08 January 2010

မျက်ရည်မိုး......

Posted by blackroze at Friday, January 08, 2010
ရင်ခုန်သံတွေ တိုးတိတ်လို့
အိမ်အပြန် လမ်းမထက်မှာ
ငါ.. တယောက်ထဲလေ

ညရဲ့မှောင်မိုက်မှု့တွေရဲ့ကြား
မက်နေကြ အိမ်မက်တွေ
ပျောက်ဆုံးတိတ်ဆိတ်လို့
စိုးတထိတ်ထိတ်နဲ့
အိပ်ပျက်ညပေါင်းများစွာ

အခု...ငါ့မှာလေ
ဆောက်တည်ဖြေဆည်ရာ
မရလောက်အောင်ကို
ရင်ခွင်တခုလုံး
ဟင်းလင်းပွင့်ခဲ့ပေါ့

မင်းအတွက်ရယ်လို့
ရည်ရွယ်ထားတဲ့
မြတ်နိုးခြင်း မိုးတိမ်တွေက
ခပ်သည်းသည်းရွာချလို့

အခုည တော့.......
မျက်ဝန်းထဲလဲ .......
မျက်ရည်မိုးတွေရွာ.........။

0 comments:

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei