22 October 2011

နာမည်ပြောင်းသကြားလုံးထုပ်

Posted by blackroze at Saturday, October 22, 2011
ဒီနေ့အလုပ်ကသူငယ်ချင်းတယောက်က နာမည်ပြောင်းလိုက်တဲ့အထိမ်းအမှတ်နဲ့ သကြားလုံးထုပ်လေးတွေ ပေးပါတယ် ။သူ့နာမည်ကိုဗေဒင်ဆရာကမကောင်းဘူးဆိုလို့ နာမည်ပြောင်းတာပါ...။
ကဲသကြားလုံးလေးတွေကြည့်လိုက်ရအောင်..။။
ဒါကတော့သကြားလုံးအထုပ်လိုက်လေးပါ ..

သကြားလုံးအထုပ်လေးကိုဖြည်လိုက်ပါပြီ..ဒန်တန်တန်..(တဂျီးလာလုမစားနဲ့နော်...)


အထဲမှာပါလာတာလေးတွေပါ။။။
ထီးလေးကသကြားလုံးမဟုတ်ပါဘူး ဂျယ်လီလေးပါ...


ဂျယ်လီထီးလေးက jerry pigpig ဗိုက်ထဲရောက်သွားပါတယ်..
တွေ့လား..ထီးရိုးဘဲကျန်တော့တယ်
ဒါကတော့ နောက်ထပ်သူငယ်ချင်းတယောက်ကပေးလိုက်တဲ့ အအေးဗူးပါ
အရင်ကဘယ်လောက်နဲ့ရောင်းလည်းတော့ မသိဘူးတဲ့...ဒီနေ့ အအေးရောင်းတဲ့စက်မှာ
ဈေးလျှော့ပြီး တဗူး10 နဲ့ရောင်းတယ်ဆိုတော့ သူနှစ်ဗူးဝယ်လိုက်တာတဲ့ ...
jerry pigpig အတွက်ကတဗူး တဲ့...တွေ့လား..သူငယ်ချင်းကအဲလိုစေတနာကောင်းထှာ
10ဘိုးကြီးများတောင်ဝယ်တိုက်တယ်....

ဒီလောက်ရေးလိုက်ရရင်ကျေနပ်ပါပြီ..... စာကိုအရမ်းရေးပြီး Post တင်ချင်နေတာ သူများတွေလိုလည်း
ဟုတ်တိပတ်တိ မရေးတတ်တော့ ဟိုယောင်ဒီယောင်နဲ့ ရေးချင်တာတွေရေးနေရတယ် ...
အခုလည်းရေးချင်တာရေးလိုက်တယ်.... ဟီးးဟီးးဟီးးး
ကဲ..အားလုံးဘဲ ...jerry pigpig အိပ်တော့မယ်နော် Good night နော်....

Blackroze
22.10.2011 AM 4:15

13 comments:

ကိုကိုမောင်(ပန်းရနံ့) said...

သကြားလုံးပြတာ မဟုတ်ဘဲ ၀က်မလေးက လက်လှကြောင်း ကြွားနေတာကိုး။း))

လက်ခဏာမှာ စိတ်ဒွိဟဖြစ်စရာတွေ ထင်ပေါ်နေတယ်။ တရားများများထိုင်ပါ။

သူကြီးမင်းက သကြားလုံးတော့ မကြိုက်ဘူး။ ဖြစ်နိုင်ရင် ၀က်လက်ကလေးကိုတော့ စွပ်ပြုတ်လုပ် သောက်ချင်သား။ ဟာ ဟ။

ခင်မင်လျှက်

စံပယ်ချို on 22 October 2011 at 07:05 said...

သကြားလုံး မကြိုက်လို့ အအေးပဲသောက်ခဲ့တယ်
(ဘယ်သူမှလဲမတိုက်ပဲနဲ့)
တိုက်တိုက် မတိုက်တိုက်သောက်မှာပဲ

AH on 22 October 2011 at 09:45 said...

မနက်စာမစားရသေးတာနဲ့အတော်ဘဲ သကြားလုံးတွေရော အအေးဘူးတွေရော ကပ်သောက်သွားတယ်ဗျို့ :P

ညီရဲ on 22 October 2011 at 12:51 said...

ချိုချဉ်တွေက စားဖို့ ထက် သိမ်းထားဖို့ ကောင်းနေပြီ...
သူချည်းစားနေတယ် ဒီဘက်တောင် နဲနဲ မပေးဘူး...ဟွင်းးးးးးးးး

Anonymous said...

လှလိုက်တဲ့လက်ကလေးတော်း)
ပညာရေးလမ်းကြောင်းကြီးကလဲ ထင်းနေတာပဲနော်းP
ငါးကြင်းမြှီးလည်းပါတာကိုး၊ထီးရိုးလည်းကောင်းတယ်အစ်မ
ကြီးပွားအောင်မြင်အုံးမယ့်လက္ခာပိုင်ရှင်ပဲကိုးးP
သကြားလုံးမမြင်ဘူး၊လက်ပဲမြင်လို့ ဟောပေးလိုက်တာပါး)
ပုံ/
ဝေဒသုတေသီး))

blackroze said...

တဂျီး..အဓိကနဲ့ သာမည ကိုခွဲခြားမြင်တတ်စမ်းပါ..
သကြားလုံးကလက်ထက်သေးတော့ လက်ပါမြင်နေရမှာပေါ့လေ..။လက်လောက်ကြီးတဲ့သကြားလုံးမြင်ဖူးလို့လား..
jas AH နဲ့ ညီရဲရေ..သကြားလုံးလေးတွေ့စားဖို့ထက်
သိမ်းထားဖို့ကောင်းနေလို့ကျမလည်းပုံတင်လိုက်တာ..
ဗေဒင်ဟောပေးတဲ့သူကလည်းတော် ဟောမဲ့ဟော..
အချစ်ရေးတို့အိမ်ထောင်ရေးတို့ပါ ဟောပေးခဲ့တာဟုတ်ဘူး..

ကိုကိုမောင်(ပန်းရနံ့) said...

အင်းး ၀က်မလေး ပြောမှဘဲ အဓိကနဲ့ သာမညကို ခွဲခြား မြင်သွားတယ်။ ဟုတ်ပါ့ သကြားလုံးက လက်ထက် သေးနေတာကိုး။

သကြားလုံးကို စားပွဲ ပန်းကန်ပြား ကော်ဇော ကြမ်းပြင် အိပ်ရာခင်းပေါ် တင်လို့ ဓါတ်ပုံမရိုက်ရဘူး၊ လက်ဖ၀ါးလေးထဲမှာဘဲ ထည့်ပြီး ရိုက်ရမယ်လို့ မိုးနတ်မင်းကြီးက တစ်ချက်လွှတ်အမိန့် ချမှတ်ထားခဲ့တာဆိုတော့လဲ ၀က်မလေး ပြောတာ မှန်ပါတယ်ကွယ်။

သူကြီးမင်းကသာ အဓိကနဲ့ သာမညကို ခွဲမမြင်တတ်ပါတာ။ ဟာ ဟ။
စ ရတာ ပျော်လိုက်တာာာာာာာာာာာာာာာ။း))

ခင်မင်လျှက်

ညိမ်းနိုင် on 22 October 2011 at 20:07 said...

သကြားလုံးတော့ စားတော့ဘူးကွယ်...၊ဇီးထုတ်ဝယ်ကြွေးရင် လက်တို့နော်...:))

ဟန်ကြည် said...

အိမ်း...သကြားလုံးတော့ မစားတော့ပေါင်ဗျာ လျှာပေါ်တင်တာနဲ့ ပျောက်သွားမယ့်ပုံဆိုတော့ ကျုပ်တို့လို တောသားနဲ့လည်း မကိုက်ပါဘူး...လက္ခဏာကိုကြည့်ပြီးဟောရရင်တော့ ငယ်ငယ်က ကလေးမလေး ဖြစ်ခဲ့ပေသပေါ့...အသက်ကြီးရင် လူကြီးဖြစ်မယ့်လက္ခဏာမျိုးလည်း ရှိပေသကိုး...နှလုံးလမ်းကြောင်းမှာ ကျွန်းတော့မခံပါဘူးလေ...သောင်ထွန်းနေတာပဲ တွေ့တယ်...ဒါပေမယ့် ဘာမှမပူပါနဲ့ ပစ်ပစ်ရယ်...မင်္ဂလာဆောင်တဲ့နေ့ရောက်ရင် အိမ်ထောင်ကျမှာပေါ့..းး))

blackroze said...

ဒီမှာ..တဂျီး..ကာလံဒေသံဆိုတာနားလည်စမ်းပါ..
တဂျီးတို့များပြောရဆိုရတယ်ခက်သကိုး...
သကြားလုံးကိုလက်ပေါ်မတင်ရဘူးလို့ဘယ်သူပြောထားသတုန်း
သကြားလုံးစားရင်လက်နဲ့ကိုင်ပြီးစားတာဘဲ
မဟုတ်လား
သကြားလုံးကိုပန်းကန်ပြား ကော်ဇော အိပ်ယာ စားပွဲပေါ်တင်ပြီး
လျှာကြီးနဲ့တခါတည်း ဟမ်းး ဆိုပြီး ယူစားသလား
သကြားလုံးကိုပေးရင်ရော လက်နဲ့ဘဲပေးတယ်မှတ်လား..
ပန်းကန်ပြား ကော်ဇော အိပ်ယာ စားပွဲပေါ်ကနေတဆင့်ပေးသလား..
အဲတော့သကြားလုံးနဲ့လက်နဲ့ဆိုတာ တွဲရက်ဘဲတဂျီးရဲ့..
တဂျီးနဲ့ လူပြိုကြီး ဆိုတဲ့ ဂုဏ်ပုဒ် တွဲရက်ဖြစ်နေသလိုပေါ့လေ...
ကဲ..သဘောပေါက်ပလား..ဟင်းဟင်းဟင်းး

...အလင်းစက်များ on 23 October 2011 at 06:45 said...

လက်ဖ၀ါး ဖြူဖြူလေးပဲ မြင်တယ်..... ဟီး :P

Anonymous said...

ခုချိန်မှာချောင်းဆိုးနေမကောင်းဖြစ်နေတော့ ဒီအတိုင်းပဲကြည့်သွားတယ်နော်
မ..
မ မွန် နေမကောင်းဘူးသိလား

ကြယ်စင်အလင်း on 30 October 2011 at 10:58 said...

ပုံစံမျိုးစုံနဲ့သကြားလုံးတွေကို ကြိုက်တယ်။ အနော့်လဲကျွေးဘူး။ သူတယောက်ထဲ စားနေတယ်။ ဟုတ်ပ လက်ကကိုက်ချင်စရာ အဲလေ... ဖြူဖြူသွယ်သွယ်လေးနဲ့။ ချိုချဉ်မကျွေးချင်လဲ လက်သန်းမှာ ကပ်နေတဲ့ ၀ါဝါကွင်းလေးပဲ ပေးလိုက်ပါနော်.. ဟီး။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei