07 June 2010

ဘယ်အသင်းဗိုလ်စွဲမလဲ...

Posted by blackroze at Monday, June 07, 2010
ကျမကအားကစားဆိုရင်ငယ်ငယ်ကအားလို့ကစားတဲ့အားကစားကလွဲပြီးကျန်တာဝါသနာမပါပါဘူး...
အဲ....ဒါပေမဲ့ဘောလုံးကိုတော့ဝါသနာပါပါတယ်.....ဝါသနာသာပါတာပါ..ဘောလုံးနဲ့ပတ်သက်တာဘာမှမသိပါဘူး
ဘယ်တောင်ပံညာတောင်ပံတွေလဲမသိပါဘူး(ကြက်တောင်ပံတော့သိပါတယ်)
အနိမ့်ဘော..အမြင့်ဘောတွေလဲမသိပါဘူး..အဲ..တည့်တည့်ဘောတော့သိပါတယ်..
ဂိုးပေါက်ထဲကိုတည့်တည့်ဝင်သွားတဲ့ဘောပါ...ကောင်တာပေါက်တာတွေဘာတွေလဲမသိပါဘူး..
သူများပြောတာတွေသာကြားဖူးနေတာပါ...အဲလိုမျိုးဘောလုံးဗဟုသုတနဲ့ပြည့်စုံတာပါ

worldCupမှာဆိုရင်ကျမအားပေးတဲ့အသင်းက..အီတလီပါ...အဲတုန်းက1994ပေါ့...USA...မှာကျင်းပတဲ့
WorldCup..1994ပါ...မြန်မာ့အသံကနေ...555လား...London..မသိဘူး...စီးကရက်ကုမ္ပဏီ..
တစ်ခုကစပွန်ဆာပေးပြီးပြတာလေ...ဘောလုံးပွဲကိုအဲမှာစကြည့်ဖူးတာဘဲလေ...စစချင်းကြည့်ရတော့...
ဘယ်အသင်းကိုအားပေးရမှန်းမသိဘူးလေ...ဘယ်အသင်းကဘယ်လိုဆိုတာလဲမသိပါဘူး....
အဲတုန်းကကျမတို့အိမ်မှာ..အဖော်လာနေပေးတဲ့မအုန်းဆိုတဲ့..အမကြီးတယောက်ရှိပါတယ်...သူကလဲ
ဘောလုံးပွဲဝါသနာပါ..ပါတယ်..အဲဒီနေ့ကအိုင်ယာလန်နဲ့အီတလီကန်တဲ့နေ့ပါ..ကျမသေချာမှတ်မိပါတယ်..
1994...June..18ရက်ပါ...ဘောလုံးပွဲဆိုတာကိုပထမဆုံးအနေနဲ့တီဗွီကနေစကြည့်ဖူးတဲ့နေ့လေးပါဘဲ...
နှစ်ဘက်ဘောလုံးသမားတွေကွင်းထဲဝင်လာတော့...ကျမတို့ကြည့်နေတဲ့သူတွေကကိုယ်အားပေးမဲ့အသင်းရွေးတာပေါ့
ကျမကအိုင်ယာလန်ရွေးတာပါ...မအုန်းက..."နင်ဟာလေ..အမြင်မစူးရှလိုက်တာ..အီတလီကဘောသမားတွေကမှ
ချောတာဟဲ့.."...ဆိုပြီးပြောပါတယ်..အဲတော့မှသေချာကြည့်မိတယ်..ဟယ်..ဟုတ်သားဘဲ..အီတလီကမှချောတာ
ဆိုပြီး..ချက်ချင်းဘဲအီတလီပြောင်းပြီးအားပေးလိုက်ပါတယ်..အီတလီအသင်းမှာအဲတုန်းက..ဘက်ဂီယို..ပါပါတယ်.
အဲတုန်းကဘယ်သူကနာမည်ကြီးဆိုတာလဲမသိပါဘူး..ဘက်ဂီယိုက..ပိုနီတေးဆံပင်စတိုင်လေးနဲ့ပါ..ကျမမှာအဲဒီ
ဆံပင်ပုံစံနဲ့ဘက်ဂီယိုပုံပါတဲ့တီရှပ်လေးတောင်..အမှတ်တရဝယ်ထားတာခုထိရန်ကုန်အိမ်ကဘီရိုထဲမှာသိမ်းထားဆဲပါ
ဒါပေမဲ့အဲဒီနှစ်မှာအီတလီအသင်း..ဖိုင်နယ်မှာ..ဘရာဇီးကိုရှုံးပြီး...ဒုတိယဘဲရပါတယ်...ဘက်ဂီယိုကန်တဲ့ပင်နယ်တီ
မဝင်ခဲ့တဲ့အတွက်ပါ...ဟာ..ခနဲဖြစ်သွားတဲ့ခံစားချက်နဲ့အတူဝမ်းနည်းခဲ့ရပါတယ်...
နောက်တခါ1998မှာလဲ...အီတလီအသင်းကပြန်သစ်ကိုရှုံးပြန်ပါတယ်...ဒါပေမဲ့အဲဒီအချိန်မှာတော့ကျမကအီတလီအသင်း
ရဲ့အရှုံးအနိုင်မှန်သမျှကိုသတ္တိရှိရှိခံစားရဲတဲ့..အမြဲတမ်းပရိတ်သတ်တယောက်ဖြစ်လို့နေပါပြီ..
နိုင်ငံအသင်းဆိုတာနဲ့..ကျမကအီတလီအသင်းအားပေးနေကြပါဘဲ...
2002ခုမှာလဲ...ကိုးရီးယားကိုရှုံးပြီးကွာတားကနေထွက်ရပြန်ပါတယ်...2006မှာတော့ကျမအားပေးတဲ့အီတလီအသင်း
အောင်မြင်မှု့ရခဲ့ပါတယ်....ဒါပေမဲ့...2006မှာကျမရန်ကုန်မှာမရှိတော့ပါဘူး....တကယ့်လက်တွေ့ဘဝထဲရောက်နေခဲ့ပါပြီ
အလုပ်တဘက်နဲ့မို့ဘောလုံးပွဲကြည့်ဖို့လဲအချိန်သေချာမပေးနိုင်တော့ပါဘူး..အီတလီအသင်းရဲ့အောင်မြင်မှု့
ကိုကျမ...မခံစားလိုက်ရပါဘူး...ဘဝတိုက်ပွဲတွေနဲ့ရင်ဆိုင်နေရပါပြီ..ဒါပေမဲ့ကမ္ဘာဖလားဆိုတာနဲ့ကျမက
အီတလီအသင်းပါဘဲ....ကဲ...ကိုမောင်မျိုးရေလာပြီနော်.......

ဒီနှစ်လဲအီတလီကိုဘဲရစေချင်ပါတယ်....ကလပ်အသင်းဆိုရင်chelsea..နိုင်ငံဆိုရင်..Italy...ပါဘဲလေ...
ဘယ်တော့မှမပြောင်းလဲတဲ့ဆန္ဒပါဘဲ...ဘူဖွန်စောင့်တဲ့ဂိုးပေါက်ထဲ..ဘယ်ဘောလုံးဝင်မှာလဲ...ဘူဖွန်ရဲ့ရှေ့မှာလဲ
ကင်နာဗာရိုတို့အုပ်စုရှိသေးတယ်လေ...(မျက်လုံးပြာပြာနဲ့တံတိုင်းကြီးလိုခိုင်မာတဲ့မာလ်ဒီနီကိုတော့လွမ်းမိသားရှင်)
အလယ်တန်းမှာလဲ..ဂတ်တူဆိုတို့...ပီယာလိုတို့...ကိုဘယ်သူကျော်နိုင်မှာလဲလို့...ရှေ့တန်းဆိုလဲ...ဂီလာဒီနိုနဲ့
အယ်ကွင်တာတို့အုပ်စုကို..ဘယ်နောက်တန်းကယှဉ်ရဲမှာလဲလေ...(ဒါတောင်ရောမကျောက်ရုပ်မျက်နှာပိုင်ရှင်
တော့တီ..မပါလို့နော်)......နောက်ပြီးတအုပ်စုထဲကျနေတာက..ပါရာဂွေး..နယူးဇီလန်နဲ့ဆလိုဗက်ကီးယားဆိုတော့
အုပ်စုကနေတော့အေးဆေး...ကွင်းလုံးကျွတ်ပါဘဲ...ဗေဒင်သဘောတရားအရဘဲကြည့်ဦးမလား..
ဒီနှစ်ကမ္ဘာဖလားကတောင်အာဖရိကမှာကျင်းပတာဆိုတော့..တောင်ဆိုတော့
စနေနံလေ...အီတလီက..အနဲ့စတော့တနင်္ဂနွေနံ....အဲမှာနဂါးနဲ့ဂဋ္ဌုန်တွေ့တာဘဲ..နဂါးနဲ့ဂဋ္ဌုန်မှာဂဋ္ဌုန်ကသာ
အနိုင်ရစမြဲလေ...ဒီတော့ဘာဘဲပြောပြောအီတလီက..အနိုင်ရမယ်ဆိုတဲ့သဘောပါဘဲ...
မဟာဘုတ်သဘောအရဘဲကြည့်မလား..အောင်..လံ..ထူ..စစ်..သူ..ကြီး...ပွဲ..ဆိုတဲ့..တိုင်ထူတဲ့နေရာမှာ
အောင်..(အ)နဲ့စတာလေ..အဲတော့လဲ..မဟာဘုတ်အရလဲ..အီတလီကထိပ်မှာပါဘဲ...
ဒီတော့ကျမရဲ့အီတလီက...အားလုံးအိုကေပါဘဲ...အနဲ့စတာချင်းတူတူအင်္ဂလန်က...လန်သွားတယ်ဆိုတော့..
သူကသိပ်မအိုကေလောက်ပါဘူး..ကျမထင်တာပေါ့နော်..ဟီးးဟီးးး....နည်းပြရော..ကြည့်ဦးမလား...
"လစ်ပီ"..လေ...ဖလားကိုအပီကစ်သွားမဲ့လစ်ပီပေါ့...ကဲ..မဟုတ်ဘူးလားလို့နော့်...
အီတလီဗိုလ်စွဲတာနဲ့..အီတလီအသင်းကိုဂုဏ်ပြုသီချင်းသီဆိုဖို့အတွက်..ဝှစ်တနီဟူစတန်ကိုအောက်ဈေးနဲ့
ညှိနေကြောင်းပါ...း) ။။။


1994..ကအီတလီလက်ရွေးစင်အသင်းပါ....

ဒါကတော့..ကျမပထမဆုံးကြည့်ခဲ့ဖူးတဲ့1994..World Cup ပြိုင်ပွဲဝင်အီတလီအသင်းပါဘဲ...အမှတ်တရအနေနဲ့
ပြန်ပြီးတင်လိုက်တာပါ...တကယ်တော့..၁၆ နှစ်တောင်ကြာခဲ့ပါပြီ...အဲတုန်းကအီတလီအသင်းမှာ...ပါဝင်ခဲ့တဲ့
ဘက်ဂီယို(10)...မာလ်ဒီနီ(5)..ဘာတီ(4 လား14လားကျမသေချာမမှတ်မိတော့ပါဘူး)..
ပက်ဂလူယာဂီ(1)..ဆီညှော်ရီ(20)ဒါကကျမမှတ်မိနေသေးတဲ့နာမည်တွေနဲ့ကျောနံပါတ်တွေပါ...
နာမည်မမှတ်မိတော့တဲ့သူတွေလဲ..ကျန်ပါသေးတယ်...အဲဒီတုန်းက..အီတလီလက်ရွေးစင်ကစားသမားတွေ
အခုချိန်မှာအနားယူကုန်ပါပြီ....ဘောလုံးလောကမှာမရှိတော့ပါဘူး...ဒါပေမဲ့..ကျမကတော့..အီတလီအသင်းရဲ့
အမြဲတမ်းပရိတ်သတ်တယောက်ဖြစ်ခဲ့ပါတယ်...နောင်ဘယ်အချိန်..ဘယ်အခါဘဲဖြစ်နေပါစေ...
ကျမက...ချယ်ဆီးနဲ့အီတလီအသင်းရဲ့..ပရိတ်သတ်ပါဘဲ....Ever & Forever ပါ...........။။။။။

(7.6.2010....AM 3:47 -Monday )
tag ထားတဲ့..ကိုမျိုးကိုလဲကျေးဇူးပါ...

10 comments:

သော်ဇင်စိုး on 7 June 2010 at 09:11 said...

လာပီ!!!! အီတလီကွ !!!!!!! အီတလီတဲ့နော်..
တစ်အီတည်းရှိတယ်.. ရှေ့မှာ ဂီလာဒီနိုတို့ ခြေစွမ်းပြ ကန်ဖြတ်ပစ်လို့ကတော့ ပါရာဂွေးလည်း ပြုတ်ဖို့သာပြင်ထား :P

Anonymous said...

မမနက် ဘောအကြောင်းမသိဘူးသာပြေတယ် အနော်တို့ထက်ကို ညက်နေတာပဲ ပြောချလိုက်တာ . . . .း))))

အနော်က အာဂျင်တီးနားမှ အာဂျင်တီနားပဲ . . . . မက်ဆီလေး မက်ဆီလေးး)))

ကလပ်ကတော့ ဒီနှစ် ချန်ပီယံလိဂ်ရသွားတဲ့ အင်တာမီလန်ပါပဲ . . . ဒါပေမဲ့ မောရင်ညိုကိုတော့ အသေ အမြင်ကတ်တယ် . . .
( ဟိဟိ ဒါပေမဲ့ ဖလားက သူယူပေးသွားတာလေ မောင်မင်းကြီးသားကို ဒါလေးတော့ ကျေးဇူးတင်တယ် )

ဗညားရှိန် လင်းခေတ်ဒီနိ

mgmyo on 7 June 2010 at 12:35 said...

အယ်....အစ်မလည်း ဗေဒင်တွေနဲ့ တွက်ချက်ပြီး အပြတ်ကိုဆော်တော့တာပဲကောဗျ အင်္ဂလန်ကြီး လန်တယ်ပြောတာတော့ ကောင်းပါဘူးဗျာ နော့်း) အီတလီတွေချောတာ ဘာဟုတ်မတုန်း သေသေချာချာကြည့် အင်္ဂလန်သားတွေမှ တယ်မိုက်တာ ။ ကျနော်ကတော့ မန်ယူနဲ့ အင်္ဂလန်ရဲ့ အဲဗားဖန်ပါ ။ ရေးပေးတာကျေးဇူး ဘောလုံးကြိုက်တဲ့ ရှားပါးလေဒီတွေထဲ အစ်မပါတော့ တဂ်ရတာ အဆင်ပြေသွားတယ် ပြီးတော့ ဒီိပို့စ်လေး ဖတ်ရတာ ပျော်၂ပါး၂လေး ။


မောင်မျိုး

သဒ္ဓါလှိုင်း on 7 June 2010 at 16:18 said...

ညီမနှင်းဆီနက်
အီတလီအသင်းဗိုလ်စွဲရင်တော့ ပျော်နေမှာမြင်ယောင်သေး...
ပျော်နိုင်ပါစေနော်.........

Cameron on 7 June 2010 at 22:35 said...

အကြိုက်ချင်းတူသွားပြီ ဘောလုံးကို သိပ်နားမလည်ပေမယ့် အီတလီအသင်းကိုတော့ကြိုက်တယ်(ဘောလုံးသမားတွေချောလို့)
ဒီနှစ်တော့ အီတလီနဲ့ စပိန်ကိုအားပေးမယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

သူကြီးမင်း (တုံးဖလား) on 8 June 2010 at 04:22 said...

ဟိုက်ရှာလဘတ်ရည်... အဲဒါမှ ဒုက္ခ။ ကျနော်က မန်ယူနှင့်အင်္ဂလန် ပရိသတ်ဖြစ်နေတယ်။ ဗေဒင်အရကော မဟာဘုတ်အရကော သေချာတောင်တွက်ထားတာပါလား။းဝ)

မြစ်ကျိုးအင်း on 9 June 2010 at 01:12 said...

သိပ်မလွယ်နိင်ပေမယ့် အင်္ဂလန် ပဲ သဘောကျတယ်။
စပိန်က ပိုကောင်းနေတာတော့ အမှန်ပဲ။
ပွဲစမယ့် ၁၁ ရက်နေ့ကို ရင်ခုန်စွာ စောင့်နေရတယ်။

venB said...

:))

Unknown on 12 June 2010 at 18:19 said...

အစ်မ ... ရေးထားတာလေး ကောင်းပါတယ် ... အီတလီဘက်မှာ မြန်မာမလေး တစ်ယောက်တော့ သေချာပေါက်အားပေးနေပါ၏ :D

သူကြီးမင်း (တုံးဖလား) on 25 June 2010 at 02:41 said...

လစ်ပီဆိုကထဲက အုပ်စုတင်လစ်တော့မယ်လို့တော့ ထင်ခဲ့သားးဝ)။

စိတ်မကောင်းပါဘူးဗျာ။ မွန်းမတည့်ခင်နေ၀င်သွားခဲ့တဲ့ အီတလီအသင်းအတွက်။ အင်္ဂလန်ကိုဘဲ ဆက်အားပေးတော့နော်။

ဘာဘဲပြောပြော ကျနော်က အင်္ဂလန်ဆိုပေမဲ့ အာရှသားဆိုတော့ ဂျပန်တို့ ကိုရီးယားတို့နိုင်ရင် ပိုပျော်မယ်ထင်တယ်။

ပျော်ရွှင်ပါစေဗျာ။

..

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei