ဒီ Tag Post လေးရဲ့ မူလ ပထမ ပိုင်ရှင်ကတော့ မောင်လေးနွေလ လို့ သိရပါတယ် ...
ဒီ Tag post လေးကို ကျမကို tag လိုက်တာကတော့ လက်တွဲဖော် အေးဂျင့်ည မတော် စံစံ လေးပါ...နောက်ထပ်ဘယ်သူတွေ တက်ဂ်ထားသေးလည်း မသိပါဘူး..နာမည်လေးများကျန်ခဲ့ရင် ခွင့်လွှတ်စေချင်ပါတယ်..
ကျမကလည်း အခုတလောက မအားဘူးရှင် (ဘယ်အားမလည်းလေ တညတည Facebook ထဲဘဲ ဝင်နေတာကိုး အဟီးးး ဘလော့ကိုသိပ်တောင် မဝင် ဖြစ်ဘူးလေ.. )
အဲတာနဲ့ ဘလော့ကတက်လာသမျှ Post တွေလည်း သိပ်လိုက်မဖတ်ဖြစ်ဘူးပေါ့ ..အဲအတွက်လည်း
ဘလော့ဂါမောင်နှမတွေကို ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေနော်...
ညမတော် လေးကC box မှာ လာပြောသွားတယ် တက်ဂ်ထားပေးတယ်..အရင်ရေးပေးတဲ့
ကဲအဲတော့ ကဆုန်စိုင်းပြီးရေးလိုက်ပါတယ် ... :P
တွေ့တွေ့ချင်းကို ကောက်ရေးလိုက်တာနော် ဟင်းဟင်းး ဒီက သူ့စကားဘယ်လောက် အလေးထားလဲဆိုတာသိတယ်မှတ်လား.. ခွိခွိ
ကဲ အမတော် တာဝန်ကျေတယ်နော် ညမတော် အဲဒီအတွက် သဘောပေါက်တယ်နော် ဟင်းးဟင်းးဟင်းး .. :P lol
(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
စတည်ဆောက်ခဲ့တာကတော့ 2009 နှစ်ကုန်ခါနီးလောက်မှာပါ ...
ဘယ်လိုတည်ဆောက်ခဲ့ရသလဲဆိုတာကတော့ ...
အဲတာလေးကိုတော့ပြောရရင် တော့ နဲနဲ ရှည်မယ်ထင်ပါတယ်
ကျမအရင်တုန်းက ချော့ကလက်ဆိုတဲ့ ဆိုရှယ် ဆိုက်တခုကို တော်တော်လေး သုံးဖြစ်ပါတယ်...
အဲမှာ အားလုံးက Cas လို့ ခေါ်ကြတဲ့ သူငယ်ချင်းတယောက်နဲ့ခင်ပါတယ်...သူကလည်းကဗျာတွေေ၇းပါတယ်
ကျမကလည်း ကဗျာတွေ မတောက်တခေါက်ရေးပြီးတင်ပါတယ် အဲမှာ ခင်သွားကြတာပါ ..သူက ဘလော့တခုလုပ်ထားတယ်ဆိုပြီး သူ့ရဲ့ ဘလော့လင့်လေး ပေးပါတယ်...ကျမ သူ့ဘလော့လေး
ကြည့်ပြီးတော်တော် သဘောကျသွားခဲ့ပါတယ်.. အဲတာနဲ့ ကျမလည်း ဒီလိုဘလော့လေး တခုလုပ်ချင်တယ် ..ဆိုတော့ သူက ..သူတတ်နိုင်သလောက်ကူညီပေးပါမယ် ဆိုပြီး ပြောတာနဲ့
အခု ကျမရဲ့ ခံစားမှု့ သံစဉ် ဆိုတဲ့ ဘလော့လေးတခုဖြစ်လာတာပါဘဲ... ဒီဘလော့လေးဖြစ်လာပုံကို
ပြောရရင် ကျမကျေးဇူးအရမ်းတင်ရတဲ့သူ နှစ်ယောက်ရှိပါတယ်.. ကျမရဲ့ ဒီဘလော့လေးနဲ့ ပတ်သက်ပြီး မှတ်မှတ် ကူညီပေးခဲ့တဲ့ သူနှစ်ယောက်ပါ ..ပထမ တယောက်က ဘလော့ တခုဖြစ်လာအောင် တတ်နိုင်သလောက် ပြောပေး ကူညီပေးခဲ့တဲ့ Cas ပါဘဲ...
ပြောရရင် Cas က ကျမကို ဘလော့အိမ်လေး တခုဖြစ်အောင် စကူညီပေးခဲ့သူပါ ...
( Cas ကိုတော့ မကြီးမိုငွေ့တို့ သိမယ်ထင်ပါတယ် )
.နောက်တယောက်ကတော့ ကျမဘလော့စရေးတဲ့အချိန်မှာ မသိတာတွေကို
သင်ပေးခဲ့တဲ့ ကျမရဲ့ သူငယ်ချင်းစိုးဧပြီရယ်မွန် သီချင်းဆိုက် ပိုင်ရှင် ဘလော့ဂါ စိုးမင်းဦး ပါဘဲ ..
စိုးမင်းဦးကတော့ ကျမဘလော့ရေးတဲ့အချိန်မှာ ကျမမသိတာတွေ မလုပ်တတ်တာတွေကို သင်ပေးခဲ့တဲ့သူပါ...
ဒါပေမဲ့ အခုချိန်မှာတော့ သူတို့နှစ်ယောက်လုံးဘလော့ လောက ကနေ ထွက်သွားတယ်လို့ဘဲ ပြောရမလား ပါဘဲ ..ဘလော့ဆက်မရေးဖြစ်ကြတော့ပါဘူး..
နှစ်ယောက်စလုံးလည်း သူတို့ရဲ့ ဘလော့တွေကို ပိတ်ထားလိုက်ကြတာ ကြာပါပြီ...တာဝန်တွေကိုယ်စီနဲ့ တကယ်လက်တွေ့ ဘဝကို ရင် ဆိုင် ရတဲ့အချိန်မှာ ဘလော့အတွက် အချိန်မပေးနိုင်ကြတော့တာပါ .. ကျမ သတိရကြောင်း ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ သူတို့ အတွက် ဆုတောင်းပေးပါတယ်. Cas လည်းနိုင်ငံခြားမှာ ပိုက်ဆံတွေအများကြီးရှာနိုင် ပိုင်ဆိုင်နိုင်တဲ့ သူတယောက်ဖြစ်ပါစေ..
စိုးမင်းဦးလည်း တာဝန်ကျေပြွန်စွာ ထမ်းဆောင်နိုင်တဲ့ နိုင်ငံသားကောင်း ဖြစ်ပါစေလို့ ..ဆုတောင်းပေးပါတယ်.. သူတို့က ဘလော့မရေးကြတော့ပေမဲ့ သူတို့ ဝိုင်းဝန်းကူညီပေးခဲ့တဲ့
သူတို့ ဝိုင်းတည်ဆောက်ပေးခဲ့တဲ့ ကျမရဲ့ ခံစားမှု့သံစဉ်လေး ကတော့ အခုချိန်ထိအောင်
ရှင်သန်နေဆဲပါဘဲ ...
(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
ကဗျာလေးတွေ စာလေးတွေရေးချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ ...ကျမစိတ်ထဲခံစားမိတာတွေ
ဒိုင်ယာရီသဘောမျိုးရေးချင်တယ်... အဲတာကြောင့် တည်ထောင်ခဲ့မိတာပါ ...ကျမရင်ထဲက
ခံစားမိတာတွေကို ရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဘလော့နာမည်လေးကိုတောင်
ခံစားမှု့ သံစဉ် လို့ပေးခဲ့တာပါ ....
(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
မပျောက်ဆုံးဖူးတော့ ဘယ်လိုဆိုတာ မခံစားခဲ့ဖူးပါဘူး.. ..ဒါပေမဲ့ တကယ်လို့
တစုံတခုများ ဖြစ်ခဲ့ရင်လည်း ကျမတော်တော်လေး ဆောက်တည်ရာမရ ဖြစ်မှာအသေချာပါဘဲ
ကျမ ရဲ့ ဒိုင်ယာရီ စာအုပ်ပျောက်သွားသလိုဖြစ်သွားမှာ အသေအချာပါဘဲ...
အဲဒီမေးခွန်းကြီးတော့ ဆက်မဖြေချင်ဘူးရှင် ကိုယ့်ဘာကို ဘဲ ဆင်ဆာ ဖြတ်လိုက်ပါတယ်...း)
ကဲ..ဒီလောက်ဆို ကျမရဲ့ ပိတ်သတ်ကြီးလည်း ကျေနပ်ကြမယ် ထင်ပါတယ်...
ညမတော်လေး စံစံ လည်း ကျေနပ်မယ်ထင်ပါတယ်....
(နေဦး..ငါလည်း ပြန်တက်ဂ်ဦးမယ်..ခေါင်းစဉ် ရှာလိုက်ဦးမယ်..ဟွင်းးဟွင်းး ) :P
ဒီနေ့ အလုပ်ပိတ်တယ် သိလား..တို့အိမ်မှာဘဲ.. ဘယ်မှမသွားဘူး :P
ပစ်ပစ်
PM 3:42 11.8.2012

(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ …
ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
ဘယ်လောက်ထိရည်မှန်းထားသလဲဆိုတာ ပြောရရင် တော့ ..ကျမကတော့ ဒီဘလော့လေးကို
ကျမအချိန်ပေးနိုင်သရွေ့ ရေးနေမိမှာပါ ...တခြားဘယ်လိုအနေအထားဖြစ်ရမယ် ဆိုတဲ့
အတွေးတွေတော့ မရှိပါဘူး.. ကျမ စိတ်ထဲခံစားမိတာလေးတွေ ကျမရေးဖြစ်တဲ့ ကဗျာလေးတွေ
ကျမရဲ့ ခံစားချက် အပိုင်းအစလေးတွေ ... ကျမရေးခွင့်ရရင် ဘဲကျေနပ်ပါပြီ...
ဘယ်လောက်ထိမြတ်နိုးလည်းဆိုတာတော့ ... ကျမအရမ်းနှစ်သက်မြတ်နိုးပါတယ်.. ကျမရဲ့ ကိုယ်တိုင်
တည်ဆောက်ထားတဲ့အရာလေးမို့ တန်ဘိုးလည်းထားပါတယ်...
(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
No ....တခါမှ မပျောက်ဆုံးခဲ့ဖူးပါ ဘူး....
မပျောက်ဆုံးဖူးတော့ ဘယ်လိုဆိုတာ မခံစားခဲ့ဖူးပါဘူး.. ..ဒါပေမဲ့ တကယ်လို့
တစုံတခုများ ဖြစ်ခဲ့ရင်လည်း ကျမတော်တော်လေး ဆောက်တည်ရာမရ ဖြစ်မှာအသေချာပါဘဲ
ကျမ ရဲ့ ဒိုင်ယာရီ စာအုပ်ပျောက်သွားသလိုဖြစ်သွားမှာ အသေအချာပါဘဲ...
အဲဒီမေးခွန်းကြီးတော့ ဆက်မဖြေချင်ဘူးရှင် ကိုယ့်ဘာကို ဘဲ ဆင်ဆာ ဖြတ်လိုက်ပါတယ်...း)
ကဲ..ဒီလောက်ဆို ကျမရဲ့ ပိတ်သတ်ကြီးလည်း ကျေနပ်ကြမယ် ထင်ပါတယ်...
ညမတော်လေး စံစံ လည်း ကျေနပ်မယ်ထင်ပါတယ်....
(နေဦး..ငါလည်း ပြန်တက်ဂ်ဦးမယ်..ခေါင်းစဉ် ရှာလိုက်ဦးမယ်..ဟွင်းးဟွင်းး ) :P
ဒီနေ့ အလုပ်ပိတ်တယ် သိလား..တို့အိမ်မှာဘဲ.. ဘယ်မှမသွားဘူး :P
ပစ်ပစ်
PM 3:42 11.8.2012
13 comments:
တဂ်ပို့စ်လေးဖတ်သွားတယ် ပစ်ပစ်ရေ။ ဘလော့ဂါတွေရဲ့ ရည်ရွယ်ချက်လေးတွေရဲ့ အခြေခံအုတ်မြစ်လေးက တူကြတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တဂ်ပိုစ့်လေးကို လာရောက်ဖတ်နေပါတယ်ပစ်ပစ်ရေ
ဘလော့ပေါ်ထားတဲ့ ဖြူစင်တဲ့သံယောဇဉ်းတွေကိုတွေ့လိုက်ရတယ်
သွားတွေ နေကောင်းပြီလား
ချမ်းမြေ့ပါစေ
မပစ်ရဲ့ ဘလော့ဂ်လေးမှာ ခံစားမှုသံစဉ်လေးတွေ အမြဲတမ်းရေးနျိုင်ပါစေဗျာ
ခံစားမှုတွေ အမြဲသီကုံးရေးဖွဲ့တဲ့ ငါ့ညီမလေး ပစ်ပစ်ရဲ့ ဘလော့လေး အမြဲတမ်းရှင်သန်နေပါစေ....
စိတ်လက်ချမ်းသာစွာနဲ့လည်း စာတွေ ရေးနိုင်ပါစေ
စိတ်တူကိုယ်တူနဲ့
ခရီးနှင်လာကြတဲ့ဘလော့ဂါတွေ
အသက်ရာကျော်ရှည်ကြပါစေ
ဖြစ်နိုင်ရင်ဆွေမျိုးတွေတောင်တော်ပလိုက်ချင်တား))
ရေးပေးတဲ့အတွက်ကျေးဇူးအထပ်တစ်ရာပါအစ်မတော် :D
ချစ်ညီမ
မိစံ
blog လေးအကြောင်း ဖတ်သွားပါတယ် မမ :)
အမြတ်တနိုးနဲ့ တည်ဆောက်ထားတဲ့ ဘလော့ဂ်လေးမှာ ခံစားမှု သံစဉ်တွေ ဆက်ပြီး စီးဆင်းပါစေ ညီမရေ....။
မမြင်ရသော ကြီးများဖြင့် ချည်နှောင်ရစ်ပတ်ထားသော...
စာလာဖတ်သွားတယ် ညီမလေး...
အစ်ကိုတော့ ဆိုဒ်တစ်ခါ ဒေါင်းသွားဖူးတယ်။
အဲ့ဒီတုန်းကဆို စိတ်ပူလိုက်ရတာ မပြောပါနဲ့တော့ဗျား...ဟား..ဟား
ဝါသနာပါနေသေးသရွေ့၊ အခြေအနေ ပေးနေသေးသရွေ့ ဘလော့ဂ်ရေးနေနိုင်ပါစေဗျာ။
ခင်မင်ခြင်းအားဖြင့်...
လာဖတ်ပါသွားတယ်
ဘလော့ဂ် အသစ်ပြောင်းထားလို့ ပါ။
ကောင်းကင်အော်သံကို ပျက်သွားလို့ ။
ခံစားမှုသံစဉ်လေးတွေကို အမြဲနားဆင် ချင်ပါတယ် ခင်ဗျား...
အားပေးသွားပါတယ်..တဂ်ပို့ စ်လေးကို..။
ခေါင်းစဉ်လေးကစလို့
ဘလော့စတင်ရေးဖြစ်ပုံလေးတွေအထိ စိတ်ဝင်တစားဖတ်သွားခဲ့ပါတယ်။
ခင်တဲ့
မြတ်
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..