စာလဲမရေးဖြစ်ဘဲကွန်ပြူတာရှေ့မှာ
ဒီလိုနဲ့တညပြီးတညကုန်သွားတာဘဲ
ယောင်ချာချာဖြစ်နေတဲ့ညတွေပါ..
ဘာရေးရမှန်းလဲမသိ..ဘာမှလဲခံစားလို့မရ...
ကျမဒီညစာရေးဖို့ကြိုးစားပါတယ်..
ဒါပေမဲ့အရမ်းအိပ်ချင်နေပြီလေ..
နောက်ဆုံးတော့မျက်စိကိုအရှုံးပေးလိုက်ပါတယ်..
သွားအိပ်ပြီနော်...
လောကကြီးမှာ...အဖြစ်ချင်ဆုံးအရာတခုကိုပြောပါဆိုရင်
(အခုနေခါ)
ကျမပြောမိမှာက...အရမ်းအိပ်ငိုက်နေပါတယ်...ဆိုတာပါဘဲ
နောက်နေ့တွေထပ်ကြိုးစားပါဦးမယ်...စာရေးဖို့ပါ...
ကျမစိတ်ထဲမှာအခုတလော..ဟာလာဟင်းလင်းကြီးဖြစ်နေသလိုဘဲ
ဘာမှမရှိတော့သလိုဘဲ...
အဲဒါဘဲကောင်းပါတယ်နော်...
အားလုံးဘဲ...Goodnight ပါ...
ကျမအတွက်နွေးထွေးတဲ့အိပ်ယာလေးစီသို့သွားပါတော့မယ်... :P
(5.9.2010 AM 3:57)
05 September 2010
Subscribe to:
Post Comments (Atom)
6 comments:
ဟင်...
ဒီညအတွက် ခံစားချက်ဆိုလို့
ကိုယ်လဲ ကွန်ပျူတာရှေ့မှာ ယောင်ချာချာ
ဖြစ်နေမယ့် အတူတူဆိုပြီး အပြေးလေးလာဖတ်တာ
လူဇိုး...ကိုယ့်လိုပဲ အပျင်းလေး...။
ဟာလာလင်းလင်းကြီး ဖြစ်နေတာချင်း တူနေတယ်
ဒါပေမယ့် အရိပ်လေးကတော့ ကဗျာတစ်ပုဒ်ရေးဖြစ်
သွားတယ်ဗျ..:P:P
း)).. ကောင်းတယ်..အိပ်ပလိုက်.... အနားယူပလိုက်...း)))
ဟဟား ဒီည ခံစားချက်က ဘာလဲဆိုတော့ ကမ်ဘာ(စာလုံးဆင့်ရိုက်မရလို့) ပေါ်မှာ အလေးလံဆိုး မျက်လုံးတွေကို အနားပေးလိုက်တယ်ပေါ့း) ကောင်းပါ့ ဒါလည်းရေးတတ်ရင် ပို့စ်တစ်ပုဒ်ဖြစ်တာပဲနော့် .။
စာရေးလို့မရမှတော့ အိပ်တာအကောင်းဆုံးပေါ့
နောက်နေ့တွေရေးလို့ရတာဘဲဟာ
အိပ်ရေးဝတာလဲ ကောင်းခြင်းတစ်မျိုးပါဘဲ...
တစ်ချို့များ အိပ်မပျော်လို့ အိပ်ဆေးတောင် သောက်ရသေးတာ.. ညရောက်ရင် အိပ်ချင်တာက ပုံမှန်ပါဘဲ.. ကျန်းမာရေးအတွက်တော့ သိပ်ကောင်းပါတယ်..
ကောင်းကောင်းအိပ်ပါဗျာ .. အိပ်ပျော်မှ အိပ်ပြီလားလို့ နှိုးပြောတော့မယ် ...
ဒါက ဘလော့ဂ် ဖတ်စာရဲ့ သင်ရိုးညွှန်းတမ်း အခန်း ၃ ပါ။
အခန်း ၅ ဆိုရင်တော့ သင်ရိုးကုန်မယ်ထင်ပါတယ်။
ဒီလိုအခြေအနေမျိုးကို ဖြတ်သန်းခဲ့ဖူးကြပါတယ်။
မကြာခင် အိုကေ သွားမှာပါ။
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..