04 January 2013

ညနဲ့မျက်ရည်

Posted by blackroze at Friday, January 04, 2013 16 comments

သြော်...
ညရယ်နက်လှပြီ
မပျော်နိုင်သူမယ်
မျှော်ကာတွေးပါလို့
လကိုကြည့်ကာ
မှန်းဆလွမ်းလေသည်...

ငွေလသာ
တိမ်တွေလာလာဖုံးပါလို့
စိတ်ရယ်မသာ
တိမ်မည်းတွေရယ်
ဖယ်ပါလှည့်တော့
သက်ပြင်းရယ်ခါခါ
ချမိလေသည်...

ဆောင်းလေတဝေ့ဝေ့
ချမ်းအေးလှသည်မို့
ချစ်သူကိုယ်ငွေ့
နွေးလေမလား
စိတ်ကူးယဉ်ခါ
သူ့ရင်ငွေ့ကို
ခိုမိပြန်သည်..

သန်းကောင်ယံညလယ်
စိတ်ဘဝင်နွမ်းလျ
အလိုမကျပါလို့
သူ့ အပြုံး မြမြ
သူ့ နှုတ်ခမ်းစုံ  ကို
ရင်ခုန်ခုန်  ဖြင့်
လွမ်းမိပြန်သည် ...


ဝေးနေရဆဲ
ဝေးကွာနေဆဲ
ဒီအသိနဲ့
သက်ပြင်းချလျက်
ဆုံမဲ့နေ့ရက်
ဇောနဲ့မျှော်တွေး
ဒီစိတ်အလျင်လိုလေတော့သည်..

ပန်းမခင်းတဲ့  ဒီလမ်း
ဘဝလမ်းဟု
ကိုယ့်ပြန်အားပေး
လျှောက်လှမ်းလှည့်ကြည့်
ခရီးမဝေးပြီမို့
စိတ်ကိုတင်းပါလျက်နှင့်
ညစဉ်ညတိုင်း
မျက်ရည်စိုစွတ်
ငိုမိလေတော့သည်........ ။။။

ပစ်ပစ်
Am  2:08
4.1.2013
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei