မွေးနေ့မှာပျော်ရွှင်ပါစေနော်...
သူငယ်ချင်းတွေနဲ့သွားစားတဲ့ pizza ဆိုင်ကဓါတ်ပုံမရိုက်ရဘူးဆိုလို့
သူငယ်ချင်းတွေနဲ့ပုံမရိုက်ခဲ့ရဘူး..
ကိုယ်စားတဲ့ဟာလေးဘဲမသိမသာရိုက်ခဲ့လိုက်တယ်..
မွေးနေ့ရှင်ပါ..ပါအောင်လို့အဲဂလိုလုပ်လိုက်တယ်..
အိမ်ကမတည့်အတူနေညီမကိုတော့ဘဲကင်ဝယ်ကျွေးလိုက်တယ်..
မတည့်အတူနေညီမကတော့ပြောရှာပါတယ်..
နင်ကဒါမျိုးကျတော့အရမ်းစေတနာကောင်းတာဘဲနော်..တဲ့..( ရှက်ထှာ..ရှက်ထှာ..)
ကျွေးတဲ့သူစေတနာမြောက်အောင်တိတ်တိတ်ဆိတ်ဆိတ် စားလိုက်ပြီးတာဘဲကို..
အဲတာတွေကြောင့်ဒင်းနဲ့မတည့်တာ..
ဒါတွေကတော့စိတ်ကူးပေါက်သလိုလေးလုပ်ထားကြည့်တာ...အမှတ်တရလေးဖြစ်အောင်လို့ပါ
ချစ်သူရေ....အစစအဆင်ပြေပြီး..
ဘေးအန္တရယ်မှန်သမျှကင်းဝေးပါစေ
လုံခြုံငြိမ်းချမ်းပါစေလို့..ဆုတောင်းပေးပါတယ်နော်..
ချစ်တဲ့ ပစ်ပစ်
Blackroze
30.9.2011 ( friday )
19 comments:
ပစ်ရဲ့ချစ်သူမွေးနေ့လား....
တောင်းတဲ့ဆုနဲ့ပြည့်ဝရပါစေလို့ပဲပြောပါရစေနော်....
ပစ်ကိုချစ်တဲ့ ဂျက်
သူများချစ်သူတွေကတော့ ... တူတူ စာသောက်လို့  ... မောင်ဘုန်း ... မောင်ဘုန်း ...မင်းကတော့ တယ်ကယ်ကို သနားစရာပါလား ....
သူငယ်ချင်းရေ...
မွေးနေ့ ရှင်တစ်ယောက် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
ပစ်ပစ်ချစ်သူရဲ့မွေးနေ့လား။ လိမ္မာလိုက်တဲ့ပစ်ပစ်၊ သိတတ်တဲ့ပစ်ပစ်ပါလား။ ပစ်ပစ်ရဲ့ချစ်သူလေး ရောက်ဆဲမွေးနေ့မှသည် နောင်နှစ်ပေါင်းများတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီးသကာလ ပစ်ပစ်ကိုလည် အစဉ်အဲဗားချစ်နိုင်ပါစေ...
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိစွာ ထာဝစဉ်လက်တွဲ လျှောက်လှမ်းနိုင်ကြပါစေ။ အမြဲတမ်း ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။
ချစ်သူစစ်တို့ ပျော်ရာမြေမှာ ရိုးမြေကျ ပေါင်းသင်းနေနိုင်ကြပါစေ။
ခင်မင်လျှက်
နောင်နှစ်ပေါင်းများစွာအထိ အခုလိုလေး ကျင်းပပေးနိုင်ပါစေ..
ငြိမ်းချမ်းကြပါစေ..
Happy Belated Birthday ပါဂျယ်လီကလေးရေ ..
မလာနိုင်ခဲ့တဲ့အတွက် အနူးအညွှတ်တောင်းပန်ပါတယ်
သည်နှစ်မှသည် ပျော်ရွှင်ဖွယ်နေ့ရက်များစွာကို ချစ်သောသူနဲ့ အတူ ပိုင်ဆိုင်နိုင်ပြ။ီးသကာလ ..ရွှေရောင်နေ့ရက်တိုင်းမှာ လိုတရမှု့တွေနဲ့ပြည့်စုံပါစေ မိန်းခလေးရေ ...
ချစ်တဲ့
အမ
ဒိုးကန်
(အထုပ်ထမ်းပေးခွင့်လဲရပါစေး)
လွမ်းနေတတ်တဲ့သူငယ်ချင်းရေ ပျော်ပါစေ ထာဝရ ..........
ခင်တဲ့
ချစ်သူမောင်
ချစ်သူရဲ့မွေးနေ့ကို မှတ်မှတ်ရရ လှလှပပလေးး ကျင်းပပေးတဲ့ ပစ်ပစ်လေး ချစ်သူနဲ့ အမြန်ဆုံးပြန်ဆုံတွေ့ပါစေ.......။
ချစ်သူတွေ အမြဲတမ်း ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ..မွေးနေ့ရှင်ကြီး အတွက်လဲ Happy Belated Birthday ပါလို့ 
ခင်တဲ့
မယွန်း
ညီမချစ်သူရဲ့ မွေးနေ့မှာ ပျော်ရွှ့င်ချမ်းမြေ့ပါစေ
နေ့ရက်တိုင်းလည်း စိတ်ရောကိုယ်ပါ ချမ်းသာပါစေ
ညီမတို့ ၂ယောက်လုံး အမြန်ဆုံး ဆုံတွေ့ခွင့်ရပါစေနော်
ပစ်ပစ်ရဲ့ ချစ်ချစ်မွေးနေ့လား....၊မွေးနေ့မှာပျော်ရွင်ပါစေကြောင်းနဲ့ ပစ်ပစ်နဲ့
ချစ်ချစ်တို့ရာသက်ပန်လက်တွဲသွားနိုင်ပါစေကြောင်းပါဗျား.....
ကိုင်း...ခင်စရာကောင်းတဲ့ ပစ်ပစ်ရဲ့ ချစ်ရပါသော ချစ်ချစ်ရေ...ဒီမွေးနေ့ကနေ နောင်နှစ်ပေါင်းများစွာအထိ ချစ်စရာ ခင်စရာ ကောင်းလှပါတဲ့ ပစ်ပစ်ကို ထာဝရထက်ပိုတဲ့ ချစ်ခြင်းမေတ္တာ၊ စာနာနားလည်မှုတွေနဲ့ ရိုးမြေကျ ချစ်နိုင်ပါစေကြောင်း ပီဇာတစ်ခြမ်းကို မြင်ရတဲ့မျက်နှာနဲ့ ဆုတောင်းပေးလိုက်ပါရဲ့ဗျား...
အားကျထှာ......ဗျာ။ မနာလိုလည်း ဖြစ်တယ်။ ဟဲဟဲ။
ခင်မင်စွာဖြင့် (ကြောင်ဖြူများရှင်)
မ..
အဖွားအိမ်ရောက်နေတာနဲ့  မွေးနေ့ ဆုတောင်းကိုနောက်ကျမှ ဆုတောင်း
ဖြစ်တယ်..
မ..ချစ်သူမွေးနေ့ မှာပျော်ရွှင်ပါစေကြောင်းနဲ့ နောက်နှစ်မှာချစ်သူမွေးနေ့ ကို
နှစ်ယောက်အတူတူဆင်နွှဲနိုင်ပါစေလို့  ဆုတောင်းပေးပါတယ် မ..
နှစ်ပေါင်းများစွာချစ်သူ၂ယောက်မွေးနေ့ ပေါင်းများစွာကိုအတူဆင်နွှဲနိုင်ပါစေ
ချစ်ခြင်းများနဲ့ 
မွန်
အားငယ်တယ်ဆိုတာ ကျမ္မာရေးမကောင်းတာလည်း ပါလိမ့်မယ်ထင်တယ်။
ဘုရားစာတွေဖတ် တရားထိုင်။ ဒါမှ မဟုတ်ရင်လည်း ဟာသတွေ ရှာဖတ်။
Happy Birthday ပါလို့ပြောပေးပါနော်။ ချစ်သူနှစ်ဦး ထာဝရပျော်ရွှင်ကြပါစေခင်ဗျာ။
အားကျလိုက်တာ..ပျော်စရာကြီးပါလားကွယ်း)
ချစ်ခင်စွာဖြင့်
မိစံ
Happy Birthday Brother :D
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..