လူတွေကဘယ်အရာမဆိုအရမ်းသိချင်ကြတယ်...
ဥပမာပေါ့လေ...ကိုယ့်ချစ်သူရဲ့အကြောင်း...
ကိုယ့်မိတ်ဆွေတချို့တလေရဲ့အကြောင်းတွေ...
နောက်ဆုံးကိုယ်နောက်ကွယ်မှာ..ကိုယ့်အကြောင်းကို ဘယ်သူတွေက
ဘာတွေပြောကြသလဲဆိုတာကအစပေါ့လေ....။။။
ဒါပေမဲ့တခါတလေ မှာတချို့အရာတွေက
မသိလိုက်တာပိုကောင်းမယ်လို့ထင်တယ်..
ဒါကြောင့် မသိခြင်းတရားဆိုတာကိုလည်း နားလည်ပေးသင့်ပါတယ်...
တခါတလေမှာ အမှန်တရားဆိုတာက အရမ်းခါးတတ်ပါတယ်...။။
ခါးသီးခြင်းကို မခံစားချင်ရင်
တချို့အရာတွေကို မသိချင်ယောင်ဆောင်နေလိုက်ပါ ...။။။
တချို့အရာတွေကို လစ်လျူ ရှု့လိုက်ပါ ...။။
တချို့အရာတွေကို ပြည်ဖုံးကားချလိုက်ပါ ...။။
တချို့အရာတွေကို ဥပေက္ခာပြုထားပါ...။။
အမှန်တရားဆိုပေမဲ့ အဲဒီအမှန်တရားတွေက အရမ်းခါးတတ်တယ်...
ခါးသီးမှု့ကို ခံနိုင်ရည်ရှိတယ်...ဆိုရင်တော့
ဘယ်အရာမဆိုသိအောင်ကြိုးစားပါ...။။
လူတိုင်းမှာ ခံနိုင်ရည်နဲ့ခွင့်လွှတ်ခြင်း ဆိုတာ အတိုင်းအထာတခုထိဘဲရှိတတ်တယ်...။။
(အဲတာကျမကိုယ်တွေ့နော်...)
ကိုယ်နဲ့မျက်နှာခြင်းဆိုင်နေတဲ့ လူတယောက်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေနိုင်သလဲ
သေချာမသိနိုင်ပါဘူး ....။။
ပန်းစည်းတစည်းရှိနေနိုင်သလို ဒါးတချောင်းလည်းရှိနေနိုင်ပါတယ်....။။
ဒါကြောင့် ကိုယ့်နောက်ကွယ်မှာလည်း ပန်းတစည်းအပြင် ..
ဒါးတချောင်းကိုပါဖွက်ထားသင့်ပါတယ်...။။
လူတိုင်းကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ဒါးတချောင်းတော့ ဆောင်ထားသင့်တယ်နော်.... :P
ဒါပေမဲ့ လက်မြန်ခြေမြန်တော့ မထိုးမိစေနဲ့ပေါ့နော်...
ကိုယ့်ရဲ့ဒါးနဲ့ ကိုယ့်ဘာသာကိုယ် ပြန်မထိုးမိပါစေနဲ့ ...။။
ပစ်ပစ်
2.2.2012 AM 3:49

8 comments:
ဒါပေမဲ့တခါတလေ မှာတချို့အရာတွေက
မသိလိုက်တာပိုကောင်းမယ်လို့ထင်တယ်..
ဒါကြောင့် မသိခြင်းတရားဆိုတာကိုလည်း နားလည်ပေးသင့်ပါတယ်...
တခါတလေမှာ အမှန်တရားဆိုတာက အရမ်းခါးတတ်ပါတယ်...။
အဲဒီအပိုဒ်လေးက ရင်ဘတ်ကို တိုက်ရိုက်ထိတယ်အစ်မ..။
(ဒါပေမယ့် ပုံသေတွက်လို့မရတဲ့လောကကြီးထဲမှာ.။ မီးခဲဆိုတာ
ပူမှန်းသိသိကြီးနဲ့ ကိုင်ရတာမျိုးတွေလည်းရှိရဲ့... ။)
နှစ်ခြိုက်စွာအားပေးသွားပါတယ်အစ်မ......။
အမှန်တရား အမှားတရံ..
ထိုးစရာရှိရင်တော့ ထိုးလိုက်ရမှာပဲလေ..
ဒါးဆောင်ထားရတော့မယ်ထင်တယ်မပစ်ပစ်ရေ
မှတ်ထားလိုက်ပါမယ်
ဓားလားမဆောင်တော့ဘူးအေ ခနခနလဲအထိုးခံရပေါင်းများလို့ သုမနကျောလဲ ဒဏ်ရာဗလပွနဲ့ ဟောင်းလောင်းဖြစ်နေဘီ
ဒါကြောင့်ဒီတစ်ခါဆို တုတ်နဲ့ခေါင်းကိုဘဲ အသေရိုက်ချလိုက်တော့မယ် အေးရေား))))
တစ်ဆယ်ဒေ၀ီ
မသိခြင်းနဲ့ ဓါးတစ်ချောင်းပြီးတော့
သိခြင်းနှင့် သေနတ်တစ်လက်ပေါ့။း)
ရေးတတ်တယ်။
ဓါး ကိုပြောတာ ထင်ပါရဲ့... ဖတ်ရင်းနဲ့ ငယ်ငယ်က ညအိပ်ရင် ဓါးမြှောင်ဆောင်ပြီး အိပ်တဲ့အလေ့ပါ သတိရသွားပြီ...း)
ခင်မင်လျက်
နေ၀သန်
အမှန်တရားဆိုတာ တခါတခါမှာ လက်ခံဖို့ ခက်ခဲနေတတ်လေ့ရှိတယ်...
မှန်တယ်မမရေ... တွေးလည်းတွေးတတ်တယ် :D
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..