12 September 2010

အချစ်=အပြစ်

Posted by blackroze at Sunday, September 12, 2010

နေ့လေးတွေနှောင်းလို့
ညလေးတွေကြွေခဲ့လေရဲ့
ခံစားချက်လေးတွေလည်း
ရက်စွဲလေးအတိုင်းပေါ့
ပြောင်းပြောင်းသွားတယ်
အချစ်လေးတွေလည်း....
ဟောင်းဟောင်းသွားတယ်
ထင်ပါရဲ့လေ..............
................................
မချစ်ဖူးခင်တုန်းကတော့
အချစ်ရူးလေးပါ...
ချစ်ဖူးသွားတော့လည်း
ရူးနေရဆဲပါဘဲ....
သန်းကောင်ကျော်
ညနက်နက်တွေထဲ
အချစ်ကြောင့်..........
အိပ်ရေးပျက်ဖူးတယ်......
လရောင်မဲ့ကြယ်ရောင်နည်းတဲ့
ညတွေမှာလည်း
မျက်ရည်ကျရင်း...
တိတ်တိတ်လေးတမ်းတဖူးတယ်
ခဏခဏချစ်မိ
အပြစ်ရှိလေသလား...
မေ့အား...ခံစားစေဖို့
ဖန်တီးလေရော့သလား...
ချစ်မိတတ်တဲ့စိတ်အစဉ်ကို
ပြင်ကာထားလိုက်တော့မယ်
ဒီအချစ်......
ဝေးဝေးမှာထားလို့
မျက်နှာလွှဲလိုက်ချင်ပါရဲ့
ခုတော့....
ချစ်သူကပြောသွားလေရဲ့
သူ့မှာချစ်သူရှိနေပြီတဲ့.....................။။။။။။။


(12.9.2010 AM 2:38 )

10 comments:

မေပယ်လ် on 12 September 2010 at 04:06 said...

အချစ်ကြောင့်တော့ ပြောမနေနဲ့တော့
အိပ်ရေးပျက်ရုံတင်မကဘူး
ဟိုဟာလဲ ပျက်ဖူးတယ်:P

လင်းခေတ်ဒီနို on 12 September 2010 at 09:33 said...

ဟုတ်ပ ဟိုဟာပါပျက်သွားနိင်တယ် ရူးလောက်အောင်ကို ခံစားရတယ် . . သူမှာ ချစ်သူရှိမှတော့ လွှတ်သာပေးလိုက်တော့ မမနက် . . . ငကန်းသွား ငကျိုးလာလိမ့်မယ် ငကျိုးသွား ငဆွေ လာလိမ့်မယ် . . . ကိုယ့်ကို တန်ဖိုးထားမယ်သူ လာပါလိမ့်မယ်း)

Anonymous said...

ွှအယ်...ရက်စက်လိုက်တာဗျား(


မောင်မျိုး

ညိမ်းနိုင် on 12 September 2010 at 10:04 said...

မျိုးကြီးဆိုထားတဲ့ အပြစ်တခုဖန်ဆင်း သီချင်းကိုတောင်သွား သတိရမိသေး...။
ဟုတ်တယ်ဗျ...။အချစ်ဆိုတာကိုက အပြစ်တခု ရယ်.....။

မြတ်မွန် on 12 September 2010 at 12:26 said...

အိုးးးးးး
ရက်စက်တက်တဲ့ နှလုံးသားပါလား..။
ခေါက်ထားလိုက်ပေါ့ နက်ရယ်..။
ပြောတာ ပြောရတာပါ..
တကယ်တမ်းတော့..
ကြိုးစားလို့ ရမရ မသိဘူးနော်။

ချော(အစိမ်းရောင်လွင်ပြင်) on 12 September 2010 at 13:33 said...

တကယ်ပြောသွားတာ မဟုတ်ပါစေနဲ့
ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရတဲ့ သူတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်..
အင်း အကောင်းဆုံးကတော့ ချစ်ခြင်း မုန်းခြင်းကင်းတဲ့အရပ်မှာနေတာက ကိုယ့်အတွက် အသက်သာဆုံးဖြစ်လိမ့်မယ်..

လသာည on 12 September 2010 at 19:14 said...

အဲဒါ အိပ်မက်ပဲ ဖြစ်ပါစေ...လို့..

ညလင်းအိမ် on 12 September 2010 at 23:30 said...

ဟာကွာ .. ဘာလို့များ အဲလိုတွေဖြစ်ကြတာလဲ ...
အချစ်က အပြစ်မဟုတ်ပါဘူး ..
ဒါပေမယ့် ရှုံးရတယ်လေ ...

မြစ်ကျိုးအင်း on 13 September 2010 at 00:38 said...

အချိန်တခုကို အဆင်ပြေပြေ သက်သောင့်သက်သာ ကျော်လွန် နိင်ဖို့ပဲ ကြိုးစားတာ အကောင်းဆုံးပဲ။
အချိန်တွေ ကျော်လွန်သွားရင် အရာရာက အေးခဲသွားတာပဲလေ။

Cameron on 13 September 2010 at 16:22 said...

အချစ်ဆိုတာ အချိန်တန်ရင် အသစ်ပြောင်းတတ်တဲ့ဟာမျိုးတဲ့လေ...
ဝီလျံရှိတ်စပီးယားကပြောသွားတယ်....

ခင်တဲ့
မိုးငွေ့

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei