01 June 2010

အချစ်မဲ့သူ...

Posted by blackroze at Tuesday, June 01, 2010



မိုးဖြူမစဲ...မိုးမည်းမရွာ
ရွာသမျှသော..
မိုးတကာမိုးတွင်
မျှော်လင့်မိုးသည်
စဲရန်ခက်လှ..
မပြတ်ရွာ၏
သူချစ်..ကိုယ်ချစ်..
ချစ်မိသမျှသော..
အချစ်တကာအချစ်တွင်..
တဘက်သတ်အချစ်သည်
ခံစားရခက်လှ..
ရင်နာရ၏....
မျက်ရည်ဖွဲ့သီ
ကြွေလွင့်ချင်လည်း
အားပေးနှစ်သိမ့်
စကားသံဝေး၏
မျက်နှာအပ်ရာ
ရင်ခွင်ရှာလည်း..
မကြင်သူမို့
ရှောင်ဖယ်စိမ်း၏
တောင်းဆုတစ်ခု
ပြုပါဆိုငြား
ဘုရားထံပါး
ဆုတောင်းချွေမိ
ဖြစ်မိသမျှသော
ဘဝအဆက်ဆက်တွင်
အပြစ်မရှိသော
အချစ်မဲ့သူ
ဖြစ်ရပါလို၏......။။။။။


(1.6.2010 AM 1:33 )

11 comments:

သဒ္ဓါလှိုင်း on 1 June 2010 at 11:05 said...

ညီမရေ..
ကဗျာလေးကထိခိုက်ရပါလား..။ အဲလိုအချစ်မဲ့သူဖြစ်ချင်ပါတယ်..။
ပျော်ရွှင်ချမ်းမြေ့ပါစေညီမလေး..

ခင်တဲ့
သဒ္ဓါ

Maung Myo on 1 June 2010 at 12:54 said...

ဒီကဗျာလေးကို ဖတ်ရတာ ဆရာ မင်းသုဝဏ် ။ ဆရာ ဇော်ဂျီ တို့ရဲ့ ကဗျာတွေကို သွားသတိရမိတယ် အဲ့လို ရွတ်လို့ ဖတ်လို့ကောင်းလို့ ။

~ဏီလင်းညို~ on 1 June 2010 at 20:33 said...

ညီမလေးရေ.......

အဆုံးသတ်က ဆုတောင်းလေးကို လိုချင်တယ်.......။
တစ်ကယ်တော့ အဲ့ဒီအရာကြောင့် အားလုံးပင်ပမ်းကြရတယ်လေ......။
ကဗျာလေးကိုခံစားသွားတယ်........။

ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် on 2 June 2010 at 00:27 said...

အပြစ်မရှိသော
အချစ်မဲ့သူ
ဖြစ်ရပါလို၏။
ဆိုတော့ အချစ်ကို မုန်းတီးနေတယ်လို့ ဆိုလိုတာလားဟင်။
ကဗျာလေးရေးတာကောင်းတယ်နော်။

ညလင်းအိမ် on 2 June 2010 at 17:32 said...

အားလုံးက ခံစားချက်တွေနဲ့ ဆိုတော့
ကျွန်တော်လည်း ဘာပြောရမှန်း မသိတော့ဘူး ..
ကဗျာကလည်း ကောင်းလွန်းနေလို့လေ ..

Cameron on 2 June 2010 at 23:04 said...

တစ်ခါတစ်ခါတော့ လူတွေမှာ အချစ်နဲ့အစာအိမ်ပါမလာရင်ကောင်းမှာပဲလို့ တွေးမိတယ်...။


ခင်မင်စွာဖြင့်
မိုးငွေ့

မြစ်ကျိုးအင်း on 3 June 2010 at 00:35 said...

မိုးတကာမိုးတွင်
မျှော်လင့်မိုးသည်
စဲရန်ခက်လှ..
မပြတ်ရွာ၏

ဒီအပိုဒ်လေးနဲ့တင် ကဗျာရှင်ရဲ့ စိတ်အတွေးနဲ့ ရေးဖွဲ့နိင်စွမ်းကို အလေးအနက် ထားလိုက်ရပါတယ်။ ကဗျာကောင်းတွေ ဆက်လက် ရေးဖွဲ့ပါအုံး

သော်ဇင်စိုး on 3 June 2010 at 14:23 said...

အပြစ်မဲ့တဲ့သူပဲလုပ်ပါဗျာ.. အချစ်မဲ့သူတော့မလုပ်ပါနဲ့ဗျာ.. ကောင်လေးတွေ သနားစရာကောင်းလှပါတယ်.. :P
အားပေးနေပါတယ်ဗျာ....
လေးစားလျက်

sosegado on 3 June 2010 at 15:39 said...

ကဗျာထဲမှာ အသံနှင့်ရေးတဲ့ ကဗျာတွေကို ကြိုက်တယ်၊ ဒီကဗျာမျိုးလဲပါတယ်၊
ဖွဲ့ထားတာလဲကောင်းပါတယ်၊
မျက်နှာအပ်ရာ
ရင်ခွင်ရှာလည်း..
မကြင်သူမို့
ရှောင်ဖယ်စိမ်း၏

သူကြီးမင်း (တုံးဖလား) on 5 June 2010 at 03:29 said...

ကဗျာလေးထဲမှာ ကြေကွဲမှု အရိပ်အယောင်တွေ အများကြီးတွေ့ရတယ်။
ခံစားနာကျင်မှုတွေ ပြေပျောက်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဘ၀ဆက်တိုင်းလဲ တောင်းဆုတွေ ပြည့်ပါစေပေါ့။

ပျော်ရွှင်နိုင်ပါစေ။

Anonymous said...

မချစ်တတ်ချင်ဘူးဗျာာ

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei