04 October 2011

ကျမချစ်သောမြို့ကလေးး..

Posted by blackroze at Tuesday, October 04, 2011
ပျော်ရာမှာမနေရ တော်ရာမှာနေရဆိုတဲ့ စကားပုံလေးကြားဖူးကြမှာပါ ..
လူရယ်လို့ဖြစ်လာကတည်းက မွေးဖွားခြင်းကနေသေဆုံးခြင်းတိုင်အောင် ရုန်းကန်လှုပ်ရှားနေရတာမှတ်လား........ဒါဘ၀ဘဲလေ....
ဒီလိုပါဘဲ ခံစားချက်တွေ သတိရခြင်းတွေ နဲ့ပြည့်နှက်နေတတ်တာလဲ ဘ၀ပါဘဲ....
ကျွန်မကို မော်လမြိုင်ဆိုတဲ့ နယ်မြို့လေးတစ်မြို့မှာမွေးဖွားခဲ့တာပါ....
ဇာတိချက်မြှုပ်လို့ပြောရမလားဘဲ...
ဒါပေမဲ့ ကျွန်မ မော်လမြိုင်မှာ ၅ နှစ်သမီးအရွယ်လောက်ထိဘဲနေခဲ့ရတာပါ ...
အဖေတာဝန်ကျတဲ့ နေရာကို လိုက်ပြောင်းနေရတာလေ.. အမေတို့ကတော့မော်လမြိုင်ဇာတိပါဘဲ...ခဏလေးဘဲနေခဲ့ရပေမဲ့....
ငါ့ကိုမွေးခဲ့တဲ့ နေရာပါလားဆိုတဲ့ အသိစိတ်လေးနဲ့ ကျွန်မမော်လမြိုင်မြို့လေးကိုချစ်ပါတယ်...
နည်းနည်းကြီးလာတော့ အစ်မတွေနဲ့ တူတူသွားတယ်လေ...
ဆွေမျိုးတွေစီကို သွားလည်တာပေါ့...ခုတော့လဲ မော်လမြိုင်မြို့လေးက
ဟိုးအရင်ကလို ကုန်းတစ်တန် ရေတစ်တန် သွားရတာမျိုးမဟုတ်တော့ဘူးလေ
သံလွင်တံတားဆောက်ပြီးသွားတော့ သွားရလာရတော်တော်အဆင်ပြေသွားပြီလို့ပြောကြပါတယ်...
တံတားဆောက်ပြီးကတည်းက ကျွန်မ တစ်ခါမှ မရောက်သေးပါဘူး....
ကျွန်မကတော့တံတားကြီးမဆောက်ရခင် တုန်းကသွားခဲ့ဖူးတဲ့ မြို့လေးကိုလွမ်းမိပါတယ်....
အထူးသဖြင့် မုတ္တမဘက် ကနေ..မော်လမြိုင် ဘက်ကို သွားဖို့ဇက်စီးရတဲ့အခါဖြစ်စေ...............
သဘောင်္စီးရတဲ့အခါဖြစ်စေ ဒီဘက်ကမ်းကနေ ဟိုဘက်မော်လမြိုင်မြို့လေးကိုလှမ်းမြင်နေရတဲ့
အချိန်မှာခံစားရတဲ့ခံစားချက်နဲ့ မော်လမြိုင်ဘက်ကနေ ရန်ကုန်ကိုပြန်ဖို့ သဘောင်္စီးလာတဲ့အခါ
ဟိုးးး.....အဝေးမှာပျပျလေးကျန်ခဲ့တဲ့ မော်လမြိုင်မြို့လေးကိုသဘောင်္ပေါ်ကနေ လှမ်းမြင်ရတဲ့
အခါ ခံစားမိတဲ့ ရင်ထဲကခံစားချက်ချင်းမတူပါဘူး.....

ပထမ ခံစားချက်က ပျော်တာ ၀မ်းသာတာ ကြည်နူးတဲ့ ခံစားချက်လေးပါ.....
ငါ့မွေးရပ်မြေကိုရောက်တော့မှာပါလားဆိုတဲ့ ၀မ်းသာတဲ့ ခံစားချက်...

ဒုတိယကတော့ ရင်ထဲကနေ လွမ်းမိတာ တစိမ့်စိမ့် နာကျင်လာတဲ့ခံစားချက်မျိုးပါ...
တဖြည်းဖြည်းနဲ့ ဝေးဝေးသွားပြီးမှုန်ပျပျလေးဘဲ မြင်ရတော့တဲ့
မြို့လေးကိုလှမ်းကြည့်ပြီး သြော်...နောက်ထပ်ဘယ်လောက်ကြာမှ
ထပ်လာဖြစ်မလဲ မသိဘူးလေ.....ဆိုပြီး...ရင်ထဲကတစ်ခုခုကို
ယူထုတ်လိုက်သလို ဟာတာတာ ဖြစ်သွားတဲ့ ခံစားချက်ပါ......

မော်လမြိုင်သွားပြီးပြန်လာတိုင်း သဘောင်္ပေါ်မှာအမြဲတမ်းမျက်ရည်ဝဲခဲ့ရပါတယ်........
မော်လမြိုင် ရောက်တာနဲ့ ပထမဆုံးလုပ်မိတာကတော့ ကျိုက်သလ္လန်ဘုရားကို
သွားမိတာပါဘဲ...အမေနဲ့ အဖေက အဲဒီဘုရားမှာ ဘုရားလာဖူးရင်းနဲ့
တွေ့ခဲ့ တာဆိုပြီးး အမေကတစ်ခါတုန်းကပြောပြခဲ့
ဖူးလို့ပါ......ဘုရားဖူးပြီးတာနဲ့ ဘုရားစောင်းတန်းမှာထိုင်ပြီး .......
အဲဒီအချိန်တုန်းက အဖေက အမေ့ကိုဘယ်လို
များတွေ့သွားတာပါလိမ့် ..... အမေကရော...ဘယ်လိုများရင်ခုန်ခဲ့မလဲ ဆိုပြီး ...
ကျွန်မအမြဲတမ်းအတွေး နယ်ချဲ့မိပါတယ်.... .ကျွန်မမမြင်လိုက်ရတဲ့
အတိတ်ကပုံရိပ်လေးတွေကိုမှန်းဆကြည့်မိတာပါ...
ကျွန်မအဖေ ကျွန်မတို့ကို ခွဲထားခဲ့တာ နှစ်20ရှိသွားပြီလေ....
ကျွန်မအဖေ့ကိုသတိရမိရင် အဖေအကြောင်းပြန်စဉ်းစားတာကလွှဲပြီး ဘာမှလုပ်လို့မှမရဘူးလေ..
လောကကြီးထဲမှာမရှိတော့တဲ့ လူတစ်ယောက်ကိုတမ်းတတာကလွဲပြီး
သတိရနေမိတာကလွဲပြီး ကျန်တာဘာမှမတတ်နိုင်ဘူးလေ......
ဒုတိယသွားမိတဲ့ နေရာကတော့ သတိပဌါန်သီလရှင်ကျောင်းပါ...
အဲဒီမှာပိုက်ဆံသွားလှူတာပါ...အဲဒီသီလရှင်ကျောင်းမှာ အရမ်းလိမ္မာတဲ့
ကြောင်လေးနှစ်ကောင် ရှိပါတယ်.....ခုလောက်ဆိုရင်တော့
ကြောင်အိုကြီးတွေဖြစ်နေလောက်ပြီထင်ပါရဲ့ရှင်....
ကျွန်မ မရောက်ဖြစ်တာဘဲ ၆ နှစ်ပတ်ဝန်းကျင်လောက်ရှိနေပြီလေ..ပြန်စဉ်းစားမိရင်
အရမ်းလွမ်းမိပါရဲ့...... ...မော်လမြိုင်မြို့လေးကို..........။
တတိယသွားမိတဲ့နေရာကတော့ ကမ်းနားလမ်းမှာအမတွေနဲ့တူတူ လမ်းလျှောက်တာပါဘဲ......
ကျွန်မ အစ်မတွေက ပြန်ပြောပြကြပါတယ်...ဒီနေရာမှာပေါ့
နင်ငယ်ငယ်ကလမ်းမလျှောက်တတ် လျှောက်တတ်နဲ့ လဲကျတာလေ...
ဒီနေရာမှာပေါ့ နင့်ဖိနပ်ကျပျောက်ခဲ့တာလေ....
ဆိုပြီးတော့ ကျွန်မ မမှတ်မိတော့တဲ့ အတိတ်ကအကြောင်းတွေကို
အမြဲတမ်းပြန်ပြောပြနေကြပါ....ခုတော့ကျွန်မလဲ မိုင်ပေါင်းများစွာဝေးနေတဲ့
နေရာမှာရောက်နေသလို.... အစ်မတွေကလဲ အိမ်ထောင်ကျတဲ့သူနဲ့
ကျွန်မလိုမျိုးဘဲ အဝေးကိုရောက်နေတဲ့ သူနဲ့.....
ခုနေခါ ကျွန်မ မော်လမြိုင် ကိုပြန်သွားလည်ရင်တောင် ကျွန်မနဲ့ တူတူ ဘုရားသွားမဲ့သူ
သီလရှင်ကျောင်းသွားမဲ့သူ ကမ်းနားမှာလမ်းလျှောက်ပေးမဲ့ သူတွေမရှိတော့ပါဘူး.....

အဲဒီတော့လဲ ကျွန်မတစ်ယောက်ထဲဘဲပေါ့နော့်......ပြသာနာမရှိပါဘူးး.......
တစ်ယောက်ထဲဘ၀မှာ နေသားကျနေပါပြီ .....
ဒါပေမဲ့ အစ်မတွေကိုတော့ လွမ်းမိမယ်ထင်တယ်.....
ကျွန်မမော်လမြိုင်ရောက်တာနဲ့ ပထမဆုံးသွားတွေ့ဖြစ်တဲ့သူကတော့
ကျွန်မရဲ့ ငယ်ငယ်တုန်းကစားဖော် ကစားဖက် သူငယ်ချင်းလေးပါ .....ခုဆိုသူအိမ်ထောင်တောင်ကျနေလောက်ပြီထင်ပါတယ်.....
ကျွန်မမော်လမြိုင်သွားမှသူနဲ့တွေ့ရတာဆိုတော့ .....သူနဲ့မတွေ့ဖြစ်တာလဲ ၆ နှစ်လောက်ရှိနေပါပြီ.....
တစ်ခါတစ်ခါသူ့ကိုလဲ သတိရမိသားရှင်...ကျွန်မ အဖေသာရန်ကုန်ကိုတာဝန်မကျဘဲ
မော်လမြိုင်မှာဘဲ ဆက်နေဖြစ်မယ်ဆိုရင် ကျွန်မလဲသူလိုမျိုး စကားသံဝဲ၀ဲ နဲ့
မော်လမြိုင်သူဖြစ်နေမှာ အသေအချာပေါ့.....မော်လမြိုင်မှာဘဲကျောင်းတက်
မော်လမြိုင်မှာဘဲကြီးတဲ့ မော်လမြိုင်သူစစ်စစ်ဖြစ်နေမှာပါ...........

ခုတော့ ကျွန်မက ကျွန်မချစ်တဲ့ မြို့လေးနဲ့ မိုင်ပေါင်းများစွာဝေးတဲ့နေရာမှာ ....
သတိရနေခြင်းဆိုတာလေးဘဲ စွဲကိုင်လို့ လွမ်းနေရတဲ့သူပါ ...
အဲဒီမြို့လေးမှာသွားခဲ့ဖူးတဲ့နေရာလေးတွေကို မကြာခဏပြန်သတိရလို့.......
တစ်နေ့တော့ ရောက်ဦးမှာပါလေ...ဆိုပြီး..အမြဲတမ်းသတိရနေမိပါတယ်.....
ကျွန်မချစ်တဲ့မြို့လေးကို.....။။။။

(ကျွန်မဒီPost လေးကိုတင်ဖို့စာရိုက်နေတဲ့ အချိန်မှာ ကျွန်မချစ်တဲ့
မော်လမြိုင်မြို့လေးက ညမှောင်မှောင်အောက်မှာ အိပ်မောကျနေပါလိမ့်မယ်
အဝေးကြီးကနေ သူ့ကိုလွမ်းနေတဲ့သူရှိနေတယ်ဆိုတာ သိမှာမဟုတ်ပါဘူး....)

(19.1.2010 3း20 AM )

ဒီပိုစ့်လေးကို လွန်ခဲ့တဲ့ 2နှစ်နီးပါးကရေးခဲ့တာပါ ။အခုမှ စိတ်ကူးပေါက်လို့ ပြန်တင်လိုက်တာပါ ။။

ကျမအခုတလော စိတ်ထဲမှာ အရမ်းအားငယ်သလိုခံစားမိနေတယ် ။ငယ်ငယ်ကအပူအပင်ကင်းတဲ့
ဘဝလေးကိုလည်း အရမ်းပြန်တမ်းတမိတယ်...။ အလုပ်မှာတခါတလေ အဆင်မပြေတာ လေးတွေနဲ့
ဆုံလိုက်တာနဲ့ အရင်ကလိုခံနိုင်ရည်မရှိချင်ဘူး.....။ မျက်ရည်ကအရင်ကျချင်လာတယ် ။
ကိုယ့်ကိုကိုယ် သိမ်ငယ်နေသလို ဝမ်းနည်းနေသလို စိတ်အားငယ်နေသလို အဲလိုမျိုးဖြစ်နေတယ် ..။
အဲလိုအခါမျိုးဆိုရင် ကျမကလေးဘဝလေးကိုအရမ်းပြန်လွမ်းမိတယ် ...။ကျမခံစားမိနေတာကိုလည်း
အိမ်မှာမပြောချင်ဘူး ။။ လူတိုင်းရဲ့ရင်ထဲမှာ အပူဆိုတာရှိမှာဘဲလေ ။ ကျမကြောင့် တခြားသူတယောက်
စိတ်မကောင်းဖြစ်သွားမှာကိုတော့ မလိုချင်ဘူး....။ကျမရဲ့အလုပ်ချိန်က ပုံမှန်အလုပ်ချိန်မဟုတ်ပါဘူး ...
နေ့တဝက်နဲ့ညတဝက်မှားနေတာပါ ..သူများတွေမနက် အိပ်ယာထ အလုပ်သွားချိန် မနက် 7နာရီလောက်
ဆို ကျမကအိပ်မောကျနေတုန်း ။ သူများတွေနေ့လည်စာစားတဲ့12 နာရီလောက်မှ ကျမနိုးတာပါ ...။
သူများတွေအလုပ်ကပြန်လာချိန် ညနေဘက်ဆို ကျမအလုပ်မှာပါ ..သူများတွေအိပ်စက်အနားယူတဲ့
ည 11နာရီလောက်မှ ကျမအလုပ်က ပြန်လာတာပါ ..အိမ်ရောက်ရင် 113း0 နီးပါးရှိနေပါပြီ ...။
ကျမညညဆိုတော်ရုံနဲ့ အိပ်မပျော်ပါဘူး..... စာရေးစာဖတ်လုပ်နေလို့ မအိပ်တာမဟုတ်ပါဘူး
အိပ်လို့မပျော်လို့ စာရေးတာစာဖတ်တာ လုပ်နေတာပါ ....ကျမအိပ်မပျော်လို့ အိပ်ယာထဲမှာ စာအုပ်
တအုပ်နဲ့ ရေးထားတဲ့တောင်ေ၇ာက် မြောက်ရောက်စာတွေအများကြီးပါဘဲ ..တခါတလေ အဖေ့ကို
သတိရမိရင် အဖေ့ကိုတိုင်တည်ပြီး ပြောချင်တာတွေ ရေးမိတယ်... တခါတလေ စိတ်ထဲဖြစ်နေတဲ့
ခံစားချက်တွေ ကိုစာရွက်အကြမ်းတရွက်နဲ့ ချရေးမိတယ်... ....ဥပမာ ကျမလိုချင်တဲ့ ပစ္စည်းတွေ
ကျမမုန်းတဲ့သူတွေရဲ့ နာမည်တွေ ...ကျမငယ်ငယ်ကကြိုက်ဖူးတဲ့ အဆိုတော်တွေရဲ့နာမည်တွေ...
အစုံပါဘဲလေ...။။ ကျမကိုအိမ်ကလူတွေကစောစောအိပ်ခိုင်းတယ်... အိပ်တဲ့အချိန်နဲ့ စားတဲ့အချိန်
မမှန်ရင်တော့ အားနည်းနေမှာဘဲတဲ့ ။။ မတတ်နိုင်ဘူးလေ ။။ကျမလည်းဒီလိုဘဲနေတာအကျင့်ဖြစ်နေပြီလေ။ ငယ်ငယ်ကကျန်းမာရေးမကောင်းတော့ ကျမကို
Pigpig ဆိုတဲ့ နာမည်ခေါ်ခဲ့ကြတာပါ ။ တခါတလေ စိတ်ကိုအလိုလိုက်လွန်းသလိုများဖြစ်နေပြီလားလို့
တွေးမိတယ် ။ခံစားချက်တအားဦးစားပေးတတ်လို့ပါ ။ အခုဆိုရင် နဲနဲဆိုရင် လူကမျက်၇ည် ကျချင်လာတယ် ။ ခံနိုင်ရည်မရှိသလိုဘဲ ။ကျမတည်ဆောက်ထားတဲ့ စိတ်ဓါတ်တွေဘယ်ရောက်ကုန်ပြီ
လဲလို့ ပြန်ရှာမိတယ်...။ကျမတည်ဆောက်ထားတဲ့ ခံနိုင်ရည်တွေ ဘယ်ရောက်သွားတာလဲလို့
ပြန်စဉ်းစားမိနေတယ်...။

ဒီညဖြစ်နေတဲ့ ခံစားချက်ကိုရေးလိုက်တာပါ

စိတ်ဓါတ်မကျစေတဲ့ဆေးလေးများရှိရင် ကျမကိုရေးပေးခဲ့ကြပါ ။။
Blackroze

4.10.2011 AM 3:07

16 comments:

ကိုကိုမောင်(ပန်းရနံ့) said...

စိတ်ညစ်ရင် ဟာသကား များများ ကြည့်။ ဟာသစာပေတွေ များများဖတ်။ ဒါမှ မဟုတ် ခံစားချက်တွေကို အခုလို ဘလော့ပေါ်တင်ပေးလိုက်။ ဒါဆို နဲနဲ အထီးကျန်ဝမ်းနည်းသိမ်ငယ်စိတ်တွေ ပျောက်သွားလိမ့်မယ်။ လူတိုင်းမှာ မိမဲလေးလို ခံစားချက် ရှိတတ်ကြပါတယ်။ အနည်းနဲ့အများဘဲ ကွာမှာပါ။ ဘ၀ဆိုတာ ဒီလိုပါဘဲ။ စိတ်ညစ်လိုက် ပျော်လိုက် ၀မ်းနည်းလိုက် ၀မ်းသာလိုက်ဘဲလေ။ လောကဓံကိုး။ ဒါမှလဲ ဘ၀က ရသပေါင်းစုံနဲ့ ကြည်နူးရင်ခုန်ဖို့ ကောင်းမှာ မဟုတ်လား။ အိပ်ပျော်အောင်အိပ်။

ခင်မင်လျှက်

Anonymous said...

မော်လမြိုင်မြို့လေး ညအမှောင်ထဲမှာ အိပ်မပျော်ပါဘူး ညီမလေးရယ် . . . လမင်းကြီးရဲ့ အလင်းရောင်အောက်မှာ မော်လမြိုင်မြို့နဲ့ သံလွင်ရဲ့ အလှကို တောင်ပေါ် View point က ကြည့်ပြီး ခံစားရတဲ့ အရသာဟာ အကိုတို့ မော်လမြိုင်သူ မော်လမြိုင်သားတွေအတွက် ဘာနဲ့မှ မလဲနိုင်တဲ့ အလှတရား တစ်ခုမဟုတ်လား . . .

အခုဆိုရင် သံလွင်နဲ့ ရွှေမြိုင်ရဲ့ အလှတင် မကတော့ဘူး . . တံတာကြီးရဲ့ အလှပါ တိုးလာခဲ့ပြီးမဟုတ်လားး . . .

ဟိုးးးအရင်တုန်းကဆို မော်လမြိင် မုတ္တမ ပြေးဆွဲနေတဲ့ သမိန်ဗရမ်းဆိုတဲ့ ဇက်သင်္ဘော ကိုလည်း သတိရမိပါရဲ့ . . တံတာကြီး ပြီးသွားတဲ့အချိန်မှာ . . နှစ်ပေါင်း ၁၀စု နှစ်ကျော် ရွှေမြိုင်သူ ရွှေမြိုင်သားတွေအတွက် တာဝန်ထမ်းခဲ့တဲ့ သူရော . . ဘယ်သောင် ဘယ်ကမ်းမှာ မောပန်းလို့ နားနေခဲ့ရပြီးလဲ . . . သမိန်ဗရမ်းကိုလည်း သတိရမိပါရဲ့ကွယ် . . .

အကိုဇာတိချက်ကြွေ မော်လမြိုင်ကို အကိုနောက်ဆုံး ရောက်ခဲ့တာ ၂၀၀၈ ကပေါ့ . . . တံတာကြီးပြီးတဲ့ နောက်ပိုင်း ရွှေမြိုင်ဟာ ပိုစည်ကားလာပေမဲ့ သိပ်ထွေထွေထူးထူးတော့ မပြောင်းလဲခဲ့ပါဘူး . . . တိုက်ကြီးတွေ သမုဒ္ဒရာကြီးတွေ ဘယ်လောက် ခြားနေပါစေ တိတ်ဆိတ် အေးချမ်းတဲ့ ရွှေမြိုင်ရဲ့ အလှဟာ အကိုတို့ ရွှေမြိုင်သူ ရွှေမြိုင်သားတွေရဲ့ ရင်ထဲမှာ ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ပါဘူး . . . .


ခင်မင်စွာဖြင့်
ရွှေမြိုင်သား
ဗညားရှိန်

မဒမ်ကိုး on 4 October 2011 at 08:23 said...

တောင့်ထား တောင့်ထား အားလုံးကအတူတူပဲ ညီမလေး
အမဆိုတခါတလေ စိတ်ဓာတ်ကျလွန်းလို့ပန်းခြံထဲ သွားငိုရတယ်
ဒီလိုပါပဲကွယ် ..ဘ၀ဆိုတာ ရေစီးတခါ ရေသာတလှည့်နဲ့
အခြေအနေတွေကြောင့် မိသားစု ချစ်သူခင်သူတွေနဲ့ ခွဲနေကြရတယ်လေ..
တို့တွေဟာ သူရဲကောင်းတွေပေါ့ နိုင်ငံတစ်နိုင်ငံကိုသွားပြီး စစ်ချီနေကြတဲ့ သူရဲကောင်းတွေပေါ့ မဟုတ်လား နော် ..
တနေ့ကျလို့ တို့တစ်တွေစစ်နိုင်ရင် အိမ်ပြန်ကြရမှာပါ ...

ချစ်တဲ့
အမ
မဒိုးကန်

မြသွေးနီ on 4 October 2011 at 11:59 said...

ပစ်ပစ်ရေ...
အားမငယ်ပါနဲ့ညီမရေ...။
ဘ၀ဆိုတာ အမြဲ အနိမ့်အမြင့်အတက်အကျတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ကလေးတစ်လုံးပါ။ ဘယ်အရာမှ မမြဲဘူးဆိုတာ၊ အစိုးမရဘူးဆိုတာကို ဆင်ခြင်နိုင်ရင် စိတ်သက်သာရာ ရလာမှာပါ။ ပျော်ရလည်းတစ်ခဏ၊ ၀မ်းနည်းရလည်း တစ်ခဏ၊ ပူဆွေးရလည်း တစ်ခဏ၊ အားလုံးက တစ်ခဏတာတွေ ချည်းပါဘဲနော်။ တစ်ယောက်ထဲ စိတ်ထဲမှာ ကျိတ်ခံစားမယ့် အစား၊ အခုလို စာတွေချရေးလိုက်၊ သီချင်းတွေ အကျယ်ကြီးအော်ဆိုလိုက်၊ ဒါမှမဟုတ် ဖတ်နေကြမဟုတ်တဲ့ ပေါ့ပေါ့ပါးပါး စာအုပ်တွေဖတ်ပစ်လိုက်၊ နောက် အိပ်ယာဝင်ကာနီးတိုင်း တရားလေးရှုမှတ်ကြည့်ပါလား..။ မြသွေးနီ စိတ်တွေ ထွေလာတိုင်း လုပ်တဲ့ နည်းတွေ ပြန်မျှဝေလိုက်ပါတယ်နော်..။

မြတ်မွန် on 4 October 2011 at 15:00 said...

ပစ်လို့ ပထမဆုံး ခေါ်တာ..
ပစ်ရေ..မွန်လည်း ခု အလုပ်အချိန်ပြောင်းသွားတယ်။
ပစ်လိုပဲဗျို့။
ခေါ်ပြီး တစ်ခုခု စားချင်ပါတယ်တော်..အိပ်နေမှာပဲဆိုပြီး မနှောင့်ယှက်တော့တာ..။
စိတ်မညစ်နဲ့နော်..စိတ်ညစ်တဲ့အခါ အစားများများစား၊ အစားစားချင်စိတ် မရှိရင် ကျယ်မုတွေ ကြည့်ပြီးစားနော်..။
မွန်တော့ တီဗီကြည့်နေရင် အားလုံးမေ့ပဲ...ထိုင်ဝမ်က တီဗီအစီစဉ်တွေ ကြည့်ကောင်းတာပဲ ရယ်စရာတွေရှာကြည့်။။
ဝမ်းနည်းစရာ အတွေးထဲက ရုန်းထွက်လိုက်ပါ ပစ်ရေ..။
ကျန်းမာရေးက စိတ်အဓိက မဟုတ်လား။
အဖော်မရှိရင် မွန့်ကို ဖုန်းဆက်လိုက်နော်..။
ခင်တဲ့

jasmine(တောင်ကြီး) on 4 October 2011 at 17:02 said...

ပစ်ပစ်ရေ...ဂျက်ဆီကိုလာပြီးဟာသတွေရှာဖတ်ပါလား....
ဂျက်လဲနေမကောင်းတော့အိပ်ပျော်သွားတာဘယ်နှစ်ရက်ရှိနေပြီလဲ
online ပေါ်မရောက်ဖြစ်လို့မတွေ့ရဘူးနော်...
အားတင်းထားစမ်းပါချစ်လေးရေ....
ချစ်တဲ့ jasmine

ညီရဲ on 4 October 2011 at 17:21 said...

နေ့ နဲ့ ည မှားနေတဲ့ တို့ တွေက ဘဝတူတွေပါ သူငယ်ချင်းရေ...
စိတ်ဓာတ်မကျပါနဲ့ သူငယ်ချင်းရေ...
စိတ်ဓာတ်ကျရင်လဲ ကိုယ့်ကိုယ်ကို အားပေးလို့ ကိုယ်တိုင်သာ အားတင်းရမယ် ဘာကြောင့်လဲ ဆိုတော့ တို့ တွေဘဝက ကိုယ့်အားကိုယ်ကိုးနေရတာလေ...
သူငယ်ချင်း တစ်ယောက် ပျော်ရွှင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်..
နောက်တခါ မော်လမြိုင်ကို ပြန်လို့ တစ်ယောက်တည်း ဖြစ်နေမှာစိုးရင် တစ်ယောက်သော သူကို ခေါ်သွားလိုက်ပေါ့ သူငယ်ချင်း... ဒါဆိုရင် ပျော်သွားမှာပါ...

ချစ်သူမောင် on 4 October 2011 at 18:08 said...

လောကအလယ်မှာရုန်းကန်နေကြတဲ့သူတွေထဲမှာစိတ်ဓါတ်
မကျတဲ့သူရယ်လို့မရှိပါဘူး အဲဒီအချိန်ဆိုယင်အွန်လိုင်းပေါ်မှာပေါက်
ကွဲပစ်လိုက်ညီမလေးရေ

ခင်တဲ့
ချစ်သူမောင်

Anonymous said...

မနဲ့ အတူ အရာအားလုံးကိုလွမ်းမောခံစားသွားပါတယ်..
မွန်လည်းမော်လမြိုင်ကိုရောက်ဖူးတယ်
မွန် မှတ်မိသလောက်ဆို ကမ်းနားနဲ့ နီးတဲ့ အိမ် မှာ တည်းဖူးတာ
၉တန်း လောက်ကဆိုတော့ တော်တော်ကြာနေပီ ..
ဒါပေမဲ့ ဒူးရင်သီးစားလို့ ကောင်းတာတော့မှတ်မိတယ်..

ချစ်ခင်မှုများနဲ့ 
မွန်

Angelhlaing(May everybody be happy and healthy! on 5 October 2011 at 15:00 said...

မမရေ ညီမလေး အကို(ကိုကိုမောင်) ပန်းရနံ့ ပြောသလိုပဲ..စိတ်တွေအရမ်းညစ်လာရင်.. ဟာသတွေကြည့်တယ် သီချင်းတွေ အကျယ်ကြိးဖွင့်ပြိး နားထောင်တယ် အဲလိုဆို နည်းနည်းသက်သာတယ်မမ မဟုတ်ရင် ရင်တစ်ခုလုံး...ပေါက်ကွဲထွက်မတက်ပဲ....
ခံစားနေရတဲ့ စိတ်ညစ်ညမ်းမှုတွေ အမြန်ဆုံး သက်သာလာပါစေလို့ ဆန္ဒပြုရင်း....

ကြယ်လွမ်းသူ on 5 October 2011 at 21:50 said...

black ရေ....အသဲမကွဲတဲ့ဆေးထက်ဆိုးနေပြီ :) သီချင်းထဲမှာကြားဖူးတာပါ။ စိတ်ဓာတ်မကျစေတဲ့ဆေးဆိုတော့...အင်း လူတစ်ယောက်ဟာ အိပ်ရေးပျက်တဲ့အခါမှာ သွေးလေလည်ပတ်မှုကပုံမှန်မရှိချင်တော့ဘူးတဲ့... အဲဒီအခါမှာ ခံနိုင်ရည်လည်း လျှော့လာတတ်တယ်ပေါ့။ နောက်တစ်ခုက စိတ်ညစ်တဲ့အခါ အစားအသောက်စားပေးရင်လည်း စိတ်ဖိဆီးမှုကို လျှော့စေတယ်တဲ့။ ဒါပေမယ့် အကောင်းဆုံးကတော့ တရားမှတ်တာပိုသင့်တော်မယ်ထင်တာပဲ။ အဲဒါကခက်ခဲနေမယ်ဆိုရင် ယောဂလို ကျင်စဉ်ရှိတယ်။ သူကတော့ နည်းနည်းပေါ့ပါးမယ်ထင်တယ်။ နောက်ဆုံးဘာမှမလုပ်ဖြစ်ခဲ့ရင် မတ္တာသုတ်လေး ရွတ်နေတာဟာ စိတ်ဖိဆီးမှုတွေထဲက လွတ်နိုင်တယ်လို့ထင်မိတယ်...။ နောက်ဆုံးနည်းကတော့ ကျနော်ကိုယ်တိုင် လုပ်ခဲ့ဖူးပြီး လုပ်နေဆဲ နည်းလေးတစ်ခုပေါ့။

ပျော်ရွှင်ပါစေဗျာ (ဖိုးကြယ်)

Nyi Linn Thit on 6 October 2011 at 18:32 said...

မော်လမြိုင် မြို့လေးကို တစ်ခေါက်တော့ ရောက်ဖူးတယ်ဗျ၊ ဖားအံကနေ သင်္ဘောနဲ့ ဆင်းလာခဲ့တာ၊ တကယ် ချစ်စရာကောင်းတဲ့ မြို့လေးပါပဲ၊ ညီမ blackroze, စိတ်ဓါတ်ကျနေတယ် ကြားလို့ စိတ်မကောင်းပါဘူးဗျာ၊ အပေါ်က ကွန်မန့်တွေမှာ ပေးသွားတဲ့ အကြံဥာဏ်တွေ ကောင်းပါတယ်၊ ကိုယ်နဲ့ အဆင်ပြေတာ လုပ်ကြည့်ပါလား၊ အားလုံးကို နည်းနည်းစီ လုပ်လည်း ဖြစ်တာပါပဲ၊ ဟာသကားတွေ ကြည့်ပြီး တရားမှတ်တာဆို ရိုးရှင်းပြီး ထိရောက်မယ် ထင်တာပဲ၊ ပြီးတော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ မကြာခဏ တွေ့ပေးလို့ ရတယ်လေ၊ ရင်ဖွင့်ပြီး နွေးနွေးထွေးထွေး ပြောပြတိုင်ပင်တာဟာ စိတ်ကို ပေါ့ပါးစေပါတယ်၊ ဝမ်းနည်းအားငယ် စရာတွေက ဘဝမှာ အမြဲလိုလို ကြုံနေကြရ မှာပါပဲ၊ ကျနော်တို့အားလုံးမှာ ဒီလိုအားငယ်စိတ်တွေကို ကျော်လွှားသွားဖို့ စွမ်းအားသတ္တိတွေ ရှိကြတယ်၊ ညီမဆီမှာလည်း ဒီလို စိတ်အင်အားတွေ အပြည့်ရှိတယ်၊ မကြာခင်မှာပဲ စိတ်တွေ ပေါ့ပါး လန်းဆန်းပြီး လမ်းပေါ်မှာ ရင်ကော့၊ ခေါင်းမော့ပြီး လျှောက်နေနိုင်မှာ ကျနော် ယုံကြည်ပါတယ်..။

rose of sharon on 8 October 2011 at 09:34 said...

စိတ်ဓာတ်တွေကျတဲ့အခါ အမတော့ ကိုယ့်အပေါ်နားလည်ပေးနိုင်သူနဲ့ စကားတွေအကြာကြီးပြောလေ့ရှိတယ်...

ချော(အစိမ်းရောင်လွင်ပြင်) on 8 October 2011 at 15:27 said...

ညီမရေ
အစ်မလည်း မော်လမြိုင်ကို တစ်ခါရောက်ဖူးပါရဲ့
သဘောကျတဲ့မြို့စရင်းထဲမှာ မော်လမြိုင်လည်းပါတယ်
မော်လမြိုင်ကနေ ကျိုက်ခမီကို သွားခဲ့ကြတာ
ကျိုက်ခမီရေလည်ဘုရားက သိပ်သပ္ပါယ်တယ်နော်
ပင်လယ်ကမ်းခြေကလည်း လှမှလှ။ ခုပြန်တွေးရင် ပြန်သွားချင်မိတယ်
ညအိပ်ချိန်ဆို ပင်လယ်က လှိုင်းပုတ်သံတွေ စည်းချက်ညီညီကြားရတာ ဘယ်လိုမှန်းမသိဘူး
နားထောင်လို့ကောင်းတယ်.. နောက် ဈေးဆိုင်တွေမှာ ပင်လယ်ကရတဲ့ ကျောက်ပွင့်သုပ်စားရတာလည်း သိပ်ကြိုက်တာဘဲ
ဘုရားတွေပေါတဲ့ မော်လမြိုင်မြို့ထဲမှာ ဘုရားစုံအောင် လိုက်ဖူးရတာလည်း စိတ်ကြည်နူးစရာရယ်။ တောင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်းတွေ၊ မော်လမြိုင်တံတားကြီးရဲ့ ရှုခင်းတွေ
ခုတောင် လွမ်းလာပြီ။

ချယ်ရီမြေ on 8 October 2011 at 22:37 said...

လေထန်တိုင်းသာ ပွင့်ကြွေပါမူ၊ ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊ ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ၊ ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တ၀က် လင်းတ၀က်သည်၊ တရက်တခါ ကြုံမြဲသာတည့်။
ဘ၀သည်ကား တိုက်ပွဲများပင်၊ လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော၊ မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။
ခွန်အားတစ်ရပ်ဖြစ်ပါစေဟု ဆန္ဒပြုလိုက်ပါတယ် blackrozeရေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Anonymous said...

မော်လမြိုင်ကို သုံးလေးခေါက်ရောက်ဖူးပါရဲ့။ မှိုင်းမှိုင်းညို့ညို့နဲ့ လှပတဲ့မြို့လေးပေါ့။ ရေစီးသန်တဲ့သံလွင်ကိုဖြတ်တော့လဲ တအံ့တသြနဲ့။
blackrozeရေ... ကျနော်တို့လဲ မိဝေးဖဝေးနဲ့ တခါတလေ အထီးကျန်မိပါရဲ့။ ငါဒီမှာ ဘာလုပ်နေတာလဲလို့လဲ အခါခါတွေးမိသေးတယ်။ လိုချင်တာတွေရှိနေသေးလို့၊ အိမ်ပြန်ချိန်မတန်သေးချိန်မှာတော့ အတက်နိုင်ဆုံး ပျော်အောင်နေပါဗျာ။ ဇာတ်ကားတွေ ကြည့်ပစ်လိုက်။ ညဖက်ဆို အားနေရင် အခန်းရှင်းပစ်။ တီဗွီကိုလည်း ဖွင့်ထားဗျာ။ ဒီလိုမျိုး အမြဲကြုံရမှာ မဟုတ်ပါဘူး။ ခဏလေးပါ။ ကိုယ်ချင်းစာစွာဖြင့် အားပေးသွားပါတယ်ဗျာ။
(လီယို)

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei