09 February 2012

အမှတ်တရနေ့စွဲ

Posted by blackroze at Thursday, February 09, 2012 17 comments
ဒီနေ့အလုပ်နားပါတယ် အစကတော့ အကြွေးကျန်နေသေးတဲ့ အမှတ်တရ တက်ဂ်ပိုစ့်လေးကို အပြီးရေးမယ်ပေါ့..။။ ဘာအကြောင်းလေးတွေရေးမယ် ဘယ်လိုဟာလေးဆို ပိုပြီးတော့ မှတ်မိနေလဲ ဆိုပြီးစဉ်းစားထားတာ အများကြီးပါဘဲ ။စိတ်ထဲမှာ သေချာမှတ်မိနေတဲ့ အမှတ်တရလေးတွေက
ဘာတွေလည်းဆိုပြီး မနေ့ကထဲကစဉ်းစားထားတာပါ ။။

မနက်ပိုင်းနိုးတော့ ဈေးသွားပြီး ဖုန်းကဒ်ဝယ်ပါတယ် ။။ ပြန်လာတော့ သိုးမွေးထိုးဖို့ချည်ဝယ်မယ်ပေါ့ ဆိုင်ကချည်ဝယ်ရင် ထိုးတာလေးပါသင်ပေးတယ် ဆိုတော့အဆင်ပြေတယ်ပေါ့..။။ အဲဒီဆိုင်မှာဘဲကျမ မာဖလာထိုးဖို့ ချည်ဝယ်နေကြပါ ။။
ချည်တခါဝယ်တိုင်းလည်းဆွယ်တာထိုးရင် ပြပေးနော် လို့ပြောနေကြပါ။။

ကျမမာဖလာတော့ထိုးတတ်ပါတယ် ။ဆွယ်တာတခါမှမထိုးဖူးပါဘူး ။တချောင်းထိုးတော့ ထိုးတတ်တယ် ။။
တချောင်းထိုးနဲ့တော့ အကျီလေးတွေ ထိုးဖူးတယ် ။ရန်ကုန်မှာနေတုန်းကပေါ့ ။။တချောင်းထိုးက ဆွယ်တာထိုးရင် မလှပါဘူး ။။ နှစ်ချောင်းထိုးနဲ့ကပိုလှပါတယ်...အနားသတ်တာလေးတွေ ကအစပေါ့။။
ကျမလည်းဆိုင်ရောက်တော့ ဆိုင်ကပိုင်ရှင်ကိုပြောပါတယ် ။ကျမအခုချည်ဝယ်မလို့ ပြီးရင်နဲနဲပါးပါး သင်ပေးနော် ဆိုတော့ ပိုင်ရှင်မိန်းမကြီးက အခုမှစသင်မှာလားတဲ့ အရင်ကသူ့စီမှာသင်ဖူးလားတဲ့ ။။
မသင်ဖူးဘူးလို့ အခုမှ ဆွယ်တာထိုးမလို့ သေချာမထိုးတတ်လို့မေးတာပါလို့ဖြေလိုက်တယ် ။။

ပြီးတော့ ကျမလည်း ကျမသဘောကျတဲ့ ချည်လေးရွေးတာပေါ့ ။အဲတော့သူက အခုမှစသင်၇င်ချည်အရောင်ယှက်ထားတာ မယူနဲ့တဲ့ ။။ကျမရွေးထားတဲ့ အရောင်လေးက ချည်တလုံးထဲမှာကိုမှ သူ့ဘာသာသူ အရောင်စပ်ထားပြီးသားပါ ။။အဲလိုချည်ရောင် နဲ့ဆိုရင်သင်လို့ မကောင်းဘူးတဲ့ ။။ အဲတာဆိုရင် ဘယ်လိုအရောင်ယူရမလဲဆိုတော့ အဖြူဆိုအဖြူ အနီဆိုအနီ တရောင်တည်းဟာကိုယူတဲ့ ။။ သူက ကျမကိုချည်ရွေးပေးမယ်တဲ့ ။ သူရွေးပေးလိုက်တဲ့ချည်တန်ဘိုးက ချည်လုံးလေးတလုံးကို 500 လောက်ပေးရတဲ့ဟာပါ... ဆွယ်တာတထည်ထိုးဘို့အတွက် ချည်လုံးက 8လုံးကနေ 10 လောက်လိုတယ်တဲ့ ....ဆွယ်တာက အပေါ်ကနေထပ်ဝတ်တာဆိုတော့ နဲနဲပွမှ အဆင်ပြေမှာတဲ့ ...ကျမတွက်ကြည့်လိုက်တယ် ။ချည်တလုံး 500 10လုံးဆို 5000 ပြီးတော့ ထိုးမဲ့အပ်ကလဲ သုံးလေးစုံဝယ်ရမယ်တဲ့ ။ တစုံတည်းနဲ့ အစအဆုံးထိုးလို့မရဘူးတဲ့ ။။ချည်ဘိုးနဲ့အပ်ဘိုးနဲ့တင် 5500လောက်ဖြစ်နေပါပြီ ။မြန်မာငွေနဲ့တွက်ရင် တသိန်းကျော်နေပါပြီ ။
လက်ပြတ်ဆွယ်တာလေးတထည်က တသိန်းကျော်ဆိုရင် မတန်ပါဘူး... ။ကျမကိုယ်တိုင်ထိုးတာမို့လို့
တန်ဘိုးမဖြတ်နိုင်ဘူးဆိုပေမဲ့ အဲလောက်ကြီးမလိုအပ်ပါဘူး.... နိုင်ငံခြားမှာ ပိုက်ဆံဆိုတာလွယ်လွယ်နဲ့
ကျမတို့တွေရနေတာမဟုတ်ပါဘူး ။ဖိစီးမှု့တွေအောက်ကနေ ငွေရှာရတာပါ ..ကျမအဲလောက်ကြီးသုံးဖို့
မလိုအပ်ဘူးလို့ထင်တယ် ။အဲတာနဲ့ အဲတာကြီးကအရမ်းဈေးကြီးတယ် လို့ပြောလိုက်တော့ နောက်တမျိုးပြပါတယ် ။တလုံး220တန်ပါ ။ အဲဒီ220 တန်နဲ့လည်းတွက်လိုက်ရင် ချည်ဘိုး2200
အပ်ဘိုးနဲ့ဆို 2500 ကျော်သွားမှာပါ ။။မြန်မာပိုက်ဆံနဲ့တွက်လိုက်ရင် 7သောင်းလောက်ကျနေပါပြီ ။။
ဆွယ်တာတထည် ကို7သောင်း ဆိုတာ လက်မခံနိုင်သေးပါဘူး ။ ကျမမှန်းထားတာက တထောင်ပတ်ဝန်းကျင်လောက်ဆို မဆိုးဘူးပေါ့ ။။ ကိုယ်တိုင်မထိုးဘဲ ဈေးမှာထိုးပြီးသားရောင်းတဲ့ဆိုင်မှာ
ဝယ်ရင်တောင် 490...590 လောက်ဆို အရမ်းလှနေတာတွေ ဝယ်လို့ရနေပါပြီ ..ကျမကအမှတ်တ၇
ဖြစ်အောင်ဆိုပြီးကိုယ်တိုင်ထိုးချင်လို့ပါ ..။။

သူကလည်း ဈေးကြီးတာတွေဘဲဝယ်ခိုင်းနေတယ် ။။ကျမ ဘယ်ချည်လုံးကိုပြပြ မရဘူးဆိုတာကြီးဘဲ။ ကျမလည်းကိုယ့်ဘာကိုကြည့်မယ်လို့ ပြောပြီးရှာတော့ တလုံး80 တန်ချည်လုံးလေးတွေတွေ့ပါတယ် ။။ကျမတွက်ကြည့်လိုက်တာ တလုံး80တန်ဆို ချည်ဘိုးနဲ့အပ်ဘိုးပေါင်းမှ တထောင်စွန်းစွန်းဆိုတော့ အဲဒီ80တန်လေးယူမယ်လို့ပြောလိုက်တာပေါ့ ။။အမှန်အတိုင်းဆို အဲတာတောင် များနေပါသေးတယ် ။
လက်ပြတ်ဆွယ်တာလေးတထည်က မြန်မာပိုက်ဆံနဲ့တွက်ရင် 3သောင်းဆိုတာ မတန်ပါဘူး...။
ဒါပေမဲ့ ကျမကိုယ်တိုင်ဖန်တီးထားတဲ့ အကျီလေးတထည်ဖြစ်အောင် ဒီလောက်တော့ ကုန်ခံရမှာဘဲ
ဆိုပြီးအဲဒီပမာဏ ကိုသုံးရမှာပါ။

အဲဒီတော့ ပိုင်ရှင်မိန်းမကြီးက အဲတာနဲ့ဆွယ်တာထိုးလို့မရဘူးတဲ့ ။။အဲတာတွေက မာဖလာထိုးတဲ့
ချည်တွေတဲ့ ။။အချိန်ကုန်ခံပြီးထိုးမဲ့ဟာ ချည်အကောင်းစားနဲ့ထိုးတာမဟုတ်ဘူးတဲ့ ။။ကျမအရမ်းကို
ပေါက်ကွဲသွားပါတယ် ။။ကျမဘာသာ အကောင်းစားဘဲယူယူ အပေါစားဘဲယူယူ သူနဲ့မဆိုင်ပါဘူး
ဒီဆွယ်တာထိုးပြီးရင်ပိုင်ဆိုင်မဲ့သူဟာ...ကျမပါ ...ထိုးမဲ့သူကလည်း ကျမပါဘဲ ...ကျမကသေချာမတတ်လို့
သူကသင်ပေးလိုက်ရတာဘဲရှိမှာပါ ။။သိုးမွေးချည်လုံးဆိုတာ မာဖလာဘဲထိုးထိုး ဆွယ်တာဘဲထိုးထိုး လက်အိတ်ဘဲထိုးထိုး ဦးထုပ်ဘဲထိုးထိုး မရဘူးဆိုတာမရှိပါဘူး ။ချည်အမျိုးအစားကွာလို့ နူးညံတာ မနူးညံတာ ဘဲရှိရင်ရှိမှာပါ ။။ဒီချည်လုံးနဲ့ ဆွယ်တာဘဲထိုးရမယ် ..ဒီချည်လုံးနဲ့မာဖလာ ဘဲထိုးရမယ်ဆိုပြီး
သတ်မှတ်ထားတယ်လို့မကြားဖူးပါဘူး ။။အခုဟာက ကျမကို သူဝယ်စေချင်တဲ့ချည်လုံးမဝယ်ဝယ်အောင်
အတင်းလိုက်လုပ်နေသလိုဘဲ ။ကျမလည်းစိတ်တိုတိုနဲ့ အဲလောက်ဈေးကြီးနေရင်တော့ ဆွယ်တာထိုးဖို့ စဉ်းစားဦးမယ်လို့ ပြောပြီးထွက်လာလိုက်ပါတယ် အမှန်ဆိုရင်ထဲမှာ ပြောချင်တဲ့စကားတွေကတော့
့အများကြီးပါဘဲ ။ဆက်ပြောရင်လည်း ရန်ဖြစ်ခြင်းဆိုတာနဲ့ဘဲ အဆုံးသတ်သွားမှာပါ ။

ကျမရင်ထဲမှာ အရမ်းဖြစ်ချင်နေတဲ့ဆန္ဒတခုကို ကျမဘာသာပြန်လွှင့်ပြစ်ပလိုက်တာပါ ။ကျမက80တန်ချည်လုံးလေးကို ပြပြီးဒါလေးနဲ့ဘဲထိုးမယ်လို့ ပြောလိုက်တော့ အဲတာတွေက မာဖလာထိုးတာတွေ ဆွယ်တာထိုးလို့မရဘူးလို့ အဲမိန်းမပြန်ပြောလိုက်တဲ့အချိန် ကျမလေ စိတ်ထဲသူ့ကို ဘယ်လိုမုန်းသွားမှန်းမသိဘူး ။ကျမဆွယ်တာလေးတထည် အရမ်းထိုးတတ်ချင်တယ် ။။
ဆွယ်တာလေးထိုးဖို့ ကျမကြိုးစားတယ် ၊။ ဒါပေမဲ့အဆင်မပြေဘူး....အဲဒီတော့ အဲဒီဆန္ဒကို
ကျမလွှင့်ပြစ်ပလိုက်တယ်....ဒီနေ့ဟာလည်းကျမရဲ့ Update အဖြစ်ဆုံး အမှတ်တရ နေ့ပါဘဲ ....
ဒီနေ့ထက် Update ဖြစ်တာ မရှိတော့ပါဘူး...
အစကတော့ ရင်ထဲမှတ်မှတ်ရှိနေတဲ့ နေ့စွဲလေးတွေအကြောင်းရေးမလို့ပါဘဲ .. ။။
ဒါပေမဲ့ ကြားဖြတ်တက်လာတဲ့ ဒီနေ့စွဲလေးက လောလောလတ်လတ် မို့ အသစ်လွင်ဆုံး
ဖြစ်နေတယ်ရှင် ။အဲတာနဲ့ဘဲ ဒီနေ့ကိုဘဲ အမှတ်တရလေးအဖြစ်ရေးလိုက်တယ် ။။။

ကျမလည်းအခုတလော အတွေးတွေနဲ့ ခဏခဏရန်ဖြစ်နေရတယ် ။။


ပစ်ပစ်
10.2.2012 AM 00:22

08 February 2012

ငယ်ငယ်တုန်းက...

Posted by blackroze at Wednesday, February 08, 2012 16 comments
ငယ်ငယ်တုန်းကတော့ ကလေးလေးပေါ့လေ..
နည်းနည်းကြီးလာတော့လား လူကြီးဖြစ်သွားတယ်လေ...
ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်ပြောရမယ်ဆိုရင်တော့ အများကြီးပါဘဲ ။အခုဆိုအသက်ဘဲ
30နားနီးနေပြီဘဲလေ ။လူ့လောကထဲမှာရှင်သန် နေတာအနှစ်30နီးပါးလောက် ရှိတော့မယ်ဆိုတော့
အမှတ်ရစရာအဖြစ်တွေကလည်းအများကြီးပါဘဲ ....အစကတော့ တက်ဂ်ပိုစ့်နှစ်ခုကို တခုတည်းပေါင်းရေးမယ်လို့ စဉ်းစားထားတာပါ........ရေးမယ်လို့သေချာစဉ်းစားတော့ နှစ်ခုကိုပေါင်းမရေးချင်တော့ဘူး ။ အဲဒါနဲ့ဘဲ တပုဒ်စီသပ်သပ်စီရေးမယ်လို့ဆုံးဖြတ်လိုက်တယ်....။

ကျမငယ်ငယ်တုန်းကအရမ်းဆိုးပါတယ် ...အိမ်ကျယ်ပေါ့...အိမ်မှာတော့ကိုယ်ကဆရာကြီးဘဲလေ...
အဖေကလည်းအချစ်ဆုံးဆိုတော့ အသကုန်ကိုလွှတ်ဆိုးတော့တာပေါ့ တခုခုဆို..အဖေ့ကိုပြန်တိုင်တော့ အဖေနဲ့အမေနဲ့ခဏခဏပြသနာတက်ပါတယ်.....အဲဒီတော့ အိမ်မှာအဒေါ်တွေကလည်း
ကျမဆို သဲကြီးမဲကြီးကို ချဉ်တာပါ ...။။ဘယ်လောက်တောင်အမြင်ကတ်ကြသလဲဆိုရင်
ကျမငယ်ငယ်ကအရိုက်ခံရရင် မရိုက်ပါနဲ့ဆိုပြီးဝင်ဆွဲမဲ့သူ တယောက်မှမရှိပါဘူး...

ကျမကို မော်လမြိုင်မြို့အမေရိကန်ဆေးရုံမှာမွေးတာပါ ...မွေးပြီးပြီးချင်း အမေဘယ်လိုထိန်းလဲဆိုတာ
မမှတ်မိပါဘူး....စမှတ်မိနေတာကတော့ ငယ်ငယ်ကအိမ်မှာမုန့်တွေရောင်းတယ်ဆိုတာပါ...
ကျမကတခါတလေ ဆိုင်ရှေ့မှာထိုင်ပြီးပုလင်းထဲကသကြားလုံးတွေနှိုက်စားတတ်တာကို မှတ်မိနေသလိုဘဲ
တခါကတော့ အိမ်ကိုသီလရှင်တွေဆန်ခံလာနေကြပါ အမေတို့ကလည်း သီလရှင်အပါးတိုင်းကို
ဆန်လောင်းပါတယ်...တရက်ကျမဆန်တွေယူဆော့လို့ အမေရိုက်တာကိုလည်း
မှတ်မိနေသေးတယ်...ကျမအမေဘယ်လောက်လက်သံပြောင်လဲဆိုရင် ကျမကိုရိုက်တာတံမြက်စည်း
တချောင်းကျိုးတယ်ဆိုဘဲ...အမှန်က အမေကရိုက်တော့ ကျမကထွက်ပြေးပါတယ်...အိမ်ထဲမှာပတ်ပြေး
တာပေါ့ ..အမေကလိုက်ရိုက်တော့ တခြားပစ္စည်းတွေကိုလည်း ထိမိတာပေါ့ အဲတော့ တံမြက်စည်းလည်း
ကျိုးသွားပါတယ်...ကျမကိုဝတ်ပေးထားတဲ့ စပ်ထမီလေးလည်း တထည်လုံးစုတ်ပြဲသွားတယ်တဲ့...
ကျမလူးလိမ့်ပြီးငိုနေတာကိုတော့ မှတ်မိတယ်....အမေကရိုက်ရင်းနဲ့မေးတယ်...နင်နောက်ခါဆန်တွေ
ဆော့ဦးမလားတဲ့ မဆော့ဘူးလို့ဖြေရင် မရိုက်တော့ဘူး..အဲလိုဖြေစမ်းလို့ပြောတယ်တဲ့...ကျမကလည်း
ဘယ်လောက်ခေါင်းမာသလဲဆိုရင် မဆော့တော့ပါဘူးလို့ လုံးဝမဖြေဘူးတဲ့ ...ဆော့မယ်လို့ချည်း
ဖြေတာတဲ့ (အဒေါ်တွေကကျမကို ပြန်ပြောပြတာလေ )...အဲသလောက်ထိငယ်ငယ်က ဆိုးခဲ့တာပါ

ကျမမှတ်မိနေတာတွေကိုတော့အကုန်မရေးတော့ပါဘူး..အဲအထဲကနေ ကျမပြောပြချင်တဲ့ အကြောင်းလေးတွေဘဲရေးလိုက်ပါတယ်...ကျမလည်းငယ်ငယ်တုန်းက အဆော့သန်ပါတယ်
ဘယ်လောက်တောင်ဆော့လဲဆိုရင် မုန့်ဆိုင်ရှေ့မှာ ရပ်ပြီးမုန့်ဝယ်နေတဲ့ စက်ဘီးကို ကျမကပြေးရင်းနဲ့
ဝင်တိုက်လိုက်တာပါ..စက်ဘီး ဟန်ဒယ်နဲ့ မျက်ခုံးနဲ့တိုက်မိပြီး မျက်ခုံးကွဲသွားပါတယ်...အနာကိုလက်နဲ့
အုပ်ပြီးအိမ်ပြန်လာတဲ့ ကျမကိုအမေက ချီပြီးဆေးခန်းပို့ပါတယ်....အိမ်ကအဒေါ်တွေက စက်ဘီးသမားကို
တောင်းပန်ပြီးစက်ဘီးပြင်ဖို့ပိုက်ဆံလျှော်လိုက်ရပါတယ်..အဆုံးသတ်လိုက်တော့ ကျမမျက်ခုံးကို
6ချက်ချုပ်လိုက်ရပါတယ်...ဘယ်ဘက်မျက်ခုံးမှာ အလယ်ကနေ ပြတ်နေတဲ့ အမာရွတ်ချုပ်ရိုးကြောင်း ရှိပါတယ်..

နောက်တခုကတော့ ငယ်ငယ်ကကျမတို့ စိန်ပြေးတမ်းဆော့ရင်းနဲ့ ချိုတူးဆိုတဲ့ကောင်လေးနဲ့
ရန်ဖြစ်တာပါ....အဲကောင်လေးကကြွေပန်းကန်စေ့လားမသိပါဘူး...ကိုင်ထားတယ် ..ကျမတို့၇န်ဖြစ်တော့
သူကလက်နဲ့လှမ်းလုပ်လိုက်တာ ကိုင်ထားတဲ့ကြွေပန်းစေ့နဲ့ ကျမလက်ကို ထိုးမိပါတယ်...ကျမကလည်း
သူ့ကိုဆံပင်ဆွဲထားပြီး ကျမတို့နှစ်ယောက်ရန်ဖြစ်ကြတာပါ..ကျမလက်မှာ ကြွေပန်းကန်စေ့အကွဲနဲ့
ထိုးမိတဲ့ အမာရွတ်ရှိပါတယ်....

ကျမသုံးတန်းလောက်ကထဲက အမေကစာသွားအောင်ဆိုပြီး စာအုပ်ဖတ်ခိုင်းပါတယ်...ကာတွန်းစာအုပ်
ရွှေသွေး...မိုးသောက်ပန်း အဲလိုစာအုပ်တွေပါ....ကျမစာဖတ်ဝါသနာပါအောင် အမေက ပျိုးထောင်ပေးခဲ့တာပါ။။ကျမငယ်ငယ်ကထဲကစာဖတ်ဝါသနာပါတယ်....ကျောင်းကြီးပိတ်ပြီဆိုတာနဲ့ စာအုပ်ဆိုင်သွားတာပါဘဲ။။။ရသမျှမုန့်ဘိုး စာအုပ်ငှားခနဲ့ကုန်တာပါဘဲ...နောက်ပြီးညီမလေးကိုလည်း
ငယ်ငယ်က ကာတွန်းစာအုပ်တွေဖတ်ပြရပါတယ်...သူကကျောင်းမတက်ရသေးတော့ စာမဖတ်တတ်သေးဘူးလေ..။။ အဲတော့ သူသဘောကျတာကို စာအုပ်ဆိုင်မှာသူယူတယ် ပြီးရင် အဲစာအုပ်ကိုကျမကထိုင်ဖတ်ပြရပါတယ်...သူကနားထောင်ပါတယ်...သူသိချင်တာရှိရင် ပြန်မေးပါတယ်...မောင်စူပါ ကဘာဖြစ်သွားတာလဲတို့ ဒီလုံးကိုလူဆိုးတွေကဘယ်လိုဖမ်းသွားတာလဲတို့ ဇီးတော်ပွင့်ကဘယ်ရောက် သွားတာလဲတို့ ဦးကပ်စီးနဲ့တိုက်ဂါးဘာဖြစ်သွားတာလဲတို့ ဆိုတာမျိုးတွေပေါ့...သူကအဲလိုစာအုပ်လေး တွေယူလာတတ်ပါတယ်....သူနဲ့ကျမငယ်ငယ်ကထဲက အဲလိုနေခဲ့ကြလို့လားမသိပါဘူး...ကျမသူ့ကို အရမ်းချစ်ပါတယ်...သူလည်းကျမအပေါ်
သံယောဇဉ် အရမ်းကြီးပါတယ်..ညီအမနှစ်ယောက် ဘယ်ကိစ္စမဆိုတိုင်ပင်နေကြပါ...ခုချိန်ထိလည်း သူက တခါတလေ ဖတ်ပြခိုင်းတတ်ပါတယ်...နင်ဖတ်လိုက် ငါဒီကနေ နားထောင်မယ်ဆိုပြီး..ဘလော့က စာတွေကို တခါတလေ ဖတ်ခိုင်းတတ်ပါတယ်...

ကျမအဖေကလမ်းတံတား အင်ဂျင်နီယာပါ...
ကျမအဖေမုပ္ပလင်မှာ တာဝန်ကျတုန်းက ကျမနဲ့ညီမလေးကို ညနေဘက်ဆိုခေါ်ပြီး မီးရထားလမ်းဘက်
လမ်းလျှောက်ကြတာမှတ်မိသေးတယ်....ညနေဘက်ဆိုရထားကြီးတစင်းကအမြဲလာနေကြပါ..
ရထားလာတာနဲ့ကျမနဲ့ညီမလေးက ရထားကြီးကို ဝေးးးး ဆိုပြီးလက်ပြနှုတ်ဆက်နေကြပါ..
ရထားပေါ်ကလူတွေကလည်း ပြန်ပြီးလက်ပြကြပါတယ်...အဲတုန်းက ဘာမှန်းသေချာမသိပေမဲ့
ကိုယ်လက်ပြလိုက်လို့ ရထားပေါ်ကပြန်လက်ပြရင် အရမ်းပျော်ပါတယ်...အခုတော့ အဖေလည်း
ကျမတို့ဘဝထဲက ထွက်သွားတာ နှစ်ပေါင်းမနည်းတော့ပါဘူး...

တညရွာမှာပွဲဈေးရှိပါတယ်...ကျမတို့မိသားစု ပွဲဈေးသွားတော့ မီးခွက်လေးတွေ မှိတ်တုတ် နဲ့ ဈေးသည်တွေ အများကြီးတွေ့ပါတယ်...ကျမလည်းဟိုဟာပူဆာ ဒီဟာပူဆာနဲ့ ပြန်တော့ ညီမလေးက
အိပ်နေပါပြီ..အမေကညီမလေးကိုချီပါတယ်...အဖေ့တပည့်တယောက်က လက်နှိပ်ဓါတ်မီးထိုးပေးပါတယ်
အဖေကကျမကိုချီပါတယ်.....အဖေ့ကိုယ်ပေါ်ကနေ ပခုံးပေါ်ခေါင်းလေးတင်ပြီး လိုက်ခဲ့တာကို
အခုထက်ထိမမေ့သေးပါဘူး...စိတ်ထဲမှာမနေ့တနေ့ကလေးတင် အဖေနဲ့ပွဲဈေးသွားခဲ့သလိုပါဘဲလေ...။။

ငယ်ငယ်တုန်းကအကြောင်းတွေကတော့ အများကြီးပါဘဲ...။။
ကျမဒီလောက်ဘဲရေးလိုက်တော့မယ်နော် ။။


တပုဒ်တော့ရေးပြီးပြီနော်...တပုဒ်ဘဲကျန်တော့တယ်...အလုပ်ပိတ်ရက်မှထပ်ေ၇းပေးမယ်..
ပစ်ပစ်
8.2.2012 AM 3:35

03 February 2012

သို့...ကညိမ်း

Posted by blackroze at Friday, February 03, 2012 15 comments
သို့
ကညိမ်း..
ရန်ကုန်ပြန်မယ်လို့   သတင်းတိုးတိုးတိတ်တိတ်  စုံစမ်းရရှိပါတယ်...
ဘာမှတော့မမှာချင်ပါဘူး...
တိုတိုနဲ့လိုရင်းဘဲပြောလိုက်တယ်
ရန်ကုန်ပြန်ရင်  စားခဲ့သမျှကိုဒါ့ပုံရိုက်ခဲ့ပါလို့ပြောချင်တယ်
ဘာဘဲစားစား..ဆိုင်ကြီးမှာဘဲစားစား
လမ်းဘေးဆိုင်မှာဘဲစားစား  ဒါ့ပုံသေချာရိုက်ခဲ့ပါ  ..ဈေးနှုံးသေချာမှတ်ခဲ့ပါ
တပွဲဘယ်လောက်   တခွက်ဘယ်လောက်...
အတိအကျမှတ်ခဲ့ပါ...
လသာက ဟန်းတန်းနဲ့ဂျော်ဒါနိုး  ဆိုင်မှာအကျီတထည်ဘယ်လောက်လဲသေချာသွားကြည့်ခဲ့ပါ
ကင်မလာကြီးတကားကားနဲ့  မှတ်တမ်းသေချာတင်ခဲ့ပါ...
မကြီးမိုးငွေ့တို့  တီတင့်တို့..နဲ့တွေ့ဖြစ်အောင်တွေ့ပါ..ဒါ့ပုံမှတ်တမ်းတင်ပါ

ဒါဘဲ
  ဂျယ်ရီပစ်ပစ်



02 February 2012

မသိခြင်းနဲ့ဒါးတချောင်း

Posted by blackroze at Thursday, February 02, 2012 8 comments
လူတွေကဘယ်အရာမဆိုအရမ်းသိချင်ကြတယ်...
ဥပမာပေါ့လေ...ကိုယ့်ချစ်သူရဲ့အကြောင်း...
ကိုယ့်မိတ်ဆွေတချို့တလေရဲ့အကြောင်းတွေ...
နောက်ဆုံးကိုယ်နောက်ကွယ်မှာ..ကိုယ့်အကြောင်းကို   ဘယ်သူတွေက
ဘာတွေပြောကြသလဲဆိုတာကအစပေါ့လေ....။။။

ဒါပေမဲ့တခါတလေ မှာတချို့အရာတွေက
မသိလိုက်တာပိုကောင်းမယ်လို့ထင်တယ်..
ဒါကြောင့်  မသိခြင်းတရားဆိုတာကိုလည်း  နားလည်ပေးသင့်ပါတယ်...
တခါတလေမှာ  အမှန်တရားဆိုတာက  အရမ်းခါးတတ်ပါတယ်...။။

ခါးသီးခြင်းကို မခံစားချင်ရင်
တချို့အရာတွေကို  မသိချင်ယောင်ဆောင်နေလိုက်ပါ ...။။။
တချို့အရာတွေကို   လစ်လျူ ရှု့လိုက်ပါ  ...။။
တချို့အရာတွေကို  ပြည်ဖုံးကားချလိုက်ပါ ...။။
တချို့အရာတွေကို  ဥပေက္ခာပြုထားပါ...။။

အမှန်တရားဆိုပေမဲ့    အဲဒီအမှန်တရားတွေက  အရမ်းခါးတတ်တယ်...
ခါးသီးမှု့ကို  ခံနိုင်ရည်ရှိတယ်...ဆိုရင်တော့
ဘယ်အရာမဆိုသိအောင်ကြိုးစားပါ...။။

လူတိုင်းမှာ  ခံနိုင်ရည်နဲ့ခွင့်လွှတ်ခြင်း   ဆိုတာ   အတိုင်းအထာတခုထိဘဲရှိတတ်တယ်...။။
(အဲတာကျမကိုယ်တွေ့နော်...)

ကိုယ်နဲ့မျက်နှာခြင်းဆိုင်နေတဲ့  လူတယောက်ရဲ့နောက်ကွယ်မှာ  ဘာတွေရှိနေနိုင်သလဲ
သေချာမသိနိုင်ပါဘူး ....။။
ပန်းစည်းတစည်းရှိနေနိုင်သလို    ဒါးတချောင်းလည်းရှိနေနိုင်ပါတယ်....။။

ဒါကြောင့် ကိုယ့်နောက်ကွယ်မှာလည်း  ပန်းတစည်းအပြင်  ..
ဒါးတချောင်းကိုပါဖွက်ထားသင့်ပါတယ်...။။

လူတိုင်းကိုယ့်ကိုကိုယ်ကာကွယ်ဖို့   ဒါးတချောင်းတော့  ဆောင်ထားသင့်တယ်နော်....   :P
ဒါပေမဲ့  လက်မြန်ခြေမြန်တော့   မထိုးမိစေနဲ့ပေါ့နော်...
ကိုယ့်ရဲ့ဒါးနဲ့  ကိုယ့်ဘာသာကိုယ်   ပြန်မထိုးမိပါစေနဲ့ ...။။


ပစ်ပစ်

2.2.2012   AM 3:49

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei