13 August 2010

ပြောင်းလဲခြင်း

Posted by blackroze at Friday, August 13, 2010
ခံစားမှု့တစ်ခုလို့ဘဲပြောရမလား ဒေါသထွက်နေတယ်လို့ဘဲပြောရမလား ကိုယ့်ဘာသာ

တောင်မဝေခွဲတတ်တော့ပါဘူးလေ သေချာတာကတော့ စိတ်ထဲတနုံနုံဖြစ်နေတာပါဘဲ …

အဖြစ်ကတော့ဒီနေ့အလုပ်သွားတော့ မနက်ပိုင်းsec (1)က မမကပြောသွားပါတယ် ..

device name -7143 ကို Test လုပ်နေတဲ့ computer က ပြသာနာနည်းနည်းရှိနေတယ်တဲ့

ကွန်ပြူတာကိုစစ်ခိုင်းထားတယ်တဲ့….လာစစ်တဲ့ကောင်လေးတွေက ကွန်ပြူတာကဘာမှပြသာနာ

မရှိဘူးတဲ့ စက်ကိုစစ်ပါတဲ့ ကျမလဲစက်ပြင်တဲ့ကောင်လေးကိုခေါ်ကြည့်ခိုင်းတာပေါ့…..

စက်ပြင်တဲ့ ကောင်လေးကလဲ ကွန်ပြူတာကဖြစ်နေတာတဲ့ စက်ကအိုကေပါတယ်တဲ့

နောက်ဆုံးတော့ကွန်ပြူတာသမားက ပိုအငြင်းသန်လို့ အနိုင်ရသွားပါတယ်…စက်ပြင်တဲ့

ကောင်လေးကပြင်ပါတော့တယ် ကျမအလုပ်တက်ပြီးလို့တစ်နာရီလောက်ရှိနေပါပြီ…

ကျမစူပါဗိုက်ဆာကိုသွားပြောပါတယ်…7143 က Run လို့မရဘူးနော်… ပြင်နေတယ်လို့

သူကလဲ “ အေး “ တဲ့… ပြီးပြီပေါ့ သူသိနေတာဘဲလေ ထမင်းသွားမစားခင်ထပ်သွားပြောသေးတယ်

် “ မအိုကေသေးဘူးနော်’’ လို့ သူကလဲ

“ OK ” တဲ့….သူသိတယ်ပေါ့ ကျမတာဝန်ကျေပါတယ် ကျမလုပ်ပေးရတဲ့အပိုင်းကို

သေချာသွားပြောတာဘဲလေ အလုပ်ဆင်းခါနီးအထိ ပြင်တာမပြီးသေးတာနဲ့ ကျမလဲ

ထပ်သွားပြောလိုက်တယ်…ခုချိန်ထိအောင် “ ပြင်နေဆဲပါလို့ ” အဲမှာစတွေ့တာပါဘဲ

တနေ့လုံးစက်ပြင်နေတာဘာလို့ သူ့ကိုလာမပြောသလဲတဲ့လေ ..ကျမသူ့ကိုသွားပြောတာ

၃ခေါက်တိတိပါ ..သူဘာလို့မသိဘူးလို့ပြောရတာလဲ ကျမကိုဘာလို့လာမပြောဘူးလို့

ပြောရတာလဲ ကျမသွားပြောတဲ့အကြိမ်တိုင်း သူဘာလို့ “ အေး ” လို့ပြန်ပြောရတာလဲ

ကျမလဲ “ နင့်ကိုလာပြောတာ၃ခေါက်တောင်မှလေ ..နင်ဘဲ အိုကေဆို ..ခုမှ မသိဘူး

ဘာဖြစ်လို့ ပြောရတာလဲ ” လို့ပြန်မေးလိုက်ပါတယ် …တနေ့လုံးစက်ကိုပြင်နေတာလားတဲ့

( ခုမှတရေးနိုးတဲ့ပုံစံနဲ့လာမေးနေပါတယ် ) ဟုတ်တယ်လို့ဖြေလိုက်တော့ အဲဒါဘာလို့ငါ့ကို

လာမပြောတာလဲတဲ့ ..ကဲ စဉ်းစားပေးကြပါဦးရှင် ဂျာအေးသူ့အမေရိုက်နေသလိုပါဘဲ…

စက်ကဘာဖြစ်တယ် ကွန်ပြူတာကဘာဖြစ်တယ်ဆိုပြီး အာရာဖတ် လုပ်တော့တာပါဘဲ…

ကျမလေ ဒေါသထွက်လိုက်တာလေ….ပြန်ခံပြောလိုက်ချင်တာ ပါးစပ်ကိုယားနေတာဘဲ

သူကလူကြီးဆိုတော့လည်း လေသံကကိုယ့်စိတ်တိုင်းကျမာလို့မရပြန်ဘူး မမာမပျော့နဲ့ဘဲ

ပြန်ပြောရပါတယ် (သြော် နိုင်ငံခြားများဆိုးပါ့နော် ) ကျမလဲစိတ်မရှည်တော့တာနဲ့

“ခဏနေဦး ..ငါ စက်ပြင်နေတဲ့ကောင်လေးကိုလွှတ်လိုက်မယ်..နင်သိချင်တာမေး…

ငါလဲစက်အကြောင်းအဲကောင်လေးလောက်မသိဘူး ” ဆိုပြီးနားလည်မှု့ယူလိုက်ရပါတယ်



အလုပ်ကနေသာအိမ်ပြန်ရောက်လာပါတယ် စိတ်ကဒေါသတရားအပြည့်နဲ့ပါ …

ကျမနားမလည်ပါဘူး….သူတကယ်ဘဲ မသိတာလား မသိတာမဖြစ်နိုင်ပါဘူး

မသိတာဆိုရင်တော့ သူပုံမှန်မဟုတ်တော့ဘူးဆိုတဲ့ သဘောပါဘဲ ..သိတယ်ဆိုရင်လည်း

ကျမကိုဘာလို့အဲလိုလာရစ်ရတာလဲ …ကျမသူငယ်ချင်းကိုပြောပြတော့..

သူငယ်ချင်းကပြောပါတယ်အပျိုကြီးမမတွေကအဲလိုဘဲတဲ့လေ လိုရင်တမျိုးမလိုရင်တမျိုး တဲ့လေ …

ထားပါတော့ မလိုရင်တမျိုးဆိုတဲ့အဓိပ္ပါယ်ကို ကျမနားမလည်ပါဘူး..မလိုရအောင် သူနဲ့ကျမက

ဘာသက်ဆိုင်မှု့မှမရှိပါဘူး သူလဲလာပြီးအလုပ်လုပ်တာပါ ကျမလဲအလုပ်လာလုပ်တာပါဘဲ

သူကလုပ်သက်ပိုကြာလို့ ကျမတို့ထက်သိတာပိုများလို့ တတ်တာပိုများလို့ ခေါင်းဆောင်နေရာ

ကိုယူပြီးလုပ်ရတာပါ …။ ကျမအမြင်ပေါ့လေ ခေါင်းဆောင်တယောက်အနေနဲ့ ဒီလိုမဖြစ်သင့်ဘူး

ထင်ပါတယ် …တကယ်ဆို ကျမသွားမပြောခဲ့ရင်တောင် သူကလာမေးရမှာပါ ခုတော့..ကျမအဖြစ်က …

မိအေးနှစ်ခါနာသလိုပါဘဲ ကိုယ်ကစေတနာနဲ့ လုပ်ပေးလိုက်တာတခုကို

အပြစ်တင်လိုက်သလိုပါဘဲ အလုပ်ထဲမှာ လူတိုင်းတာဝန်ကိုယ်စီရှိကြတဲ့ သူတွေကြီးပါဘဲ ………

တဆက်ထဲဘဲတွေးမိပါတယ်…..ရန်ကုန်မှာနေတုန်းကအိမ်မှာဆိုရင် ကျမကမဟုတ်မခံဆိုပြီး…..

အိမ်ကလူတွေရဲ့အမြင်ကတ်မှု့ကိုသိမ်းပိုက်ထားတာပါ ကျမကသာကိုယ့်ဘာကို မဟုတ်မခံလို့

ပြောတာပါ…အိမ်ကလူတွေကတော့ကျမကို လူ့ဂွစာတဲ့လေ ..တခုခုဆိုကျမစိတ်ထဲမှန်တယ်လို့

လက်ခံထားတဲ့ အရာတစ်ခုဆိုရင် ကျမဘယ်တော့မှအလျှော့မပေးပါဘူး …ဒီနေ့လိုအဖြစ်မျိုးဆို

ကျမအလျှော့ပေးလိုက်ရတာပါ (ကျမစိတ်ထဲမှာတော့အလျှော့ပေးလိုက်ရတယ်လို့ဘဲထင်ပါတယ်)

သူနဲ့ထိပ်တိုက်ရင်မဆိုင်ချင်လို့ပါ …ကျမဘာလို့အဲလိုပြောင်းလဲသွားရတာလဲ

အလုပ်ကြောင့်လားငွေကြောင့်လား…..တကယ်တော့နှစ်ခုစလုံးကြောင့်ပါဘဲ….အလုပ်ထဲမှာ

အရာရှိနဲ့ပြသနာမတက်ချင်တဲ့သဘောပါဘဲ သူနဲ့ပြသနာတက်လိုက်ရင် အနဲအများဆိုသလို

အလုပ်ကိုထိခိုက်နိုင်ပါတယ် ဒါကြောင့်ကိုယ်ကပြသာနာမတက်အောင်ရှောင်လိုက်တဲ့သဘောလို့

သတ်မှတ်လိုက်ပါတယ် …စိတ်ထဲမှာတော့ အရင်ကဘဝကိုပြန်မြင်နေသလိုပါဘဲ…

အရင်ကပြတ်သားတဲ့စိတ်ဓါတ်နဲ့ ရှင်သန်ခဲ့တဲ့ ကျမကိုယ်ကျမပြန်မြင်နေရပါတယ်

ကျမစိတ်မကောင်းဖြစ်မိပါတယ်……ဘဝဆိုတာပြောင်းလဲတတ်ပါလားနော်လို့

အသက်တွေကြီးလာလို့ ဘဝထဲရောက်လာတာနဲ့အမျှ လူတွေဟာ ငွေကြောင့်

ခံစားချက်တွေ ခံယူချက်တွေပြောင်းသွားတတ်ကြတာဘဲနော်….





(13 8.2010 AM 3:50 )

16 comments:

ချော(အစိမ်းရောင်လွင်ပြင်) on 13 August 2010 at 10:42 said...

ညီမလေး
သူတမင်လုပ်တာ ဖြစ်ချင်မှ ဖြစ်မှာပါ.. တစ်ခါတစ်လေ အလုပ်များနေတဲ့အချိန် တစ်စုံတစ်ယောက် လှမ်းပြောလိုက်တဲ့စကားကို ဘာပြောလိုက်မှန်း အသိစိတ်က လိုက်မမှတ်နိုင်ဘဲ အေးအေး လို့ ပြီးစလွယ် ပြောလိုက်မိတတ်ပေမဲ့ တကယ်တမ်းတော့ ဘာပြောလိုက်မှန်း မသိလိုက်တာမျိုး ဖြစ်နိုင်ပါတယ်.. စကားလုံးတွေကို နားကကြားလိုက်ပေမဲ့ သူ့အသိစိတ်ထဲကို ၀င်ရောက်မသွားတော့ ညီမဘာပြောလိုက်တယ် ဆိုတာ သူမှတ်မထားလိုက်မိတာမျိုး ဖြစ်နေနိုင်ပါတယ်..
အရမ်းကြီးလဲ မခံစားပါနဲ့.. လုပ်ငန်းခွင်တွေမှာ ခုလိုကြုံရတဲ့ အခက်အခဲတွေ ရှိတတ်ကြပါတယ်.. အစ်မတို့လဲ ဒီထက်ဆိုးဝါးတဲ့ လုပ်ငန်းခွင်တွေကို ကြုံတွေ့ခဲ့ရဖူးပါတယ်.. ညီမနဲ့ အစ်မက မဟုတ်မခံ ဆိုတာတူပါတယ်.. ဒါပေမဲ့ လိုအပ်လာရင်တော့ မဟုတ်မခံသမားတွေဟာလည်း ပါးစပ်မပါတဲ့ သူတစ်ယောက်လည်း ဖြစ်သွားနိုင်တာပါဘဲလေ..
ကဲ ကဲ.. စိတ်မတိုနဲ့တော့
ပျော်ပျော်နေနော်.. အလုပ်မှာစိတ်ညစ်ရင် ကိုယ်လို နိုင်ငံခြားမှာ အလုပ်လုပ်ချင်လို့တောင် မလုပ်နိုင်ကြတဲ့ ဘ၀တွေ ရှိနေသေးတာကို တွေးပြီး သတိရလိုက်ပါ။

ညီမလေး ပျော်ရွှင်အဆင်ပြေပါစေ။

Maung Myo on 13 August 2010 at 11:58 said...

ဒီအဖြစ်က ကျနော်နဲ့ နည်းနည်းဆင်တယ်ဗျ ဒီလိုပါပဲ သူများတွေဆီမှာဆိုတော့လည်း ကိုယ်က ပြန်ပြောချင်ရင်တောင် ပြန်ပြောလို့မဖြစ်တဲ့ အခြေနေတွေ ရှိတယ်လေ အမှန်ကို အမှန်အတိုင်း ပြန်ပြောခွင့်မရှိတာတော့ စိတ်မကောင်းစရာပဲနော့် ။ တစ်ခုခု လိုချင်ရင် တ စ်ခုခုတော့ စွန့် လွှတ်ရမှာပေါ့ ငွေကိုလိုချင်မိတော့ ကျနော်တို့ရဲ့ ပျော်ရွှင်မှူ သည်းခံနိုင်မှူတွေ စတေးရတာပဲ ။ အားတင်းထားပါ အခု ကိုယ့်အဖြစ်လေးကို တွေး မြန်မာနိုင်ငံက လက်ဖက်ရည်ဆို စားပွဲထိုးလေးတွေရဲ့ ဘ၀နဲ့ ယှဉ်ကြည့်ရင်ကော ဖြေသာပါတယ်လေ ကျနော်တို့ အများကြီးတော်တယ် ပြောရအုံးမယ.် ။ အဆင်ပြေပါစေဗျာ ။

အဖြူရောင်နတ်သမီး on 13 August 2010 at 22:17 said...

ဟုတ်တယ် အမရေ..
အဲဒီငွေပဲ..
လူတွေကို ဒုက္ခပေးနေတာ..
သူ့ကြောင့် မာနတရားတွေ..သည်းခံတရားတွေ အရမ်းကို ဆုံးရှုံးနေရတယ်..

သူကြီးမင်း (တုံးဖလား) on 14 August 2010 at 07:25 said...

အော်... အဲဒီအပျိုကြီးမမက နားကောင်းကောင်းကြားပုံမရဘူး။ ဒီလောက်သွားပြောတာကို ဂျတ်အေးသူ့အမေရိုက်လုပ်နေတယ်။ စိတ်တိုချင်စရာကြီးပါလား။ ဒါပေမဲ့လဲ ညီမရယ် တစ်ခြားနိုင်ငံမှာဆိုတော့လဲ စိတ်ကို ချုပ်ထိန်းနေရုံမှတစ်ပါး အခြားမရှိတော့ပြီပေါ့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ညီမ ရေ

အဲလိုပါဘဲ အရာရာ မှာ မှန်ပေမဲ့ လျှော့ရတဲ့ အခါတွေရှိတယ် ညီမ တယောက် ထဲမဟုတ်ပါဘူး ငါ လို ဘဝတူတွေ အများကြီးလို့ဘဲ စိတ်ဖြေပါ

ခင်မင်တဲ့
ရွှေစင်ဦး

ခိုင်နုငယ် on 14 August 2010 at 17:17 said...

ဒီလိုပါပဲ..ရိုစ့်ရေ..နိုင်ငံခြားဆိုလိုက်တာနဲ့
ကိုယ့်ဆီကယဉ်ကျေးမူ့၊အယူအဆတွေနဲ့ကွဲပြားခြားနေတော့
အတိုင်းအတာတစ်ခုထိ သည်းခံပေးရတာတွေလည်းရှိတာပေါ့။
မချောပြောသလိုပါပဲ။ တစ်ခါတစ်လေမှာ..တစ်ဖက်က.စကားသံတွေကြား
ပေမယ့်..ဂရုမပြုလိုက်မိတာလေးတွေရှိတတ်ပါတယ်။
ရိုစ့်ရေ..လောကမှာ..ငွေထက်ကြောက်စရာကောင်းတာ.
.အံ့သြစရာကောင်းတာတွေကတော့..လူတွေပါပဲ။..အရောင်အသွေးမတူ
ညီကြသလို ..စရိုက်တွေကလည်းမျိုးစုံပါပဲ။ ဘာပဲဖြစ်ဖြစ် အလုပ်မှာပျော်ရွှင်စွာနဲ့အဆင်ပြေပါစေကွယ်။
ခုတလော..အလုပ်ကလေးတွေများတော့နောက်ကျမှရောက်ရတယ်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ညလင်းအိမ် on 14 August 2010 at 21:11 said...

အကောင်းဆုံးကတော့ သီးခံလိုက်ပါ ...
ဒီအချိန်မှာ အားလုံးကို အလျော့ပေးလိုက်တာ ကောင်းပါတယ် ...
လူဆိုတာ အချြေအနေပေါ်လိုက်ပြီး ပြောင်းလဲရမှာပဲလေ ....
ပြောင်းလဲပါစေတော့ ...း)

မြစ်ကျိုးအင်း on 15 August 2010 at 02:32 said...

သက်ပြင်းတွေကို မျိုချရလို့ လူလည်း “အ” တော့ မတတ်ပါပဲ။
ဒါကိုက လုပ်ငန်းခွင်လို့ အဓိပ္ပါယ် ဖွင့်ရမယ်ထင်တယ်

နိုးအိမ်ရှင် on 15 August 2010 at 17:04 said...

အင်း..... ကျွန်တော်အပါအ၀င် အတော်များများ ကြုံတက်ကြပါတယ်... ကျွန်တော်တော့ အဲဒီလို ကြုံတဲ့အခါ... အော် သူ့မှာ နားလဲမကောင်း.. မှတ်ဥာဏ်ကနဲဆိုတော့ သနားဖို့ကောင်းပါတယ်လေလို့ စဥ်းစားပြီး ဖြေတွေးလိုက်တော့ ခဏနေပြီး ပျောက်သွားရော.... တစ်ခုတော့ရှိတာပေါ့လေ.. ကျွန်တော်ဆိုရင် သူက ကိုယ့်ကို စိတ်ညစ်စေချင်လို့ လုပ်တာကို ကိုယ်က စိတ်ညစ်စရာကို အိမ်အထိမသယ်လာဘူးလေ.. သူပေးပေမဲ့ ကိုယ်ကယူမှ ဖြစ်တာပါ... ကိုယ်မယူရင်.. သူ့ဆီမှာဘဲကျန်ခဲ့မှာပါ... ဖြစ်နိုင်ရင်...စိတ်ထဲကထုတ်လိုက်ပါ...

ညိမ်းနိုင် on 15 August 2010 at 21:17 said...

ခဏခဏ ကြုံရတယ်...အဲဒီလိုမျိုး...။ကျွန်တော်လည်း ပြန်အော်၊ပြန်ပြော တဲ့
အခါ ပြန်အော်ဖြစ်သလို နောက်ပိုင်းတော့ ပြန်ပြောမနေချင်တော့ဘူး..။
သူလည်း ဖိစီးမှုတွေ ကြောင့်ဖြစ်မှာပါ လို့ပဲ ဖြေတွေးတွေးပေးလိုပ်တော့တယ်..။

နေ၀သန် on 16 August 2010 at 19:28 said...

:)... အဲလိုပါပဲ..အထက်ကလူတွေက တခါတခါ အဲလိုအကြောင်ရိုက်တယ်.... အနိုင်ကျင့်တာပေါ့နော်..... အမှန်အတိုင်းပြောရရင်တော့ အဲလိုမျိုးလုပ်လာရင် သတ်ပစ်ချင်စိတ်ပေါက်လာအောင်ကို ခံရတဲ့သူက စိတ်ထဲမှာ ခံစားရတတ်ပါတယ်... နို့ပေမယ့်လည်း ဒီလိုပဲပေါ့.. သည်းခံလိုက်ရဦးမှာပေါ့...

ခင်မင်တဲ့
နေ၀သန်

စိတ်၏ဖြေရာ on 19 August 2010 at 01:13 said...

စိတ်လျှော့ပါညီမလေးရေ..
သူများနိုင်ငံမှာနေရတာကိုယ်ကမှန်နေပေမဲ့အကြောင်းကြောင်း
တွေကြောင့်သီးခံပြီးကြိတ်မှိတ်မြိုချရတာတွေများလွန်းလို့
ရင်ထဲအစိုင်အခဲကြီးကိုဖြစ်လို့၊ကိုယ်ချင်းစာနားလည်ခံစား
မိပါတယ်။

Anonymous said...

အလုပ်များနေတာမို့ အွန်လိုင်းမတက်နိုင်ဖြစ်နေတာ ရိုစ့်ရေ..
အလုပ်မှာ အဆင်မပြေမှုတွေကတော့ အများကြီးပါဘဲ..
အတတ်နိုင်ဆုံး သီးခံကြတာပေါ့နော်..
အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..
သတိတရ လာနှုတ်ဆက်တာ ကျေးဇူးပါနော်..

ပန်းနုနှင်းဆီ

ယွန်း on 20 August 2010 at 13:03 said...

ရိုစ့်ရေ..နိုင်ငံခြားမှာ ရပ်တည်နေရတဲ့သူတိုင်း ဒီလို ကြုံရတတ်ပါတယ်..
ယွန်းလဲကြုံဘူးတယ်...အဆင်မပြေပြေအောင် ညှိယူရတာပဲ..
စိတ်မှာ အစိုင်အခဲလေးတွေတော့ ကျန်ကျန်ခဲ့တယ်... ဒီလိုပဲလေကွယ်..နော့

Cameron on 20 August 2010 at 22:14 said...

ငွေကြောင့်လူတွေဟာ ခံယူချက်တွေပြောင်းသွားတတ်ကြတယ်ဆိုတာ ဟုတ်တယ်ညီမလေး....။ ဒီလိုပါပဲ အလုပ်လုပ်ရင် နိုင်ငံခြားရယ်ဘာရယ်မဟုတ်ပါဘူး...ဒီမှာလဲ ဒီလိုပဲ စိတ်အခန့်မသင့်ရင်ဖြစ်နေကြတာပါပဲ....။ သီးခံလိုက်ပါ....။ကိုယ်ကဒေါသထွက်ရတာပဲအဖတ်တင်တာလေ..။

ခင်တဲ့
မိုးငွေ့

လင်းခေတ်ဒီနို on 21 August 2010 at 10:03 said...

မနက်ရေ လျှော့လျှော့ စိတ်လျှော့ ကိုက အောက်ကလူပဲ လျှော့သာလျှော့ထား ဒီအချိန်ကိုမလျှော့ရင် ကိုယ်ပဲ ဂိန်မှာ .. . . ဘယ်တတ်နိင်မလဲ သူတို့ ခေတ်ကိုး))))))

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei