ဒီနှစ် နှစ်သစ်ကူးမှာအလုပ်က အိုဗာတိုင်မရှိပါဘူး...ပိုက်ဆံမရတာကလွဲရင် နားရတော့ ကောင်းပါတယ်...တချို့တွေကတော့ 2ရက် 3ရက်ခရီးတိုလေးတွေသွားကြတယ်... jerry pigpig ကတော့ ခရီးသွားလို့ မရပါဘူး...အိမ်စောင့်နတ်ရာထူးခဏယူပေးထားရပါတယ်.....ထမင်းစားဖိတ်
သမျှအိမ်တွေကိုကြွရပါတယ်...ဟဲဟဲ..ဒါပေမဲ့ ဖိတ်သမျှ အိမ်တိုင်းမကြွပါဘူး အိမ်ထောင်စုစာရင်းမှာ
ပိစိညောင့်တောင့်လေးတွေ ရှိတဲ့အိမ်ဆို လက်ရှောင်ပါတယ်...မတော်..ကလေးတွေက
ကုန်းရှီဖားချိုင် လာလုပ်လိုက်မှဘဲ အိတ်ထဲကနေ စာအိတ်အနီတွေထုပ်နေရမှာစိုးလို့ပါ....အဲလို
အရှောင်အတိမ်း ဂျက်ဆီဂျိမ်း လုပ်နေရတာပါ...ရာသီဥတုကလဲ ကိုယ့်ဘက်မှာမရှိပါဘူး
မိုးတွေရွာပြီး အေးလိုက်တာ ....အဲတာကြောင့်အိမ်မှာဘဲ လိမ်လိမ်နဲ့မာမာ နေပါတယ်..
ပိုက်ဆံချွေတာပါတယ် ဖုန်းဘိုးကုန်သမျှ ကာမိအောင်လို့ပါ...ဟဲဟဲ
သများတွေက မော်တော်ကားတွေ လိန်ပျံတွေနဲ့ လည်လည်ထွက်နေချိန်မှာ ဂျယ်ရီပစ်ပစ်ခမျာ ကွန်ပြူရှေ့မှာငုတ်တုတ်မေ့နေရပါတယ်
ကွန်ပြူတာရှေ့ငုတ်တုတ်မေ့တယ်ဆိုပေမဲ့လည်း ဖလန်းဖလန်းး အရမ်းထလို့မရပါဘူး...
ဆင်ဆင်နဲ့ခြင်ခြင်နဲ့ ဖလန်းဖလန်း ထရတာပါ
ပူတူတူးက ပစ်ပစ် ကွန်ပြူတာရှေ့ အရမ်းမနေနဲ့နော် ညက်စိလုံးပျက်လိမ့်မယ်တဲ့..ညက်စိလုံးက
အရေးကြီးတယ်တဲ့ ညက်စိလုံးအပျက်မခံနဲ့နော်တဲ့ .....ညက်စိလုံးနှစ်လုံးကအစားပြန်မရဘူးတဲ့...ညက်စိလုံးမကောင်းတော့ရင် ညက်မှန်ကြီးတပ်နေရမယ်တဲ့...ဖုန်းဆက်တိုင်း ညက်စိလုံးနဲ့ ကွန်ပြူတာ တွဲထားလို့ မသင့်တဲ့အကြောင်း ခဏခဏ လက်ချာပေးပါတယ် ။။ကွန်ပြူတာအရမ်းမသုံးနဲ့တဲ့လေ..
သူကစိတ်ပူသလိုလို ဘာလိုလို ညာလိုလို ဟိုလိုလို ဒီလိုလို နဲ့ လူကိုလာချုပ်တာလေ..ဟင်းးဟင်းးဟင်းး CIA က jerry pigpig ပါ...ဒါမျိုးလောက်တော့ သဘောပေါက်ပါတယ်..ဒီလိုထိုးစစ်တွေကို ကာကွယ်ဖို့ jerry pigpig ကလည်း ခံစစ်ပြင်ထားပြီးသားပါ
ဟဲဟဲ ...jerry pigpig စီမှာလည်း ဗျူဟာမှုး ဆရာမတွေ ရှိပါတယ်..
ပြောရင်းရေးရင်းနဲ့ ဘယ်တွေရောက်ကုန်တယ် မသိဘူး...ရေးချင်တာကတော့ အလုပ် 4ရက်တိတိ ပိတ်ထားတဲ့အချိန် ဘာတွေလုပ်နေတယ်ဆိုတာ ရေးချင်တာပါ..ကိုယ်ရေးချင်တာဘာလဲဆိုတာ မနည်းပြန်စဉ်းစားလိုက်ရတယ်.. သူများကအသက်ကြီးပြီလေ....အာရုံတွေက လွင့်နေတာများတယ် သူများအာရုံခံကိရိယာက အားအားရှိ ဗထူးရောက်ရောက်သွားတယ်...။။မားမား မဒမ်ကိုးရဲ့ ချစ်ဆုံးသမီးလေးလို့ မပြောရဘူး..အာရုံလွင့်တာချင်း တူတယ် ...။။ မားမားက မလေးကိုအာရုံလွှင့်တယ် jerry pigpig ကဗထူးကို အာရုံလွှင့်တယ်...ဟဲဟဲ ခွိခွိ ခွိ...
မားမားနဲ့ပစ်ပစ် နဲ့က အဆင်တူတယ်...ဝမ်းဆက်....ဆေးရေးပါတိတ် ဗူးပါတိတ်...ဒါးနှစ်လက်ပါတိတ်။။
သများတွေလို jerry pigpig ကအချက် အပြုတ်မကျွမ်းပါဘူး.. jerry pigpig ရဲ့ လက်ရာကိုဘယ်လောက်တောင် အားပေးကြသလဲဆိုရင် အိမ်ကလူတွေကိုယ်တိုင် ..မီးဖိုချောင်ထဲမဝင်ပါနဲ့လို့ တားယူရတဲ့အထိပါဘဲ....အဲတာနဲ့ jerry pigpig လည်း မီးဖိုချောင် တာဝန်ကနေ အငြိမ်းစားယူလိုက်ပါတယ်...အိမ်ကလူတွေကိုအားနာလို့ပါ...
ဒီနေ့တော့ ဘလော့မှန်သမျှ လိုက်ဖတ်ရင်းနဲ့ ထမင်းကြော်စားချင်စိတ်ပေါက်လာလို့ ကြော်စားပါတယ်...Facebook မှာ သူများတွေနှိပ်စက်သမျှဘဲ ကိုယ်ကခံနေရတော့ တခါတလေ
ကိုယ်ကလည်းပြန်နှိပ်စက်ချင်လာလို့ပါ...လက်ရာကတော့ ..အောက်ဆုံးကနေစရေတွက်ရင် ပထမတန်းစားပါ...ကဲ ရှု့စားတော်မူကြပါကုန်...
မားမား ပစ်ပစ်ဒီနေ့ထမင်းကြော်စားတယ်သိလား..ကြက်တောင်ပံလည်းပါတယ် ကော်ဖီလည်းပါတယ်..။။
စားရင်းနဲ့မကြီးမိုးငွေ့စီအလည်ရောက်နေတာလေ
အချက်အပြုတ်မကျွမ်းပေမဲ့ အချုပ်အလုပ်လည်းရသလားဆို..မရပါဘူး...ရန်ကုန်မှာနေတုန်းက
ကိုယ်ဝတ်မဲ့ထမီတောင် အထက်ဆင်နဲ့ ထမီစနဲ့ ဆိုင်ကိုပေးပြီးချုပ်ခိုင်းတာပါ ....
ဒီကိုရောက်လာတော့အိမ်ကလူတွေက နင်အသုံးမကျတာတွေသိပ်များနေပြီ..အလုပ်လေးတော့
ဖြစ်ဖြစ်မြောက်မြောက် နဲ့ အောင်အောင် မြင်မြင်လေးဖြစ်အောင် သေချာလုပ်ပါဟယ်လို့
မေတ္တာရပ်ခံတာနဲ့ jerry pigpig လည်း အလုပ်တော့သေချာလုပ်ပါတယ်...နေ့တိုင်းအလုပ်သွားပါတယ်..အမှန်ကတော့ အိမ်က နင့်ကိုတာဝန်ဆက်မယူနိုင်တော့ဘူး....နိုင်ငံခြားပို့ပေးမယ်...နင့်ကိုယ်ဘာကိုယ်တာဝန်ယူတော့လို့
အမိန့်ချလိုက်လို့ပါ...အိမ်ကလည်း တာဝန်မယူတော့ဘူး..တခြားတာဝန်ဆက်ခံမဲ့သူလည်းမရှိသေးတဲ့
စပ်ကူးမတ်ကူးကာလလေးမှာ ကိုယ့်ဘာကိုယ်တာဝန်ယူထားရတဲ့သဘောပါဘဲ ဟဲဟဲဟဲ... :P
လွန်ခဲ့တဲ့တနှစ်လောက်က သူငယ်ချင်းတယောက်စီိမှာသိုးမွေးနှစ်ချောင်းထိုးသင်ပါတယ်...ထိုးမဲ့ တူတွေ ချည်လုံးတွေ အစုံပလုံဝယ်ပါတယ်....ဟိုလူကိုလည်း သိုးမွေးမာဖလာထိုးပေးမယ်..ဒီလူကိုလည်းသိုးမွေးမာဖလာထိုးပေးမယ်ဆိုပြီး promise တွေလည်း ပေးထားတာ ဗရပွ ပါဘဲ..သင်ပြီးတော့စထိုးတာ လက်တဝါးလောက်လေးရတဲ့အချိန်မှာ...ပူတူတူးက ကျောင်းပြီးလို့ရန်ကုန်ပြန်သွားပါလေရော...အဲဒီအချိန်ကနေစပြီးတော့ jerry pigpig လည်းစိတ်မကောင်းခြင်းများစွာနဲ့ Gtalk ..Facebook ....Blog ... လောကမှာဖလန်းဖလန်း ထတော့တာပါဘဲလေ...ဘလော့မှာလည်းရေးချင်တာတွေလျှောက်ရေး..Facebook မှာ city valle ..Indiana jone..castle valle..အစရှိတဲ့ထွက်သမျှဂိမ်း မလွတ်အောင်ဆော့ပါတယ်...Gtalk မှာလည်း
ဟိုလူ့ကိုလည်း ကလောင် ကလောင် တီတောင် တီတောင်...ဒီလူ့ကိုလည်းကလောင် ကလောင်
တီတောင် တီတောင် နဲ့ လိုက်နှိပ်စက်ပါတယ်...
ပူတူတူးကတရက်တော့ သူ့အတွက်မာဖလာလေးပြီးပလားလို့မေးပါတယ် ..
ဟမ် မာဖလာ ..ဟုတ်လား... ပြီးဖို့နေနေသာသာ အရင်ကထိုးထားတဲ့ လက်တဝါးစာလေးတောင် ဘယ်ရောက်သွားမှန်းမသိဘူးလို့ ဖြေလိုက်တာ...ဒါဆိုညတိုင်းဘာတွေလုပ်နေလဲ ဆိုတဲ့မေးခွန်းနဲ့ ပူတူတူးက တရကြမ်းတိုက်စစ်ဆင်ပါတယ်...ထိုးစစ်မျိုးစုံနဲ့ စစ်မျက်နှာဖွင့်ပါတယ်...
မဟုတ်ရပါဘူး မလုပ်ရပါဘူးဆိုပြီး jerry pigpig ကလည်း ခံစစ်ပြင်ရပါတယ်..
အဲဒီအချိန်မှာဘဲ အမွန်က သိုးမွေးတဘက် ထိုးနည်းဆိုပြီး Post တင်ပါတယ်..
အဲတော့ Jerry pigpig လည်း သူငယ်ချင်းကို ပြန်မေး၇ပါတယ်..
ဟဲ့ မာဖလာကအဲလိုထိုးလည်းရလား..@@#$#&&**^^^@$** ဘာညာဘာညာပေါ့
သူငယ်ချင်းကလည်း %$##*&^%%%@#$ ဆိုတော့ ထိုးမဲ့ တန်းတွေ တိုင်တွေပြေးဝယ်ပါတယ်....
အိပ်ယာကစောစောထပြီး သူငယ်ချင်းအိမ်မှာနာရီပိုင်းသင်တန်းပြေးတက်ပါတယ်...
ွှဲမာဖလာတထည်ပြီးအောင် လက်နှစ်ဘက်ကို မော်တာတကောင်ခွဲအား တပ်ပြီးလျှင်လျှင်နဲ့မြန်မြန်
ထိုးရပါတယ်...အဲလိုမှမမြန်ရင်လည်းမရတော့ဘူးလေ...ဖုန်းဆက်တိုင်း စစ်မြေပြင်က လက်နက်ကြီးသံတွေ အုန်းခနဲ ဂျိမ်းခနဲ ..ကြားနေရတာကိုးး....
နောက်ဆုံးတော့ မသေမသပ် မလှမပ ဟိုနားကအစလေးထွက် ဒီနားကအစလေးထွက်နေတဲ့
jerry pigpig ရဲ့ ပထမဆုံး မာဖလာလေးပြီးသွားပါတယ်...။။အဲဒီမာဖလာလေးနဲ့ ချစ်ကြည်ရေး ပြန်လည်ရယူရပါတယ်...ပြန်လည်ညှိုနှိုင်း ဆွေးနွေးရေးတွေ လုပ်ရပါတယ်..။။ စည်းမျဉ်းစည်းကမ်း အသစ်တွေ ပြန်လည်ရေးဆွဲရပါတယ်...စာချုပ်အသစ်တွေ ပြန်လည်ချုပ်ဆိုရပါတယ် .။။။
ကိုကိုနဲ့ပစ်ပစ်ဖြစ်အောင် ပြန်ကြိုးစားရပါတယ်...ဟူးးးးးးးးးးးးး မောထှာ....အဲတာကြောင့်ပြောတာ
လောကီ ကိလေသာတွေကိုအရမ်း အရမ်း စိတ်ကုန်တယ်လို့ :P
ဒီပုံလေးကတော့ jerry pigpig ရဲ့ ဒုတိယမြောက် မာဖလာလေးပါဘဲ...ရှု့စားတော်မူကြပါကုန်..
အဲဒီမာဖလာလေးကjerry pigpig ရဲ့မာဖလာလေးပါ ဆင်တူလေးဆိုပါတော့..
တတိယမြောက် မာဖလာလေးကတော့ သူငယ်ချင်းကို လက်ဆောင်ပေးလိုက်ပါပြီ...အဲဒီသူငယ်ချင်းကိုလည်း လွန်ခဲ့တဲ့တနှစ်လောက်ကထဲက ထိုးပေးမယ်လို့
ကတိပေးထားတာပါ....ဒီနှစ်ဆောင်းတွင်းမှ မပေးဖြစ်ရင်လည်း ..တော်တော်အားနာဖို့ကောင်းနေပါပြီ....
( ကိုယ့်မွေးနေ့တိုင်းသူပေးသမျှ ကိတ်မုန့်တွေ ကိုယ်ကစားပြီးသွားပြီကိုးးး )
အဲလိုအသည်းအသန် မာဖလာတွေထိုးနေမှန်းသိတော့ အိမ်က
ကိုက်ဖော်ကိုက်ဖက် ညီမ က သူ့အတွက်လည်းတထည်ဆိုပြီး အော်ဒါအပ်ပါတယ်..
အောက်ကပုံလေးကတော့ ထိုးလက်စ မာဖလာလေးပါဘဲ...လှတယ်နော် ဟဲဟဲဟဲ :P
(ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာ လေ ဟီးးဟီးးးဟီးးး)
အောက်ကပုံကတော့ jerry pigpig ရဲ့ စုဗူးပါဘဲ..
ကြည့်ရုံဘဲကြည့်သွားကြနော်...မယူသွားကြပါနဲ့...မခိုကတရို့လေးနဲ့ မျက်စပြစ်နေတာတွေ့လား..
အထဲမှာ ပိုက်ချံတွေ စုထားတယ်..။။ (^_^)
ကဲ..ဒီလောက်ဆိုတော်ပါပြီ ...အခုလောက်ရေးချင်တာရေးပြီး ဖလမ်းဖလမ်း ထလိုက်ရရင်ကျေနပ်ပါပြီလေ...(စုဗူးတော့ ယူမသွားကြနဲ့နော်..ပြောထားပြီးသားနော် အထဲမှာပိုက်ချံတွေစုထားတယ်) ....။။။။
(စကားချပ်) ညက်စိလုံး =မျက်စိလုံး =အီး ဝိုင် အီး EYE အိုင်း
ပစ်ပစ်
23.1.2012 PM 10:33

16 comments:
ညီမ စုဗူးကို ကြိတ်ကြံသွားတယ် ဟီးဟီးဟီး :P :P
စုဘူးလေးလှတယ် အစ်မ.. ခွဲချင်စရာလေး..း)
မမရေ...စားချင်စဖွယ် ထမင်းကြော်ရယ် ချစ်စရာ လက်ရာမြောက်တဲ့ မာဖလာလေးရယ် မျက်စပစ်ပြနေတဲ့ ပိုက်ပိုက် စုဗူးလေးရယ် ..အဟီးး အားလုံး မသွားလိုက်ရရင်တော့လား...:):)
အိမ်ရှင်တွေ မရှိတဲ့ အချိန်ပြောပြထားပါလာရောက်ပြီးစုဗူးကိုခိုးမည်
အင်း
ထမင်းကြော်လေးကလဲစားချင်စရာလေး
မာဖလာလေးကလဲလှတပတ
စုဗူးလေးကလဲ (ဘယ်လောက်ရှိနေပြီလဲ)
??????
ဖတ်ရသလောက်တစ်ပုဒ်လုံးရဲ့ရှစ်ရှယ်ရာခိုင်နှုန်းက
ဗထူးကပူတူးတူးအကြောင်းဖြစ်နေတာမို့အဓိက
ရေးခြင်တဲ့ကြမ်းခင်းကိုသဘောပေါက်သလိုလိုပဲပစ်ပစ်ရေး)))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟယ် ကြက်တောင်ပံက အယ်စတုံကြီးတော့...။မာဖလာ အော်ဒါအပ်ချင်တယ်...လက်ရာလေးကောင်းသားပဲ...။ စုဗူးလေးက အကြည်ရောင်လေးတော့ ပိုက်ပိုက်တွေမြင်နေရတယ်...။
စုဗူလေးကမိုက်၏
ဟွင်း....ဟွင်း......စုဘူးလေးက မခို့တရို့နဲ့မျက်စပစ်နေပါရောလား....ထိုင်ဝမ်
ထိလာပြီး ကစ်ထည့်လိုက်မှာနော်........:)))
ထိုင်ဝမ်မှာ ၅၀ စေ့တွေ ရှားကုန်တာ သူ့ဗူးထဲ ရောက်နေတာကိုးး။
အဲဒီ ၅၀ စေ့ ပုံစံကိုက စုချင်စရာ။
မာဖလာလေးထိုးတတ်ချင်လိုက်တာ
ချစ်သူကိုပေးချင်လို့ ဟီဟီ ပစ်ပစ်ရေ
အားကျတယ်ကွယ် :D
ဘလက်တစ်ယောက် ဖလန်းဖလန်းထနေတယ်လို့ တိုင်ပြောမယ် ဖုန်းနံပါတ်ပေးပါ... မပေးလို့ ကတော့ စုဗူးကို ပြဿနာ ရှာသွားရမှာဘဲ...
ငါ့သမီးရယ် သားအမိနှစ်ယောက်ဖလမ်းတာလူသိတာအေ ..လင့်ကမတက်လို့ ခုမှတွေ့တာအေ ..
ဘယ်နှယ့်သိပ်စားမ၀င်ရှာဘူး အမေနဲ့နင်လားငါလားကိုကစ်နေတာ
ညက်လုံးကျပ်ရင် မင်ဂါဆောင်ရင်မလှဘူးနော် ညက်မှန်းကြိးနဲ့
လှချင်ရင် ကွမ် သိပ်မကြည့်နဲ့ မာဖလာတွေကန်ထရိုက်ဆွဲမနေနဲ့ဦး
စုဘူးထဲကိုပိုက်ပိုက်သေချာထည့် .ဖုန်းဖိုးတွေထဲချည်းမထည့်နဲ့း)
ပစ်ပစ်ရဲ့မားမား
ဂစ်ဂစ်
အင်း... ဒီသားအမိ အာရုံလွှင့်တာချင်း တူပုံထောက်ရင်တော့ တဂျီဂျီ တဂျစ်ဂျစ် ဖြစ်တာချင်းလဲ တူလောက်တယ်။ လောင်တော်မင်နဲ့လေ။း)
အစ်မပစ်ပစ်ရေ နေကောင်းလားဗျို.။ မတွေ.တာကြာပြီ။ ကြက်ကြော်တွေတော.စားချင်လိုက်တာ ။
ညက်စပစ်လည်းမရဘူး..ယူမှာဘဲ
အဲ့စုဗူးး))
ပုံ
မိစံ
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..