04 January 2013

ညနဲ့မျက်ရည်

Posted by blackroze at Friday, January 04, 2013

သြော်...
ညရယ်နက်လှပြီ
မပျော်နိုင်သူမယ်
မျှော်ကာတွေးပါလို့
လကိုကြည့်ကာ
မှန်းဆလွမ်းလေသည်...

ငွေလသာ
တိမ်တွေလာလာဖုံးပါလို့
စိတ်ရယ်မသာ
တိမ်မည်းတွေရယ်
ဖယ်ပါလှည့်တော့
သက်ပြင်းရယ်ခါခါ
ချမိလေသည်...

ဆောင်းလေတဝေ့ဝေ့
ချမ်းအေးလှသည်မို့
ချစ်သူကိုယ်ငွေ့
နွေးလေမလား
စိတ်ကူးယဉ်ခါ
သူ့ရင်ငွေ့ကို
ခိုမိပြန်သည်..

သန်းကောင်ယံညလယ်
စိတ်ဘဝင်နွမ်းလျ
အလိုမကျပါလို့
သူ့ အပြုံး မြမြ
သူ့ နှုတ်ခမ်းစုံ  ကို
ရင်ခုန်ခုန်  ဖြင့်
လွမ်းမိပြန်သည် ...


ဝေးနေရဆဲ
ဝေးကွာနေဆဲ
ဒီအသိနဲ့
သက်ပြင်းချလျက်
ဆုံမဲ့နေ့ရက်
ဇောနဲ့မျှော်တွေး
ဒီစိတ်အလျင်လိုလေတော့သည်..

ပန်းမခင်းတဲ့  ဒီလမ်း
ဘဝလမ်းဟု
ကိုယ့်ပြန်အားပေး
လျှောက်လှမ်းလှည့်ကြည့်
ခရီးမဝေးပြီမို့
စိတ်ကိုတင်းပါလျက်နှင့်
ညစဉ်ညတိုင်း
မျက်ရည်စိုစွတ်
ငိုမိလေတော့သည်........ ။။။

ပစ်ပစ်
Am  2:08
4.1.2013

16 comments:

သူကြီးမင်း (တုံးဖလား) on 4 January 2013 at 03:23 said...

ဝက်မလေး။
နှစ်သစ်နဲ့အတူ အလွမ်းတွေ ဝေနေပြီထင်ပါ့။
အလွမ်းလေးတွေ ခဏသိမ်းထားပါ ၀က်မလေး။
လွမ်းလွန်းရင် လူပါ ယိုင်ကျနေဦးမယ်။
လူတွေမသိဘူး။ ကဗျာတွေကတော့ ယိုင်လုလုဖြစ်နေပြီ။
အပျိုကြီးလေး နုထွတ်နေလိုက်တာများ။း)

သူကြီးမင်း (တုံးဖလား) on 4 January 2013 at 03:25 said...

"လူတွေမသိဘူး။ ကဗျာတွေကတော့ ယိုင်လုလုဖြစ်နေပြီ" အစား
"လူတော့မသိဘူး။ ကဗျာတွေကတော့ ယိုင်လုလုဖြစ်နေပြီ" ဟု ပြင်ဖတ်ပါရန်။း)

စံပယ်ချို on 4 January 2013 at 14:22 said...

ပန်းမခင်းတဲ့ ဒီလမ်း
အဲတာ ဘ၀လမ်းပေါ့နော်

Aunty Tint on 4 January 2013 at 16:24 said...

ဘ၀ခရီးလမ်းဆိုတာ ဆူးမွေ့ယာလိုပဲတဲ့ ပစ်ပစ်ရေ။
မလျှောက်ချင်လည်း လမ်းဆုံးတိုင်အောင်လျှောက်ကြရအုံးမှာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် on 4 January 2013 at 20:31 said...

အဟက်...အလွမ်းတွေဝေနေလိုက်တာများ....:)

အလွမ်းမြို့ on 4 January 2013 at 21:06 said...

ပန်းမခင်းတဲ့ ဒီလမ်း
ဘဝလမ်းဟု
ကိုယ့်ပြန်အားပေး
လျှောက်လှမ်းလှည့်ကြည့်
ခရီးမဝေးပြီမို့
စိတ်ကိုတင်းပါလျက်နှင့်
ညစဉ်ညတိုင်း
မျက်ရည်စိုစွတ်
ငိုမိလေတော့သည်........ ။။။

ပစ်ပစ်ညီမလေးရေ ရေးတတ်လိုက်တာတော်။
အားပေးသွားတယ်။


ချစ်တဲ့
မကြီးလွမ်း

San San Htun on 7 January 2013 at 08:11 said...

ပစ်ပစ်က ကဗျာလည်း ရတယ်..

မောင်ဘုန်း on 7 January 2013 at 23:15 said...

အစ်မရေ ... ကဗျာလေး လှတယ် ဗျာ ... ။
လွမ်းငွေ့ တွေနဲ့  အပြည့်ပဲနော် .... ။

အလွမ်းတွေ အမြန်ဆုံးဝေးရပါစေ ဗျာ .... ။


နွယ် said...

ကောင်းလိုက်တဲ့ ကဗျာလေးပါလား ခံစားဖတ်ရှုသွားပါတယ်...

Aunty Tint on 10 January 2013 at 12:40 said...

၂၀၁၃ခုနှစ်မှာ ပစ်ပစ်တစ်ယောက် အလွမ်းတောကနေ ရုန်းထွက်ပြီး လွတ်လပ်ပျော်ရွှင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Aunty Tint on 10 January 2013 at 12:42 said...

ကွန်မန့်လေးပျောက်သွားပြန်ပြီး)
၂၀၁၃ခုနှစ်ကအစပြုလို့ ပစ်ပစ်တစ်ယောက်
အလွမ်းတောကနေ ရုန်းထွက်နိုင်ပြီး လွတ်လပ်ပျော်ရွှင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) on 15 January 2013 at 03:43 said...

ပစ်ပစ်ကဗျာလေးတွေကို သဘောကျတယ်
စကားလုံးလေးတွေ လှလို့ သဘောကျတယ်
ပြီးတော့လည်း လွမ်းချင်စရာလေး..
ညတိုင်းတော့ မျက်ရည်မစိုစွတ်ပါနဲ့ညီမရေ..
စိတ်ချမ်းချမ်းသာသာလည်း နေပါဦး.

Anonymous said...

အေးပေါ့လေ..
ခရီးကဝေး
လေကသွေးတော့
နှင်းသော့သည့်ဆောင်း
နွေးစေကြောင်းမျှော်
အပျိုးကြီးတို့ အော်ပါပြီး))။

မြန်မြန်နီးရပါစေဗျာ။

အရှုတ်တွေ လုပ်နေသူ

( မင်းဧရာ )


kokoseinygn on 19 January 2013 at 01:04 said...

ကဗျာ ဖတ်ပြီး
ဝင်ေ၇ာက်ခံစားသွားပါတယ်။
ဝေးနေရဆဲ
ဝေးကွာနေဆဲ
ဒီအသိနဲ့
သက်ပြင်းချလျက်
ဆုံမဲ့နေ့ရက်
ဇောနဲ့မျှော်တွေး
ဒီစိတ်အလျင်လိုလေတော့သည်..

မိုးသက် on 28 January 2013 at 18:07 said...

နိုနဲ့..
မပစ်...
ညမာဖောင့်ထည့်လို့မရလို့လား ဟင်.. :)))

kokoseinygn on 5 February 2013 at 15:09 said...


ဝေးနေရဆဲ
ဝေးကွာနေဆဲ
ဒီအသိနဲ့
သက်ပြင်းချလျက်
ဆုံမဲ့နေ့ရက်
ဇောနဲ့မျှော်တွေး
ဒီစိတ်အလျင်လိုလေတော့သည်.
စာသားတွေ ကောင်းတယ်....

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei