(ရေးတာနည်းနည်းများရှည်သွားလားမသိဘူး..အောက်မှာ tag ထားတဲ့နာမည်အထိတော့ဖတ်စေချင်ပါတယ်.. :P )
နှစ်တစ်နှစ်တော့ကုန်ဆုံးတော့မှာပါ...
မကြာခင် ရက်ပိုင်းအတောအတွင်းမှာ 2012 ဆိုတာကို လက်ပြနှုတ်ဆက်ပြီး 2013 ကိုကြိုဆိုရတော့မှာပါ
ကျမတို့လူသားတွေအတွက် 2012 ဆိုတာက ဘယ်တော့မှ ပြန်လှည့်လာတော့မှာ မဟုတ်ပါဘူး..
ဒီတော့ ဒီတနှစ်အတွင်း မှာ ကျမတို့တွေ ဘာတွေ လုပ်ခဲ့ကြလည်း
ဘယ်လိုအနေအထားတွေ ဖြစ်ခဲ့ကြလည်း
ဘာတွေ အောင်မြင်ခဲ့လည်း
ဘာတွေဆုံးရှုံးသွားခဲ့လည်း
တချက်လောက်လေး ပြန်လှည့်ကြည့်ရအောင်လား...
ကျမဖြတ်သန်းခဲ့တဲ့ 2012 ကတော့ တကယ်ကိုရသပေါင်းစုံနဲ့ပါဘဲ...ပျော်ရတာတွေလည်း
ရှိသလို ငိုရတာတွေလည်းများခဲ့ပါရဲ့..အပျော်ဖြစ်ဖြစ် အငိုဖြစ်ဖြစ် ဖြတ်သန်းခဲ့တဲ့အရာတွေအားလုံး
ကတော့ 2012ထဲမှာဘဲ ကျမထားခဲ့လိုက်ပါပြီ...
ကျမဒီနှစ်ထဲမှာ လိုချင်မိတဲ့ပစ္စည်းတွေ တော်တော်များတယ်...
ဒါပေမဲ့ ကျမတခုမှ မဝယ်ဖြစ်ခဲ့ဘူး...
ဘယ်လောက်ထိတောင်လဲဆိုရင် ကျမသူငယ်ချင်း 21 ရက်နေ့မှာ မင်္ဂလာဆောင်မှာ..သူ့မင်္ဂလာဆောင်ဝတ်ဖို့အတွက်ဆိုပြီး ဝတ်စုံတစုံဝယ်ဖို့ စိတ်ကူးထားတာ
ကြာလှပြီ..တကယ်တမ်းကျမ မဝယ်ဖြစ်ခဲ့ဘူး.. အဲလိုဘဲ ဝယ်မယ်ဆိုပြီး ရည်ရွယ်ထားသမျှ
ကျမဘာမှမဝယ်ဖြစ်ခဲ့ပါဘူး...
ကျမဒီနှစ်ထဲမှာ လိုက်ပို့ပေးမယ်လို့ အမေကို ကတိပေးခဲ့တဲ့ ခရီးစဉ်တခုရှိပါတယ်...
ဒါပေမဲ့ ကျမကတိမတည်နိုင်ခဲ့ဘူး....
ဒီနှစ်ထဲမှာ ကျမအတွက် စိတ်ညစ်စရာတော်တော်များတယ်..
မိသားစု အလုပ် အချစ်ရေး လူမှု့ရေး ...အစစအရာရာပေါ့ ...
မိသားစုဆိုလည်း တော်တော် စိတ်ညစ်စရာ နားပူစရာတွေ နဲ့ပြည့်နှက်နေတဲ့ အချိန်တစ်ခုပါဘဲ...
အချစ်ရေးဆိုလည်း... အင်းးးးးးးးးးးးးးးးးးး စိတ်မောစရာတွေ နဲ့ပြည့်နေတဲ့ကာလတစ်ခုပေါ့
အိမ်ထောင်ရေး အတွက်ရည်မှန်းချက်ကတော့ အပေါ်ကတစ်ခုအဆင်ပြေရင်တော့ ဒီတစ်ခုလည်း အလိုလို အိုကေသွားမှာပါ (~ ^)
လူမှု့ရေး ဆိုလည်း ...ဘယ်လိုပြောရမလည်းရှင်..နှစ်ကုန်ခါနီးလာလေ လူတွေအကြောင်း
ကျမပိုသိလာလေ ဆိုသလိုပါဘဲ...
အလုပ်ထဲမှာ ကျမနဲ့တော်တော်လေး ခင်တဲ့ သူငယ်ချင်းတယောက်ရှိတယ်..ကျမအလှုအတွက်ပိုက်ဆံ
ကောက်တိုင်း သူအမြဲတမ်းထည့်နေကြပါ... တော်တော်လေးလည်းရင်းနှီးတယ်.. ဖြစ်ချင်တော့ သူကနှစ်ကူး မှာ မြန်မာပြည် ပြန်မယ်...ကျမလည်း ပြန်ဖို့ အစီအစဉ်တစ်ခုရှိနေတယ်.. အဲမှာစတွေ့တာဘဲ.. အဆင်ပြေနေတဲ့ အနေအထားတစ်ခုကနေ ကျမ သူ့ကိုတော်တော် မကြည်မလင်ဖြစ်နေတယ် ဆိုပါတော့... လူတယောက်ကိုယ့်အပေါ်ဘယ်လိုသဘောထားလည်း
ဘယ်လောက်အနေအထားနဲ့ကိုယ့်ကို ဆက်ဆံနေသလည်းဆိုတာ လူတိုင်းခံစားလို့ရတယ်..
သူဆက်ဆံတဲ့အနေအထား သူပြောဆိုတဲ့ အနေအထား ဆက်ဆံကြည့်လိုက်တာနဲ့သိပါတယ်..
စကားပုံလေးတောင် ရှိပါတယ် ..ကိုယ်ပေးသလောက်ဘဲ ကိုယ်ပြန်ရတယ်ဆိုတာပါ..
သူလေယာဉ်လက်မှတ်ကို ဘယ်လောက်နဲ့ဝယ်တယ်ဆိုတာလေးတောင် ကျမကိုပေးမသိချင်တဲ့ လူတယောက်ကိုကျမ ဆက်ပြီး ရင်းနှီးစွာ နဲ့ စိတ်ရော ကိုယ်ပါ ဆက်ဆံနေဖို့ မလိုတော့ဘူးလို့ထင်ပါတယ်..
( ကျမအထင်မှားတယ်ဆိုရင်လည်း ပြောခဲ့ကြပါဦးနော်..)
မြန်မာပြည်နဲ့ဝေးရာမှာ ရပ်တည်နေကြရတဲ့သူတွေအတွက် အဓိကတော့ အလုပ်ပါဘဲ ...
အလုပ်အဆင်ပြေလားဆိုတဲ့စကားကို အချိန်တော်တော်များများမှာ မေးဖြစ်ပြောဖြစ်ကြပါတယ်..
ကျမအတွက် အလုပ်က ဒီနှစ်မှာ ကောင်းတာတွေလည်းရှိခဲ့ပါတယ်...ဒါပေမဲ့ အခုလက်ရှိအချိန်ကို
ပြောရမယ်ဆိုရင်တော့ ကျမဒီအလုပ်ကိုတော်တော် စိတ်ပျက်နေတာအမှန်ဘဲ...
လက်ရှိကျမတို့ကုမ္မဏီကြီးရဲ့ အကြီးဆုံးအုပ်ချုပ်သူက လုံးဝမကောင်းဘူးရှင်...ကိုးရီးယားဇာတ်လမ်း
တွေထဲမှာ မြင်ဖူးကြမှာပေါ့ ..ထိပ်ဆုံးကနေ အလုပ်သမားတွေရဲ့အခွင့်အရေး မှန်သမျှကို ဂုတ်သွေး
စုပ်တဲ့ MD တွေ ကိုမြင် ဖူးကြမယ်ထင်ပါတယ်.... တနှစ်တခါလစာတိုးတဲ့ကိစ္စကအစ
ဝန်ထမ်းတွေကိုပေးနေတဲ့ အခွင့်အရေးထဲကနေ ပြန်ဖြတ်နေတဲ့ ကိစ္စ... အလုပ်မှာ လူမလောက်ဘူးဆိုတာ
သိနေပါရဲ့နဲ့..ဝန်ထမ်းထပ်မတိုးပေးတဲ့ကိစ္စ...ကျမတို့ နေ့စဉ်နဲ့အမျှ လုပ်နေရတဲ့ လူတွေက
စက်ရုပ်တွေမှမဟုတ်တာလေ... Operator တယောက်အဖို့ သတ်မှတ်ထားတဲ့ ဘောင်ထက်
ကျမတို့အလုပ်ဝင်စဉ်တုန်းက လက်မှတ်ထိုးပေးထားရတဲ့ စာရွက်ပေါ်က အနေအထားတွေထက်ကို
အခုကျမတို့တွေအများကြီး ပိုလုပ်ပေးနေရတယ်..အရင်းရှင်စနစ်တစ်ခု
ရဲ့အောက်မှာရှင်သန်နေရတဲ့ကျမတို့တွေအတွက် ဒီလိုအနေအထားတွေနဲ့ဘဲ
နေ့တိုင်းရင်ဆိုင်နေရမယ် သိပြီးသားပါ... နောက်ဆုံးတော့လည်း ကျမတို့ အလုပ်သမားတွေအဖို့ကတော့ သဘောထားပြည့်ဝတဲ့ အုပ်ချုပ်သူ တွေနဲ့သာတွေ့ရပါစေလို့
ဆုတောင်းရုံမှ တခြားမရှိဘူးလေ... ကျမအခုပြောတဲ့ အခက်ခဲကို နိုင်ငံခြားမှာအလုပ်လုပ် ရပ်တည်နေရ
တဲ့သူတိုင်း နားလည်ပေးလို့ရမယ် ထင်တယ်.. ဒါကြောင့်မို့ ဒီနေရာလေးကနေ တစ်ခုလောက် ပြောချင်ပါတယ်...နိုင်ငံခြားဆိုတိုင်း အထင်မကြီးလိုက်ပါနဲ့ ...
နိုင်ငံခြားဆိုတာ တကယ်တော့ သည်းခံခြင်းတွေလက်ကိုင်ထားလို့ မာန်ချထားရတဲ့နေရာ တစ်ခုလို့ဘဲပြောချင်ပါတယ်..
ကျမသူငယ်ချင်းတချို့ကတော့ ပြောကြတယ် နင်က သိပ်သဘောမကောင်းနဲ့လေတဲ့
နည်းနည်းတော့စွာပေးမှ အံဝင်ဂွင်ကျဖြစ်တဲ့နေရာတွေရှိတယ်တဲ့...
ကျမဒီတနှစ်အတွင်းမှာ ပိုက်ဆံလည်းတော်တော်ကုန်တယ်ရှင်..သွားတွေ ညီအောင် ပြင်တာလည်း မနည်းဘူးပေးလိုက်ရတယ်... လူလည်းတော်တော်လေးအီစိမ့်အောင်ဝေဒနာခံစားရတယ်ဆိုပါတော့
သွားတွေစီအာရုံရောက်နေလို့လားမသိပါဘူး...ကျမဒီနှစ်ထဲ ခါတိုင်းခံစားနေကြ သွေးအားနည်းတာကို
တောင် သိပ်မခံစားရသလိုဘဲ... မသိမသာနဲ့ ဘဲ နှစ်တနှစ်တောင်ပြီးတော့မယ်..ကျမမူးလွန်းလို့
ဆေးရုံဆေးခန်း ပြေးပြရတာတွေ မရှိလိုက်ဘူး..မျက်နှာဖြူဖပ်ဖြူရော်နဲ့ မူးနေတဲ့ နေ့တွေ မရှိခဲ့ပါဘူး...
ဒါကြောင့် ကျမအတွက် ဒီနှစ်ငွေကြေးအခြေအနေနဲ့ ကျန်းမာရေး အခြေအနေက သရေ ကျသွားပါတယ်..
ကျမအသက်တနှစ်ပိုကြီးသွားပါပြီ .... တနှစ်ပိုအိုလာပါတယ်... ကျမဘာတွေရင့်ကျက်လာလည်း
ပြန်စဉ်းစားမိပါတယ်...
ကျမမရင့်ကျက်သေးပါဘူး...
ဒီနှစ်ထဲမှာ ကျမဒန်ပေါက် ခဏခဏဝယ်စားဖြစ်တယ်ရှင်..အဲတာကတော့တကယ်မှတ်မှတ်ရရပါဘဲ
ရန်ကုန်မှာတုန်းက ကျမ ဒန်ပေါက် မစားပါဘူးဆီတွေသိပ်များလို့ပါ..
ဒါကြောင့်ကျမ တခုခုစားချင်တယ်ပြောရင် ကြေးအိုးလို့ပြောတာများပါတယ်...အခုဒီရောက်တာလည်း
ကြာနေပါပြီ... ဒီနှစ်ထဲကျမှ ဘာလို့ ဒန်ပေါက်ကြိုက်သွားလည်း မသိပါဘူး..ဒီကဒန်ပေါက်က ရန်ကုန်က
ဒန်ပေါက်လို ဆီမများလို့လည်း ဖြစ်နိုင်ပါတယ်..ဒါကြောင့် 2012 ကို ကျမဒန်ပေါက်ကြိုက်သွားတဲ့
နှစ်လို့ သတ်မှတ်လိုက်ပါတယ်..
ကျမဘာတွေ အကျိုးရှိတာတွေ လုပ်ခဲ့တာရှိလည်း ပြန်စဉ်းစားမိပါတယ်..
ကျမဘာမှမလုပ်ခဲ့ပါဘူး...အလှုအတွက်MMYG မှာ အက်ဒမင်တယောက်အနေနဲ့ ပိုက်ဆံဝိုင်းကောက်ပေးတယ် ပြောရအောင်လည်း ကျမ အလှုခံပေးတဲ့ ပိုက်ဆံလေးက သေးသေးလေးပါ
အဲတာမို့လို့ တခြားသော အက်ဒမင်တွေ ကိုတောင် အားနာမိပါရဲ့...
2012 ထဲမှာ ကျမစိတ်ပါလက်ပါနဲ့ ယုံကြည်စွာ လုပ်ဖြစ်ခဲ့တဲ့ အရာကတော့ ဘုရားတရားပါဘဲ
အကျိုးလိုလို့ ညောင်ရေလောင်းရာကနေ ..စိတ်ရဲ့ အေးချမ်းခြင်းတစ်ခု
ယုံကြည်ခြင်းတစ်ခုအဖြစ် ကျမလုံးဝသဘောပေါက်သွားတဲ့ နှစ်ပါဘဲ..
ထွက်ပေါက်မရှိသလို ခံစားနေရတဲ့ အဖြစ်တွေ တော်တော်များများ က ယုံကြည်မှု့တခုကြောင့်
တည်ငြိမ်သွားသလို ခံစားလိုက်ရတယ်...
ကျမဘဝအတွက် ဘာတွေ လုပ်ခဲ့လည်း ကျမ သေချာပြန်စဉ်းစားတယ်...
ဟိုလိုလိုဒီလိုလို တွေက အရမ်းများပါတယ်...ကျမချထားတဲ့ Plan တစ်ခုတော့ ရှိပါတယ်...
ကျမအချိန်ထပ်ပေးရဦးမှာပါ...သူများတွေလို မျိုး ကျမလည်းတနေ့မှာ BYE BYE TAIWAN ဆိုပြီး
နှုတ်ဆက်မဲ့အချိန် တစ်ခုကိုလည်း ကျမစဉ်းစားထားပါတယ်...
ဒီနှစ်ထဲမှာ ကျမတို့လို့ဘလော့ဂါ အမည်ခံထားတဲ့ သူတွေအားလုံးနီးပါးပေါ့ ဘလော့ထက်
Facebook မှာ ပိုနေကြတာများပါတယ်... ဘာလို့လည်းဆိုတော့ ဘလော့မှာစာတကြောင်းရေးပြီးရင်
တာဝန်ယူရတယ်...Facebook က တာဝန်ယူစရာမလိုဘူး..ပြောချင်သလိုပြောလို့ရတယ်..
နောက်ပြီး ကိုရေးလိုက်တဲ့ စာတကြောင်း ပုံတပုံကို တက်တဲ့ကောမက်ကလည်းမြန်တယ်..
အချင်းချင်းဆက်သွယ်ချင်ရင်လည်း Facebook က ပိုမြန်တယ်... အဓိကတော့ အဲတာလို့ကျမထင်တာဘဲ
ကိုယ်ပြောချင်တာကို အားလုံးတခါတည်းသိသွားအောင် လုပ်လို့ရတယ်လေ..
နောက်ဆုံးတော့ ကျမတို့တွေ အားလုံး ဘလော့မှာစာတင်ပြီးရင်တောင် Facebook မှာပါ
ကြေငြာရတဲ့အထိဖြစ်သွားတယ်.. အဲတာကတော့ 2012 ရဲ့ထူးခြားချက်လို့ထင်တာဘဲ
ဒါကြောင့် 2012 ဆိုတာ ဘလော့ဂါတွေ ရဲ့ Facebook နှစ်လို့ ပြောပါရစေ..
တချိန်မှာ ကျမလည်း အခုခင်မင်နေတဲ့ သူတွေအားလုံးကို နှုတ်ဆက်ပြီး ပျောက်ကွယ်မသွားဘူးလို့
မပြောနိုင်ပါဘူး... နောက်ဆိုရင် ပစ်ပစ် ဆိုတာ ဘယ်သူမှတောင် သိကြတော့မယ်မထင်ပါဘူး...
ဒါပေမဲ့ ဘယ်လိုအနေအထားနဲ့ ဖြစ်ဖြစ်ပါ ကျမရဲ့ဒီခံစားမှု့သံစဉ်ဆိုတာလေးနဲ့ ကျမခင်မင်ခဲ့တဲ့
လူတွေအားလုံးကို ကျမရင်ထဲမှာ ထာဝရ သိမ်းထားမှာပါ...
ကျမ တက်ဂ် ပိုစ့် မရေးတာကြာပါပြီ... အခုဒီပိုစ့်လေးကိုလည်း တက်ဂ်ပါရစေ..
ကျမလိုဘဲ ကျမချစ်ခင်ရတဲ့ ဘလော့ဂါတွေအားလုံး ဒီပိုစ့်လေးနဲ့အတူ
2012 ကိုနှုတ်ဆက်ပြီး 2013 ကိုကြိုဆိုကြရအောင်လို့ပြောပါရစေ...
ကဲ..အားလုံးဘဲ ဖြတ်ကျော်ခဲ့ကြတဲ့ 2012 ကိုတချက်လောက် ပြန်လှည့်ကြပါစို့လားရှင်..
2012 နဲ့ပတ်သက်ပြီး ပြောချင်တာလေး ရေးချင်တာလေးပေါ့..
ကျမဒီပိုစ့်လေးကို
ကျမရဲ့ချစ်လှစွာသောမားမားဒမ်ဒမ် ..ညမတော်မိစံ .. မြတ်မွန်.. လမင်း ..အီးကု ..ကိုကိုးအိမ်...သကြားလုံး..သူကြီး..မကြီးချော..မကြီးမြသွေး..အမနတ်သမီး
ဂျက်စ်နဲ့ကိုလွင်ပြင်..တီတင့်.. မောင်မောင်..မိုးသက်..ကိုဏီလင်းညို ..ကိုညီလင်းသစ်...မကြီးမိုးငွေ့
မကြီးချစ်ကြည်အေး...မကြီးအလွမ်းမြို့လေး.. အထွန်း (စန်းထွန်း)
အိန်ဂျယ်...ရင်ဆူး..ကိုလတ်..မျှစ်..မမကွန်.. မောင်ဘုန်း..ကိုမင်းဧရာ..မကြီးရွှေစင်ဦး..ကိုဆိုဆီ..အလင်းသစ်
မောင်တလုံး.. ဘုန်းဘုန်းတောက်..ဆရာဟန်ကြည် ( ဆရာကတော့ပျောက်နေတာကြာလှပြီ)
... တခြားသူတွေလည်းရှိဦးမယ်..ကျမ ကဒီလောက်တက်ဂ်လိုက်တာပါ ကျန်ခဲ့ရင်လည်း
ကျမကိုခွင့်လွှတ်ပါ ..ကျမဆိုက်ဘားမှာ လောလောဆယ် Active ဖြစ်နေတဲ့သူတွေကိုဘဲ Tag လိုက်တာပါ
ကျမရဲ့ facebook ထဲက ဘော်ဒါတစ်စု ဆိုပါတော့.. :P
2012 ကိုRock လိုဘဲဖြစ်ဖြစ် Hiphop လိုဘဲဖြစ်ဖြစ် ပေါက်ကွဲလိုက်ကြစမ်းပါ...
အားလုံးရဲ့ ပေါက်ကွဲသံစဉ်ကိုဖတ်ချင်ပါတယ် ....
အဆင်ပြေရင် လက်ခုပ်သံလေးကြားချင်ပါတယ် :P
ပစ်ပစ်
AM 3:10
23.12.2012
ကျမအရမ်းအိပ်ချင်နေတာတောင် ဒီပိုစ့်ကို ပြီးအောင် ရေးသွားတယ်နော်...
အားလုံးရဲ့ 2012 ကိုလည်း ဖတ်ချင်တယ်ရှင် ...
အခုလောလောဆယ် ပစ်ပစ်ကတော့ ပိန်ပိန်လေး ဖြစ်နေတယ်ရှင်..
ကျမအလုပ်ကိုတော်တော်စိတ်ပျက်နေတယ်..တခါမှအခုလိုစိတ်ကုန်တာမျိုးမဖြစ်မိသေးဘူး...
ဟူးးးးးးးးးးးးးး မနက်ဖန်တွေ ကို ရင်ဆိုင်ဖို့ အားမွေးနေတယ်ရှင် ..Bye Bye လို့မနှုတ်ဆက်နိုင်ခင်အထိပေါ့

20 comments:
z လမ်းက စပီ... :'(
တဂ်ပေးလို့ကျေးဇူးတင်ပါအိ..
ကျန်းမာချမ်းသာပါစေ.
မောင်ငယ်
ငမိုး
လုပ်ငန်းခွင်မှာကတော့ စိတ်ညစ်စိတ်ပျက်ရတာတွေက လူတိုင်းကြုံတွေ့နေရ
တာပါပဲ ပစ်ပစ်ရာ...၊တစ်ခါတစ်လေကျ သူများဝန်ထမ်းဘဝကို စိတ်ကုန်လာမိ
တယ်..၊မြန်မာပြည်ပြန်ပြီး ဆိုက်ကားပဲနင်းချင်လာမိ.....။ဒါပေမယ့် မဖြစ်နိုင်ဘူး
မဟုတ်လား....၊နေ့စဉ်ကြုံတွေ့နေရတဲ့ လုပ်ငန်းခွင်ပြဿနာတွေ၊အခက်အခဲတွေ
ကို အောင်မြင်စွာကျော်ဖြတ်၊ရင်ဆိုင်နိုင်တာကိုက ကိုယ့်ရဲ့အောင်မြင်မှု ပါပဲ ပစ်
ပစ်ရေ....၊အားတင်းထား....၊ဖိုက်တင်း.....ဖိုက်တင်း.....။တဂ်တဲ့အတွက်လည်း
ကျေးကျေး.....။
အိမ်း အိမ်း ရေးမယ် မမပစ်ရေ ဒီကလည်းရင်ဖွင့်မယ်
2013မှာ ပစ်ပစ် အသစ်ဖြစ်ပါစေ
Alwanmyo Lay
ပစ်ပစ်ရေ...Tag လိုက်ပြီဆိုတော့လည်း မကြီးဘက်က
ကြိုးစားရတော့တာပေါ့။ ခုလို သတိတရနဲ့ Tag လိုက်တာဘဲ
ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ပစ်ပစ်ရဲ့ မိတ်ဆွေနေရာ
ရခွင့်ရသွားလို့ပေါ့။ မကြာမှီလာမည်မျှော်....
ဆရာချစ်ဦးညိုဟောပြောခဲ့သလို ...ရေးတတ်သလိုရေးမည်...အဟဲ
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ ညီမလေးရေ။။။
ခင်မင်တဲ့
မကြီးလွမ်း
2013'll be ur year my chit sone :-) be happy n healthy !!!
နာရေးပေးမယ်နော်.. လောလောဆယ် သိပ်မအားသေးလို့နော်..
တဂ်တဲ့အတွက်ကျေးဇူးပါ.
မျှစ်
သတိတရနဲ့တဂ်တဲ့ပစ်ပစ်ကိုကျေးဇူးတင်ပါတယ်...။ ဒီခေါင်းစဉ်လေးက ပို့စ်ရေးလို့ကောင်းမယ့်ခေါင်းစဉ်လေးပါ...။ တကယ်တော့ နောက်ပြန်လှည့်ကြည့်မိတဲ့ ကိုယ့်နောက်ကြောင်းဟာ ပြန်ပြောစရာမကောင်းတဲ့ အကြောင်းအရာတွေများနေမယ်ဆိုရင်တော့ ဒဏ်ရာဟောင်းကိုစွပြီး ပြန်မရေးပြသင့်တော့ပါဘူး...။ အမှတ်တရတွေအများကြီးနဲ့ ကောင်းခြင်းတွေနဲ့ပြည့်နှက်နေသူတွေဆိုတာ ရှာမှရှားပါ..။ လောကကြီးက အကောင်းအဆိုးဒွန်တွဲနေတာမဟုတ်လား..။ ကဲ ကျန်တဲ့အတဂ်ခံတဲ့သူတွေကို ဘယ်လိုရေးကြမလဲ စောင့်ဖတ်ဦးမှပါ..။
ဘုရားတရားပိုလုပ်ဖြစ်တယ်ဆိုတော့ ဒါအရမ်းကောင်းတဲ့ ၂၀၁၂ ပေါ့ :D
ပြီခဲ့တာတွေကိုမေ့ထားလိုက်ပြီနှစ်သစ်မှာ ကံကောင်းခြင်းတွေရောက်လာပါစေဟာ..
၂၀၁၂နှစ်က ဘလော့ဂါတွေအတွက် Facebookနှစ်ဆိုတာ တွေ့တော့ မှန်လိုက်တာလို့တောင် အသံထွက်မိတယ်။ ဒန်ပေါက်တွေ အရမ်းစားမနေနဲ့ဦး... သွေးတွေ တိုးနေမှ ပစ်ပစ်ရေ..
၂၀၁၂ ခုနှစ်က အဆင်မပြေမှုမျိုး ၂၀၁၃ မှာ မတွေ့ပါစေနဲ့..
၂၀၁၂ ခုနှစ်မှာ အဆင်ပြေခဲ့သမျှ ၂၀၁၃ မှာ ဆထက်တိုးအဆင်ပြေပါစေ...
စိတ်သွားတိုင်းကိုယ်ပါ အောင်မြင်ထမြောက်ပါစေ ညီမရေ...
Tag တာလေးကိုတော့ နှစ်မကုန်ခင် အာရုံတွေစုစည်းရေးဖို့ ကြိုးစားပါ့မယ်နော်။ မရေးဖြစ်ရင်တော့ မနှစ်က ပစ်ပစ် Tagတဲ့ ခရစ်စမတ်ပို့စ်လေးသာ http://www.myathwayni.com/?p=3763 မှာ သွားဖတ်နော်.. :)
သတိတရ တဂ်လို့ကျေးဇူးအထူးပါ။အချိန်ရတာနဲ့ရေးပေးပါ့မယ် နှစ်သစ်မှာ မျှော်လင့်ချက်အသစ်တွေနဲ့ ပျော်ရွှင်ပါစေနော် ။
ပစ်ပစ်ရေ
အားတာနဲ့ချက်ချင်းရေးလိုက်ပါ့မယ်နော်
ခုတလောအလုပ်ရှုပ်နေလို့အရောက်နောက်ကျနေတာ နားလည်ပေးပါလို့
တဂ်ပို့စ်လေး ရေးပေးမယ် ပစ်ပစ်ရေ
အမှန်တွေချည်း ရေးသွားတာမို့ 'ဖြောင်း ဖြောင်း ဖြောင်း' လက်ခုပ်သြဘာပေးသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သတိတရ တဂ်တယ့်အတွက် ကျေးဇူး ပစ်ပစ်ရေ..အချိန်ရရင် ရေးမယ်နော်..ပျော်ရွှင်စရာ ၂၀၁၃ နှစ်သစ် ဖြစ်ပါစေ..
၂၀၁၂ မှာ ၀က်မလေးက တော်တော် တွေ့ကြုံခဲ့တာဘဲ။ သူကြီးမင်းတို့ကတော့ တစ်နှစ်ဘယ်လို ကုန်သွားမှန်းလဲ မသိ။
ဘာတွေ ဖြစ်ခဲ့မှန်းလဲ မမှတ်မိ။
စိတ်လဲ ချမ်းသာလိုက် ဖိစီးလိုက်နဲ့ နေလို့ကောင်းသား။း)
တဂ်ထားပြီဆိုမှတော့ ကြုံသလိုတော့ ရေးကြည့်လိုက်ပါဦးမယ်။
လာလည်သွားပါတယ် အစ်မပစ်ပစ်
နှစ်မကုန်ခင်ရေးဖြစ်မယ် ထင်ပါရဲ့ ပစ်ပစ်ရေ
အစ်မလည်း အလုပ်က အရင်ထက်ပိုများလာတာရော ပစ်ပစ်ရေးသလို FBမှာ ပိုနေဖြစ်တာရောကြောင့် စာတွေ ပုံမှန်မရေးနိုင် မရေးအား ဖြစ်နေရတယ်။
ဒီနှစ်မှာ စာရေးတော်တော်ကျဲသွားခဲ့ရတယ်
နှစ်ကုန်ဖို့တော့ ၂ရက်လောက်လိုသေးတော့ ရေးဖြစ်မယ် လို့ ထင်ပါတယ်
တကယ်လို့ အချိန်မမီလိုက်လို့ မရေးဖြစ်ရင်လဲ စိတ်မဆိုးဘူးမဟုတ်လားနော်.
ရေးပေးမယ်နော် ညီမလေး..
ငါ့နှမ ပစ်ပစ်ရေ....
သည်ပိုစ့်ကို အကိုဖတ်တာ ဒါနဲ့ဆို နှစ်ကြိမ်ပေါ့
အရင်တစ်ခေါက်ဖတ်ပြီးကတည်းက ကွန်မင့် ရေးမလို့ပါ သို့ပေသိ အကြောင်း ကြောင်းတွေကြောင့်ဆိုပါတော့ ။
ကိုယ့်ကိုတဂ်ထားပေမယ့်လို့ မရေးခဲ့နိုင်ဘူး ၂၀၁၂ ထဲမှာ ပထမ ဦးဆုံးတဂ် ပိုစ့်လို့တောင် ပြောလို့ရတယ် ဘာလို့လဲဆိုတော့ သည်နှစ်ထဲမှာ မတဂ်ခဲ့ကြဘူးလေ အဲဒါကြောင့် ပစ်ပစ် တဂ်လိုက်တဲ့ အချိန်မှာ သိပ်ကိုရေးချင်မိတာ ရေးစရာတွေကလည်း များသကိုး ရေးတော့မယ်လို့ ကြံလိုက်ပြန်တော့ ပစ်ပစ်ပြောခဲ့သလို လူမှု့ရေး ဘာအရေး ညာအရေးတွေနဲ့ လုံးထွေးသွားမယ်ဆိုတာ သိနေပြန်တာကြောင့် (ဆိုလိုရင်းက ကြိုးကိုမစင်သုတ် ရမ်းသလို )ဖြစ်မှာဆိုးတဲ့အတွက် မရေးခဲ့ မရေးလိုက်တာပါ ငါ့နှမရေ....နားလည်နိုင်ပါစေဗျာ။
အရှုတ်တွေ လုပ်နေသူ
( မင်းဧရာ )
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..