2012 ရဲ့ ပထမဆုံး tag post လေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
ခုတင်ခေါင်းရင်းက နာရီလေးကိုယူကြည့်မိတာပါ..
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
မြန်မာ စားစရာဖြစ်တဲ့ မုန့်ဟင်းခါးတို့ ခေါက်ဆွဲသုတ် ကြာဇံသုတ်တို့ စားရတာ
ကြိုက်ပါတယ်...
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
ကော်ဖီနဲ့ မုန့်တခုခု ..
နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
အိမ်မှာပါ
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
ထမင်းပူပူလေးကိုဆီနဲ့ဆားနဲ့နယ်ပြီး ငါးခူကြော် ငါးဖယ်ကြော် ပုစွန်ကြော် တခုခုနဲ့တွဲစားချင်ပါတယ်
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
တခွက်..တခါတလေနှစ်ခွက်..
ညနေစာကိုဘယ်မှာစားတတ်ပါလဲ
အလုပ်ကကင်တင်းမှာပါ..
ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
အလုပ်ဆင်းဖို့ နောက်ထပ်4 နာရီတောင် စောင့်ရဦးမယ် ဆိုတာပါ
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
ပထမဆုံးခံစားမိတာက တနေ့တော့ပြီးသွားပြီဆိုတာပါ
ဒုတိယခံစားမိတာက ပင်ပန်းတယ်ဆိုတာပါ
တတိယခံစားမိတာက ဘဝရဲ့အလုပ် လုပ်ရမဲ့နေ့ရက်တွေကထဲက တရက်တော့လျော့သွားပြီလို့
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
ခလုတ်မှန်သမျှလိုက်ဖွင့်တာပါ..ကွန်ပြူတာ မီးခလုတ် အိမ်မီးခလုတ် ကျမအခန်းမီးခလုတ်
ဒုတိယလုပ်မိတာလေး..
အခန်းထဲက ကျမအရုပ်လေးကို သွားဖက်အိပ်တာပါ..
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
အရင်ကတော့သောက်တယ်..ဆရာဝန်က ကော်ဖီအစားတခြားဟာ ပြောင်းသောက်ပါလို့ပြောလို့
ဒီနှစ်ပိုင်းတွေမှာ နို့ဖျော်သောက်ပါတယ်
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
ဘုရားရှိခိုး ပုတီးစိပ်တာပါ..
အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
ဖုန်း inbox ထဲက 151 စောင်သော message တွေကို ပြန်ဖတ်ပါတယ်
(ဒါတောင် Inbox ထဲမှာမဆန့်တော့လို့ delete လိုက်ရတာတွေအစောင်ပေါင်းရာနဲ့ချီပါတယ် :P )
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
ရေချိုးရင်းနဲ့ ထိုင်ငိုလိုက်တာပါ
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
အိမ်သော့...ဖုန်း...ပိုက်ဆံအိတ်
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
ညီမငယ်ယု
သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
ကျမရဲ့ချစ်သူ...
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
ကျမအလုပ်ဝင်ဝင်ချင်း ကျမကို လာမိတ်ဆက်တဲ့ သူငယ်ချင်းလေးပါ
သူ့အကြောင်းကျမ ဒီမှာ ရေးဖူးတယ်..
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
ရန်ကုန်အိမ်မှာကျန်ခဲ့တဲ့ ကျမရဲ့ဂစ်တာလေးပါ
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
လက်ဆောင်ရထားတဲ့ပစ္စည်းမှန်သမျှကိုတန်ဘိုးထားပါတယ်..
အကြိုက်ဆုံး ဆိုတာမရှိသေးပါ
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
ကျမရဲ့ချစ်သူပါ.. :)
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
မြန်မာပြည်အရမ်းပြန်ချင်နေတယ် ....
ကဲ..အားလုံးဘဲ..နှစ်သစ်မှာ tag post လေးကို ရေးပေးကြပါလို့ ပြောပါရစေနော်..
ကိုရင်နဲ့မားမား ...ဂျက်စ်နဲ့ ဂျက်စ်ချစ်ချစ် ...jerry pigpig ရဲ့ လက်တွဲဖော်အေးဂျင့်ဂျင်ဆန်းမီ...အကိုသူကြီးမင်း
မကြီးချော..အမမြသွေးနီ.. ကန်ဒီလေး... မောင်မောင်(မြစ်ဆုံ)...မောင်တလုံး..မမ အဖြူရောင်နတ်သမီး
မောင်သန့်..မောင်ဘုန်း..ကို AH...ကြောင်ဖြူများရှင်ကိုလတ်...တီတီတင့်...ဆြာဟန်ကြည်..
ညီမအိန်ဂျယ်လှိုင်..မောင်သန့်..ကိုတူး..အကိုညီလင်းသစ်...ဘုန်းဘုန်းတောက်ပနဲ့ ဘုန်းဘုန်းချယ်ရီမြေ
သူငယ်ချင်းညီရဲသစ်..ကိုညလင်းအိမ်..ကိုဗညား...အကိုအောင် (ပျူနိုင်ငံ)..ချစ်သူမောင်..မကြီးမိုးငွေ့
မောင်မျိုး...အကိုကညိမ်းနိုင်..စန်းထွန်း..ကိုဘကြိုင်..
(တော်ပြီ ဒီလောက်ဘဲတက်ဂ်လိုက်မယ်..သူများတွေဆက်တက်ဂ်ဖို့ ချန်ထားလိုက်ဦးမယ်.. )
ပစ်ပစ်..
AM 4.1.2012 AM 00:45

23 comments:
တက်ဂ်လေးက ချစ်စရာလေး.. အဲ့ဒါမျိုးဆို ကန်ဒီနဲ့ ကွက်တိ.. ရေးမယ်နော်... ရေးမှာသေချာတယ်.. လာမယ် ကြာမယ်နော်.. ဒါပေမယ့် ရေးကိုရေးမှာ စိတ်ချ အဟိဟိ.. (အရမ်းရေးချင်နေပုံများ ပေါက်သွားလား :P)
တက်စာကျွေးတော့လည်း
စားရတာပေါ့အစ်မရယ်း))
နှစ်သစ်မှာ.ချမ်းမြေ့ပျော်ရွှင်ပါစေရှင်
ရေးမယ်ဟေ့ ရေးမယ်ဟ ၀မ်းမနာသမီးလေးရး)
ဒို့ မရေ....ရေးမယ်စိတ်ချနော်
ညီမရေ..နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်.. တဂ်လေးကို အချိန်ရရင် ရေးပေးပါ့မယ်။။ မကြာခင်ခရီးထွက်မှာမို့ အလုပ်တော့ရှုပ်နေတယ်.. ညီမလေးလည်း အစစ အဆင်ပြေပါစေ၊ နေကောင်းကျန်းမာပါစေနော်...
တက်ပဟ...ဂစ်...ဂစ်....ဂစ်....:)))
ရေးပါ့မယ်ဗျား....၊ကျွန်တော်က တဂ်စာတွေကြိုက်တတ်တယ်ဗျ...:)))
သို့ပေမယ့် တနင်္ဂနွေလောက်ထိစောင့်ပေးနော်....ပစ်ပစ်ရေ....:)
တဂ်ပြီဆိုတော့ ရေးပြီ သူငယ်ချင်းရေလို့ ဘဲ ပြောရတော့မယ်။ ဒါရေးပြီးရင်တော့ ကိုယ့်ကိုယ်ကိုဖော် မသူတော်တော့ ဖြစ်တော့မယ် ထင်တယ်... ဟီး... မှတ်မှတ်ရရလေး တဂ်ပေးလို့ ကျေးဇူးတင်ပါတယ် သူငယ်ချင်းရေ...
မရေးဖြစ်ရင်လဲ ခွင့်လွှတ်နော် ညီမ။ သိပ်မအားတော့လို့။း(
ခုလောလောဆည်နေမကောင်းနေလို့ပါ ကောင်းတာနဲ့ရေးလိုက်မယ်ပစ်ရေ
သတိတရရှိတာပဲကျေးဇူးနော်
လွင်ပြင်ကိုလဲရေးဖို့ပြောလိုက်ပါ့မယ်
အစားချင်ဆုံးဟင်းက ပုဇွန်ကြော်နဲ့ ဆီဆမ်း၊ ဆားဖြူးဆိုလို့ ကျနော်ပါ ရောယောင်ပြီး စားချင်စိတ် ဖြစ်သွားတယ်၊း) အလုပ်ဆင်းချိန်က ခံစားချက်ကိုတော့ စိတ်မကောင်း ဖြစ်သွားတယ်၊ သတိတရနဲ့ တဂ်လို့ ကျေးဇူးပါပဲ ညီမရေ..၊ ကျနော် ကြိုးစားပြီး ရေးကြည့်ပါ့မယ်..၊
ဟဲ့ ဆိုင်းမဆင့် ဗုံမပါဘဲနဲ့ တက်ဂ်စာမိသွားပါရောလား...ရေးရမှာပေါ့လေ...ဒါပေမယ့် အခုတင်ထားတဲ့ပို့စ်ကလေး လိပ်ပတ်လည်အောင်တော့ စောင့်ပါဦး...
ဟင်း........ ဂျယ်ရီပစ်ပစ် တို့  လုပ်ချလိုက်ပြန်ဘီ။ :(
“အလုပ်ဆင်းဖို့ နောက်ထပ်4 နာရီတောင် စောင့်ရဦးမယ် ဆိုတာပါ။”
အတွေးတူတယ် :P
ဂစ်..ဂစ်..ဂစ်..တက်သွားပြီ လုပ်ပါဦး ပစ်ပစ်ရေ..
အားတာနဲ့  ရေးမယ်နော်..
သိတောင်မသိလိုက်ဘူး တဂ်ထားတား)
ရေးမယ်လေ ဘာရေးရမှန်းမသိတာနဲ့အတော်ပဲကျေးဇူးတင်တယ် ။
ကျမ ရဲ့ ချစ်သူ ဆိုတာ ဘူကြီးလဲ
ပစ်ပစ်ရေ...
သတိတရ Tagလာတာ ကျေူးဇူးတင်မိပါတယ်။ Tag Postကို ဒီကနေပဲ ရေးပေးခဲ့မယ်နော်။
၁။ အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
အညောင်းဆန့်တယ်...။
၂။ မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
ဗိုက်ပြည့်တဲ့ အစားအစာ။
၃။ လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
အုန်းနို့ခေါက်ဆွဲ ပဲသွေးနဲ့ မမုန်းစတမ်း နေ့တမ်းတွယ်တယ်..။ နောက်..ကော်ဖီတစ်ခွက်..။
၎။ နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
အွန်လိုင်းက စာတွေလိုက်ဖတ်ရင်း၊ ဖေ့စ်ဘုတ် ကလိရင်း..စားရတာ ကြိုက်တယ်။
၅။ အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
ဝက်သား + မျှစ်ချဉ်ချက်
၆။ အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
မယုံမရှိနဲ့ ...၃ခွက်
၇။ ညနေစာကိုဘယ်မှာစားတတ်ပါလဲ
အိမ်မှာ..။ တစ်ခါတစ်လေ မစားဘူး..။
၈။ ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
ဒိည ဘာရေးရင် ကောင်းမလဲ..???
၉။ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
ပျော်၏။
၁၀။ အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
အိမ်နေရင်း အိကျီ င်္အ၀တ်စားတွေ လဲပစ်လိုက်မှ နေသာထိုင်သာရှိသွားတယ်။
၁၁။ ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
စာရေးရင်း တစ်ခွက်ပုံမှန်သောက်တယ်။
၁၂။ ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
ခြင်ထောင်ခုပါတယ်။
၁၃။ အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
Star World အမုန်းကြည့်လိုက်တယ်။
၁၄။ တအားစိတ်ဓါတ် ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
အရမ်းကြီး အဲ့ဒီလို မဖြစ်ဖူးဘူး။ နည်းနည်း ဖြစ်လာရင် စာရေးချပစ်လိုက်တယ်။
၁၅။ အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
အိမ်သော့...ဖုန်း...ပိုက်ဆံအိတ်
၁၆။ မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
သား
၁၇။ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
ကိုယ်တိုင် ( တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို စိမ်းနေသလိုလို)
၁၈။ အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
လုပ်ဖော်ကိုင်ဖက်အားလုံးကို ခင်မင်တယ်။
၁၉။ ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
လက်စွဲတော် ကွန်ပျူတာလေး
၂၀။ လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
လွန်ခဲ့တဲ့ အနှစ်၂၀ကျော်က ကြောင်ရုပ်ရင်ထိုးလေး။
၂၁။ ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
ကိုယ်ကိုယ်တိုင်ပဲ..
၂၂။ အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရစေချင်တယ်။
နှစ်သစ်မှာ ပစ်ပစ်တစ်ယောက် ပျော်ရွှင်မှုများ လက်ဝယ်ရရှိပါစေ။ ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျပါစေလို့...။
အစ်မပစ်ပစ်ရဲ. လောလောဆယ်အဖြစ်ချင်ဆုံး ဆန္ဒက မောင်မောင်နဲ.တူနေတယ် ဟဲဟဲ။ ရည်ရွယ်ချက်ချင်းလည်းတူမယ်ထင်တယ်နော် ။ ချစ်သူတွေအမြန်ဆုံဆည်းနိုင်ပါစေ။
တနေ့တာလေး ထဲက ကိုယ်ကိုယ်ကို နှစ်သိမ့်နည်း လေးကို တစ်ခုကို ရှာတွေလိုက်တယ်။ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး မှာ ရေချိုးရင်းနဲ့ ထိုင်ငိုလိုက်တာပါ ဆိုတာလေပဲ.... :)
မမရေ နောက်ကျနေတာ ခွင့်လွတ်နော်...လေယာဉ်လက်မှတ်မရလို့လေ...:P:P
ရေးပေးပါ့မယ်မမ တဂ်ထားလို့ ကျေးဇူးပါလို့..
ဟိုက်..... တက်ဂ် စာမိသွားဘီ.... မအားတာနဲ့ ခုမှပဲ ဖတ်လိုက်ရတော့တယ်... Happy New Year ပါခင်ဗျား.... :)
ကော်မန့်ပေးမရတာနဲ့ ခုမှပဲရေးရတော့တယ် ပစ်ပစ်ရေ...။ ညီမအတွက် တဂ်ပို့စ်ရေးပြီးပြီ...နောက်နေ့တင်ပေးပါ့မယ်...။
ခုမှတွေ့တယ် ပစ်ပစ်ရေ..
၃ရက်အတွင်း ရေးပေးမယ်နော်..
သတိတရ တဂ်ပေးတဲ့အတွက်ကျေးဇူးအထူး...း)
တီတင့်လည်း မလွတ်ပါလား ပစ်ပစ်ရေ။ တဂ်ပို့စ်လေး
အကြွေးဆပ်ဘို့ အချိန်နည်းနည်းတော့ ပေးပါနော်။ တီတင့်နည်းနည်းအလုပ်ရှုပ်နေလို့ပါး)
ပစ်ပစ်ရဲ့တစ်နေ့တာတဂ်ပို့စ်လေးဖတ်ရင်း ညီမမြသွေးရဲ့
တဂ်ပို့စ်အကြွေးဆပ်တာလေး သဘောကျတယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..