ချစ်သူမဟုတ်တော့တဲ့ လူတယောက်ကို ဒီနေ့အရမ်းသတိရမိတယ်..
ပုံပြင်လေးရေ
ဘယ်ရောက်သွား...
......
အနေဝေးအိမ်မက်များ
အေးခဲမာကျောသွား..
...
မြို့အဝင်လမ်း
တောင်စဉ်တန်း
တခြားတဘက်မှာ
သတိရသေးရင်...နှုတ်ဆက်ပါ
အမှတ်ရသေးရင်...နှုတ်ဆက်ပါ
ဘဝတကွေ့မှာ
ဆုံတွေ့ခွင့်ရခဲ့မယ်ဆိုရင်
ခင်မင်ရင်းနှီးမှု့များစွာနဲ့
နှုတ်ဆက်ခွင့်ရချင်ပါတယ်..
(မဝေးသေးသောကာလ တခုစီသို့ ရည်ရွယ်ပါ၏ ...)
ကျမစာတပုဒ်ဖတ်ဖူးတယ်..
သူများကိုညာပါ ..ကိုယ့်ကိုကိုယ် ဘယ်တော့မှ မညာပါနဲ့တဲ့
ကျမဘယ်တော့မှ ကျမ ကိုယ်ကျမ မညာခဲ့ဘူး..
ကျမရင်ထဲခံစားရတဲ့အတိုင်းဘဲ အမှန်အတိုင်း ပြောဆိုခဲ့တာကြီးပါဘဲ
ကျမစိတ်ထဲ မကြိုက်တော့ဘူးလို့ထင်ရင် အဲဒီပစ္စည်းကို ကျမ လွင့်ပြစ်လိုက်မိမှာဘဲ
ကျမစိတ်ထဲကြိုက်တယ်လို့ခံစားမိရင် ကျမသိမ်းထားမိမှာဘဲ...
တခါတလေမှာလူတွေက ကျမကိုတမျိုးမြင်ကြလိမ့်မယ်ထင်တယ်...
မြင်တဲ့အတိုင်းလည်းဝေဖန်နိုင်ပါတယ်...
အမှန်တရားဆိုတာ နေရာတိုင်းမှာရှိပါတယ်...
ကျမကတော့ကျမရင်ထဲ ခံစားရတာကို ခံစားမိတဲ့အတိုင်း
ရေးချင်ရင်ရေးလိုက်တာဘဲ....ကျမအကြောင်း ကောင်းတာလည်းပါနိုင်သလို
မကောင်းတာလည်းပါနိုင်ပါတယ်...ကျမကဘလော့ကို ဒိုင်ယာရီသဘောမျိုး
ရေးတဲ့သူလိုဖြစ်နေတော့ ကျမရေးသမျှတွေအားလုံးဟာ....
ရင်ထဲကလာတဲ့ ခံစားချက်တွေပါဘဲ.................
ကျမဒီနေ့ လူတယောက်ကို သတိရမိတယ် ...
နူးနူးညံညံမရှိတဲ့လူတယောက် ...
ကျမကိုအမြဲတမ်း အပြစ်ပြော ဆရာလုပ်တတ်တဲ့ လူတယောက်
စိတ်ရင်းကောင်းသလောက် အော်ဟောက်တတ်တဲ့လူတယောက်..
သူစိတ်လိုလက်ရရှိရင် သူဖတ်ဖူးသမျှ စာအုပ်အကြောင်း
ပြန်ပြောပြတတ်တဲ့ လူတယောက်....
ကျမဘလော့ရေးတာကို အားပေးတဲ့လူတယောက်...
ကျမကိုအားတဲ့အချိန်မှာ စာရေး စာဖတ် ဖို့ တိုက်တွန်းခဲ့တဲ့ လူတယောက်...
(သူတွန်းအားပေးခဲ့လို့လည်း ခံစားမှု့သံစဉ် ဆိုတဲ့ ဘလော့လေးတခု ဖြစ်လာတာပါ)
ကျမဘလော့တခုကို မပိုင်ဆိုင်ခင် အချိန်မှာ ကျမရေးသမျှသော
စာတွေကို ဒိုင်ခံဖတ်ပေးခဲ့တဲ့ လူတယောက်....
လောကကြီးတခုလုံးမှာ သူ့အမေကလွဲရင် ကျန်တဲ့မိန်းမ မှန်သမျှ မကောင်းဘူးလို့
ကြွေးကြော်ထားတဲ့လူတယောက်...
(မိန်းမတွေမကောင်းဘူးလို့သာပြောတာ.အဲဒီလူက ရည်းစားတော့အများကြီးထားတယ် :P)
မိန်းမယူရင်တောင်မှ အမေသဘောမတူရင် ဘယ်လောက်ဘဲချစ်နေပါစေ
ရင်အကွဲခံလိုက်မယ်..အဲဒီမိန်းမကိုလက်မထပ်ဘူးဆိုတဲ့ လူတယောက်....
မန်ယူအသင်းကိုအရမ်းကြိုက်တဲ့ လူတယောက်...
အရာရာကိုမာမာကျောကျော ရင်ဆိုင်တုံပြန်တတ်တဲ့လူတယောက်....
ပညာဆိုတာကိုအရမ်းတန်ဘိုးထားလိုချင်တတ်တဲ့ လူတယောက်...
မြန်မာဆန်တာကိုအရမ်းသဘောကျတဲ့ လူတယောက်...
လုံးဝ လုံးဝကို သဝန်မတိုတတ်တဲ့ လူတယောက်...
ရီလိုက်ရင်သွားတက်လေးပါတဲ့ လူတယောက်...
အဲဒီလူကို ကျမရဲ့ဘဝ..ကျမရဲ့ အသိစိတ်...ကျမရဲ့နှလုံးသားထဲကနေ
ထုတ်ပြစ်လိုက်တာ နှစ်နဲ့ချီသွားပါပြီ.....
ဒါပေမဲ့ ကျမရဲ့ မသိစိတ်...ကျမ သတိမထားတဲ့ နှလုံးသားတထောင့်
မှာသူရှိနေသေးတယ်....
တခါတလေ...အဲလိုနေရာတွေကနေ သူထွက်လာတဲ့အခါ ကျမရင်ဘတ်တခုလုံးဗြောင်းဆန်
သွားသလိုဘဲ....
ဥပမာနဲ့ပြောရရင် လက်ဝှေ့ကြိုးဝိုင်းထဲမှ အောင်ပွဲခံနေတဲ့ သူကို လဲကျနေတဲ့သူက
ရုတ်တရက်ထပြီး အငိုက်ဖမ်း ထိုးလိုက်သလိုပါဘဲ...
ကျမဘဝမှာ ပုံရိပ်လေးတွေ အများကြီးရှိပါတယ်...အဲဒီပုံရိပ်တွေထဲက
ပုံရိပ်လေးတခုပေါ့လေ.....
ကျမဒီနေ့ အဲဒီပုံရိပ်လေးကိုအရမ်းသတိရမိတယ်
သူဘယ်ရောက်နေလည်း
သူဘာလုပ်နေမလဲ
ကျမတွေးနေမိတယ်...
ဖြူစင်တဲ့ ခံစားမှု့တွေ...နဲ့ကျမသူ့ကိုသတိရမိတယ်...
ကျမသူ့ကိုအရင်ကပြောဖူးပါတယ် တကယ်လို့များဝေးသွားခဲ့ကြမယ်ဆိုရင်
ကျမသူ့ကို အဖြူရောင်သံယောဇဉ်တွေနဲ့ သတိရမိမယ် ဆိုတဲ့အကြောင်းပါ...
ကျမဒီည သူ့ကိုသတိရမိတယ်...
ကျမထင်ပါတယ်လေ....လူတိုင်းရဲ့ ရင်ထဲမှာလည်း ....
အမှတ်မထင်ပုန်းနေတတ်တဲ့ အမှတ်တရတွေ....
မရှိတော့ဘူးလို့ထင်ထားပေမဲ့ ရှိနေသေးတဲ့ အရာတွေ...
မေ့ပျောက်လိုက်ပြီဆိုပေမဲ့ ကျန်နေတတ်သေးတဲ့ အတိတ်ကပုံရိပ်တွေ...
ရှိနေမှာပါ...ကျမလိုပေါ့လေ
ရံဖန်ရံခါ အတိတ်ကို ကျမလိုဘဲ ပြန်သတိရမိကြမယ်ထင်ပါတယ်...
တိုက်ဆိုင်မှု့တွေရှိတိုင်းလည်း အတိတ်ကပုံရိပ်တွေကို
ပြန်လည်မှန်းဆမိကြမယ်လို့လည်း ထင်ပါတယ်နော်.....း)
ဒီပိုစ့်လေးကို ကျမရဲ့ချစ်သူလာဖတ်မိလို့ကတော့ ရှော့ခ် ရှိတယ်...အားလုံးဘဲ
တိတ်တိတ်လေးနေကြနော်...ပြန်မဖွကြေး....ရှုးတိုးတိုး.....နော်
ပစ်ပစ်
20.1.2012 AM 4:14
(ပုံလေးတွေကိုတော့ google ကနေ ရှာထားတာပါ )

17 comments:
ပြန်မပြောစေချင်ရင် နှုတ်ပိတ်ခ မုန့် ဝယ်ကျွှေူး ဒါပဲ..:P
သူဘယ်မှာလဲသတိရနေတယ် တခါတလေတော့လဲလွမ်းမိပါတယ်း)
ကျောင်းတော်ကြီးလဲလွမ်းတယ် .....ကိုလဲလွမ်းမိပါတယ် တခါတခါပါ ...
ဟုတ်တယ် သူငယ်ချင်းရေ... အတိတ်က အရိပ်တွေက ဘယ်တော့မှ ပျောက်မသွားဘူး သေဆုံးမသွားဘူး တိုက်ဆိုင်မှုတွေ ရှိလာတိုင်း ပြန်ပြန်နိုးထ လာတတ်တယ်... အဲဒီနေ့ တွေဆိုရင် ညတာတွေ ပိုရှည်ကြာလာတတ်တယ်...
သူ့ကိုလမ်းမှာတွေ့ရင် တီတင့်ပြောပြလိုက်ပါ့မယ်
ပစ်ပစ်တစ်ယောက် နေ့နေ့ ညည အရမ်းလွမ်းနေတယ်လို့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အင်းး . . . . တခါတလေတော့လည်း တွေးမိပါတယ် တခါတလေတော့လည်း လွမ်းမိပါတယ်း))
ဒီလိုပါပဲ ပစ်ပစ် . . . ပုံရိပ်ဆိုတာ ပျောက်ကွယ်သွားတတ်တဲ့ အရာမှ မဟုတ်ပဲလေ . . တခါတလေတော့လည်း ပြန်ပြန်ပေါ်လာတတ်တာပဲလေး)
ခင်မင်စွာဖြင့်
ဗညိန်ရှားး
တိုးတိုးလေးဖတ်ပြီး တိုးတိုးလေး ပြန်သွားပြီ.....
အဲလိုပဲ တခါတခါ နင့်နင့်နဲနဲ သတိရတတ်တဲ့အချိန်မျိုးလူတိုင်းဆီမှာ ရှိကြမှာပါ...။
ဟင်
ချစ်သူကတစ်ယောက် ဒီပိုစ့်ထဲက လူကတစ်ယောက်
အဲဒီလိုလား
မရဘူး ပြန်ပြောမှာပဲ
ဒီပို့စ်ဖတ်ရင်း မဒမ်ကိုးနဲ့ အတွေးတူ သွားပြီ..၊ ကျနော်လည်း အဲဒီ ‘သူဘယ်မှာလည်း သတိရနေတယ်၊ တခါတလေတော့လည်း လွမ်းမိ ပါတယ်’ ဆိုတဲ့ စာသားနဲ့ သံစဉ်ကို ကြားနေခဲ့တယ်...။း)
ဟယ်..မဖွပါနဲ့မှာထားရက်နဲ့
သွားပြောလိုက်မိပြီ :P
ဘယ်လိုလုပ်ရပါ့အမတော်း)
အစ်မပို့စ်..ဖတ်ရင်းနဲ့တောင်
သတိရသွားပြီး))
ချစ်ခင်လျှက်
မိစံ
လောကကြီးတခုလုံးမှာ သူ့အမေကလွဲရင် ကျန်တဲ့မိန်းမ မှန်သမျှ မကောင်းဘူးလို့
ကြွေးကြော်ထားတဲ့လူတယောက်...
(မိန်းမတွေမကောင်းဘူးလို့သာပြောတာ.အဲဒီလူက ရည်းစားတော့အများကြီးထားတယ် :P)
..မမရေ...တူနေတာတွေ များနေလို့
ပို့စ်တစ်ခုလုံး...ကော်ပီယူရမလိုပါပဲ...:):)
ပစ်ပစ်ရေ... ပျောက်ပြီလို့ထင်ထားတဲ့ ခြေထောက်ကဒဏ်ရာတောင် ခလုပ်တိုက်မိရင် မြက်ခနဲဖြစ်သေးတာပဲ..။ တိုက်ဆိုင်မှုဆိုတာ တိုက်စားနေတဲ့မြစ်ရေလိုပဲ ကမ်းပါးကို ပြိုစေတတ်တယ်လေ။ လှိုင်းရိုက်ချင်ရိုက်ပါစေ တိုက်စားမှုတော့ မခံပါနဲ့...။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
အင်.. ဒီလိုကြီးရေးထားတာ.. ဘယ်လိုဖွတ်ထားရမလဲ ဒီပိုစ့်ကို မမချစ်သူမမြင်အောင် ဟီးဟီး
ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ် ဟီးဟီး
အရင်ကဇာတ်လမ်းလေး ...
ဟန်ထွန်းသီချင်းလေးပါ နားထောင်လိုက်ရင် သတိတရခံစားချက်က တငြိမ့်ငြိမ့်နဲ့ မျောလွင့်နေတော့မှာပဲ။ အတိတ်ဆိုတာ မေ့ဖို့မှ မလွယ်ဘဲလေ။
သတိရသေးရင်...နှုတ်ဆက်ပါ
အမှတ်ရသေးရင်...နှုတ်ဆက်ပါ-----ဟုတ်တာပေါ့ဗျာ
ချစ်သူက တကဏ္ဍ သူငယ်ချင်းသံယောဇဉ်က တကဏ္ဍပါ ပစ်ပစ်ရယ်...လိုင်းချင်းမှ မတူဘဲ...သတိရခွင့် တမ်းတခွင့်ဆိုတာ လူတိုင်းမှာ ရှိသင့်တဲ့ အခွင့်အရေးမို့လား...စိတ်ကြိုက်သာ လွမ်းပစ်လိုက်...
;) တိုက်ဆိုင်မူတွေရှိလာတော့ အမှတ်တမဲ့မင်းကိုလွမ်းပါတယ် (ကိုလေး)
ဒီလိုပါပဲလေ တိုက်ဆိုင်မှုတွေရှိလာရင်တော့ သူသူကိုယ်ကိုယ်သတိရမိကြတာပါပဲလေး)
မောင်ဘကြိုင်
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..