22 December 2010

မနက်ဖန်တိုင်းကို...

Posted by blackroze at Wednesday, December 22, 2010 21 comments
ခါးသက်သက်အရိပ်တွေကနေလွတ်အောင်...
လျှောက်နေရင်းနဲ့..ဘဝကတဖြည်းဖြည်း..
အေးစက်ခါးသက်လာပြန်တယ်....
ပျော်ရွှင်မှု့ဆိုတာလိုက်ရှာနေရင်းနဲ့
တယောက်တည်းတဖြည်းဖြည်းအထီးကျန်လာတယ်...
နွေးထွေးမှု့နောက်လိုက်ရင်းနဲ့
တိတ်ဆိတ်ခြင်းတွေနဲ့နေသားကျလာတယ်..
တခါတခါကိုယ့်ကိုကိုယ်ပြန်မေးမိတယ်..
ငါဘယ်ရောက်နေလဲ..လို့

အိမ်မက်လိုလို..ပျော်စရာလေးတွေဆုပ်ကိုင်ရင်းနဲ့
တညပြီးတည..ဖြတ်သန်းလို့
မနက်တွေကိုမေ့ထားမိတယ်...
တခါတခါညရောက်ချင်လွန်းလို့..
နေ့တွေတောင်မရှိစေချင်တော့ဘူးလေ...
အိမ်မက်ဆိုတာနိုးလာတဲ့အချိန်မှာ
မရှိတော့ဘူးဆိုတာသေချာနေပေမဲ့...
အိမ်မက်တွေကိုမနိုးတမ်းမက်ဖို့လည်း
သတ္တိမရှိပြန်ဘူး.....
ငါ...ဘာကိုကြောက်နေရတာလဲ....

ဘဝရဲ့လိုအပ်ချက်ကဘာလဲ
သေချာမသိသလိုလို..သိသလိုလိုနဲ့
ဖြတ်သန်းလာတာ..မှတ်တိုင်ပေါင်းတောင်
မနည်းတော့ဘူးလေ...
မရင့်ကျက်သေးဘူးလား...ခံစားလွယ်နေတုန်းဘဲလား
ဒီအရွယ်မှာဘာတွေပိုင်ဆိုင်နေသင့်သလဲ...
ငွေလား...ရွှေတွေလား...နိုင်ငံခြားပိုက်ဆံတွေလား..
တိုက်တွေလား...ကားလား...မိသားစုဘဝလေးတခုလား
နွေးထွေးမှု့ပေးမဲ့ရင်ခွင်တခုလား..ချစ်စရာကောင်းတဲ့ Baby လေးတွေလား
တခါတခါကိုယ့်ဘာသာပြန်မေးမိပြန်တယ်...
ငါ..ဘာကိုလိုအပ်နေတာလဲ....

အချစ်နဲ့ပတ်သက်လာရင်လူတိုင်းကခံစားလွယ်တယ်ဆိုဘဲ
ဒီအချစ်ဆိုတာကြီးကြောင့်ဘဲခံစားလာရတာအရမ်းများနေပြီ
နှလုံးသားကစကားပြောတတ်၇င်ပြောလိမ့်မယ်...
ထပ်မချစ်ပါနဲ့တော့လားဆိုပြီးတော့...လေ
မျက်လုံးတွေကလည်းပြောလိမ့်မယ်...
ထပ်မငိုပါရစေနဲ့တော့ဆိုပြီးပေါ့..
တခါတခါပြန်မေးမိပြန်တယ်..
ငါ့..ခံစားချက်တွေအရမ်းများနေပြန်ပြီလား....

ကြယ်ကြွေတာမြင်ရင်ဆုတောင်းပါတဲ့...
အဲဒီဆုတောင်းပြည့်လိမ့်မယ်တဲ့...
ငယ်ငယ်ကခဏခဏဆုတောင်းခဲ့ဖူးတယ်...
တခါတလေ..မျက်ရည်တောင်ကျလို့ပေါ့
ရိုးရိုးဆုတောင်းတာနဲ့စာရင်မျက်ရည်ကျပြီး
ဆုတောင်းတော့ဘုရားကများသနားပြီး..
ဆုတောင်းတွေပြည့်စေမယ်ထင်လို့...
ထင်သလိုဖြစ်မလာတဲ့အခါ.........
ဆုတောင်းခြင်းဆိုတာတွေကို..စွန့်လွှတ်လိုက်တယ်..
ဘယ်တော့မှဆုမတောင်းတော့ဘူး...
မတောင်းဘဲပြည့်လာမဲ့ဆုမျိုးဘဲလိုချင်မိတော့တယ်....
ကိုယ့်ဘာသာပြန်မေးမိပြန်တယ်...
ငါ..အတ္တများကြီးနေပြီလား...

သီချင်းတွေနားထောင်ရင်းနဲ့ဆောင်းဦးလှိုင်ရဲ့
သူငယ်ချင်းများ...ဆိုတဲ့သီချင်းနားထောင်မိရင်
" ဒီသီချင်းနားထောင်မိတာနဲ့နယ်မြို့ကလေး(ဘားအံ)မှာကျန်ခဲ့တဲ့
သူငယ်ချင်းတွေကိုအရမ်းပြန်သတိရမိတယ်လို့"
ပြောဖူးတဲ့...သူကိုစူးစူးနစ်နစ်သတိရမိတယ်
တခါတလေရင်ဘတ်ထဲကတောင်အောင့်လာသလိုလိုဘဲ....
တယောက်တနေရာမဆုံနိုင်အောင်
ဝေးသွားလည်းဖြူစင်စွာနဲ့ချစ်နေမယ်လို့ပြောခဲ့ဖူးတဲ့
ကတိတွေ...ကိုပြန်သတိရမိတယ်...
မျက်ရည်ကျခဲ့တဲ့ညတွေ...ပြုံးရီခဲ့တဲ့ညတွေ...
ဖြစ်စေချင်တဲ့ဆန္ဒတွေကိုမမောတမ်းမှာခဲ့ရတဲ့ညတွေ..
အချိန်တွေကြာလာပေမဲ့လည်း...ဟောင်းမသွားသေးပါလား
အဲလိုအခါမျိုးဆိုကိုယ့်ဘာသာပြန်မေးမိပြန်တယ်..
ငါ့ရင်ဘတ်တွေအောင့်နေလားမသိဘူးလို့....

မိုးတွေအရမ်းရွာနေတဲ့အခါ..မိုးရေထဲထီးတချောင်းနဲ့
အလုပ်သွားရတဲ့အခါ...
ဆောင်းတွင်းဘက်အရမ်းချမ်းနေတဲ့အခါ...
အနွေးထည်တင်းတင်းဆွဲစေ့လို့
လက်နှစ်ဘက်ကိုအနွေးထည်အိတ်ထဲထည့်လို့
အလုပ်သွားရတဲ့အခါ..နေမကောင်းဖြစ်နေပေမဲ့လည်း
အားတင်းပြီးအလုပ်သွား၇တဲ့အခါ....
ကိုယ့်ဘာသာကြည့်ပြီးပြန်မေးမိပြန်တယ်..
ငါ..ဘာအတွက်ငွေရှာနေရတာလဲလို့.....


ီဒီလိုနဲ့ဘဲနေ့တွေရက်တွေဖြတ်သန်းရင်း..နေ့တွေညတွေဖြတ်သန်းရင်းနဲ့
စိတ်တိုင်းမကျတာတွေကိုထွေးပိုက်ရင်းနဲ့...
အားငယ်တလှည့်..စိတ်ပျက်တလှည့်..ပျော်တလှည့်ငိုတလှည့်နဲ့
လျှောက်လှမ်းခဲ့တဲ့ခရီးလည်းမိုင်တွေမနည်းတော့ဘူး...
အမှတ်တရတွေသိမ်းဆည်းထားမိတဲ့...စာမျက်နှာပေါင်းလဲမနည်းတော့ဘူး
ရင်ထဲမှာရခဲ့တဲ့ဒဏ်ရာတွေလည်းမနည်းတော့ဘူး...
တဖြည်းဖြည်းအေးစက်လာတဲ့ညတွေ..တိတ်ဆိတ်လာတဲ့ညတွေမှာတယောက်တည်း
ရှင်သန်နေထိုင်ရင်းနဲ့...ခါးသက်သက်ခံစားမှု့တွေကိုဘဲခံစားနေရင်းနဲ့
မှုန်ဝါးဝါးအလင်းရောင်တခုတလေများတွေ့လေမလား...
ခပ်နွေးနွေးလက်လေးတဘက်များတွေ့လေမလား
တီးတိုးစကားသံလေးများကြားလေမလား...
မေးခွန်းပေါင်းများစွာ...ကိုယ့်ဘာသာပြန်မေးလိုက်မိတယ်...
ငါ..ဘာဖြစ်နေတာလဲ...
ငါဘာအတွက်ရှင်သန်နေတာလဲ
ငါအခုလုပ်နေတာတွေကဘယ်သူ့အတွက်လဲ
ငါ..ဘာအတွက်ခံစားနေမိတာလဲ...
မဆုံးနိုင်တဲ့မေးခွန်းတွေ..အထပ်ထပ်အခါခါ..ပြန်မေးရင်းနဲ့
မနက်ဖန်တိုင်းကိုမဲ့ပြုံးပြုံးရင်းနဲ့..စိန်ခေါ်ပစ်လိုက်တယ်...

blackroze..
22.12.2010 AM 3:32
 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei