ကျမဒီနေ့ အရမ်းစိတ်ညစ်တယ်...။စိတ်ညစ်ရတဲ့အကြောင်းရင်းကတော့ မိသားစုကိစ္စဆိုပါတော့....
မနက်အိပ်ယာနိုးကထဲက ဆိုပါတော့လေ
တနေ့လုံးဘာလုပ်လုပ်စိတ်မပါဘူး....အလုပ်ထဲမှာလည်းမပျော်ဘူး
သူငယ်ချင်းတွေနဲ့လည်း စကားကောင်းကောင်းမပြောဖြစ်ဘူး
ကျမသိပ်မွန်းကြပ်သလို ခံစားနေရတယ်လို့ သူ့ကိုဖုန်းဆက်ပြီင်္းပြောမိတယ်..
သူကအခုဘယ်နေရာကနေဖုန်းပြောနေတာလဲလို့မေးတယ်..ကျမကနောက်ဖေးဝရန်တာကနေဆိုတော့
ကောင်းကင်ကိုကြည့်လိုက်တဲ့ ကြယ်တွေတွေ့ရလားတဲ့ လမင်းကြီးရောတွေ့ရလားတဲ့
ဘယ်လိုလုပ်တွေ့ရမှာလဲ.. ဒီမှာဒီလောက်အေးနေတဲ့ဟာ..
ကောင်းကင်တခုလုံး မှောင်မဲအေးစက်နေတာဘဲ လရော..ကြယ်ရောမတွေ့ရဘူးလေလို့ဖြေလိုက်တယ်
သူ့စီမှာတော့ လမင်းကြီးကလင်းထိန်နေတာဘဲတဲ့(.... နဲနဲတောင်မနာလိုဖြစ်သွားတယ် )
သူလည်းအဆောင်ရှေ့ဝရန်တာလေးမှာထွက်ပြောနေတာတဲ့
(အော်..အနွေးထည်မှဝတ်ထားရဲ့လား :P စေတနာတွေပါ
သူအေးနေမှာစိုးလို့ပါ)
အဲတာနဲ့ ပစ်ပစ်ဘာမုန့်တွေဝယ်ထားလဲတဲ့ ဘာဝယ်ရမလဲ အခုတလော ဖုန်းဖိုးတွေသိပ်ကုန်နေလို့
ဘတ်ဂျက်ကိုမနည်းထိန်းနေရတာ ဘာမုန့်မှဝယ်မထားဘူးလို့ဖြေလိုက်တယ် ။။
သူက သေချာကြည့်ပါဦးတဲ့ မုန့်တွေ ကျန်ဦးမှာပါတဲ့
အဲတာနဲ့ jerry pigpig တို့တပ်အပ်တဲ့ ပညာနဲ့ရှာဖွေလိုက်တာ
မုန့်ထုပ်တွေထွက်လာပါတယ်..မုန့်တွေတော့ရှာတွေ့ပြီ ဆိုတော့..ဘာမုန့်တွေလဲတဲ့..
%%$$##***@!#$^^&* ...အဲတာတွေဆိုတော့..
သူကအဲမုန့်တွေက ဂျယ်လီထုပ်ကိုဖောက်လိုက်တဲ့...။။
ပြီးရင်ဂျယ်လီတွေကို ပန်းကန်ပြားလေးထဲ ထည့်ထားလိုက်တဲ့....။။
ဘာဂျယ်လီတွေလဲတဲ့ ။။ ဂျယ်လီလေးတွေက ဝက်ဝံရုပ်သေးသေးလေးတွေပါ..။။
အရောင်ကအစုံဘဲဆိုတော့ ...။။ တရောင်ကိုအကောင်ဘယ်နှစ်ကောင်လဲတဲ့...။။
အနီက 15ကောင် ခရမ်းက 15ကောင် အဝါက15ကောင် အစိမ်းက15ပေါ့
ကျမကရေလည်းရေ အေ၇ာင်အလိုက်ခွဲလည်းခွဲ ပါးစပ်ထဲလည်းထည့်ပေါ့
အဲလိုလုပ်နေတာ.. သူကလည်းမေးရင်းနဲ့
ပစ်ပစ်ဂျယ်လီတွေက ပထမမေးတုန်းက 15ကောင်
နောက်တခေါက်ထပ်မေးတော့ 12ကောင်
နောက်တခေါက်ထပ်မေးတော့ 10ကောင်
ဘာလို့အကောင်တွေလျော့လျော့သွားရတာလဲတဲ့း)
ကျမကလည်း ဖြေလိုက်တာပေါ့
ဂျယ်လီတွေက ပစ်ပစ်ကိုကြောက်လို့ ပစ်ပစ်ဗိုက်ထဲကိုဝင်ပုန်းနေကြတာလို့ ..။။။
သူရောကျမရော မတိုင်ပင်ထားပါဘဲနဲ့ ပြိုင်တူရီမိတယ်....အစကတော့
နှစ်ယောက်စလုံး တခွိခွိ နဲ့ထိန်းပြီးရီနေကြတာ....
နောက်တော့ရီသံတွေက တဖြည်းဖြည်းနဲ့ ကျယ်ကျယ်လာရော...
တိုးရာကနေ တဖြည်းဖြည်းလေးကျယ်လာရော
ရီနေတဲ့ကြားကနေသူက ကျမကိုမေးတယ်
ပစ်ပစ် စိတ်ညစ်နေသေးလားတဲ့.....
ဟင့်အင်း လို့ဖြေလိုက်တယ်
သူကဆက်မေးတယ်..
ပစ်ပစ်ဗိုက်ထဲကို ဂျယ်လီဝက်ဝံတွေဘယ်နှစ်ကောင်ဝင်ပုန်းသွားလဲတဲ့...
ဘယ်နှစ်ကောင်ဝင်ပုန်းသွားလဲသိလား..
သိချင်ရင် သူ့စီကိုသာဖုန်းဆက်မေးကြနော်
သူများကတော့လုံးဝမပြောပြဘူးဘဲ.. :P
အဲဒီတော့ အရမ်းစိတ်ညစ်လာတဲ့အချိန်မှာ
ဂျယ်လီတထုပ်ရှိနေဖို့လိုအပ်တယ်
ဖုန်းတလုံးလည်းရှိနေဖို့ လိုအပ်တယ်...
ကိုယ်ဖုန်းဆက်လိုက်တဲ့ ဘယ်အချိန်မဆို ဖုန်းထပြောမဲ့ ချစ်သူတယောက်လည်း
ရှိဖို့လိုအပ်တယ်...
ကဲ..ဒီညစိတ်ကူးပေါက်လို့ရေးလိုက်တာကတော့ ဒါပါဘဲရှင်...
jerry pigpig
10.1.2012 AM 3:48

25 comments:
သြော်.. အကန်းပုံပြင်လိုပါပဲလား.. ကိုယ်စမ်းမိတာ ကိုယ့်ဟာပဲပေါ့..နော့.. :D
ဒီဝက်ကတော့ အစုံစားသတ္တ၀ါပေပဲ..
နေပါဦး...ကိုယ်စမ်းမိတာကိုယ့်ဟာလို့မသတ်မှတ်ချင်လို့ရမလား
ကိုယ့်ဟာလို့ဘဲ သတ်မှတ်ရမှာပေါ့လေ...
သူများဟာသွားစမ်းလို့မှမရတာလေ...
ဝက်ကအစုံမစားဘူး ဂျယ်လီတော့စားတယ်း)
အရမ်းစိတ်ညစ်လာတဲ့အချိန်မှာ
ဂျယ်လီတထုပ်ရှိနေဖို့လိုအပ်တယ်
ဖုန်းတလုံးလည်းရှိနေဖို့ လိုအပ်တယ်...
ကိုယ်ဖုန်းဆက်လိုက်တဲ့ ဘယ်အချိန်မဆို ဖုန်းထပြောမဲ့ ချစ်သူတယောက်လည်း ရှိဖို့လိုအပ်တယ်...
......
အရမ်းစိတ်ညစ်လာတဲ့အချိန်မှာ..
ဘီဘီတစ်ပုံးလိုတယ်။
ပုတီးတစ်ကုံးလိုတယ်။
ပုတီးစိပ်တဲ့အခါတိုင်း ဂုဏ်တော်တစ်ခု အလွတ်ရထားဖို့လဲ လိုအပ်တယ်။
အခုခဏ စိတ်ရူးပေါက်ပြီး တွေးလိုက်မိတာပါခင်ဗျာ။း)
ပစ်ပစ်လာပြီဟေ့..ဂျယ်လီထုပ်တွေ အမြန်သိမ်းဟ..
မြန်မြန်အဆင်ပြေပါစေ..
ငါ့သမီးပြောမှပဲ ဂျယ်လီဆောင်ရမလိုဖြစ်နေပီ ဟဟဟဟဟ
မှတ်သား လောက်ပါပေတယ် မမပစ်ရယ်
တော်သေးတယ် နောက်ဆုံးမှာ ပျော်သွားလို့ ...
ဂျယ်လီနဲ့ ဖုန်းကဒ်သာ များများ ဆောင်ထားပေတော့ သူငယ်ချင်းရေ...
သိပ်သိပ်ကို မှတ်သားစရာ ကောင်းတာပဲကွယ်... ဟမ်
ဟိုက်ရား .. မိုက်သကွာ...
မှတ်သားစရာပါပဲလေ
အရမ်းစိတ်ညစ်တဲ့အခါတော့
လွင်ပြင်လေးဘေးမှာရှိဖို့လိုအပ်တယ်ကွယ်
---အဲတာဂျက်စမိုင်းအတွေးနော်...ဂျက်ကဂျယ်ရီမှမကြိုက်တာကိုး
ဖတ်ရင် ဂျယ်လီတောင်စားချင်လာတယ်...။
ဝက်ဝံတွေ တစ်ကောင်ပြီး တစ်ကောင် ပါးစပ်ထဲ ပစ်ထည့်နေတဲ့ ပစ်ပစ်ကို မြင်နေမိတယ်။ ပစ်ပစ်ချစ်သူက ချစ်သူကို ချော့တတ်သူတစ်ယောက်ပါဘဲ။
တော်သေးတယ် နောက်တော့ပျော်သွားတယ်ဆိုလို့
အမလေး ပစ်ပစ်ရယ် စိတ်ညစ်ပေလို့သာဘဲ။။ ညီးစိတ်ညစ်တာ ကျုပ်တောင် အားကျသွားတယ်။။ ဗိုက်လဲ ဝ ဖုန်းလဲ ပြောရ ကောင်းလိုက်တာနော်... ဂျယ်လီတစ်ထုပ်ပြေးဝယ်ရမလိုဖြစ်နေပြီ .. ဖုန်းလဲရှိတယ်.. အဲ အဲ.. ဘယ်သူ့ဆီ ဆက်ရမတုန်း။း)
ရေခဲ တစ်ခွက် မရှိမဖြစ်ရှိဖို့လိုမယ်......
လိုလိုမယ်မယ် ရေငတ်ရင်သောက်ဖို့ ရေတစ်ခွက်လိုတယ်....
ဘေးနားမှာ ပြောချင်ရာပြောဖို့ လူတစ်ယောက်လိုတယ်.......... :)
ကိုယ်ဖြစ်ချင်တာ ကိုယ်ပြောပါတယ်....
အော် မမပစ်ပစ်ရယ်.. ရိုမန်းတစ်လိုက်တာ...
စိတ်ညစ်နေတယ်ဆိုလို့ ကွန်မန့်မှာ အားပေးမယ်လို့ စိတ်ကူးထားတာလေးတောင် ဘယ်ရောက်တွားလည်း တိဘူး :P
ယနေ့ ရာသီဥတု အခြေအနေ...
မြန်မာပြည်အလယ်ပိုင်းဒေသတွင် မိုးရွာသွန်းနေပါသည်...
ပစ်ပစ်ရပ်ဝန်းတွင် ရာသီဥတု ကြည်လင်သာယာနေပါ၏...
တော်သေးတာပေါ့ ဂျယ်လီတွေအဆင်သင့်ရှိလို့...ငရုတ်သီးတောင့်တွေများရှိနေရင် စပ်လိုက်မယ့်ဖြစ်ခြင်းနော်...
ဘုန်းဘုန်းအနေနဲ့ အရမ်းစိတ်ညစ်လာတဲ့အချိန်မှာ
ရေခဲမှုန့် လိုအပ်တယ်။
ဖုန်းတလုံးလည်းရှိနေဖို့ လိုအပ်တယ်။
ကိုယ်ဖုန်းဆက်လိုက်တဲ့ ဘယ်အချိန်မဆို ဖုန်းထပြောမဲ့ ....တစ်ယောက်လည်း ရှိဖို့လိုအပ်တယ်။ (...)အဲဒီနေရာမှာ ဘာထည့်ရမှန်း မသိဘူး ပစ်ပစ်ရေ။
အယ်..တော်.. ၀က်ဝံ တွေက ဂျယ်ရီ နဲ့ဖြစ်နေလို့..သာပေါ့.း )P
(ဒုတိယ)
တိုတောင်းတဲ့လူ့ဘဝကြီးထဲမှာ
စိတ်ညစ်တဲ့အချိန်တွေကို
ပျော်ရွှင်မှုလေးတွေနဲ့အစားထိုးလိုက်တာ
တန်ဘိုးရှိတယ် ပစ်ပစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟာဟာ အကြံပေးကောင်းတယ်ဗျာ အစ်မချစ်သူကတော. ။အားကျတယ် သူများတွေကို
စိတ်ညစ်ရင် အစားများများစားလေ ဇီးရိုးဇီးရိုး ဆဲဗင်း ပစ်ပစ်ရဲ့။ မြောက်ပေးမှ :P။
ပစ်ပစ်ကယ်။ စီအိုင်အေမှာ စိတ်ခံစားမှု လွယ်ရင် မဖြစ်ဘူးနော်။ ကြည့်လုပ် ခုံနေရာ ပျောက်မယ်။ :D
အားကျသကွာ.. :P
ချစ်ခင်လျှက်
မိစံ
အဲလိုလည်းဖြစ်တယ်လား :P
အနော်တို့လည်း ဂျယ်လီ မကြိုက်တော့ ခက်ပြီ ...
မှတ်တော့ထားလိုက်ပီ စမ်းကြည့်ဦး ဟီး ဟီး ..
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..