16 September 2011

jerry pigpig နှင့်အဘွားလေး

Posted by blackroze at Friday, September 16, 2011
ဘုန်းဘုန်းတောက်ရေးတဲ့သရဲအကြောင်းလေးဖတ်ပြီး ငယ်ငယ်ကကြုံခဲ့ဖူးတာလေ ရေးလိုက်တာပါ
သရဲလို့လဲမနှိုင်းချင်ပါဘူးလေ ကိုယ့်အဘွားလို့ပြောရမလား...ဘယ်လိုအမျိုးစပ်ရမလဲမသိဘူး
အမျိုးတော့အမျိုးတော်တာဘဲ...ကျမအဘွားရဲ့အဒေါ်ဆိုတော့ ကျမတို့နဲ့ဘယ်လိုအမျိုးတော်မလဲ
သိတဲ့သူများပြောခဲ့ကြပါ ဆွေမျိုးမစပ်တတ်လို့ပါ .....

ကျမတို့အဘွားငယ်ငယ်ကဂျပန်ခေတ်ဆိုတော့ တော်တော်ဆင်းရဲကြတယ် ....အဲတာနဲ့ကျမတို့အဘွားကို
အဲဒီအဒေါ်ကခေါ်မွေးစားတယ်ဆိုပါတော့ ။သူ့မှာလည်းသားသမီးတွေအများကြီးပါဘဲ....နောက်တော့
အဘွားကိုအိမ်ထောင်တွေဘာတွေချပေးပြီးတော့ အိမ်ခွဲပေးလိုက်တယ် ...အဘွားကနေအမေတို့ကိုမွေး
အမေကနေတဆင့် ကျမတို့ညီအမကိုမွေး.....မျိုးဆက်တွေပွားလာတာလေ ...ကျမအဘွားကိုမွေးစား
လိုက်တဲ့ အဘွားရဲ့အဒေါ်လည်းအသက်တွေကြီးလာတာပေါ့ ...

အဘွားရဲ့အဒေါ်ကသားသမီး5ယောက်လားမသိဘူးရှိတယ် ငယ်ငယ်ကလေးနဲ့ဆုံးသွားတဲ့ကလေးတွေလည်း
ရှိတယ်တဲ့ ။ကြားဖူးတာဘဲလေ ....။။သမီးအကြီးဆုံးကမွေးတဲ့မြေး က8ယောက်တိတိ
ရှိတာ...ကျမရဲ့အမတွေ အကိုတွေပေါ့ ....(ကျမကတော့ အမဝမ်းကွဲလို့ဘဲ သတ်မှတ်ထားလိုက်တယ်...)
ကျမကမော်လမြိုင်ဇာတိပါ ကျမကိုမော်လမြိုင်မြို့လေးမှာမွေးတာပါ ....ငယ်ငယ်တုန်းကမော်လမြိုင်
စစ်ကဲကုန်းရပ်မှာ နေတာပါ ....အဲဒီ ကျမပြောတဲ့ကျမအဘွားရဲ့အဒေါ်အိမ်က ရွှေတောင်လမ်းမှာပါ ...
ဝတ်ကြီးဘုရားနဲ့နီးတယ်ထင်တယ်...နေရာတော့သေချာမမှတ်မိတော့ပါဘူး ...။
ကျမငယ်ငယ်ကအဲအိမ်မှာသွားကစားနေကြပါ ...ကျမကို အကိုတယောက်ကစက်ဘီးနဲ့ အမြဲလာခေါ်
ပါတယ်....သူတို့ဘဲရေချိုးပေးသနပ်ခါးလိမ်းပေး ထမင်းကျွေးနဲ့ ကျမအဲအိမ်မှာဘဲနေတာပါ...ညနေကြမှ
စက်ဘီးနဲ့ပြန်လိုက်ပို့ပေးပါတယ်.....ကျမအဲအိမ်မှာအကြောက်ဆုံးက အဲဒီကျမ အဘွားရဲ့ အဒေါ်ကိုပါ
အဲအချိန်မှာ သူကအသက်တော်တော်ကြီးနေပြီ ကျန်းမာရေးလည်းသိပ်မကောင်းဘူး အိမ်ပေါ်ထပ်ကနေ
မဆင်းပါဘူး ..သူနေတဲ့ အခန်းက မီးဖိုဆောင်အပေါ်မှာရှိတာပါ..အိမ်ကနယ်ကအိမ်ဆိုတော့
အိမ်မကြီးကနှစ်ထပ်တိုက်ပါ...အိမ်မကြီးနဲ့ကပ်ရက် ဘေးဘက်မှာမီးဖိုဆောင်အကြီးကြီးလုပ်ထားပါတယ်..
မီးဖိုဆောင်ရဲ့အရှေ့မှာ ရေတွင်းရှိပါတယ်..ရေတွင်းအရှေ့ဘက်မှာ ခြံစည်းရိုးပါ ....လမ်းကနေဝင်ရင်ခြံထဲ
လှမ်းဝင်ရင်လည်းရတယ် ဒါမှမဟုတ် တိုက်ရှေ့ဘက်ကနေ ဝင်လိုက်ရင်လည်းရပါတယ်...အဲဒီအဘွားကကျန်းမာရေးမကောင်းတော့ မိုးတွင်းတို့ဆောင်းတွင်းတို့ဆိုရင်
နွေးအောင်ဆိုပြီး....မီးဖိုဆောင်အပေါ်ဘက်မှာ အထပ် တထပ် ထပ်တင်ပြီး အဲမှာထားတာပါ...။မော်လမြိုင်မိုးတွင်း
ကလည်း..မိုးအရမ်းကောင်းပါတယ်....နောက်ပြီးနယ်ကအိမ်တွေဆိုတော့ အေးစိမ့်နေတာပါဘဲ ...
အဲဒီအချိန်က ကျမ4..5 နှစ်သမီးလောက်ဘဲရှိဦးမယ်....လွန်ခဲ့တဲ့ နှစ် 20 ကျော်လောက်ကပေါ့ ...

ကျမမှတ်မိသေးတယ်...ကျမကိုအမတွေကရေ တွင်းမှာရေချိုးပေးနေရင် သူကအပေါ်ထပ်ကနေ
အမြဲလှမ်းကြည့်နေကြပါ ....။အဲတုန်းကငယ်သေးတော့ ကိုယ့်အဘွားရဲ့အဒေါ်ဆိုတော့ ကိုယ့်အဘွားလေး
ဘဲလေ ဆိုပြီးချစ်ရကောင်းမှန်းလည်းမသိပါဘူး.....သူကို့ကျမတအားကြောက်ပါတယ် ....။
တခါတလေ...ဘွားဘွားမုန့်ပေးလိုက်တာ စားဆိုပြီး အမတွေက ထန်းညက်ပေါက်ပေါက်ဆုပ်တွေ
လာပေးရင်တောင် ကျမ မစားပါဘူး လွင့်ပြစ်တာပါ....။

နောက်တော့ ကျမအဖေ ရန်ကုန် ကိုတာဝန်နဲ့ပြောင်းရပါတယ် ....။ အဲနောက်ပိုင်း ကျမတို့မိသားစုလည်း
ရန်ကုန်ပြောင်းလာကြတော့ မော်လမြိုင်နဲ့ အဆက်ပြတ်သွားပါတယ်.... ။။တခါတလေ..အမေတို့
သွားတာလောက်ဘဲရှိပါတယ်....ကျမလည်းကျောင်းတက်နေတော့ ခေါ်မသွားကြပါဘူး....
နောက်တော့ မော်လမြိုင်က အဲဒီအဘွားလေးဆုံးသွားပြီလို့ ကြားပါတယ်....။

အမေတို့သွားပါတယ်...နောက်တော့ အမေတို့ပြန်ပြောသံကြားပါတယ်...ကြိုးဆွဲချ လိုက်တာတဲ့
ရောဂါကြောင့်ဆုံးတာမဟုတ်ဘူးတဲ့ ..။။အခုနဲနဲကြီးလာမှ အမေ့ကိုပြန်မေးတော့ .... အဘွားလေးကကိုယ့်
ကိုကိုယ်ကြိုးဆွဲချသေတာတဲ့ ....အဲဒီညမတိုင်ခင်က သူကသေချင်ပြီ သေချင်ပြီ လို့အမြဲပြောတယ်တဲ့
သားသမီးတွေက စိတ်ပူလို့ ညတိုင်းတယောက်တလှည့်မအိပ်ဘဲစောင့်နေတာတဲ့.....
အဲဒီညက ကျောင်းဆရာမကြီးကြီးက စောင့်ပါတယ်....ကြီးကြီးကအဘွားလေးကိုဆေးတိုက်ပြီးတော့ ...
စောင့်နေရင်းနဲ့ ခဏလေးမှေးခနဲ ဖြစ်သွားတာတဲ့ ....။။ မိုးတွေကလည်းအရမ်းရွာနေတာတဲ့ ...။မိနစ်20လောက်လေးဘဲ ကြာတယ်တဲ့ ....အဲဒီခဏလေးမှ ကြိုးဆွဲချသွားတာပါဘဲ....။ကြီးကြီးဖြတ်ခနဲ
နိုးလာတော့ သူ့အမေကိုလှမ်းကြည့်တော့ ခုတင်ပေါ်မှာမရှိတော့ဘူးတဲ့ .....အဲညကလဲ မီးမလာဘူးတဲ့..ဖယောင်းတိုင်မီးကို လည်းမှုတ်ထားတယ်တဲ့ ...။ ကြီးကြီးက မီးမလာရင် တညလုံးဖယောင်းတိုင် ထွန်းတာတဲ့ ...လူမမာရှိနေတော့ အမှောင်မခံဘူးတဲ့ ....သူမှေးခနဲမဖြစ်ခင် အဘွားလေးကို ကြည့်တော့ အဘွားလေးက အိပ်ပျော်နေတာတဲ့....အဲတာနဲ့ သူလည်းအဘွားလေးခုတင်ဘေးနားကပက်လက်ကုလားထိုင်မှာ ထိုင်နေလိုက်တာ ..မှေးခနဲဖြစ်သွားရော...
သူဖြတ်ခနဲနိုးလာတော့ တခန်းလုံးမှောင်မဲနေရောတဲ့..ခုတင်ပေါ်လှမ်းကြည့်တော့လည်း ...လူအိပ်နေတဲ့
ပုံစံမရှိဘူးတဲ့ ...။အဲမှာကြီးကြီးကတအားလန့်သွားတာတဲ့...ချက်ချင်းထုပ်တန်းကိုလှမ်းကြည့်တော့
တွဲလောင်းကြီးကိုတွေ့လိုက်တာတဲ့....။အဲမှာကြီးကြီးကကျန်တဲ့သူတွေကိုအော်ခေါ်တာတဲ့ ....
တအိမ်လုံးနိုးလာပြီးတော့....အခန်းထဲရောက်တော့ အဘွားလေးကကြိုးတွဲလောင်းကြီးနဲ့တဲ့....
ကြိုးကိုဘယ်အချိန်ကထဲက ဘယ်နေရာကနေရှာထားမှန်းတောင်သူတို့တွေ မသိကြဘူးတဲ့...
အဲနောက်ပိုင်းတော့ အဲဒီအိမ်မှာမိုးတွေအရမ်းရွာတဲ့အချိန် မီးပျက်နေရင် အဲမီးဖိုဆောင်အပေါ်ထပ်ကို
ဘယ်သူမှမတက်ရဲကြပါဘူး .....တခါတလေ တွဲလောင်းကြီးကိုရိုးတိုးရိပ်တိတ် တွေ့တယ်တဲ့....

အိမ်လည်းဘယ်သူမှဝယ်မဲ့သူမရှိတော့ပါဘူး....အဲအိမ်ကြီးဆိုရင် အိမ်ကလည်းအကျယ်ကြီး ..ခြံကလည်းအကျယ်ကြီးပါ ....ရေတွင်းကလည်း အကြီးကြီးဘဲ ....ရေတွင်းပိစိကွေးလေး မဟုတ်ပါဘူး...
ကြိုးဆွဲချပြီးလူသေဖူးတယ် ဆိုပြီးဘယ်သူမှမဝယ်ကြတော့ဘူးတဲ့....နောက်တော့ကြီးကြီးတို့မောင်နှမတွေ
လည်းအမွေမခွဲဖြစ်ကြတော့ပါဘူး ....အိမ်မှရောင်းမထွက်တာလေ... ခုတော့ဘယ်သူတွေဆက်နေလည်း
ကျမလည်းသေချာမသိတော့ပါဘူး....မရောက်ဖြစ်တာလည်းကြာပြီလေ....အကိုတွေအမတွေလည်း
ကျမကိုခုနေခါတွေ့ရင် မှတ်မိပါ့မလားမသိပါဘူး.....

ကျမကိုခြောက်တာကတော့ ကျမ6နှစ်သမီးလောက်ရှိမယ်ထင်တယ်...တတန်းတက်နေတဲ့အချိန် သီတင်းကျွတ်ကျောင်းပိတ်ရက်ထင်တယ်....မော်လမြိုင်သွားကြပါတယ်...ကျမတို့ညီအမကိုပါခေါ်သွားတယ်
အဲဒီအိမ်ကြီးမှာတည်းတာပါ ....ရေချိုးတော့ ရေတွင်းမှာဘဲချိုး၇တာပေါ့....ကျမအမြဲတွေ့ပါတယ်...
အဲဒီအဘွားလေးကို ....သူအပေါ်ထပ်ကနေဘဲကြည့်နေတာပါ...ကျမအမေ့ကိုပြောတယ်...အပေါ်မှာဘွားလေး
ကြည့်နေတယ်လို့ပြောတယ်..အမေကကျမကိုသေချာကြည့်ပြီးမှာပါတယ်....
သမီးဘယ်သူ့ကိုမှသွားမပြောနဲ့နော် တဲ့...။အဲတုန်းကတော့ဘာမှန်းမသိပါဘူး...အမေကမပြောနဲ့ဆိုရင်
မပြောရဲဘူးပေါ့...အခုမှကျမစဉ်းစားမိတာက ဘွားလေးကိုတွေ့တယ်ဆိုရင် သူမကျွတ်မလွတ်ဘူးလို့
ပြောတာနဲ့တူတူဘဲပေါ့...ဒါဆို ကြီးကြီးတို့တွေစိတ်ကောင်းမှာမဟုတ်တော့ဘူး...အဲတာကြောင့်
အမေကကျမကိုဘာမှမပြောနဲ့လို့မှာတာ ..။တညကျမ အပေါ့သွားချင်တော့ အမေ့ကိုခေါ်ပါတယ်..
ဖြစ်ချင်တော့ အမေက ညီမလေးကို အိမ်သာလိုက်ပို့ပေးနေတာပါ....ကျမလည်းအမေနဲ့ညီမလေးကိုမတွေ့
တော့ ခြင်ထောင်ထဲကနေ ထွက်လာတာပေါ့ ....။မနက် လင်းခါနီးအချိန်လောက်ထင်တာဘဲ...အလင်းရောင်
လေးတောင်နဲနဲရှိနေပြီ...

ကျမလည်းခြင်ထောင်ထဲကထွက် အိမ်နောက်ဖေးဘက်သွားမလို့ပါ ။။ မီးဖိုဆောင်အပေါ်ဘက်ကနေ လှေကားတခုက အိမ်မကြီးထဲရောက်ပါတယ်....အဲလှေကားကနေ အဘွားလေးဆင်းလာတာ
ကျမသေချာတွေ့လိုက်တာပါ...ကလေးဆိုတော့ နတ်စောင့်တယ်ထင်တာဘဲ..ကျမအော်ငိုပါလေရော...
ငိုသံကြားတော့ နောက်ဖေးရောက်နေတဲ့အမေရော...တခြားသူတွေရောေ၇ာက်လာရော....အမေကတော့
ချော့တာပေါ့ သမီးအိပ်ယာကထလာပြီးလျှောက်မြင်နေတာနေမှာပါဆိုပြီးတော့ ပြောတာပေါ့..။ကျမသေချာ
တွေ့လိုက်တာပါ....သူကျမစီလာတာပါ...လှေကားတဝက်ရောက်နေပါပြီ...ကြီးကြီးနဲ့အကိုတယောက်က
အဲအပေါ်တက်ကြည့်တော့ တံခါးကလန့်ကလဲပွင့်နေတယ်တဲ့...။အဲဒီတံခါးကဘယ်လောက်ဘဲ ကလန်ထိုး
ထားထိုးထား...သွားကြည့်လိုက်ရင် အမြဲပွင့်နေတာတဲ့....။။နောက်တနေ့မှာကျမဖျားပါတယ်....
တော်တော်ကြီးကိုဖျားတာပါ.... ။။

နောက်တော့ ကျမတို့ရန်ကုန်ပြန်လာကြပါတယ် ....အဲနောက်ပိုင်းမော်လမြိုင်သွားရင် အဲဒီအိမ်မှာ
မတည်းတော့ပါဘူး....တခြားအမျိုးအိမ်မှာဘဲနေပါတယ်....။။ခုချိန်ဆိုရင်တော့ ရှိနေပါဦးမလား
ခုချိန်ထိအောင်ရှိနေမယ်ဆိုရင်လည်း တော်တော်မလွယ်တော့ပါဘူး...နှစ်ပေါင်း20 ကျော်နေပြီလေ..
အကောင်လည်းတော်တော်ကြီးနေလောက်ပြီထင်တာဘဲ...
အိမ်ကြီးကတော့ခုချိန်ထိအောင် ဒီတိုင်းပါဘဲ....ကျမတို့လည်းအဲဒီအိမ်ကြီးစီမရောက်ဖြစ်တာ
အနဲဆုံး10နှစ်လောက်ရှိနေပြီ ...အဲဒီမှာနေတဲ့ အကိုတွေအမတွေရော..ခုဆိုဘာလုပ်နေမလဲ
အဆက်သွယ်လည်းမရှိတော့ပါဘူး....ကျမမော်လမြိုင် ပြန်သွားဖြစ်မှဘဲသူတို့နဲ့တွေ့တော့မှာပါ..။။
အခုလိုအချိန်မှာငယ်ငယ်ကအဲဒီအကြောင်းပြန် စဉ်းစားမိတော့ ရင်ထဲတမျိုးကြီးဘဲရယ်....
ဘယ်လိုခံစားချက်ဆိုတာတော့မပြောပြတတ်ဘူး....စိတ်မကောင်းဖြစ်တယ်လို့ ထင်တာဘဲ..။

ဘုန်းဘုန်းတောက်ရေးတဲ့သရဲအကြောင်းဖတ်ပြီး ငယ်ငယ်ကအကြောင်းလေးပြန်သတိရလို့
ရေးလိုက်တာပါ .....

blackroze

16.9.2011 AM 4:05

12 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဘွားလေးက ထိုင်ဝမ်ထိ လိုက်လာနေဦးမယ်။ မိသားစုကို ဖွင့်ပြောပြီး အမျှအတန်းပေးဝေလိုက်တာ မဟုတ်ဘူး။ မကျွတ်မလွတ်တဲ့ သူတွေက ကျန်ရစ်တဲ့ မိသားစုဆီက ကုသိုလ်အမျှ အကူအညီလေး ရလိုရငြား ကိုယ်ထင်ပြတာ ရှိမယ်။ ဘယ့်နှယ် ဘယ်သူ့မှ မပြောဘဲ ထားခဲ့တယ်ဆိုတော့။ အခု ပြန်သွားရင် သေချာလေးလဲ အမျှအတန်းပေးဝေလိုက်ဦး။ သူ့ခမျာ သနားစရာ။ လူတွေဆီက ကုသိုလ်အမျှကို စောင့်နေရှာတာ။ မိမဲလေးက စိတ်ရင်းကောင်းတော့ သူ့အတွက် ကုသိုလ်လုပ်ပေးမယ်ထင်လို့ ကိုယ်ထင်ပြတာ ထင်တယ်။ နောက်ဆို ဘာကုသိုလ်လုပ်လုပ် အဘွားလေးနာမည်ခေါ်ပြီး အမျှပေးဝေနော် သိလား။

ခင်မင်လျှက်

Blackroze. said...

အာ...တဂျီးကလည်း..အဲတာကငယ်ငယ်လေးတုန်းကလေ
နောက်တော့လည်းသူ့အိမ်ကသိသွားကြတာဘဲဟာ...
သူများအော်ငိုတော့ သူတို့တွေသိကုန်တယ်လေ
သေချာလည်းမဖတ်ဘူး..
သူတို့လည်းအလှူတန်းတွေလုပ်ပေးမှာပေါ့
သူများကရန်ကုန်မှာနေတဲ့ဟာ..ဘယ်လိုလုပ်သိတော့မှာလဲ
မော်လမြိုင်ကအကြောင်းတွေကို..နောက်ပြီးငယ်ငယ်လေးရှိသေးတာလေ..
အိမ်မှာကုသိုလ်လုပ်ရင် သေသွားတဲ့သူတွေအားလုံးကိုရည်စူးပြီး
အမျှပေးတယ်အကိုရ..အမြဲတမ်းဘဲ..

MGTHANT on 16 September 2011 at 11:09 said...

အင်း ဖတ်ရင်း နည်းနည်းရှုပ်သွားလို့ အိမ်က ရွှေတောင် ၀တ်ကြီးဘုရားနားမှာကို ပြောတာဟုတ်... ကျနော်သိတဲ့ အိမ် ဖြစ်ချင်ဖြစ်နေမယ်... ကျနော့ အမ၀မ်းကွဲအိမ်လည်း အဲနားမှာ အမအိမ်မှာ မကြာခဏတည်းဖြစ်တယ်။ တခါ စာမေးပွဲဖြေတုန်းကဆို တလနီးပါးလောက် နေဖြစ်သေးတယ်...

ကျနော့်အထင် အဘွားက အချိန်ရောက်ပြီး အထုံပါတာလာ မသိဘူးနော်... ဒါက ဘယ်လိုတားတား တားလို့ မဘူးလို့ ကြားဖူးလို့ ...

ဦးကိုကိုမောင် ပြောသလိုပဲ အမျှအတန်းကောင်းကောင်း ပေးဝေပေးကြရင် ကောင်းမယ်

jasmine(တောင်ကြီး) on 16 September 2011 at 13:30 said...

ပစ်ပစ်ကငယ်ငယ်ကအကြောင်းတွေကိုမှတ်မိနေတယ်နော်....
ထိုင်ဝမ်ကနေရှင်လွမ်းနေတာလဲ ကြည့်လွမ်းနော်
တော်ကြာ ဘွားလေးက ငါ့မြေးလေးလွမ်းနေတာ
မကြည့်ရက်ပါဘူးဆိုပြီးရှင့်ဘေးနားလာထိုင်နေမယ်....
ချစ်တဲ့ jas

မြသွေးနီ on 16 September 2011 at 17:53 said...

တထိတ်ထိတ်နဲ့ ဖတ်နေရတယ်...။
သရဲဆို မကြောက်တတ်ပေမယ့် တွေ့မိမှာစိုးတယ်..။
တစ်ခါမှ မကြုံသေးဘူး..။
ရှိတယ်လို့စာတွေထဲတော့ ဖတ်ဘူးတယ်..။
အပြင်မှာ မကြုံမိချင်ဘူး..။

တောက်ပကြယ်စင် on 16 September 2011 at 19:00 said...

ပစ်ပစ်ဂျယ်ရီရေ မင်္ဂလာပါ။ အမျိုးတွေ စပ်မပြတတ်ဘူး။ အတော်ရှုပ်တယ်။

အသေဆိုးနဲ့ သေတဲ့လူတွေက မလွတ်မကျွတ်တာ များတယ်။ သိလား။ ပစ်ပစ်ကို အရမ်းချစ်လို့ ပစ်ပစ်ကို ကိုယ်ထင်ပြတာ ထင်တာပဲ။ ရန်ကုန်က ရဟန်းဒကာအိမ်က ဆုံးသွားတဲ့အဘိုးကြီးလည်း သူ့မြေးမလေးကို အရမ်းချစ်တော့ လာလာခြောက်တယ်။ ခြောက်တယ်ဆိုတာထက် ချစ်ကြောင်းပြတာပါ။

ရွာက ဘုန်းဘုန်းအဖေရဲ့အစ်မကြီးလည်း အသက်ခြောက်ဆယ်လောက်မှာမှ ဆွဲကြိုးချပြီး သေသွားတယ်။ သူ့မှာ စားဝတ်နေရေးလည်း ထိုက်သင့်သလောက်ပြည့်စုံပါတယ်။ တစ်ဦးတည်းသော သား။ သူ့သားက အရမ်းလိမ္မာပါတယ်။ စိတ်ညစ်စရာ၊ စိတ်ထိခိုက်စရာ မရှိပါဘဲနဲ့ ရှေးဘ၀က အထုံပါလာတယ်ထင်တာပဲလေ။ သူကတော့ အိမ်ထဲမှာ မဟုတ်ဘူး။ ရွာအပြင်ဘက်မှာ။ သစ်ပင်ပေါ်တက်ပြီး ဆွဲကြိုးချပြီး သေတာ။ သစ်ပင်ရွာက လူတစ်ယောက် လမ်းလျှောက်လာတယ်။ ခပ်ဝေးဝေးကနေ တွဲလောင်းကြီးမြင်နေတော့ အဲဒီလူက မကြောက်တတ်လို့နေမှာပေါ့။ အနီးကပ်သွားကြည့်တယ်။ ပြီးတော့ သူ့အသိဖြစ်နေတော့ သူ့သားကို ချက်ချင်းသွားပြောပြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူရဲခြောက်တာ ဘာညာတော့ ပြောသံမကြားဘူး။

ကော်မန့်ကလည်း ရှည်သွားပြီ။ စိတ်ဆိုးနဲ့နော်။ ဘိုင်...လစ်ပြီ။

တောက်ပကြယ်စင် on 16 September 2011 at 19:02 said...

သစ်ပင်ရွာနေရာမှာ သည့်ပြင်ရွာဟု ပြင်ဆင်ဖတ်ရှုပေးပါရန်...

ဖိုးကြယ် on 16 September 2011 at 21:52 said...

ဟမ်.....အင်း....အလည်လာပြီး စာဖတ်မိတာက ညကြီး..အခန်းထဲမှာတစ်ယောက်ထဲရယ်.... :P

ခင်တဲ့(ဖိုးကြယ်)

ဟန်ကြည် said...

ပစ်ပစ်ရဲ့ အဘွားအကြောင်းရေးထားတာ ဖတ်ရင်းက ဦးဟန်ကြည်ရဲ့ ချစ်လှစွာသောအဘွားဆုံးတော့ မောင်ဟန်ကြည်ပေါက်စနလေးကို ကြည်စားတာ ပြန်သတိရသွားတယ်...သူကတော့ ချစ်လို့ကြည်စားတာပေါ့လေ...ကိုယ်ကတော့ဖြင့် သုံးရက်လောက် ဖျားယူရတာတော့ သိပ်မနိပ်ပေဘူးပေါ့...မော်လမြိုင်ရောက်မှ ပစ်ပစ်တို့ခြံဘက် အလည်သွားကြည့်ဦးမယ်...

ညီရဲ on 17 September 2011 at 19:16 said...

ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတွေက တော်တော်နဲ့ မကျွတ်ဘူးလို့ ကြားဖူးတယ်။ အပယ်ငါးရာ ငါးကမ္ဘာတဲ့ နောင်ဘုရား ပွင့်မှ ကျွတ်မယ်လို့ တောင် ကြားဖူးတယ် ဟုတ်မဟုတ်တော့ မသိဘူး သူငယ်ချင်း... တော်တော် ကြောက်ဖို့ ကောင်းတယ်။

မဒမ်ကိုး on 19 September 2011 at 16:31 said...

မျက်လုံးထဲများမြင်လာအောင်များရေးရသလား
ဂျယ်လီပစ်ပစ်ရယ်

း(
ကြောက်ပါတယ်ဆိုမှ

၂ ကျပ်ခွဲသားပဲချစ်တော့မယ်
ကြောက်အောင်ရေးလို့
ချစ်တဲ့
မဒိုးကန်

SHWE ZIN U on 20 September 2011 at 10:56 said...

အင်း ညီမ ရေ

အခု မှ ဖတ်ဖြစ်တယ် ဘယ်လိုကျော်သွားလည်း မသိ
ဟုတ်ပ အစွဲအလန်းများ ကြောက်စရာကောင်းတယ်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei