30 January 2011

.....

Posted by blackroze at Sunday, January 30, 2011

မရေရာတဲ့လောကကြီးထဲ

အရေရာအသချာဆုံးက..

ဘယ်အရာမှမတည်မြဲတာပါဘဲ...

အသက်ပြင်းပြင်းရူနေတတ်တဲ့

နေမင်းတောင်

အခုတလောသက်ပြင်းတွေ

ခဏခဏချနေတယ်...

လေတိုးသံသဲ့သဲ့လေးကြား

တရှပ်ရှပ်နဲ့လွင့်ပါလာတဲ့

သစ်ရွက်ခြောက်တရွက်ရဲ့

ကြွေလွင့်သွားပုံလေးက

သံဝေဂ...ရစရာလေးဘဲ

တယောက်နဲ့တယောက်

လိမ်..ညာ...လှည့်ဖျား..မှ

နေရာကောင်းတစ်ခုရတဲ့

လောကကြီးထဲ

ငါလည်း...

အဖြူရောင်မဟုတ်တော့တာ

တော်တော်ကြာနေပြီ

နေ့တိုင်း..ညတိုင်း

မုသားတွေကိုဝါးမျို

မဟုတ်တန်းတရားတွေဆိုလို့

ဒီစကားလုံးအက်ဆစ်တွေက

ပြန်တိုက်စားနေတာကြာပြီ

အော်...

ရက်တွေ..လတွေ..နှစ်တွေ..

ကုန်တာလည်းမြန်လိုက်တာနော်..

သတိရမိလို့..ကိုယ့်ကိုကိုယ်

ပြန်ငုံကြည့်မိတယ်...

နှလုံးသားကစကာပေါက်ဖြစ်လို့

အရောင်တွေက

ညစ်ထပ်ထပ်နဲ့....

ရွံစရာကောင်းလိုက်တာလား

သနားစရာကောင်းတာလား...

သေသေချာချာတောင်မခွဲခြားနိုင်တော့ဘူး..

ဆက်မကြည့်ရဲတော့လို့

ခပ်မြန်မြန်ဘဲ..မျက်စိမှိတ်ပစ်လိုက်တယ်....။။။။

(30.1.2011..AM 1:38 )

(ကျမဒီကဗျာကို..ခေါင်းစဉ်မစဉ်းစားတတ်ဘူး...

တကယ်လို့စဉ်းစားမိတယ်ဆိုရင်အောက်မှာရေးခဲ့ပေးပါ )

12 comments:

ညိမ်းနိုင် on 30 January 2011 at 09:34 said...

ကဗျာလေးက ကောင်းတယ်...၊အဲ...ခေါင်းစဉ်ကတော့ ပြောတတ်ဘူးဗျ....)
ကျွန်တော်လည်း အဲ့လိုပဲ...၊ရေးပြီး ဘယ်လိုခေါင်းစဉ်တပ်ရမလဲဆိုတာ မစဉ်းစား
တတ်တော့ဘူး....၊တခါတလေ ကြုံရာပေးလိုက်ပလိုက်တော့တယ်....:D

ကြယ်ရောင်မှတ်စု on 30 January 2011 at 11:18 said...

အင်း....စိတ်ရဲ့ကောက်ကြောင်းကဗျာလေးပေါ့....ကောင်းတယ် အရေးအသားတွေက နက်နက်ရေ.... :)

ခင်တဲ့(ဖိုးကြယ်)

ဗညားရှိန် on 30 January 2011 at 11:24 said...

နက်ရေ လာလည်သွားတယ် ကဗျာလေး ဖတ်သွားတယ်း)

ကဗျာလေးက အဓိပါယ်ရိုးရိုးစင်းစင်းလေး ဆိုပေမဲ့ ခေါင်းစဉ်တော်တော် ယူရခက်ပါ့း)

ချော(အစိမ်းရောင်လွင်ပြင်) on 30 January 2011 at 13:01 said...

“စွန်းပေသွားတဲ့ နှလုံးသား” အကြောင်းရေးထားတဲ့ကဗျာလေးပေါ့။
ပျောက်ချက်သားကောင်းလှတယ်.. နေရောကောင်းရဲ့လား။ အားတဲ့ခါ စာတွေရေးပါဦး ညီမလေး
နေကောင်းကျန်းမာ အဆင်ပြေချောမွေ့ပါစေလို့

ခင်တဲ့
မချော

ညလင်းအိမ် on 30 January 2011 at 15:18 said...

ကဗျာက တကယ့်ကို ကောင်းတယ် ...

ဟုတ်တယ်ဗျာ .. တခါလေတော့လည်း မလုပ်သင့်တာတွေကိုလုပ်မိလိုက်ပြီး
လုပ်သင့်တာတွေကို မလုပ်မိလိုက်ဘူး ...
တခုခုနဲ့ တင်းစားရမယ်ဆိုရင်တော့ “မာယာဆန်သော လောက” ပေါ့ ...

nYi ThU E@in on 30 January 2011 at 17:28 said...

စာပြန်ရေးလာလို့ ၀မ်းသာပါတယ်
ပျော်ရွှင်ပါစေ

မြစ်ကျိုးအင်း on 31 January 2011 at 00:06 said...

ဟုန်ပေါင်းရထားတယ်မဟုတ်လား စိတ်ညစ်စရာတွေ ခဏမေ့ထားလေ။

blackroze said...

မရပါဘူးအကိုရာ...ကျားပန်းဆင်းရမယ်...

မိုးစက်အိမ် on 1 February 2011 at 01:50 said...

အင်းကဗျာလေးဖတ်ပြီး ခံစားရတဲ့အတိုင်း ခေါင်းစဉ်လေး
တစ်ခုပေးခဲ့မယ် . . . " အသက်မရှုတဲ့နေ "
ခင်မင်အားပေးလျက် . . .

နေ၀သန် on 2 February 2011 at 12:20 said...

နေမင်း သက်ပြင်းချတာ ဘယ်လိုသိပါလိမ့်... :P... (Jk)

ခင်မင်တဲ့
နေ၀သန်

အဖြူရောင်နတ်သမီး on 2 February 2011 at 17:59 said...

“တယောက်နဲ့တယောက်
လိမ်..ညာ...လှည့်ဖျား..မှ
နေရာကောင်းတစ်ခုရတဲ့
လောကကြီးထဲ
ငါလည်း...
အဖြူရောင်မဟုတ်တော့တာ
တော်တော်ကြာနေပြီ”...

အဲဒီစာသားလေး အရမ်းမှန်တယ် သူငယ်ချင်းရေ...

မြစ်ကျိုးအင်း on 16 February 2011 at 11:30 said...

http://sitecheck.sucuri.net/scanner/
အဲဒီထဲမှာ ကိုယ့်ဘလော့လိပ်စာထည့်ရိုက်ရတယ်။
အနီရောင်တွေပြနေရင် ဝဲဆိုတဲ့ Malware ရှိတယ်ပေါ့။ အဲဒါဆိုရင် ချိတ်ထားတဲ့လင့်တွေဖြုတ်ပြီး လင့်တခုချင်းစီကို http://sitecheck.sucuri.net/scanner/ မှာ စစ်ပြီးမှ ပြန်ချိတ်ရတယ်။
စစ်ပေးကြည့်တာတော့ ဒေါ်ရို့စ်ရဲ့ ဘလော့က ဝဲကင်းတယ်တဲ့။
မကြာမကြာတော့စစ်ပေးပေါ့

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei