ဒီနေ့ကတော့စိတ်လည်းမောရ.............ရယ်လည်းရယ်ရတဲ့နေ့လေးတနေ့ဆိုပါတော့လေ
ကျမတို့အလုပ်ရဲ့ MD ကြီးကဂျင်မီ ဆိုတဲ့ လူကြီးပါ .... ကျမတို့စက်ရုံခွဲမှာတော့ သူအကြီးဆုံးဆိုပါတော့
အဲဒီ ဦးဂျင်မီက တလတခါ လောက် စစ်ဆေးရေးဝင်နေကြပါ....။ ကျမတို့ကလည်း သူစစ်ဆေးရေး
ဝင်မဲ့နေ့တိုင်း အထူးအစီအစဉ်နဲ့ သန့်ရှင်းရေးလုပ် ..သိမ်းဆည်းစရာရှိတာသိမ်းပေါ့ ..
ဒီလထဲမှာလည်း သူလာမယ်လာမယ်နဲ့ မလာသေးပါဘူး..လတောင်ကုန်တော့မှာပါ...
အဲတာနဲ့ဟိုရက်ပိုင်းက လာမဲ့သောကြာနေ့ သေချာလာမယ်ဆိုပြီး သတင်းကြားပါတယ်..။အဲတာနဲ့
သန့်ရှင်းရေးလုပ်စရာရှိတာတွေလည်း လုပ် ပေါ့... မနေ့ကတော့ သတင်းတခုထပ်ကြားပါတယ်...။
မလာတော့ဘူးတဲ့ ..ရုံးခန်းထဲမှာ တခြားအလုပ်တွေအရမ်းရှုပ်နေတော့ လာပြီး မစစ်တော့ ဘူးတဲ့..
သူတခြားလုပ်စရာတွေဦးစားပေးနေရတယ်တဲ့ ။
ကျမတို့လည်း ဝမ်းသာအားရနဲ့ အေးဆေးဖြစ်သွားပြီပေါ့..( စူပါဗိုက်ဆာက အစပေါ့ ဂျင်မီမလာတော့ဘူးလို့ဘဲ ထင်ထားတာပေါ့ )
ဒီမနက်လည်း အလုပ်တက်တော့ ခါတိုင်းနေ့တွေလိုဘဲပေါ့ ခါတိုင်း နေနေကြပုံစံနဲ့ဘဲနေကြတာပေါ့လေ
ညနေ 4နာရီလည်းထိုးရော ဗြုန်းကနဲ လက်ထောက်စူပါဗိုက်ဆာက ထွက်လာပြီး "အခုလေးတင်ဖုန်းဆက်လာတယ်...ဂျင်မီလာမယ်တဲ့..
15မိနစ်အတွင်းရောက်မယ်တဲ့ .. နင်တို့တွေ ဘာပြသနာမှမဖြစ်စေနဲ့နော်..လုပ်စရာရှိတွေသေချာလုပ် "
ဆိုပြီး အူယားဖျားယားထွက်လာပြီးပြောတယ်ရှင်....
ကျမတို့ကလည်း ဗရမ်းဗတာနေတာတော့ မဟုတ်ပါဘူး..စားပွဲအံဆွဲထဲမှာ အလုပ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေ
ကလွဲရင်တခြားပစ္စည်းတွေမထားရဘူးလို့ ပြောထားတယ်...ဒါပေမဲ့ အံဆွဲထဲမယ်.. ပိုက်ဆံအိတ်လေးဘာလေး ..တချို့တွေကျတော့ ကော်ဖီထုပ်လေးပေါ့ ..တချို့ကျတော့လည်း ကိုယ်သုံးနေကြ လက်လိမ်းတဲ့ lotion လေး တိုလီမိုလီပစ္စည်းလေးတွေ တကိုယ်သုံးတာလေးတွေ
ထည့်ထားတာပေါ့ ..ကျမဆိုလည်း ထမင်းစားပြီးရင် သွားတိုက်နေကြမို့ သွားတိုက်ဆေးနဲ့ သွားတိုက်တံ
ထည့်ထားတဲ့ ဗူးလေးထည့်ထားတယ်ပေါ့ ..အဲလို အလွယ်ယူလို့လွယ်အောင် ထည့်ထားကြတာပါ..
copier ပေါ်မှာဆိုလည်း တယောက်က သုံးပြီးရင် ကိုယ်မလိုချင်တဲ့စာရွက်ကိုတခါတည်း
ပြန်သိမ်းသွားရမယ်လို့ ပြောထားပေမဲ့ ဘယ်သူမှ အဲလိုမလုပ်ကြပါဘူး.... သုံးလေးရက်တခါမှ copier ပေါ်က စာရွက်တွေ တယောက်ယောက်က ကြုံသလို ရှင်းလိုက်တာပါဘဲ...
ကိုယ်ဟာနဲ့ကိုယ်တော့ နားလည်မှု့လေးနဲ့ နေနေ ကြပေမဲ့ လူကြီးလာစစ်မယ်ဆိုရင်တော့ အဲလို
အနေအထားက မရတော့ဘူးလေ... အဲတော့ သတ်မှတ်ထားတဲ့ပုံစံဖြစ်အောင် ရှင်းရလင်းရ တာပေါ့လေ..
သူကမလာစစ်တော့ ဘူးဆိုတော့ အကုန်လုံးကအေးဆေးဖြစ်နေရာကနေ ဗြုန်းဆို 15မိနစ်အတွင်းရောက်မယ် ဆိုတော့ ...စဉ်းသာ စဉ်းစားကြည့်ပါတော့ရှင်...။။
အလုပ်ထဲက လူတွေ ပျာယာခတ်သွားပုံများ (ကျမအပါအဝင်ပေါ့) video မှတ်တမ်းတောင် တင်ထားလိုက်ချင်ပါရဲ့ .....း)
ကော်ဖီဗူးလေး တဗြွတ်ဗြွတ် လုပ်နေတဲ့ သူကလည်း အူယားဖားယား ပြေးပြီး အိမ်သာသွားပြီး ကော်ဖီဗူးကိုအပြတ်ရှင်းရတယ်.....
ကိုဖုန်းခင်တွေကလည်း အိမ်မှာအားသွင်းရင် မီတာခကုန်မယ်ဆိုးလို့လား မသိပါဘူး..
အလုပ်ထဲေ၇ာက်မှ လွတ်တဲ့ပလက်ပေါက်တွေမှာ ဖုန်းတွေအားသွင်းထားတဲ့ သူတွေကလည်း
အလျင်အမြန် နဲ့ ကိုယ့်ဖုန်းကို ကိုယ်ပြန်သိမ်း၇တယ်...
copier ပေါ်ကစာရွက်တွေကလည် မြန်မြန်ပြေးသိမ်းကာမှ စာရွက်တွေက လွတ်ကျလို့ ပြန့်ကျဲကုန်တာ
တရွက် ချင်းစီ ပြန်ကောက်ရတယ်ရှင်..အဲစာရွက်တွေ ပြေးသိမ်းတဲ့ကောင်မလေး စာရွက်လိုက်ကောက်ရင်းချော်တောင်လဲတယ်ရှင်...
အံဆွဲထဲမှာ အလွယ်ထည့်ထားတဲ့ ပစ္စည်းတွေကိုလည်း သင့်တော်မဲ့နေရာတခုခု ရှာပြီး လူတိုင်းကအပြေးအလွှားပေါ့ရှင်... ပြေးဖွက်ရသေးတယ်...
တချို့တွေက ကိုယ့်ရဲ့ ID ကဒ်တွေပေါ်မှာ သဘောကျတဲ့ ကိုးရီးယားမင်းသားပုံတွေကိုယ့်ရည်းစားပုံတွေ ကပ်ထားတာတွေရှိတယ်လေ....အဲလို ပုံတွေလည်း မြန်မြန် ဖြုတ်သိမ်းရတယ်ဆိုပါတော့...
ကျမတို့ section တခုလုံး 15 မိနစ်အတွင်း အပြေးအလွှား လှုပ်ရှားနေပုံများလေ...
ရှောင်လင်ကျောင်းမှာ သိုင်း ပြပွဲကျင်းပနေတဲ့ အတိုင်းပါဘဲ...လှစ်ခနဲလှစ်ခနဲ ဝှစ်ခနဲဝှစ်ခနဲ
နေတာပါဘဲ ....ဓါတ်လှေကားနဲ့ အနီးဆုံးနေရာကလူကတော့ အပေါက်စောင့်သဘောပေါ့ရှင်
ဓါတ်လှေကား တက်လာမဲ့ အချိန်ကိုမျက်ခြေမပြတ် စောင့်ကြည့်ပြီး သတင်းပို့ရမဲ့လူဆိုပါတော့
အဲလိုနဲ့ ပြေးရင်းလွှားရင်းးသိမ်းရင်းဆည်းရင်းနဲ့
ဟင် ...မလာသေးပါလား မလာသေးပါလားနဲ့ ...လုပ်ပါဦး ဖုန်းလေးဘာလေးဆက်မေးကြည့်ပါဦးဆိုတော့ ........
အဟင့် ....ဂျင်မီ လူဆိုး....သမျန်းတို့ကို လှည့်စားတယ်..မလာတော့ဘူးတဲ့ .....
ကျမရဲ့စီနီယာတယောက်တော့ တိုးတိုးလေး လာပြောလေရဲ့..
" ငါ့ကော်ဖီဗူးလေး နှမြောလိုက်တာဟယ်... အလုပ်လာရင်းနဲ့ 7-11 ကဝင်ဝယ်လာတာ 39 ကျပ်တောင်
ပေးရတာ " တဲ့လေ... :P ....... ။။။။။
ပစ်ပစ်
PM 4:31
27.10.2012
(ပုံလေးကိုတော့ Google ကနေယူသုံးတာပါ )
10 comments:
ဟဟဟဟဟ ပစ်ပစ်တို့ ဂရုန်းသုန်းကားဖြစ်နေပုံကို မြင်ယောင်မိပြီး တခိခိ
ရယ်သွားတယ်....၊ဂျင်မီလူဇိုးဟုတ်ဝူး....ပစ်ပစ်တို့ လူဇိုးးးးးးးးးးးးးးးး :p
ညန်မာအကျိုးရနှင့် ညန်မာပြည်ဒါးဒွေ ကျနေတာဘဲ။ လုပ်ပေါက်က။း))
လူကြီးလာမယ်ဆိုမှ သားတို့ ကျောင်းက သစ်ပင်ထုံးသုပ် အမှိုက်ကောက် အဖြူအစိမ်းဝတ် ပန်းအိုးတွေငှား စားပွဲသောက်ပွဲပြင် စားပီးပြန်သွားတယ် သတိရလိုက်တာ ရွာကျောင်းကို...
ရော ... ဖြစ်ရမယ် ... ID ကဒ်တွေပေါ်မှာ သဘောကျတဲ့ ကိုးရီးယားမင်းသားပုံတွေကိုယ့်ရည်းစားပုံတွေ ကပ်ထားတယ်တဲ့ ... ။
ဂျင်မီမလာတဲ့ နေ့တွေလဲရှိပေါ့
သူများအလုပ်ရှုပ်တာ ဖတ်လို့ကောင်းပါသည်
ပစ်ပစ်တို့အလုပ်ရှုပ်နေပုံကို မျက်စိထဲ မြင်ယောင်နေမိသေး။ (အခန်းလေး သန့်သန့်ပြန့်ပြန့်လေး ဖြစ်သွားတာပေါ့)ဟိ။
ခင်မင်တဲ့
ဟိဟိ..ရေးတဲ့ပုံလေးကိုသဘောကျတယ်..။ အဲဒါကြောင့်လဲ ဂျီးတော်ပစ်ပစ်နာမည်ကြီးတာကိုး..
ဖြစ်ရမယ်.. ဒေါ်ပစ်တို့များ..ရေးတတ်ပါပေတယ်..
ညီမ သရုပ်ဖော်ထားတာ ပီပြင်လို့ ပြေးဟယ်၊ လွှားဟယ်နဲ့ section တစ်ခုလုံး အလုပ်ရှုပ်သွားကြတဲ့ ပုံကို မြင်ယောင်ကြည့်ပြီး သဘောကျသွားတယ်၊း)
ပစ်ပစ်ရေးတာ ဖတ်ပြီး တစ်ရုံးလုံး ပျာယာခတ်ပြေးလွှားနေတဲ့ ပုံတွေကို မြင်ယောင်ရင်း ရီချင်လိုက်တာ...
အဲလိုအဖြစ်မျိုး ကြုံဖူးတယ်
ကိုယ့်မှာတော့ ပြင်ဆင်ပြီးကာမှ မလာတော့ဘူး ဆိုတာမျိုး..
မလာတော့လည်း အေးတာဘဲလေ နော့ :P
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..