22 December 2010

မနက်ဖန်တိုင်းကို...

Posted by blackroze at Wednesday, December 22, 2010
ခါးသက်သက်အရိပ်တွေကနေလွတ်အောင်...
လျှောက်နေရင်းနဲ့..ဘဝကတဖြည်းဖြည်း..
အေးစက်ခါးသက်လာပြန်တယ်....
ပျော်ရွှင်မှု့ဆိုတာလိုက်ရှာနေရင်းနဲ့
တယောက်တည်းတဖြည်းဖြည်းအထီးကျန်လာတယ်...
နွေးထွေးမှု့နောက်လိုက်ရင်းနဲ့
တိတ်ဆိတ်ခြင်းတွေနဲ့နေသားကျလာတယ်..
တခါတခါကိုယ့်ကိုကိုယ်ပြန်မေးမိတယ်..
ငါဘယ်ရောက်နေလဲ..လို့

အိမ်မက်လိုလို..ပျော်စရာလေးတွေဆုပ်ကိုင်ရင်းနဲ့
တညပြီးတည..ဖြတ်သန်းလို့
မနက်တွေကိုမေ့ထားမိတယ်...
တခါတခါညရောက်ချင်လွန်းလို့..
နေ့တွေတောင်မရှိစေချင်တော့ဘူးလေ...
အိမ်မက်ဆိုတာနိုးလာတဲ့အချိန်မှာ
မရှိတော့ဘူးဆိုတာသေချာနေပေမဲ့...
အိမ်မက်တွေကိုမနိုးတမ်းမက်ဖို့လည်း
သတ္တိမရှိပြန်ဘူး.....
ငါ...ဘာကိုကြောက်နေရတာလဲ....

ဘဝရဲ့လိုအပ်ချက်ကဘာလဲ
သေချာမသိသလိုလို..သိသလိုလိုနဲ့
ဖြတ်သန်းလာတာ..မှတ်တိုင်ပေါင်းတောင်
မနည်းတော့ဘူးလေ...
မရင့်ကျက်သေးဘူးလား...ခံစားလွယ်နေတုန်းဘဲလား
ဒီအရွယ်မှာဘာတွေပိုင်ဆိုင်နေသင့်သလဲ...
ငွေလား...ရွှေတွေလား...နိုင်ငံခြားပိုက်ဆံတွေလား..
တိုက်တွေလား...ကားလား...မိသားစုဘဝလေးတခုလား
နွေးထွေးမှု့ပေးမဲ့ရင်ခွင်တခုလား..ချစ်စရာကောင်းတဲ့ Baby လေးတွေလား
တခါတခါကိုယ့်ဘာသာပြန်မေးမိပြန်တယ်...
ငါ..ဘာကိုလိုအပ်နေတာလဲ....

အချစ်နဲ့ပတ်သက်လာရင်လူတိုင်းကခံစားလွယ်တယ်ဆိုဘဲ
ဒီအချစ်ဆိုတာကြီးကြောင့်ဘဲခံစားလာရတာအရမ်းများနေပြီ
နှလုံးသားကစကားပြောတတ်၇င်ပြောလိမ့်မယ်...
ထပ်မချစ်ပါနဲ့တော့လားဆိုပြီးတော့...လေ
မျက်လုံးတွေကလည်းပြောလိမ့်မယ်...
ထပ်မငိုပါရစေနဲ့တော့ဆိုပြီးပေါ့..
တခါတခါပြန်မေးမိပြန်တယ်..
ငါ့..ခံစားချက်တွေအရမ်းများနေပြန်ပြီလား....

ကြယ်ကြွေတာမြင်ရင်ဆုတောင်းပါတဲ့...
အဲဒီဆုတောင်းပြည့်လိမ့်မယ်တဲ့...
ငယ်ငယ်ကခဏခဏဆုတောင်းခဲ့ဖူးတယ်...
တခါတလေ..မျက်ရည်တောင်ကျလို့ပေါ့
ရိုးရိုးဆုတောင်းတာနဲ့စာရင်မျက်ရည်ကျပြီး
ဆုတောင်းတော့ဘုရားကများသနားပြီး..
ဆုတောင်းတွေပြည့်စေမယ်ထင်လို့...
ထင်သလိုဖြစ်မလာတဲ့အခါ.........
ဆုတောင်းခြင်းဆိုတာတွေကို..စွန့်လွှတ်လိုက်တယ်..
ဘယ်တော့မှဆုမတောင်းတော့ဘူး...
မတောင်းဘဲပြည့်လာမဲ့ဆုမျိုးဘဲလိုချင်မိတော့တယ်....
ကိုယ့်ဘာသာပြန်မေးမိပြန်တယ်...
ငါ..အတ္တများကြီးနေပြီလား...

သီချင်းတွေနားထောင်ရင်းနဲ့ဆောင်းဦးလှိုင်ရဲ့
သူငယ်ချင်းများ...ဆိုတဲ့သီချင်းနားထောင်မိရင်
" ဒီသီချင်းနားထောင်မိတာနဲ့နယ်မြို့ကလေး(ဘားအံ)မှာကျန်ခဲ့တဲ့
သူငယ်ချင်းတွေကိုအရမ်းပြန်သတိရမိတယ်လို့"
ပြောဖူးတဲ့...သူကိုစူးစူးနစ်နစ်သတိရမိတယ်
တခါတလေရင်ဘတ်ထဲကတောင်အောင့်လာသလိုလိုဘဲ....
တယောက်တနေရာမဆုံနိုင်အောင်
ဝေးသွားလည်းဖြူစင်စွာနဲ့ချစ်နေမယ်လို့ပြောခဲ့ဖူးတဲ့
ကတိတွေ...ကိုပြန်သတိရမိတယ်...
မျက်ရည်ကျခဲ့တဲ့ညတွေ...ပြုံးရီခဲ့တဲ့ညတွေ...
ဖြစ်စေချင်တဲ့ဆန္ဒတွေကိုမမောတမ်းမှာခဲ့ရတဲ့ညတွေ..
အချိန်တွေကြာလာပေမဲ့လည်း...ဟောင်းမသွားသေးပါလား
အဲလိုအခါမျိုးဆိုကိုယ့်ဘာသာပြန်မေးမိပြန်တယ်..
ငါ့ရင်ဘတ်တွေအောင့်နေလားမသိဘူးလို့....

မိုးတွေအရမ်းရွာနေတဲ့အခါ..မိုးရေထဲထီးတချောင်းနဲ့
အလုပ်သွားရတဲ့အခါ...
ဆောင်းတွင်းဘက်အရမ်းချမ်းနေတဲ့အခါ...
အနွေးထည်တင်းတင်းဆွဲစေ့လို့
လက်နှစ်ဘက်ကိုအနွေးထည်အိတ်ထဲထည့်လို့
အလုပ်သွားရတဲ့အခါ..နေမကောင်းဖြစ်နေပေမဲ့လည်း
အားတင်းပြီးအလုပ်သွား၇တဲ့အခါ....
ကိုယ့်ဘာသာကြည့်ပြီးပြန်မေးမိပြန်တယ်..
ငါ..ဘာအတွက်ငွေရှာနေရတာလဲလို့.....


ီဒီလိုနဲ့ဘဲနေ့တွေရက်တွေဖြတ်သန်းရင်း..နေ့တွေညတွေဖြတ်သန်းရင်းနဲ့
စိတ်တိုင်းမကျတာတွေကိုထွေးပိုက်ရင်းနဲ့...
အားငယ်တလှည့်..စိတ်ပျက်တလှည့်..ပျော်တလှည့်ငိုတလှည့်နဲ့
လျှောက်လှမ်းခဲ့တဲ့ခရီးလည်းမိုင်တွေမနည်းတော့ဘူး...
အမှတ်တရတွေသိမ်းဆည်းထားမိတဲ့...စာမျက်နှာပေါင်းလဲမနည်းတော့ဘူး
ရင်ထဲမှာရခဲ့တဲ့ဒဏ်ရာတွေလည်းမနည်းတော့ဘူး...
တဖြည်းဖြည်းအေးစက်လာတဲ့ညတွေ..တိတ်ဆိတ်လာတဲ့ညတွေမှာတယောက်တည်း
ရှင်သန်နေထိုင်ရင်းနဲ့...ခါးသက်သက်ခံစားမှု့တွေကိုဘဲခံစားနေရင်းနဲ့
မှုန်ဝါးဝါးအလင်းရောင်တခုတလေများတွေ့လေမလား...
ခပ်နွေးနွေးလက်လေးတဘက်များတွေ့လေမလား
တီးတိုးစကားသံလေးများကြားလေမလား...
မေးခွန်းပေါင်းများစွာ...ကိုယ့်ဘာသာပြန်မေးလိုက်မိတယ်...
ငါ..ဘာဖြစ်နေတာလဲ...
ငါဘာအတွက်ရှင်သန်နေတာလဲ
ငါအခုလုပ်နေတာတွေကဘယ်သူ့အတွက်လဲ
ငါ..ဘာအတွက်ခံစားနေမိတာလဲ...
မဆုံးနိုင်တဲ့မေးခွန်းတွေ..အထပ်ထပ်အခါခါ..ပြန်မေးရင်းနဲ့
မနက်ဖန်တိုင်းကိုမဲ့ပြုံးပြုံးရင်းနဲ့..စိန်ခေါ်ပစ်လိုက်တယ်...

blackroze..
22.12.2010 AM 3:32

21 comments:

အုပ်ကြီး on 22 December 2010 at 12:03 said...

ဘဝဆိုတာ အင်တာနက်ကွန်နက်ရှင်လို ..
ပေါ်တစ်ခါ ပျောက်တစ်လှည့် ....
အလွမ်းတွေကတော့ လက်လှမ်းမှီသလောက်
လျှောက်ပြေးသွားနေတာပဲလေ ....

နေ၀သန် on 22 December 2010 at 12:44 said...

တရားစာအုပ်ဖတ်ပါလို့ အကြံပေးလိုပါတယ်.. တခါတခါ ဒီလိုတွေ တွေးနေမိတတ်တယ်...း)))

ခင်မင်တဲ့
နေ၀သန်

ညိမ်းနိုင် on 22 December 2010 at 22:42 said...

အင်းးးကျွန်တော်လည်း မကြာခဏတွေးမိတယ်.....။ဒီလိုပါပဲဗျာ....ဘဝ ဆိုတာ
ကြီးက....။

မေပယ်လ် on 23 December 2010 at 00:04 said...

ဘားအံကို သတိရပြန်ပြီလား
မမရေ အရိပ်ခရီးလွန်နေတယ်နော် ရောက်တဲ့နေရာက လာခဲ့တယ်

ဆွေလေးမွန် said...

တစ်ယောက်တည်းအားတင်း
တစ်ယောက်တည်းနေပြီး
တစ်ယောက်တည်းရင်ဆိုင်ရတဲ့အခါ
.....
ငါ..ဘာဖြစ်နေတာလဲ...
ငါဘာအတွက်ရှင်သန်နေတာလဲ
ငါအခုလုပ်နေတာတွေကဘယ်သူ့အတွက်လဲ
ငါ..ဘာအတွက်ခံစားနေမိတာလဲ...
-----
အဲဒီလိုနဲ့ပဲ နေ့တစ်ရက်ကို ကျော်ဖြတ်သွားပြန်တယ်လေ...
ဘာပဲဖြစ်ဖြစ် ဒီလိုပဲ ဘ၀တူတွေရှိနေသေးတယ်လို့ တွေးရင်းအားတင်းပါ
သူငယ်ချင်း...

Anonymous said...

အဓိပ္ပာယ်ပြည့်ဝတဲ့ ကဗျာရှည်လေးတစ်ပုဒ်ပါဘဲရို့ စ်ရေ

ဘဝရဲ့လိုအပ်ချက်ကဘာလဲ
သေချာမသိသလိုလို..သိသလိုလိုနဲ့
ဖြတ်သန်းလာတာ..မှတ်တိုင်ပေါင်းတောင်
မနည်းတော့ဘူးလေ...

အဲဒါလေးကတော့ အမှန်ဆုံးဘဲ :D

ခင်မင်လျက် မိုးစက်အိမ်

လသာည on 23 December 2010 at 09:35 said...

ညလေး...
အတွေးစာသားလေးတွေနဲ့ ကဗျာလေးကို သဘောကျသွားတယ်
အောက်ဆုံးက စာသားလေးကို အကြိုက်ဆုံး..
မနက်ဖြန်ကို စိန်ခေါ်မယ်တဲ့လား..☆။
Good luck..!

အဖြူရောင်နတ်သမီး on 23 December 2010 at 21:53 said...

ဒီလိုနဲ့ပဲ...
တရက်ပြီး တရက်..
အချိန်တွေကို ဖြတ်ကျော်ရင်း...

မြစ်ကျိုးအင်း on 24 December 2010 at 05:10 said...

ရည်ရွယ်သလို မဖြစ်လာပေမယ့် နေ့သစ်တိုင်းအတွက် အားအင်တော့ ရှိနေမှဖြစ်မယ်။ မလိုချင် မကြုံချင်လည်း စိန်ခေါ်ရင်ဆိုင်ရမှာပဲ မဟုတ်လား။

demonhalo on 24 December 2010 at 06:44 said...

သူတောင်သိသေးမှ တော့ .သားလဲ သိသေးဝူးနော် . :P

ချော(အစိမ်းရောင်လွင်ပြင်) on 24 December 2010 at 07:45 said...

ညီမလေး
စိတ်ပျော်ရွှင်မဲ့အတွေးတွေနဲ့ လောကကြီးကို စိန်ခေါ်နိုင်ပါစေ..
ကျန်းမာရေးလည်း ဂရုစိုက်ဦး...
ခရစ္စမတ်နဲ့ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်..

Bravo on 26 December 2010 at 14:24 said...

မိုးတွေအရမ်းရွာနေတဲ့အခါ..မိုးရေထဲထီးတချောင်းနဲ့
အလုပ်သွားရတဲ့အခါ...
ဆောင်းတွင်းဘက်အရမ်းချမ်းနေတဲ့အခါ...
အနွေးထည်တင်းတင်းဆွဲစေ့လို့
လက်နှစ်ဘက်ကိုအနွေးထည်အိတ်ထဲထည့်လို့
အလုပ်သွားရတဲ့အခါ..နေမကောင်းဖြစ်နေပေမဲ့လည်း
အားတင်းပြီးအလုပ်သွား၇တဲ့အခါ....



ဘာလိုနေသလဲ ဆိုတော့
ခံယူချက်အပေါ်မှာပဲ မူတည်ပါသည်

ပေါ့ဆိမ့် on 26 December 2010 at 22:00 said...

အင်း... ဒီလိုပါပဲ လူတိုင်းဒီလို ပုံစံလေးတွေ ခံစားတတ်ကြပါတယ်။ ကိုယ်လက်ရှိ ဖွဲ့စည်းပုံပေါ်မူတည်ပြီး ပုံစံလေး ကွဲသွားတာပဲရှိပါတယ်။ ဘ၀ကို စိတ်က ဦဆောင်နေတာကို သတိထားမိလိုက်ရင် စိတ်လွမ်းမှုဒဏ်က လွတ်ကင်းသွားနိုင်ပါတယ်လေ...
ခင်မင်စွာဖြင့်
ပေါ့ဆိမ့် (ဆင်တဲကဖေး)

စိတ်၏ဖြေရာ on 29 December 2010 at 04:40 said...

အဓိပါယ်ရှိတဲ့မနက်ဖန်ပေါင်းများစွာကိုချစ်တဲ့သူနဲ့အတူ
ကျော်ဖြတ်နိုင်ပါစေညီမရေ။

blackroze said...

ကျေးဇူးတင်ပါ..မရေ...
ဘယ်တော့မှတော့ဆုမတောင်းဖူးဘူး
အမပေးခဲ့တဲ့ဒီဆုလေးတော့ပြည့်ချင်တယ်..

blackcoffee on 3 January 2011 at 21:00 said...

ဘဝဆိုတာ ဒီလိုပါဘဲ သူငယ်ချင်းရေ... ဖြစ်လာသမျှ ကြုံ့ လာသမျှကို အလျင်းသင့်သလို ဖြတ်သန်းနိုင်ရင် အကောင်းဆုံးပေါ့... အတိတ်ကို ပြန်ပြန်သွားတိုင်း နာကျင်ရရင် မေ့ထားနိုင်ရင် အကောင်းဆုံးပေါ့...

ဖိုးကြယ် on 3 January 2011 at 23:09 said...

စိတ်တစ်ခုလုံးကို ချပြထားတဲ့ကဗျာလေး တစ်ပုဒ်ပါပဲ roze ရေ....ကောင်းတယ် အဲဒါကြောင့် နှစ်သက်တယ် :)

ခင်တဲ့(ဖိုးကြယ်)

demonhalo on 21 January 2011 at 21:21 said...

very nice .. ဆက်လက်ရေးပါဦး .

သဒ္ဓါလှိုင်း on 27 January 2011 at 20:38 said...

မနက်ဖန်ပေါင်းများစွာကို အပြုံးနဲ့ရင်ဆိုင်နိုင်မှာပါ.။ ချစ်တဲ့သူနဲ့အတူပေါ့.။
ခင်မင်တဲ့
သဒ္ဓါ

ညလင်းအိမ် on 30 January 2011 at 15:25 said...

သေချာတာတော့ ဘလက် လိုအပ်နေတာ မိသားစုပါဗျာ ...
မိသားစုဆိုတာ နွေးထွေးမှု ပေးနိုင်ဆုံး ရပ်ဝန်းလေး တခုပါပဲ ...
ချစ်သူနဲ့ မနက်ဖြန်များစွာကို ပိုင်ဆိုင်ရခြင်းထက် ချစ်တဲ့သူတွေနဲ့ မနက်ဖြန်များစွာကို ပိုင်ဆိုင် နိုင်ပါစေဗျား ....။

khtoo said...

အစ်မ ရဲ့ ကဗျာတွေက အရမ်းလန်းတယ် ဗျာ...
အရမ်းကောင်းလို့ ကျွန်တော့် ကောင်မလေးကိုပါ မျှဝေပေးလိုက်ပါတယ်...
ဒီ့ထက်ပိုပြီး ရေးနိုင်ပါစေဗျာ...

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei