19 January 2010

သတိရမိသောမြို့လေး

Posted by blackroze at Tuesday, January 19, 2010









ပျော်ရာမှာမနေရ တော်ရာမှာနေရဆိုတဲ့ စကားပုံလေးကြားဖူးကြမှာပါ ..
လူရယ်လို့ဖြစ်လာကတည်းက မွေးဖွားခြင်းကနေသေဆုံးခြင်းတိုင်အောင် ရုန်းကန်လှုပ်ရှားနေရတာမှတ်လား........ဒါဘ၀ဘဲလေ....
ဒီလိုပါဘဲ ခံစားချက်တွေ သတိရခြင်းတွေ နဲ့ပြည့်နှက်နေတတ်တာလဲ ဘ၀ပါဘဲ....
ကျွန်မကို မော်လမြိုင်ဆိုတဲ့ နယ်မြို့လေးတစ်မြို့မှာမွေးဖွားခဲ့တာပါ....
ဇာတိချက်မြှုပ်လို့ပြောရမလားဘဲ...
ဒါပေမဲ့ ကျွန်မ မော်လမြိုင်မှာ ၅ နှစ်သမီးအရွယ်လောက်ထိဘဲနေခဲ့ရတာပါ ...
အဖေတာဝန်ကျတဲ့ နေရာကို လိုက်ပြောင်းနေရတာလေ.. အမေတို့ကတော့မော်လမြိုင်ဇာတိပါဘဲ...ခဏလေးဘဲနေခဲ့ရပေမဲ့....
ငါ့ကိုမွေးခဲ့တဲ့ နေရာပါလားဆိုတဲ့ အသိစိတ်လေးနဲ့ ကျွန်မမော်လမြိုင်မြို့လေးကိုချစ်ပါတယ်...
နည်းနည်းကြီးလာတော့ အစ်မတွေနဲ့ တူတူသွားတယ်လေ...
ဆွေမျိုးတွေစီကို သွားလည်တာပေါ့...ခုတော့လဲ မော်လမြိုင်မြို့လေးက
ဟိုးအရင်ကလို ကုန်းတစ်တန် ရေတစ်တန် သွားရတာမျိုးမဟုတ်တော့ဘူးလေ
သံလွင်တံတားဆောက်ပြီးသွားတော့ သွားရလာရတော်တော်အဆင်ပြေသွားပြီလို့ပြောကြပါတယ်...
တံတားဆောက်ပြီးကတည်းက ကျွန်မ တစ်ခါမှ မရောက်သေးပါဘူး....
ကျွန်မကတော့တံတားကြီးမဆောက်ရခင် တုန်းကသွားခဲ့ဖူးတဲ့ မြို့လေးကိုလွမ်းမိပါတယ်....
အထူးသဖြင့် မုတ္တမဘက် ကနေ..မော်လမြိုင် ဘက်ကို သွားဖို့ဇက်စီးရတဲ့အခါဖြစ်စေ...............
သဘောင်္စီးရတဲ့အခါဖြစ်စေ ဒီဘက်ကမ်းကနေ ဟိုဘက်မော်လမြိုင်မြို့လေးကိုလှမ်းမြင်နေရတဲ့
အချိန်မှာခံစားရတဲ့ခံစားချက်နဲ့ မော်လမြိုင်ဘက်ကနေ ရန်ကုန်ကိုပြန်ဖို့ သဘောင်္စီးလာတဲ့အခါ
ဟိုးးး.....အဝေးမှာပျပျလေးကျန်ခဲ့တဲ့ မော်လမြိုင်မြို့လေးကိုသဘောင်္ပေါ်ကနေ လှမ်းမြင်ရတဲ့
အခါ ခံစားမိတဲ့ ရင်ထဲကခံစားချက်ချင်းမတူပါဘူး.....
ပထမ ခံစားချက်က ပျော်တာ ၀မ်းသာတာ ကြည်နူးတဲ့ ခံစားချက်လေးပါ.....
ငါ့မွေးရပ်မြေကိုရောက်တော့မှာပါလားဆိုတဲ့ ၀မ်းသာတဲ့ ခံစားချက်...
ဒုတိယကတော့ ရင်ထဲကနေ လွမ်းမိတာ တစိမ့်စိမ့် နာကျင်လာတဲ့ခံစားချက်မျိုးပါ...
တဖြည်းဖြည်းနဲ့ ဝေးဝေးသွားပြီးမှုန်ပျပျလေးဘဲ မြင်ရတော့တဲ့
မြို့လေးကိုလှမ်းကြည့်ပြီး သြော်...နောက်ထပ်ဘယ်လောက်ကြာမှ
ထပ်လာဖြစ်မလဲ မသိဘူးလေ.....ဆိုပြီး...ရင်ထဲကတစ်ခုခုကို
ယူထုတ်လိုက်သလို ဟာတာတာ ဖြစ်သွားတဲ့ ခံစားချက်ပါ......
မော်လမြိုင်သွားပြီးပြန်လာတိုင်း သဘောင်္ပေါ်မှာအမြဲတမ်းမျက်ရည်ဝဲခဲ့ရပါတယ်........
မော်လမြိုင် ရောက်တာနဲ့ ပထမဆုံးလုပ်မိတာကတော့ ကျိုက်သလ္လန်ဘုရားကို
သွားမိတာပါဘဲ...အမေနဲ့ အဖေက အဲဒီဘုရားမှာ ဘုရားလာဖူးရင်းနဲ့
တွေ့ခဲ့ တာဆိုပြီးး အမေကတစ်ခါတုန်းကပြောပြခဲ့
ဖူးလို့ပါ......ဘုရားဖူးပြီးတာနဲ့ ဘုရားစောင်းတန်းမှာထိုင်ပြီး .......
အဲဒီအချိန်တုန်းက အဖေက အမေ့ကိုဘယ်လို
များတွေ့သွားတာပါလိမ့် .....အမေကရော...ဘယ်လိုများရင်ခုန်ခဲ့မလဲ ဆိုပြီး ...
ကျွန်မအမြဲတမ်းအတွေး နယ်ချဲ့မိပါတယ်.....ကျွန်မမမြင်လိုက်ရတဲ့
အတိတ်ကပုံရိပ်လေးတွေကိုမှန်းဆကြည့်မိတာပါ...
ကျွန်မအဖေ ကျွန်မတို့ကိုခွဲထားခဲ့တာ နှစ်20ရှိသွားပြီလေ....
ကျွန်မအဖေ့ကိုသတိရမိရင် အဖေအကြောင်းပြန်စဉ်းစားတာကလွှဲပြီး ဘာမှလုပ်လို့မှမရဘူးလေ..
လောကကြီးထဲမှာမရှိတော့တဲ့ လူတစ်ယောက်ကိုတမ်းတတာကလွဲပြီး
သတိရနေမိတာကလွဲပြီး ကျန်တာဘာမှမတတ်နိုင်ဘူးလေ......
ဒုတိယသွားမိတဲ့ နေရာကတော့ သတိပဌါန်သီလရှင်ကျောင်းပါ...
အဲဒီမှာပိုက်ဆံသွားလှူတာပါ...အဲဒီသီလရှင်ကျောင်းမှာ အရမ်းလိမ္မာတဲ့
ကြောင်လေးနှစ်ကောင် ရှိပါတယ်.....ခုလောက်ဆိုရင်တော့
ကြောင်အိုကြီးတွေဖြစ်နေလောက်ပြီထင်ပါရဲ့ရှင်....
ကျွန်မ မရောက်ဖြစ်တာဘဲ ၆ နှစ်ပတ်ဝန်းကျင်လောက်ရှိနေပြီလေ..ပြန်စဉ်းစားမိရင်
အရမ်းလွမ်းမိပါရဲ့...... ...မော်လမြိုင်မြို့လေးကို..........။
တတိယသွားမိတဲ့နေရာကတော့ ကမ်းနားလမ်းမှာအမတွေနဲ့တူတူ လမ်းလျှောက်တာပါဘဲ......
ကျွန်မ အစ်မတွေက ပြန်ပြောပြကြပါတယ်...ဒီနေရာမှာပေါ့
နင်ငယ်ငယ်ကလမ်းမလျှောက်တတ် လျှောက်တတ်နဲ့ လဲကျတာလေ...
ဒီနေရာမှာပေါ့ နင့်ဖိနပ်ကျပျောက်ခဲ့တာလေ....
ဆိုပြီးတော့ ကျွန်မ မမှတ်မိတော့တဲ့ အတိတ်ကအကြောင်းတွေကို
အမြဲတမ်းပြန်ပြောပြနေကြပါ....ခုတော့ကျွန်မလဲ မိုင်ပေါင်းများစွာဝေးနေတဲ့
နေရာမှာရောက်နေသလို....အစ်မတွေကလဲ အိမ်ထောင်ကျတဲ့သူနဲ့
ကျွန်မလိုမျိုးဘဲ အဝေးကိုရောက်နေတဲ့ သူနဲ့.....
ခုနေခါ ကျွန်မ မော်လမြိုင် ကိုပြန်သွားလည်ရင်တောင် ကျွန်မနဲ့ တူတူ ဘုရားသွားမဲ့သူ
သီလရှင်ကျောင်းသွားမဲ့သူ ကမ်းနားမှာလမ်းလျှောက်ပေးမဲ့ သူတွေမရှိတော့ပါဘူး.....
အဲဒီတော့လဲ ကျွန်မတစ်ယောက်ထဲဘဲပေါ့နော့်......ပြသာနာမရှိပါဘူးး.......
တစ်ယောက်ထဲဘ၀မှာနေသားကျနေပါပြီ .....
ဒါပေမဲ့ အစ်မတွေကိုတော့လွမ်းမိမယ်ထင်တယ်.....
ကျွန်မမော်လမြိုင်ရောက်တာနဲ့ ပထမဆုံးသွားတွေ့ဖြစ်တဲ့သူကတော့
ကျွန်မရဲ့ ငယ်ငယ်တုန်းကစားဖော် ကစားဖက် သူငယ်ချင်းလေးပါ .....ခုဆိုသူအိမ်ထောင်တောင်ကျနေလောက်ပြီထင်ပါတယ်.....
ကျွန်မမော်လမြိုင်သွားမှသူနဲ့တွေ့ရတာဆိုတော့ .....သူနဲ့မတွေ့ဖြစ်တာလဲ ၆ နှစ်လောက်ရှိနေပါပြီ.....
တစ်ခါတစ်ခါသူ့ကိုလဲ သတိရမိသားရှင်...ကျွန်မ အဖေသာရန်ကုန်ကိုတာဝန်မကျဘဲ
မော်လမြိုင်မှာဘဲဆက်နေဖြစ်မယ်ဆိုရင် ကျွန်မလဲသူလိုမျိုး စကားသံဝဲ၀ဲ နဲ့
မော်လမြိုင်သူဖြစ်နေမှာ အသေအချာပေါ့.....မော်လမြိုင်မှာဘဲကျောင်းတက်
မော်လမြိုင်မှာဘဲကြီးတဲ့ မော်လမြိုင်သူစစ်စစ်ဖြစ်နေမှာပါ...........
ခုတော့ ကျွန်မက ကျွန်မချစ်တဲ့ မြို့လေးနဲ့ မိုင်ပေါင်းများစွာဝေးတဲ့နေရာမှာ ....
သတိရနေခြင်းဆိုတာလေးဘဲ စွဲကိုင်လို့ လွမ်းနေရတဲ့သူပါ ...
အဲဒီမြို့လေးမှာသွားခဲ့ဖူးတဲ့နေရာလေးတွေကို မကြာခဏပြန်သတိရလို့.......
တစ်နေ့တော့ ရောက်ဦးမှာပါလေ...ဆိုပြီး..အမြဲတမ်းသတိရနေမိပါတယ်.....
ကျွန်မချစ်တဲ့မြို့လေးကို.....။။။။

(ကျွန်မဒီPost လေးကိုတင်ဖို့စာရိုက်နေတဲ့ အချိန်မှာ ကျွန်မချစ်တဲ့
မော်လမြိုင်မြို့လေးက ညမှောင်မှောင်အောက်မှာအိပ်မောကျနေပါလိမ့်မယ်
အဝေးကြီးကနေသူ့ကိုလွမ်းနေတဲ့သူရှိနေတယ်ဆိုတာ
သိမှာမဟုတ်ပါဘူး....)

(19.1.2010 3း20 AM )

1 comments:

aa said...

မော်လမြိုင်သွားချင်စိတ်တောင်ပေါက်သွားပြီ..

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei