12 January 2010

ဗေဒါလမ်း

Posted by blackroze at Tuesday, January 12, 2010
ဗေဒါလမ်း
ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်
လှိုင်းသက်ရာဆင်း
ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေ ရေပေါလော
မျောစုန်လို့လာ
အဆင်းနဲ့ အလာ
ဗေဒါမအထွေး။
အုန်းလက်ကြွေ
သူ့ နံဘေး၊ ဆောင့်ခဲ့ရသေး
ဆောင့်ခဲ့လည်းမသက်သာ
နောက်တစ်ချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ပါ
မြူပ်လေပေါ့ ပေါ်မလာ
မဗေဒါအလှ
တစ်လံကွာ လှိုင်းအကြွ
ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လည်းမသက်သာ
ချောင်းအစွယ်
မြောင်းငယ်ထဲက
ဘဲထွက်လို့လာ
ဘဲအုပ်မှာတစ်ရာနှစ်ရာ
ဗေဒါကတစ်ပင်တည်း။
အယက်အကန်ခံလို့ 
ဗေဒါပျံ အံကိုခဲ
ပန်းပန်လျက်ပဲ........။။။။

(ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာလေးပါ...)
(12.1.2010 12း50 am )

0 comments:

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei