဆုတောင်းပေးကြမယ
သည်နေ့မှကွယ် စလို့ရယ်
ပြည့်စုံတဲ့ချစ်ခြင်းတွေရယ်
ထွန်းလင်းတဲ့အနာဂတ်နဲ့တွေနဲ့
နွေးထွေးတဲ့သည်မြေကမ္ဘာဝယ်
နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် ရှည်စေကွယ် ...


ချစ်သော အမမဒိုးကန်
၉း၅၆ မိနစ်
၁၃.၁၂.၂၀၁၁

တန်ဖိုးမရှိပေမယ့် ချစ်ခြင်းအပြည့်နဲ့ရေးဖွဲ့ခဲ့ပါတယ်
ကျေးဇူးပါအမ...


13 Dec 11, 10:16 PM
ညိမ်းနိုင်: မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပစ်ပစ်ချစ်သောသူနှင့် အတူတကွလက်တွဲ၍ ဘဝခရီးလမ်းကို ဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ပါစေဗျား
13 Dec 11, 10:15 PM
ညိမ်းနိုင်: ပျော်ရွင်ကြည်နူးဖွယ်မွေးနေ့လေးဖြစ်ပါစေဗျား.......

ကျေးဇူးတင်ပါတယ်အကိုညိမ်းနိုင်

13 Dec 11, 10:51 PM
 ညလင်းအိမ်: ဘလက် .. ဟတ်ပီးဘတ်ဒေး ...နော်


ကျေးဇူးပါ ကိုည...


13 Dec 11, 10:53 PM
KO2: မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့ပါစေ .. ချစ်ရသောသူနဲ့လည်းဆုံးဆည်းပါစေ ..

ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကိုတူး



13 Dec 11, 11:12 PM
angelhlaing: ပျော်ရွင်ဖွယ်မွေးနေ့မင်္ဂလာရက်မြတ်လေးဖြစ်ပါစေမမ:)

ကျေးဇူးပါလှိုင်

ကျမရဲ့မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ14ရက် ရောက်ရောက်ချင်းမှာတော့
ကျမရဲ့ ချစ်သူကနေပြီးတော့..ဆုတောင်းပေးခဲ့ပါတယ်...


HAPPY BIRTH DAY ပါ ကိုကို့ ရဲ့ အသဲ တုံးလေး။ပစ်ပစ်
  နောင်နှစ်ပေါင်းများစွာပျော်ပျော်ရွှင်ရွှင်နေနိုင် ပြီး ပစ်ပစ် ကြံ ရွယ်သမျှ
  အဆင်ပြေ ပါစေ
  ပီးတော့ စိတ်၏ချမ်းသာချင်း ကိုယ်ကျန်းမာခြင်းကောင်းခြင်းနှစ်ဖြာ ပြည့်စုံ
  နိုင်ပါစေနော်....
ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်..

 ကျမစီဖုန်းဆက်ပြီးမွေးနေ့ဆုတောင်းပေးခဲ့ကျမရဲ့မောင်လေး..ဘိုဘို
ကျမရဲ့ညီမ ယုယု



14 Dec 11, 12:08 AM
အန်တီတင့်: Happy Birthday ပစ်ပစ်ရေ တီတင့်ဘလော့မှာ တင်လိုက်ပြီနော်း)

ကျေးဇူးပါအန်တီတင့်ရေ..

14 Dec 11, 12:12 AM
kocherry: ပစ်ပစ်ရေ.. မွေးနေ့ဆုတောင်းလေးတွေ စီလို့ပါလား... Many happy bitthday return to you!!!!
 ဘုန်းဘုန်းရေ..ကျေးဇူးပါဘဲရှင်...



14 Dec 11, 12:16 AM
မောင်မောင်: အစ်မ ပစ်ပစ်ရေ ပျှော်ရွှင် ဖွယ်ရာမွေးနေ.ဖြစ်ပါစေ။

ကျေးဇူးပါမောင်မောင်...


ကျမအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်...
ပျော်လည်းပျော်ပါတယ်...

အားလုံးကိုလည်းချစ်ပါတယ်လို့ပြောပါရစေနော်...

ပစ်ပစ်
14.12.2011   AM 2:24



30 comments:

လွင်ပြင်လှိုင်းငယ် on 14 December 2011 at 03:00 said...

ပျော်ရွင်ဖွယ်မွေးနေ့မင်္ဂလာရက်မြတ်လေးပါ

စိတ်၏ဖြေရာ on 14 December 2011 at 04:17 said...

happy birthday ပါညီမရေ။
ချစ်သောမိသားစုနဲ့အတူသောကကင်းတဲ့ပျော်ရွှင်စရာမွေးနေ့တွေကို
ရယူခံစားနိုင်ပါစေ။
ချစ်တဲ့
အမစိတ်၏ဖြေရာ

ကိုကိုမောင်(ပန်းရနံ့) said...

မင်္ဂလာပါ ၀က်မလေး။
အသက်တွေ တစ်နှစ်ထပ်ကြီးသွားပြန်ပြီဘဲ။ ၀က်မလေးလဲ ရင့်ကျက်လာပါပြီ။ အားမငယ်ပါနဲ့။ အခုတောင် လူတစ်လုံး သူတစ်လုံး ဖြစ်နေပြီဘဲ။ သူကြီးမင်းဆို အခုထက်ထိ လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့ ဘာမှ မရှိသေးဘူး။ ဒါဖြင့် ရင့်ကျက်နေပြီလားဆိုပြန်ရင်လဲ စိတ်က ကလေးသာသာ ရှိနေသေးတယ်။
ပစ်ပစ်တို့ကမှ ကံကောင်းတာပါ။ ချစ်ခင်မဲ့သူ တွယ်တာမဲ့သူတွေနဲ့။

မွေးနေ့က စပြီး ကောင်းတဲ့ လိုရာဆုမှန်သမျှ ပြည့်ဝပါစေ။

ခင်မင်လျှက်
တဂျင်းမီးးးးးးးးးးး

ကိုရင် on 14 December 2011 at 07:34 said...

ဒီနေ့မှပြီး လိုချင်တာတွေ လိုချင်သလောက် ရပါစေ

မဒမ်ကိုး on 14 December 2011 at 09:00 said...

ပျော်ရွှင်ခြင်းတွေပြည့်စုံပါစေ ညီမလေးရေ

mstint on 14 December 2011 at 09:55 said...

ပစ်ပစ်ရေ ပျော်ရွှင်ဖွယ်မွေးနေ့လေးတွေကို ရာသီစက်ဝန်း
လည်နေသမျှ ကာလပတ်လုံး အစဉ်ဖြတ်သန်းနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

AH on 14 December 2011 at 10:09 said...

ံHappy Birthday ပါ ခင်ဗျာ။ နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သော မိသားစု၊ သူသော သူများနှင့်တစ်ကွ မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ တတိုင်းရပြီး လိုရာပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျား။

အဖြူရောင်နတ်သမီး on 14 December 2011 at 12:19 said...

နံပတ်မှာ “၈ ”.. ပစ်ပစ်အတွက် အချစ်တို့နဲ့ ပြည့်နှက်ပါစေသား..
Happy Birthday ပါ ပစ်ပစ်ရေ..
ပို့စ်တင်ထားတယ်။ အမတို့ဆီမှာ မနက်၆နာရီပဲရှိသေးတယ်...
အာဘွား..

ဘုန်းဘုန်းတောက်] on 14 December 2011 at 12:22 said...

ံHappy Birthday ပါ ပစ်ပစ်ရေ။ လိမ္မာရေးခြားရှိတဲ့ သမီးလေးပါလား အမေမသိအောင် ရှိခိုး၊ အဖေ့ဓာတ်ပုံကိုလည်း ရှိခိုးတယ်ဆိုလို့။

ယခုရောက်ဆဲ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ရော၊ ကိုယ်ပါ ပန်းလေးလို လှပ၊ ပန်းလေးလို မွေးပျံ့ပါစေလို့...

မောင်ဘုန်း on 14 December 2011 at 12:29 said...

ယခု မွေးနေ့ မှာ သည် နောင် နှစ်ပေါင်းများစွာထိ ပျာ်ရွှင်မှု့ တွေနဲ့  အေးချမ်းတဲ့ ဘဝ လေးတစ်ခု ပိုင် ဆိုင်ရပါစေလို့  ဆုတောင်းခဲ့ပါ တယ် ...

စံပယ်ချို on 14 December 2011 at 12:55 said...

ပစ်ပစ်ရေ
ဂျက်ကိုမပြောပြခဲ့ဘူးနော်
သိခဲ့ရင်တော့ကဗျာလေး တော့ရေးပေးလို့ရပါတယ်
ခုတော့ ခုမှသိရလို့အချိန်မရှိတော့ဘူးနော်
နှစ်ပေါင်းများစွာထိ ပျာ်ရွှင်မှု့ တွေနဲ့  အေးချမ်းတဲ့ ဘဝ လေးဖြစ်ပါစေလို့

ဘိုဖြူ on 14 December 2011 at 12:59 said...

ံHappy Birthday ပါ ခင်ဗျာ

ကိုထွဋ် on 14 December 2011 at 13:29 said...

ံHappy Birthday ပါဗျာ...

Candy on 14 December 2011 at 13:58 said...

ခုမှ ဆုတောင်းလည်း မှီပါသေးတယ်နော်.. ဒီနေ့မှ ၁၄ရက်လေ :)
မမပျော်စရာမွေးနေ့လေး ပိုင်ဆိုင်ပါစေ..
မမ ဘ၀တလျှောက်လုံး ဖြစ်လာသမျှအခြေအနေမှာ ပျော်နေနိုင်တဲ့သူဖြစ်ပါစေလို့
ကန်ဒီဆုတောင်းပေးတယ်နော်..
Happy Birthday :D :D

မြသွေးနီ on 14 December 2011 at 14:55 said...

ပျော်ရွှင်ဖွယ်မွေးနေ့ရက်မြတ်ဖြစ်ပါစေ ချစ်ညီမ ပစ်ပစ်ရေ..။

Anonymous said...

မွေးနေ့ မှာပျော်ရွှင်ပါစေဗျာ

ညိမ်းနိုင် on 14 December 2011 at 19:44 said...

မွေးနေ့မှာပျော်ရွင်စေကြောင်း ဆုမွန်ကောင်းထပ်တောင်းပေးလိုက်တယ် ပစ်ပစ်
ရေ......။

မောင်သီဟ on 14 December 2011 at 21:06 said...

ဒီနေ့ပေါ့း)
ဒီဇင်ဘာ ၁၄ဆိုတာ မြန်မာသူငယ်ချင်းများနေ့ပဲ တိုက်ဆိုင်လိုက်ထှာ မွေးနေ့ကနေ နောက်နှစ်ပေါင်းမြောက်များစွာ ပျော်ရွှင်ချမ်းမြေ့တဲ့ အချိန်တွေပိုင်ဆိုင်ပါစေဗျားး

မောင်ဘကြိုင်

ကိုအောင်(ပျူနိုင်ငံ) said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ ...

ချယ်ရီမြေ on 14 December 2011 at 23:14 said...

`မွေးနေ့ မွေးရက်၊ ကုသိုလ်ဆက်၊ တိုးတက် ချမ်းသာ ကြီးပွားမှာ။
မွေးနေ့ မွေးရက်၊ ကုသိုလ်ဆက်၊ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ´တဲ့ ပစ်ပစ်ရေ... မွေးနေ့မှာ ကုသိုလ်ထူးလေးတွေလုပ်ပြီး အောင်မြင်ကျန်းမာ စိတ်ချမ်းသာပါစေဟု...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ချော(အစိမ်းရောင်လွင်ပြင်) on 15 December 2011 at 02:18 said...

နေ့ရက်တိုင်း ပျော်ရွှင်ပါစေ.. ကျန်းမာစိတ်ချမ်းသာပြီး ဖြစ်ချင်တဲ့ ဆန္ဒအားလုံးပြည့်ဝပါစေလို့ ဆုတောင်းပေးတယ်နော် ညီမလေး

Angelhlaing(May everybody be happy and healthy! on 15 December 2011 at 04:43 said...

Happy Birthday ပါမမရေ....ပျော်ရွင်ဖွယ်မွေးနေ့ မင်္ဂလာ ရက်မြတ်လေးမှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင် ချစ်သောသူများနှင့် နွေးထွေးပျော်ရွင်၊ ကျန်းမာရွင်လန်း နိုင်ပါစေလို့...
ဆန္ဒပြုရင်း.....
ညီမလေး..

Anonymous said...

မ...
ဆုတောင်းတာနောက်ကျနေပီလားး
မွန် ..ဆီမှာတော့ ၁၄ရက်ပဲ ရှိသေးတယ်
မ ..ပျော်စရာကောင်းတဲ့ အချိန်တွေအများကြီးပိုင်ဆိုင်နိုင်ပါစေ..
ဖြစ်ချင်တာတွေနဲ့ ဖြစ်နေတာတွေ ထပ်တူ ညီမျှပါစေလို့ 
ဆုတောင်းပေးတယ်နော်..

ချစ်တဲ့  မွန်

Anonymous said...

နောက်ကျသွားပေမယ့် မမှီမကမ်းနဲ့ ပြေးလိုက်လာခဲ့ပါတယ်
ဒီပို့စ်ကို ဖတ်ရတာ ထပ်တူပျော်ရသလို
ထပ်တူ မျက်ရည်ကျရတယ် ..တကယ်
H B D MMနက်

အရိပ်

ညီရဲ on 15 December 2011 at 23:29 said...

ပျော်ရွှင်စရာ မွေးနေ့ လေးတွေကို နှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် သူငယ်ချင်းရေ...

Happy Birthday ပါ သူငယ်ချင်း...

...အလင်းစက်များ on 16 December 2011 at 20:01 said...

ဆောဂတီးပါ ပစ်ပစ်ကယ်။ ကျုပ်မယ်... ဘလော့ကို ဖွင့်ချင်စိတ်များ ကုန်ခမ်းပြီး နေတာကြောင့် မွေးနေ့ ရက်မြတ်ကို လွတ်သွားခဲ့ရကြောင်းပါ။

ရွှင်လန်းချမ်းမြေ့သော ဘ၀လေးကို ပိုင်ဆိုင်ပါစေကွယ်။

Anonymous said...

ဟက်ပီးဘက်ဒေးပါအမတော်း)
သုံးရက်တောင်စွန်းနေပြီကွယ်.. :P
တစ်ယောက်တည်း..ဂူအောင်းနေလို့
မွေးနေ့တောင်မသိလိုက်ရဘူး
မွေးနေ့မှစ..နောင်နှစ်ပေါင်းများစွာတိုင်
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေရှင်
တူနှစ်ကိုယ်လည်း..အမြန်နီးစပ်နိုင်ပါစေနော်း))
(ရှေ့ကားသွားမှ..နောက်ကားလိုက်လို့ရမှား)

ချစ်ခင်စွာဖြင့်
ညမတော်.မိစံ

ဟန်ကြည် said...

ဘလော့ပေါ်မရောက်ဖြစ်တာ တစ်ပတ်ကျော်သွားလို့ ပစ်ပစ်မွေးနေ့ကို လွတ်သွားပြန်ပြီ...မွေးနေ့လက်ဆောင်ကိုလည်း နောက်ကျမှပေးဖြစ်တာ စိတ်မရှိဖို့ တောင်းပန်ရဦးတော့မှာပဲ...

“ ဆုတောင်း ”
ပစ်ပစ်ရဲ့ နှစ်သစ်မှသည်
ချစ်ချစ်နဲ့ အတူ
ကြည်ဖြူလက်ဆက်
မနက်တိုင်းမှာ သံသာချိုအေး
ငှက်တို့တေးသံ
ညဥ့်လည်ယံမှာ ကြည်သာချမ်းမြ
ငွေလကြည်သာ နှစ်များစွာတိုင်
မယိုင်မလဲ ခိုင်မြဲစေ...

TZH1985 on 21 December 2011 at 05:58 said...

အခုမှ သေချာ ဘလော့လည်ဖြစ်လို့... မွေ့နေဆုတောင်း နောက်ကျသွားတယ်။ ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ။ :)

Anonymous said...

မွးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပစ်ပစ်ချစ်သောသူနှင့် အတူတကွလက်တွဲ၍ ဘဝခရီးလမ်းကို ဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ပါစေဗျား

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei