05 October 2012

မေ့ဆုတောင်း..

Posted by blackroze at Friday, October 05, 2012

 ညအခါမှာ
လတစင်းလင်းပါလို့
သူ့အရောင်အဝါတွေက
ယှက်ဖြာလဲ့လဲ့
ကြဲဖြန့်ထားလေရဲ့
လေချိုမြူးတဲ့
ဒီညလေးထဲ
တေးသံ တိုးတိုး 
ဆိုညည်းပါလို့
လေအနွဲ့မှာ
ဆံနွယ်လေးတွေ
တလွင့်လွင့်နဲ့ရယ်…

ဒီလိုညချမ်းချိန်ခါ
ငွေလရိပ်မှာ
ချစ်သူပခုံးထက်
မှီနွဲ့ကာနေပါရစေ
ချစ်သူရင်ဘတ်
ပါးလေကပ်လို့
ရင်ခုန်သံ
တိုးသက်သက်လေး
ကြားပါရစေသား
စိတ်ထဲတိတ်တခိုး
ဆုပန်လို့
မျှော်ယောင်မှန်းဆ
စိတ်ကူးအလယ်
ပြုံးမိပါ၏…

မေချစ်ရပါသောချစ်သူရေ
မေ့နှလုံးသားလေးထဲ
ဝင်ကြည့်စေချင်ပါရဲ့လေ
မေ့အချစ်မေ့မေတ္တာနဲ့
ထွေးပွေ့ထားချင်ပါရဲ့လေ
လရောင်အလင်းနဲ့
လေပြည်ညှင်းကြောင့်
ချစ်သူအေးမှာ
မေ..စိုးလှတယ်…

လဆည်းဆာလေး
လဲ့လဲ့သာလို့
မေဆိုညည်းတဲ့
ချိုနွဲ့တေးသံ
ချစ်သူနားဆင်
ပျော်စေချင်၏ …

လရောင်အောက်ထဲ
နှစ်ကိုယ်ယှဉ်တွဲ
ပျော်ချင်လှပြီ..
မေဆုတောင်းတယ်
ဒီလရောင်ရယ်..
လင်းလှည့်ပါတော့ကွယ်..


ပစ်ပစ်..
am 2:00
10.8.2012
( လွန်ခဲ့တဲ့ နှစ်လလောက်ကရေးခဲ့တဲ့ကဗျာလေးဆိုပါတော့ )
pp
Pm 9:26   5.10.2012

10 comments:

mstint on 5 October 2012 at 22:15 said...

မေ့ဆုတောင်းလေးပြည့်ပါစေလို့နော်။
ကဗျာလေးအားပေးသွားတယ်ပစ်ပစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ခရစ္စမတ်ဘိုးဘိုးရောက်လာတော့မယ်မေရေ့..
ပူပါနဲ့ကွယ်..း)

ဘုန်း၂တောက် on 5 October 2012 at 23:31 said...

ပစ်ပစ်ဆုတောင်းတဲ့အတိုင်း လရောင်လေး မြန်မြန်လင်းလှည့်ပေးပါကွယ်...
ခင်မင်တဲ့

Candy on 6 October 2012 at 00:40 said...

တို့ မမပစ်ပစ်ရဲ့ နုနုရွရွ ကဗျာလေး ဖတ်သွားတယ် :D

ချစ်စံအိမ် on 6 October 2012 at 08:18 said...

အပျိုကြီးတွေနုပြီးဆို ဘယ်သူမှလိုက်မမှီတော့ဘူး ကန်ဒီရေ..:P

စံပယ်ချို on 6 October 2012 at 13:51 said...

ဘာဖြစ်လို့လဲ မသိဘူး ကွန်မက်ရေးမရဘူးဖြစ်တာ
ကွန်လဲ ကောင်းနေပါတယ်ဟယ်
sis jasmine

PhyoPhyo on 6 October 2012 at 20:30 said...

မေ့ဆုတောင်းပြည့်စေကြောင်း

မိုးနတ်ကြယ်စင် on 6 October 2012 at 22:46 said...

အဟွတ်...အဟွတ်...စာသားလေးတွေက နူးညံ့လိုက်ပါဘိမေရယ်..
မေ့ဆုတောင်းလေးပြည့်စေတော့ကွယ်....ဟိ
အားပေးသွားတယ်နော် မမ.
ခင်မင်နေတဲ့..မိုးနတ်

Angelhlaing(May everybody be happy and healthy! on 7 October 2012 at 02:38 said...

ဆုတောင်းလေး ပြည့်ပါစေလို့ ဆန္ဒပြုလျှက်ပါမမ..ရေ

ညီလင်းသစ် on 8 October 2012 at 15:53 said...

ကဗျာလေးဖတ်ပြီး လအလင်းနဲ့ ချစ်သူတွေ ‘ဝင်း’ ပါစေလို့ ဆန္ဒပြုပါတယ် ညီမရေ...။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei