ဒီနေ့---မိုးအရမ်းရွာတယ်...လေ လည်းအရမ်းပြင်းတယ်.. ကျမအလုပ်မတက်ရဘူး ..Day off ဆိုပါတော့
မိုးရွာနေတော့ အိမ်ထဲမှာဘဲကုပ်နေရတာပေါ့လေ.. Facebook ထဲကတော့မိုးလင်းကထဲက ဝင်ထားတာ
မျက်စိနှစ်လုံးပိတ်ပြီး အိပ်မှ ဘဲ ထွက်တော့တယ်... ကျမလည်း Facebook စွဲနေပြီ.. ဖြတ်လို့လည်းရမယ်
မထင်တော့ပါဘူး .. အင်တာနက် သုံးလို့မရတဲ့နေရာရောက်မှဘဲ ပြတ်မှာသေချာတယ်...အင်တာနက်
သုံးလို့မရတဲ့နေရာမှာသွားနေဖို့လား....( အင်းးးးးးးးးးးးးးးး နည်းနည်းစဉ်းစားပါရစေဦးနော်.. )
ဒီနေ့ ---ကျမအမေနဲ့ကျမ ပြသနာတက်တယ်...ဘာမှန်းကိုမသိဘဲနဲ့ ကျမကို ဘာတွေစိတ်တိုင်းမကျလည်း မသိပါဘူး..တချိန်လုံးပွစိပွစိနဲ့ လိုက်ပြောနေတယ်... ဟူးးးးးးးးးးးးးးးးးးးးး
ဒီနေ့ ---7-11 ကဒ်တကဒ်ရထားတာ မုန့်သွားဝယ်တော့ 100 ဘိုးပြည့်အောင်တွက်ဝယ်တာဘဲလေ
ဒါပေမဲ့ အတွက်အချက်က မတော်ဘူးရှင်.. ကဒ်ထဲမှာ ပိုက်ဆံ11 ကျပ်တိတိ ကျန်ခဲ့တယ်ရှင်..
စီးပွားရေးပညာရှင် မဖြစ်တာလည်း ခပ်ကောင်းကောင်းပါဘဲ...
ဒီနေ့ ---မနက်စောစောအိပ်ရာထရတယ်... နေ့လည်တရေးပြန်အိပ်ထားတယ်...
ဒီနေ့ ---ရခိုင်မုန့်တီချက်တယ်... ကျန်တာသာမချက်တတ်ရင်နေမယ်..ရခိုင်မုန့်တီကတော့ ရှယ်ဖြစ်အောင် ချက်တတ်တယ်ထင်တာဘဲ အဟီးးးးးး
တကယ်လို့များကျမနဲ့ အပြင်မှာတွေ့ဖြစ်ခဲ့ကြမယ်ဆိုရင် ကျမ ချက်ကျွေးမယ်လို့ ကတိပေးပါတယ်..
ဒီနေ့---ကျမအဝတ်တွေမီးပူတိုက်လိုက်တယ်...အကျီမီးပူတိုက်တာသိပ်မလုပ်ဖြစ်ပါဘူး..စိတ်ပါမှ မီးပူထတိုက်တာပါ..( အမေကတော့ပြောပါတယ်... အဲတာမျိုးတွေမလုပ်တော့ ယောက်ခမ ချစ်တာပေါ့တဲ့လေးP X10000 ကျမထင်တာကတော့ ယောက်ခမချစ်ဖို့ထက် ယောက်ကျားချစ်ဖို့က ပိုအရေးကြီးသလားလို့လေ ..မဟုတ်ဘူးလား )
ဒီနေ့--- TV မှာ ကျမအရမ်းကြိုက်တဲ့ သိုင်းကား ပြနေတယ်..ဒါပေမဲ့ ကျမမကြည့်ဖြစ်လိုက်ဘူး...
ကြည့်ချင်ပေမဲ့ ဘာလို့မကြည့်ဘဲနဲ့ ကျမဝင်အိပ်လိုက်လည်းဆိုတာ အခုချိန်ထိထိုင်စဉ်းစားနေမိတုန်းဘဲ..
ဒီနေ့ ---- ဘလော့ကမဖတ်ရသေးတဲ့ စာတွေတော်တော်များများ လိုက်ဖတ်ထားတယ်...ကိုအားထောင် တင်ထားတဲ့ ပိုစ့်လေးဖတ်ပြီး ကျမတော်တော်စိတ်မကောင်း ဖြစ်မိတယ် ..ကျမသားသမီး ကျမရဲ့အသွေးအသား အဲလိုမျိုးတွေဖြစ်မှာ
ကျမအရမ်းကြောက်တယ်....ဆေးကုသဖို့ ငွေမရှိလို့ကုမပေးဘူးတဲ့လား...အသည်းနှလုံး အသွေးအသားနဲ့ဖွဲ့ စည်းထားတဲ့သူတွေမှ ဟုတ်ရဲ့လား.. အဲလိုဆရာဝန်တွေကို အရမ်းမုန်းတယ်....
အဲလိုလူတွေကို မမြင်ချင်ဘူး...
ကိုဆိုစီ ရေးထားတဲ့ ပိုစ့်လေးဖတ်ပြီးတော့ စဉ်းစားမိတယ်...သီချင်းတွေနားထောင်ပြီး စိတ်ကူးယဉ်တဲ့
အပျိုကြီးဘဝဘဲကောင်းမလားလို့ပါ... ( ကဲ..ဘယ်လိုလည်း ပိတ်သတ်ကြီး
အပျိုကြီးလုပ်လိုက်ရမလား အပျိုဟိုင်းကြီးလို့ခေါ်တဲ့သူတောင် ရှိနေပြီနော် :P )
ဒီနေ့---ကျမသီချင်းတွေအကျယ်ကြီးဖွင့်မိတယ်.. (အဲတာမို့လို့ အမေမျက်စောင်းထိုးတာထင်ပါရဲ့လေ )
ဖွင့်တာကလည်း ကုလား dance song တွေလေ... ဟီးးးးး
ဒီနေ့ ---ကျမဘဏ်သွားပြီး ကျမညီမနဲ့ကျမရဲ့ လစာ အဝင်အထွက်စာရင်းသွားကြည့်တယ်...
ထိုင်ဝမ်ရောက်ပြီးကထဲက ကျမကိုယ်တိုင် ဘဏ်စာအုပ်ကို ဒါပထမဆုံး သွားစစ်တာပါ ...
အရင်ကတော့ ကျမညီမကိုဘဲ လုပ်ခိုင်းနေကြပါ...ကျမဘယ်တော့မှ အိပ်ယာကနေ စောစောမထပါဘူး..
အခုကျမညီမ အလုပ်ချိန်ပြောင်းသွားတဲ့ အတွက် တအိမ်လုံးရဲ့ ရုံးတို့ ဘဏ်တို့နဲ့ ပတ်သက်တဲ့
ကိစ္စအဝဝ ဟာ ကျမပခုံးပေါ် အလိုအလျောက် ရောက်လာပါတယ်...အဲကိစ္စကကြာလာရင် နဲနဲ ရှော်ခ့်ရှိလာမယ်ထင်တယ်... ဟူးးးးးးးးးးးးးးး အရင်တော့ယုယု သွားနေကြ ဆိုတော့ ကျမဘာမှကိုစိတ်မဝင်စားပါဘူး..သိပ်လည်းမသိပါဘူး..
အခုတော့ ကိုယ်တိုင်သွားရတော့ ဟိုလူမေးရ ဒီလူမေးရ ဟို Form ဖြည့်ရ ဒီ Form ဖြည့်ရ နဲ့ ဆိုင်ကယ်ကလည်းမစီးတတ်.. ဘတ်စ်ကားနဲ့ ရထား ကိုဘဲအားကိုးရတော့ စိတ်ပိန်တယ်ရှင်..
တော်တော် ပင်ပန်းတာဘဲ ဟူးးးးး
ဒီနေ့ --- ကျမ Gtalk ထဲကနေ လူတချို့ကို Block လုပ်လိုက်တယ်... မတွေ့တာကြာတဲ့သူတွေပါ
သူတို့လည်း ဒီအကောင့်တွေကို မသုံးဖြစ်ကြတော့ ဘူးထင်တာဘဲလေ...
ဒီနေ့ --- ဒီနေ့လား နဲနဲပျော်သလိုလိုတော့ ရှိသားဘဲ...
ဘာကြောင့် ပျော် တယ် လို့ ပြော ရ သ လဲ ဆို တာ.... သိ လား
ဟင်အင်းးး မပြောပြပါဘူး..ဘာလို့ပြောရမှာလည်းလေ..ဒါက ကျမရဲ့ လျှို့ဝှက်ချက်ဘဲဟာ...
ကျမ အခုသီချင်း နားထောင်နေတယ်..... အဲသီချင်းက " အချစ်အိမ်မက်လေး "
နောက်တပုဒ်က cry on my shoulder ....
ဒီနေ့--မိုးရွာကြီးထဲအပြင်သွားရတော့ မိုးရေထဲလမ်းလျှောက်ရင်းနဲ့ ငယ်ငယ်ကလေးဘဝကို
ပြန်လွမ်းမိတယ်... ကျမငယ်ငယ်တုန်းက မိုးရွာရင် ဘောင်းဘီတို နဲ့စွပ်ကျယ်လေးနဲ့မိုးရေ ထဲ
ထွက်ကစားနေကြ..နှုတ်ခမ်းတွေ ပြာပြီးတုန်လာတဲ့အထိပါဘဲ...အဲတုန်းက ရခဲ့တဲ့
ပျော်ရွှင်မှု့မျိုး....အဲတုန်းကရခဲ့တဲ့ လွတ်လပ်မှု့မျိုး ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူးလေ..
ဒီနေ့---- ကျမမောင်လေးဝမ်းကွဲ တယောက်ကိုသတိရမိတယ်...ဒီကောင် ကျမဖုန်းဆက်တာ မကိုင်ဘူး...သူ့မွေးနေ့ ကထဲက ကျမဖုန်းတောက်လျှောက်ခေါ်နေတာ.. ဖုန်းပိတ်ထားတယ်
message ပို့တာကျတော့ reply ပြန်လာတယ်... ဖုန်းကိုင်မှ အော်ပေးလိုက်ဦးမယ်...
ီဒီနေ့---ကျမ သွားတွေကိုသေချာကြည့်မိတယ်...
ကျမသွားတွေ နဲနဲ ညီလာပြီသိလား...ထပ်နေတဲ့သွားတွေက တည့်သွားပြီ..စောင်းမနေတော့ဘူး
ကိုယ့်သွားလေးတွေ ဘယ်လိုရွေ့လာတယ် ဆိုတာကြည့်ရတာလည်း ဖီလင်တမျိုးပါဘဲ...
ဒီနေ့ ---ကျမအကြီးကြီး ဆုတောင်းတယ် မနက်ဖန်အလုပ်မတက်ရပါစေနဲ့လို့
ကျမမနက်ဖန် အလုပ်မသွားချင်ဘူးရှင်...ဝိုင်းဆုတောင်းပေးကြနော်...အလုပ်သာသွားရမယ်ဆိုရင်တော့
ကျမငိုမိမှာဘဲသေချာတယ်....
ပစ်ပစ်
AM 2:55 ( 2.8.2012 )

23 comments:
အလုပ်မသွားချင်တာချင်း တူနေပြီ ညီမလေးလည်း မသွားချင်ဘူး...:))))
ဘလော့မှာလည်း အိန်ဂျယ် ဘဲ ပထမရတယ်ကွ..ငါ့ညီမ တော်တယ်..မနက်ဖန်ကျရင် အမလက်ဆောင်လာပေးမယ်နော်...
facebook စွဲတာချင်းတော့ တူနေပြီ.ဖြတ်ရခက်တယ် ;'(
ရခိုင်မုန့်တီကျွေး...ဒါပဲ...အမေက ချစ်လို့ ပြောတာ နေမှာပါ...
အလုပ်သွားရပါစေ ဖဘမှာမျက်စိနောက်လို့ ..:P
အပျိုဟိုင်းကြီးလို့ စတာကိုတောင် တကယ်မှတ်ထားသေးတယ်..ဟဟ
အဲလို မိုးတွေရွာနေတဲ့ နေ့မှာ အပြင်မထွက်ပဲ
သီချင်းတွေနားထောင် အင်တာနက်ထဲလျှောက်သွား
ပျင်းလာရင် တီဗီလေးကြည့် ငြိမ့်နေတယ်လို့ ခေါ်မလား၊
မနက်ဖြန် အလုပ် မသွားချင်ဘူး……. လွတ်လပ်သလို တွေး နေ
တစ်ခါတစ်လေမှာ အပျိုကြီး လူပျိုကြီးတွေရဲ့ ဘဝဟာကောင်းပါတယ်၊
တစ်ခါတစ်လေမှာပါ……..
လျှို့ဝှက်ချက်တွေနဲ့ပါလားနော်..း))
ကော်ပီချင်တယ်..
ပထမဦးဆုံးလူဖြစ်ချင်ပေမယ့် ရှစ်ယောက်မြောက်တောင်ရှိသွားပြီ ပစ်ရယ် ဟီးဟီးး
စုံပလုံကို စိသွားတာပဲ... ပထမ မဖြစ်လိုက်ဘူး နာတယ်ကွာ >.<
အလုပ် မတတ်ချင်တာချင်းတော့ အတော်တူတာဘဲ.. ခက်တာက တိုင်ဖုန်းက ဒီဘက်ကို မလာသေးဝူး.. ခက်တယ် ခက်တယ်..
မိုးရွာတဲ့အခါ မိုးစက်လေးတွေက်ုသေချာကြည့်လိုက်ပါ
မိုးစက်ကျသံလေးတွေက ချစ်သူရဲ့တေးသွားလေးတွေလိုခံစားလာရစေမယ်
ဒီခေတ် ကလေးတွေများ ခက်ပါဘိနော် အမေကို ပွစိပွစိလုပ်တယ်လို့ ပြောရသလား ပစ်ပစ်ရယ်း)
အလုပ်မသွားချင်ကြတဲ့စိတ်လည်း အားလုံးတစ်ထပ်ထဲပါလားး))
တစ်နေ့တာအကြောင်းလေး ဖတ်သွားပြီနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အနော်လည်းလာဖတ်သွားတယ်နော် ချစ်ဆုံး ;)
ဟင့်... ကမ္ဘာ့ စိတ်အပူဆုံး အပျိုကြီးတစ်ယောက်တောင်ပျော်နေပီ.။ နာတစ်ယောက်တည်း ၀မ်းနည်းနေရတယ်.။ ဘွ ကလည်း ဆိုးပ.။
မိုးရွာတယ်ဆိုလို့ ခဏလောက်နေကြည့်ချင်လိုက်တာ :) ဒီမှာတော့ နှစ်နှစ်ဆယ်အတွင်း အဆိုးဆုံး မိုးခေါင်နေတယ်တဲ့ ပူလိုက်တာမှ တအားပဲ
ဒီနေ့အလုပ်တက်ရတယ်မလား။ ငိုလိုက်သေးလား
ကလေးအိပ်မက် ဖတ်နေရလိုပါဘဲလား ၀က်မလေးရယ်။း)))
ထိုင်ဝမ်ကဘယ်နေရာနေတာလဲ ညီမလဲအခုမှထိုင်ဝမ်ကိုရောက်လာတာမကြာသေးဘူး အပြင်တွေ့ဖူးသွားတာပေါ့ ရောက်နေတာကြာပြီလား
ညီမငယ်
အစစ အဆင်ပြေရဲ့လား..
အရင်က ရှင့်ဘလော့က ကျုပ်ကော်မန့်ပေးတာ မရဘူးဖြစ်နေတယ်။ publish ဆိုတာ မပေါ်ဘူးဖြစ်နေတယ်။
ခု မှ ရလို့ လာမန့်တာ ။
အစစ အဆင်ပြေပါစေ.. စိတ်ချမ်းသာပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။
ပစ်ပစ်လေးရေ.
ဒီနေ့...ဒီနေ့...ဒီနေ့ ဖတ်သွားတယ်။
ဒီနေ့ဘဲ ဖတ်လိုက်တယ်။
နောက်ကျသွားလို့  ဆုတောင်းစရာ မလိုတော့ဘူးနော့..အလုပ်မသွားရတာ ဖေ့ဘွတ်ကနေ သိနေခဲ့လို့ လေ..:P
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..