ဒီနေ့အလုပ်နားရက်ပါ...တပါတ်မှာတရက်တည်းသောနားရက်ဆိုပါတော့
အဲဒီတော့မနက်ကဈေးသွားပါတယ်..
ဝယ်လာခဲ့တဲ့မုန့်တွေပါ..
ရေခဲမုန့်ဗူးပါ...
ခေါက်ဆွဲခြောက်တွေပါ..
ဝယ်လာတဲ့ခေါက်ဆွဲခြောက်ကို..
့Hot pot ထဲ ထည့်တဲ့အသားလုံးလေးတွေနဲ့ထည့်ပြီးချက်လိုက်တော့...
အခုလိုခေါက်ဆွဲပြုတ်လေးဖြစ်သွားပါတယ်..အခုအဲဒါကိုကွန်ပြူတာရှေ့မှာထိုင်စာဖတ်ရင်းနဲ့စားနေပါတယ်
ဒါလေးကတော့ ညီမဝယ်လာပေးတဲ့မုန့်ပါ..မစားရသေးလို့ဘာမုန့်လဲတော့မသိဘူး
ပုံစံလေးကတော့ ချစ်စရာလေးနော်...လက်ညှိုးလေးနဲ့ဖိကြည့်တာပျော့စိစိလေး...
jerry pigpig ကအချက်အပြုတ်မကျွမ်းပေမဲ့ ခေါက်ဆွဲပြုတ်လောက်တော့အိုကေပါတယ်
ဟီးးဟီးးဟီးးးး
တွေ့တယ်မှတ်လား..သူများလည်းမောင်မျိုးတို့လိုဆားချက်တတ်တယ်... (~_~)
blackroze
25.9.2011 AM 00:54
25 September 2011
Subscribe to:
Post Comments (Atom)
14 comments:
ဆားချက်တယ်ဆိုပြီးဆာလဲပါဘူး
ရှိတာလေးတွေစားလိုက်တယ်.....
သွားချီးကပ်မဲ့ မုန့်တွေဘဲ ၀ယ်စားတယ်။ နို့နံ့ မစင်သေးလောက်ဘူးးးးး။ ကလေး အစားအစာတွေ။ အဲလေ.. ပစ်ပစ် စားတဲ့ အစာဆိုတော့လဲ... ဘာစာရှိရမှာလဲနော် ငါ့နှယ်။ ဟာ ဟ။
ခင်မင်လျှက်
မုန့် လေးက ချစ်စရာလေးနော်...
နဲနဲလောက်ကျွေးရင်ကောင်းမယ်...
ဗိုက်ဆာနေလို့ ...
ဟုတ်ပါ့ ပစ်ပစ်ရယ်..ရယ်ဒီမိတ်တွေချည်းပဲ ၀ယ်တီးနေရင် ကြာလာတဲ့အခါ အစာအိမ်ထိပါဦးမယ်...သဘာဝအစားအစာလေးများလည်း ၀ယ်စားပါဦးတော့လား...ပိတ်ရက်ကလေးမှာ မံမံချက်စားတယ်ဆိုလည်း ဟုတ်သေးရဲ့း)))
ခေါက်ဆွဲခြောက်ကတော့ ဘယ်တော့မဆို မရှိမဖြစ်နီးပါး အသုံးဝင်နေ မှာပါလေ..၊ အရေးရယ် အကြောင်းရယ်ဆို တနပ်စာတော့ ပြေးမလွတ်ဘူးကိုး ...။း)
ဂျယ်ရီ ပစ်ပစ် ဆားချက် ချက်ကတော့ ခေါက်ဆွဲပြုတ်တောင် မလွတ်ပါလားနော်း)))
ဗညားရှိန်
ညီမရေ နိုင်ငံတကာမှာခေါက်ဆွဲပြုတ်ခေတ်စားတယ်
လူစားတာတော့မကောင်းဘူး မရှိမဖြစ်ဆိုပေမယ့်ဖြစ်နိုင်ယင်
ကျန်းမာရေးအတွက် ရှောင်သင့်တယ်နော် ရယ်ဒီမိတ်တွေချည်းပဲလဲအရမ်းစားမနေနဲ့
ကယ်လိုရီတွေတအားတက်လာယင်မကောင်းဘူးနော်ခုတောင် ပစ်ပစ်လို့နာမည်တွင်နေပြီ ကယ်လိုရီတွေရဲ့နောက်ဆက်တွဲမှာသွေးတိုးနှလုံးရောဂါနဲ့ဆီးချိုရောဂါရှိတယ်ဆိုတာသတိပြုနော်
ခင်မင်လျှက်
ချစ်သူမောင်
ကလေးအစားအစာတွေး)))
ဒီလောက်ဆိုသဘောပေါက်ပြီ ဟဟ။
ခေါက်ဆွဲပြုတ်လေးမြင်တော့ ဗိုက်ဆာသွားပြီပစ်ပစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟယ်..ပစ်ပစ်က ကလေးလေးပဲရှိသေးပါလား....ဘီစကစ်နဲ့ ရေခဲမုန့်တွေစား
တုန်း......:)
ပစ်ပစ်ရေ ရေခဲမှုန့်ဆိုရင် အသေကြိုက်၊ ခေါက်ဆွဲပြုပ်ကိုတော့ အမုန်းဆွဲပစ်လိုက်ချင်တော့တယ်။ အရုပ်ကလေးနဲ့မုန့်လေးကို ဘုန်းဘုန်းဆီကို ပါဆယ်လေးနဲ့ ပို့ပေးပါဦးလား။
ဟေးးး ဂျယ်လီကလေးရေ ခုမှလာရသကွယ်
ဒိုးကန်နဲ့ ဂျယ်လီကလေးကနင်လားငါလားအစားပုတ်သကွယ် ..
လျှော့မယ်ဟေ့ ..စိတ် စိတ်း)
ချစ်တဲ့
မဒိုးကန်
ရေခဲမုန့်စားချင်တယ် ဝက်ဝံမုန့်လေး လိုချင်တယ်။ ပေးမှာလား။ ပေးပေး မပေးပေး လာငမ်းသွားတယ်ဗျိုးးး။
ရေခဲမုန့် သိပ်မစားနဲ့  ၀ိတ်တက်တယ်ဗျ။ ကျနော်ဆို ကြိုက်ရက်နဲ့  ရှောင်နေရတယ်။ အသက်လေးရလာဘီဆိုတော့.... ဟီးဟီး။ ခေါက်ဆွဲပြုတ်ကျတော့လည်း ဆံပင်တွေ ကျွတ်ပြန်ရော။
နောင်မှ အလွယ်တကူ စားသောက်နည်းတွေ ပို့ ပေးလိုက်ဦးမယ်။ :D :D :D (လူပျင်းဗိုက်ဖြည့်နည်းတွေပါ “ကျနော်”)
ဟဲ့ မိပစ်ပစ်
ခေါက်ဆွဲချက်လာဂလုသွားတယ်
ခေါက်ဆွဲတွေသိပ်မစားနဲ့နော်
အဖွားအိုလေးဖြစ်မြန်လိမ့်မယ်ဟေ့
မောင်ဘကြိုင်း)
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..