16 March 2012

မေမြို့မိုးရဲ့ တက်ဂ် ပိုစ့်

Posted by blackroze at Friday, March 16, 2012
မေမြို့မိုးက Cbox မှာလာပြောသွားပါတယ်..အမပစ်ပစ်ရေ ..တက်ဂ်ထားတယ်တဲ့ ..ရေးပေးပါဦးတဲ့..
သူတက်ဂ်ထားတဲ့ ခေါင်းစဉ်လေးကတော့ ဘင်္ဂလားနဲ့ မြန်မာ ငြင်းခုန်နေကြတဲ့ ကိစ္စပါဘဲ..
အခုတော့ အဖြေထွက်သွားပါပြီ... အဲဒီအဖြေက မျှတသလား မမျှတဘူးလားဆိုတာ တော့
ကျမလည်းမသိဘူး.... Facebook မှာတော့ အဲဒီကိစ္စကို တော်တော်များများ ရေးနေကြ တင်နေကြတာ
တွေ့ရပါတယ်...ဖတ်တော့ ဖတ်တယ်..ကျမလည်း ကိုယ်သေချာနားမလည်တဲ့ကိစ္စမို့လို့
ဘာမှကိုဝင်မပြောတတ်တာတော့ အမှန်ပါဘဲ ...။။

(၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ရေပိုင်နက်ကိစ္စကိုဘယ်လို မြင်သလဲ..။

တချို့ကလဲပြောကြတယ် ဘင်္ဂလားအနိုင်ရသွားတာမဟုတ်ပါဘူးတဲ့...

http://www.facebook.com/groups/381908758489238/405904682756312/?comment_id=405927876087326#!/notes/naing-htoo-aung/ရေပိုင်နက်အရေး-မြန်မာရှုံးတယ်တဲ့လား/3706708029538

(facebook မှာ တင်ထားတာလေးတွေ့လို့ ပါ...)

တချို့ကလည်းပြောကြတယ်...မြန်မာရှုံးတယ်တဲ့ ...တယောက်နဲ့တယောက်ကတော့ အမြင်ချင်း
မတူနိုင်ကြဘူးပေါ့လေ....


(၂) မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ..။

အရမ်းစိတ်မကောင်းဖြစ်ရပါတယ်...မချင့်မရဲ လည်းဖြစ်ရပါတယ်...ဖြစ်ရလေ ဆိုပြီးတော့လည်း
ခံစားမိပါတယ်.... facebook မှာ အမ ကလိုရီ (အမနမ်းမဝ) တင်ထားတဲ့ စာလေးကိုလည်း
တွေးမိပါတယ်..အိမ်ထဲမှာရန်ဖြစ်နေတာနဲ့တင် အိမ်နောက်ဖေးမှာ လှမ်းထားတဲ့လုံခြည်..သူများ
အခိုးခံလိုက်ရတယ်ဆိုတဲ့ စာသားလေးပါ...အဲစာသားလေးအရမ်းမှန်ပါတယ်...။။
ဒါကြောင့် ကျမမြင်တာကတော့ ကျမတို့မြန်မာမရှုံးပါဘူး..သူတို့ခိုးသွားတာ ခံလိုက်ရတာပါ ...
ကျမတို့ပေးလိုက်ရတာ မဟုတ်ပါဘူး...သူတို့တွေ ခိုးလိုက်တာပါ..


(၃) တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့.ဘယ်လို လုပ်သင့်သလဲ..။

ဘယ်လိုမှလုပ်လို့ မ၇တော့ဘူးလေ...။။ တာဝန်ရှိတဲ့ခေါင်းဆောင်တွေတောင် ဒီအဖြေကို လက်ခံ လိုက်ရမှတော့ ...ကျမတို့လို့ ပြည်သူတွေ ဘာလုပ်လို့ရတော့မှာလဲ...
ပြီးသွားပြီလေ... ပြန်မှမရနိုင်တော့တာ....


နောက်ထပ်..နောက်ထပ် အဲလိုဖြစ်ရပ်တွေ..အဲလိုအဖြစ်မျိုးတွေ ထပ်မဖြစ်လာဖို့
ဆုတောင်းရုံဘဲရှိတော့တာပေါ့......။။။။။


ကျမတို့တိုင်းပြည်မှာ အလိုအပ်ဆုံးက ဘာလဲ..????? ဆိုတာ ကို အားလုံးသေချာ သဘောပေါက်သင့်ပြီလို့လည်း ထင်ပါတယ်...။။။။

(တယောက်နဲ့ အမြင်ချင်း ခံစားချက်ခြင်း မတူနိုင်ကြတဲ့အတွက် ကွဲလွဲ မှု့လေးတွေရှိခဲ့မယ်ဆိုရင်လည်း နားလည်ပေးပါလို့ ပြောပါရစေ ..)

14 comments:

ဟန်ကြည် said...

လောလောဆယ် စာမေးပွဲကိစ္စနဲ့ အလုပ်များနေလို့ ဘာမှကို မသိတာပဲ ပစ်ပစ်ရေ...နတ်နတ်တင်ထားတဲ့ status ကို ဖတ်တော့ ဖတ်မိတယ်...ဘာကို ဆိုလိုမှန်းမသိလို့ အသာလေးဖတ်ပြီး ကွန်မန့်တောင် မရေးရဲဘူး ဖြစ်နေတာ...ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်သတဲ့ ပစ်ပစ်ရေ...

မိုးသက် on 16 March 2012 at 04:57 said...

ရေးပေးတဲ့အတွက် ကျေးဇူးပဲနော် အစ်မပစ်.. ။ ဟုတ်တယ်. ခုကျတော့
တစ်မျိုးပြောနေကြပြန်ပြီ.. ။ အယူခံဝင်နိုင်ပါစေလို့ ဆုတောင်းတာပဲ..။

ချစ်စံအိမ် on 16 March 2012 at 09:36 said...

ပစ်ရေ လာဖတ်သွားပါတယ်

Anonymous said...

ဒီကိစ္စကို မီဒီယာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်
မရေးကြဘူးအစ်မ..
အဲဒါ..ထူးဆန်းတာပါပဲ။
မြန်မာပြည်ကပြည်သူတွေအားလုံးသိကြရင်တော့
အဖြေက တစ်မျိုးပြောင်းသွားနိုင်တယ်ထင်လို့ပါ။
အခုတော့..တကယ်အခိုးခံလိုက်ရပြီပေါ့။

လွင်ပြင်လှိုင်းငယ် on 16 March 2012 at 13:59 said...

အမြင်လေးကို ဖတ်သွားပါတယ်

ညီလင်းသစ် on 16 March 2012 at 20:31 said...

နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေ၊ ပထဝီဝင် သဘောတရားတွေ အပြင် နိုင်ငံရေး အရ အသာစီးရလိုမှုတွေ ရောပြွမ်းနေတဲ့ ကိစ္စရပ်လို့ မြင်မိတယ် ညီမရေ..၊ ကျယ်ပြန့် နက်ရှိုင်းပြီး သင်ခန်းစာ ယူစရာတွေ အများကြီးပါပဲ...။

ပစ်ပစ် said...

ELeven မှာဖတ်လိုက်ရတဲ့ ကောမက်လေးတခုပါ
အားလုံးကိုလည်းဖတ်စေချင်ပါတယ်...။။။။။။

မြန်မာမရှုံးပါလို့ပဲ ပြောချင်ပါတယ်။
Copy from Ko Zaw Naing Win Fbhttps://www.facebook.com/permalink.php?story_fbid=10150733839790428&id=606350427

ပင်လယ်နယ်နိမိတ်သတ်မှတ်သည့်ကိစမှာ ရှုပ်ထွေးနက်နဲလှတဲ့ကိစဖြစ်ပါတယ်။ ပင်လယ်နယ်နိမိတ်သတ်မှတ်တဲ့ကိစကို ဥပဒေပညာရှင်များ၊ hydrographer ပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ အားလုံး ပါဝင်ပြီး ဆောင်ရွက်ကြရပါတယ်။
တိုင်းတာသည့် method များ တစ်နည်းထက်မကရှိပြီး ၀ိဝါဒကွဲပြားမှုရှိသည့် ဥပဒေများအပေါ်မှာ အခြေခံပြီးဆုံးဖြတ်ရပါတယ်။ UN Convention on the Law of the Sea မှာကိုက ကွဲကွဲပြားပြား မရှိတဲ့ အာတီကယ်တွေ ပါပါတယ်။ ဒါကြောင့် နိုင်ငံတွေအနေနဲ့ ပင်လယ်နယ်နိမိတ်အငြင်းပွားမှုတွေဖြစ်လာပြီဆိုရင် မိမိတို့ အားသာတဲ့ method ၊ မိမိတို့အားသာတဲ့ ဥပဒေတွေ၊ အရင်ဖြစ်ခဲ့တဲ့ အကိုးအကား case ကို ထောက်ပြပြီး တောင်းကြပါတယ်။ ဒီလို ကိုယ်အားသာတာကို တောင်းတဲ့အတွက် စေ့စပ်ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ရဖို့ ခက်ခဲလှပါပြီး နောက်ဆုံးမှာ ICJ, ITLOS စတဲ့ ခုံရုံးတွေရောက်ကြပြီး တရားသူကြီးများရဲ့ အဆုံးအဖြတ်ကို ခံယူပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေးပွဲကလည်း ဒီလိုပါပဲ။ ၁၉၇၄ ခုနှစ်က စတင်ခဲ့တာ ၂၀၀၉ ခုနှစ်အထိ သဘောတူညီချက်မရလို့ ခုံရုံးမှာ တင်ပြီး ဆုံးဖြတ်ချက် ခံယူခဲ့တာပါ။
မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်နယ်နိမိတ်အငြင်းပွားမှုကိစမှာ မြန်မာဘက်က မိမိတို့ အားသာတဲ့ နည်းလမ်း ဥပေဒ အကိုးအကားနဲ့ တောင်းခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း ဒီနည်းအတိုင်းပါပဲ။ နှစ်ဘက်လုံးကတော့ တရားရုံးရောက်ပြီဆိုမှတော့ ရင်လောက်တင်မှ ဒူးလောက်ကျဆိုသလို အများဆုံးရနိုင်မဲ့ ဧရိယာကိုတော့ တောင်းကြမှာပါပဲ။ မြန်မာက ကိုယ်အားသာမဲ့ equidistance method ကို သုံးပြီးတောင်းတယ်။ ဘင်္ဂလားဒေ့ရှ်က သူအားသာမဲ့ equity method /angle-bisector ကို သုံးပြီးတောင်းတယ်။ တရားသူကြီးတွေ အဆုံးအဖြတ်ပေးတဲ့အခါမှာ နှစ်ဘက်စလုံးတောင်းတဲ့အတိုင်းတော့ ရခဲ့တာမဟုတ်ပါဘူး။ ကိုယ်တောင်းတာမရလို့ ရှုံးတယ်လို့တော့ လွယ်လွယ် ပြောလို့မရပါဘူး။
သိကြတဲ့အတိုင်းပါပဲ၊ ITLOS ဆိုတာ ဂုဏ်သိက္ခာအမြင့်ဆုံး၊ သမာသမတ်အရှိဆုံး၊ ပယ်လယ်ဥပဒေကို အကျွမ်းကျင်ဆုံးလို့ လက်ခံထားတဲ့ တရားသူကြီး (၂၁)ဦးနဲ့ ဖွဲ့စည်းထားတာပါ။ လွတ်လပ်တဲ့ တရားသူကြီးတွေပါ။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့တိုက်ကြီးတိုင်းက တရားသူကြီးတွေကို မျှမျှတတ ရွေးကောက်တင်မြောက်ထားတာပါ။ ဒါကြောင့် ဒီခုံရုံးက ဆုံးဖြတ်ချက်က တရားမျှတမှုရှိတယ်လို့ မှတ်ယူလို့ရပါတယ်။ တောင်းတာမရတာလို့ ရှုံးတယ်လို့ ပြောနေတာ၊ တောင်းတာရလို့ နိုင်တယ်လို့ ပြောနေတာတွေကို အသာထားပြီး ဒီလို သမာသမတ်ရှိတဲ့ ခုံရုံးက ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်ကို ကြည်ကြည်ဖြူဖြူလက်ခံရပါမယ်။
ဘင်္ဂလားဒေ့ရှ်က Domestic Politics အတွက် မီဒီယာတွေ အလုပ်ရှုပ်နေကြတာပါ။ သူတို့တောင်းတာ တွေထဲက တစ်ချို့ရလို့ သူတို့ဝမ်းသာတာ သူတို့အလုပ်ပါ။ သို့သော် မြန်မာကို သူတို့နိုင်တယ်လို့ ပြောလို့မရ ပါဘူးလို့ ယူဆပါတယ်။ မိမိဘက် အစဉ်အလာအရ မီဒီယာအားနည်းတော့ ဘင်္ဂလားဒေ့ရှ် ပြောတာကိုပဲ အဟုတ်ထင်နေကြပြီး ဆင်မဖြူကျွန်းကိုပဲ မြန်မာက ပေးလိုက်ရသလိုလို၊ ရေနံကွက်တွေပဲ ပေးလိုက်ရတော့မလိုလို ရေးနေကြတာပါ။ ဆင်မဖြူကျွန်းက လွတ်လပ်ရေးရကတည်းက ဘင်္ဂလားဒေ့ရှ်ပိုင်တာပါ။ မြန်မာက လက်ရှိလုပ်နေတဲ့ ရေနံကွက်တွေလည်း လွတ်တာကိုတွေ့ရပါတယ်။ ပြောရရင် ဘင်္ဂလားဒေ့ရှ်က ၂၀၀၈ ခုနှစ်မှာ လေလံတင်ခဲ့တာ ရေနံလုပ်ကွက်တွေလဲ အခုခုံရုံးရဲ့ ဆုံးဖြတ်ချက်အရဆို ကျွန်တော်တို့ ရလိုက်သလိုဖြစ်သွားပါတယ်။ ဂျာမန်တရားသူကြီးပြောသလိုပါပဲ နှစ်ဘက်စလုံး ရတာလဲရှိသလို စွန့်လွှတ်ခဲ့ရတာလည်း ရှိပါတယ်။
သတိပေးချင်တာက ဒီအချိန်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်နယ်နိမိတ်သတ်မှတ်ရေးအတွက် ၁၉၇၄ ခုနှစ်ကတည်းက နှစ်ပေါင်းများစွာ အပင်ပန်းခံခဲ့တဲ့ ဌာနပေါင်းစုံမှ သက်ဆိုင်သူတွေ၊ မြန်မာကိုယ်စားလှယ် တွေကို မမေ့ဖို့ပါ. သူတို့တွေ အရမ်းပင်ပန်းခဲ့ပါတယ်။ သူတို့တွေ အစွမ်းကုန် ကြိုးစား လုပ်ခဲ့ကြပါတယ်။
ပါဝင်ခဲ့တဲ့ သက်ဆိုင်သူအားလုံးကို Congratulations ပါခင်ဗျာ။

စံပယ်ချို on 16 March 2012 at 21:30 said...

ပစ်ပစ်ရေ
တဂ်ပိုစ့်လေးလာရောက်ဖတ်ခဲ့လို့
ပစ်ပစ်ရဲ့ အမြင်လေးတွေတွေ့လိုက်ရပါတယ်
အားပေမယ့်လဲ ကွန်ဒုက္ခပေးလို့ အိမ်တွေမလည်ရ ဘလော့အသစ်လဲမတင်ရဖြစ်နေတယ်ရေးရင်းနဲ့ကျသွားပြန်ပြီဟယ်
ချစ်တဲ့ sis jasmine

Yin Sue on 18 March 2012 at 06:56 said...

မကြီးပစ်ပစ်ရေ လာဖတ်သွားပါတယ်......အမြင်လေးတွေ ဖလှယ်တာပေါ့နော်....

မောင်(စွယ်စုံကျမ်း) on 18 March 2012 at 08:01 said...

ဦးလေးမိုး..သားသားရေးပြီးပီ..ပေါက်ကွဲသွားတာတွေနဲနဲပါနေတယ်..ကျော်ဖတ်လိုက်နော်...

မဒမ်ကိုး on 19 March 2012 at 17:00 said...

ဟုတ်တယ် ပေါက်ကွဲနေကြမယ့်အစား ရှေ့ဆက်ဘာလုပ်သင့်သလဲဘဲကြိုးစားကြရတော့မှာ .

နွေလ on 22 March 2012 at 17:46 said...

အစ်မသဘောထားလေးကို
လာရောက် ဖတ်ရှုသွားပါတယ်
အစ်မပစ်ပစ်ရေ

ဆင်တဲကဖေး on 23 March 2012 at 00:41 said...

စာလာမဖတ်ဖြစ်တာ ကြာသွားပြီး....
နေကောင်းပါစ...
ဒီနေ့တော့ စာလိုက်ဖတ်ဖြစ်ပါတယ် ...

San San Htun on 25 March 2012 at 23:43 said...

Eleven က comment လေးကို ပြန်ရှယ်ပေးတဲ့အတွက် ကျေးဇူး ပစ်ပစ်..အလုပ်နည်းနည်းများ မြန်မာမီဒီယာတွေမှာလည်း ဒီအကြောင်း သိပ်မရေးတော့ ကြားတော့ ကြားလိုက်တယ်..သေသေချာချာ မသိဘူးရယ်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei