ကျမအသံလေးတသံကြားနေရတယ်
ခေါ်နေသံလား
စကားပြောနေသံလား
မသဲကွဲလိုက်တာလေ
ထပ်ပြီးတော့အားစိုက်နားထောင်မိတယ်..
အသံလေးကခပ်တိုးတိုးပါဘဲ
ဟိုးအဝေးကြီးကနေလာတဲ့အသံလေး..
ကျမနားတွေဘာဖြစ်ကုန်ပြီလဲ
စိတ်ကိုအတည်ငြိမ်ဆုံးထားလို့
အဲဒီအသံလေးကိုဘဲ
နားစွင့်နေမိတယ်...
ခေါ်သံပါလား..
တယောက်ယောက်က
လှမ်းခေါ်နေတာမျိုး....
အသံကဝဲနေသလိုဘဲ
တိုင်းရင်းသားသံတခုခုဝဲနေတာဘဲ
ကရင်သံဝဲနေတာများလား......
သူဘာပြောနေတာပါလိမ့်
ကျမကိုလှမ်းခေါ်နေတာဘဲ
" ချစ် " ဆိုပြီးလှမ်းခေါ်လိုက်တာများလား
ရင်ထဲမှာလှိုက်ခနဲ
ဖြစ်သွားတဲ့ခံစားချက်နဲ့အတူ
ရုတ်တရက်မျက်လုံးဖွင့်ကြည့်လိုက်မိတယ်....
သြော်.......................
..............................
အိမ်မက်..မက်နေတာပါလား...
.............................
မျက်ရည်တွေကဘာလို့ကျလာတာပါလိမ့်နော်..
မ..ငို..ချင်..ပါ...ဘူး...ဆို...မှ...လေ........ ။။။။
(21.8.2010 am 00:44 )
21 August 2010
Subscribe to:
Post Comments (Atom)
16 comments:
တစ်စုံ တစ်ဦး ကို
အရမ်း စိတ်စွဲလန်း နေတယ် နဲ့ တူတယ် .. :P
သူလေးက ကရင်လူမျိုးတဲ့လား
အစွဲအလန်းကြီးတယ်နော်.. အိပ်မက်ထဲတောင်ခေါ်သံကြားရတယ်ပေါ့...
မငိုပါနဲ့ညီမရယ်
ဆုံမှတ်တစ်ခုတော့ ရှိနေမှာပါ..
အကြင်နာမှန်ခဲ့ရင်ပေါ့နော်...
ချစ်သူကိုစွဲလမ်းပြီး အိပ်မက်မက်တယ်ထင်တယ်
ဒီကလေးမလေး ဆန္ဒတွေအမြန်ဆုံးပြည့်ဝပါစေဗျာ
ဘုရားရှစ်ခိုးပြီးအိပ်လေး) စိတ်တွေ ထွေနေလို့ဖြစ်မှာပါ့ တစ်ခါခတရံတော့ လူတွေဟာ အဲ့အိပ်မက်တွေက မနိုးထချင်စိတ်ဖြစ်မိတတ်ပါတယ် ။
အရမ်းစွဲလန်းလာတဲ့အခါမှာအိပ်မက်ထဲမှာတောင်ယောင်ယမ်း
တမ်းတမိတတ်ကြတယ်..
စစ်မှန်တဲ့ချစ်သူခြင်းအမြန်ဆုံးဆုံနိုင်ပါစေ ညီမနှင်းဆီနက်ရေ..
ခင်တဲ့
သဒ္ဓါ
ရင်ထဲမှာ လှိုက်ကနဲ ကျင်သွားတယ်
ကဗျားလေးနောက် ကိုယ့်လိပ်ပြာလေးပါ မသိစိတ်နဲ့အတူ
ိုလိုက်သွားခဲ့မိတယ်..ဆုံးတော့မှ သြော်...အိပ်မက်ကဗျာပါလား
စိတ်ကောက်ထားကြပြန်ပြီထင်တယ်...
အဆင်ပြေသွားမှာပါ...
တခုခုကို မြင်လိုက်မိတယ်... မနှင်းဆီနက်.... အိပ်မက်ကတော့ရိုးရိုးလေးပါ... ဘာကိုပြောချင်တယ်ဆိုတာ သိလိုက်သလိုပဲ...း((
တစ်ခါတစ်ခါမှာ အိပ်မက်က အခုလို နှိပ်စက်တတ်ပါတယ်။ စွဲလန်းတတ်ရင် စွဲလန်းသွားကြရောဘဲ..။ မက်ဖူးတယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အင်း...အိပ်မက်....။ဒီလိုပါပဲဗျာ...ဖြစ်ချင်တာတွေ လက်တွေ့မှာ ဖြစ်မလာသေး
တော့ အိပ်မက်တွေနဲ့ပဲ....။ပြန်ဆုံမယ့် တစ်နေ့အတွက် ဒီနေ့ကို ရှင်သန်ပေးလိုက်
ပါဗျာ...။
ကရင်ကြီးက ဒုံးယိမ်းကဖို့ ခေါ်တာနေမှာပေါ့ဝေ့ ....
စွဲလန်းခြင်းက လူတွေရဲ့ နုပျိုချိန်တွေကို တိုက်စားသွားပြီး မျက်ရည်တွေပဲ ချန်ခဲ့လေ့ရှိတယ်။
စိတ်မကောင်းလိုက်တာ..နက်ရယ်..
စွဲလန်းလွန်းနေပြီ..။
ပျော်ရွှင်ပါစေနော်..။
ခင်တဲ့
မွန်
ချစ်သူနဲ့မကွဲမကွာ အမြဲရှိပြီး အမြန်ဆုံးအဆင်ပြေပါစေ ညီမလေး
ခင်တဲ့
မိုးငွေ့
နိုးလာရင်တကယ်မဟုတ်လို့်မျက်ရည်ကျရတဲ့
အိမ်မက်တွေမှကင်းဝေးပါစေညီမလေးရေ..
ဖတ်ပြီး စိတ်မကောင်းဘူး
ဒီလို ခံစားရတာကို တစ်ဘက်လူလဲ သိပါစေ ဘလက်ရိုစ့်ရေ..
စွဲလန်းခြင်းဆိုတာ သိပ်ကို ကြောက်ဖို့ကောင်းတယ်
ဘ၀တွေကို လောင်မြိုက်စေနိုင်သေးတယ်လေ
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..