နွေရာသီရောက်လာတာကိုက စောလွန်းတယ်……
အဲဒီလောက်မွန်းကြပ်မယ်မှန်းသိခဲ့ရင်
(အစကတည်းက)
အသက်ရှူတတ်အောင် ငါမသင်ခဲ့ပါဘူး………..
သစ်ပင်တွေသွေ့ခြောက်
အသံတစ်သံကို ကြောက်နေရသလိုလို
အချစ်ရေ..တို့စိတ်နဲ့… တို့ကိုယ်ဘဲ
သစ်ရွက်တွေလိုဘဲ..အတူကြွေပစ်လိုက်ကြမယ်…
ဘာ..ဖြစ်..လို့…ခွဲ….ရ..မှာ…လဲ..ကွယ်…
မြက်ခင်းတွေ…အမြဲစိမ်းနေတာ…မြင်ရအောင်
ဘ၀ကို…ဘောလုံးကွင်းဘဲ ဖြစ်လိုက်စေချင်တော့တယ်…
အခုတော့……
နွေရာသီ ရောက်လာတာကိုက စောလွန်း…..
(မင်း…သွားမယ်ဆိုလဲ)
စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ကောင်းတယ်…………။။။။
(ဆရာမင်းခိုက်စိုးစံ ရဲ့ကဗျာလေးပါ)
(12.1.2010 1:15 am)
12 January 2010
Subscribe to:
Post Comments (Atom)
1 comments:
ကဗျာလေးဖတ်မိပြီးတခုခုကိုခံစားမိပါတယ်...
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..