27 September 2010

ဒီနေ့လုပ်ဖြစ်တာလေးတွေ...

Posted by blackroze at Monday, September 27, 2010



ဒီနေ့တနင်္ဂနွေနေ့...ကျမနားရက်ကလည်းဒီလထဲမှာတနင်္ဂနွေဆိုတော့ အဆင်ပြေတာပေါ့
အပြင်ထွက်တယ်ဆိုပါတော့ .....မနက်ပိုင်းကို...ယိုးဒယားဆိုင်မှာထမင်းသွားစားပါတယ်..
ဓါတ်ပုံရိုက်မလို့ပါဘဲ...ဒါပေမဲ့.. အစားငမ်းနေတာနဲ့မရိုက်ဖြစ်လိုက်ဘူးပေါ့နော်......
အဲတော့..ကိုယ့်ဘာသာကိုယ်ဘဲ..ယိုးဒယားဟင်းတွေကိုမျက်စိထဲမြင်ယောင်ကြည့်ကြပါလို့..
ညနေဘက်ကိုစကိတ်ကွင်းလည်းရောက်ခဲ့တယ်......စကိတ်ကွင်းမှာရှိတဲ့ရှားရှားပါးပါး
မြေနီလမ်းလေးပါ.......အင်မတန်တွေ့ရခဲပါတယ်...ဘောင်းဘီတိုဝတ်ထားတဲ့သူတွေသာ
မပါဘူးဆိုရင် တောင်တွေဝိုင်းနေတဲ့နယ်မြို့လေးတစ်မြို့က.....မြေနီလမ်းလေးလို့ထင်မိမှာ...

အခုလက်ရှိအနေအထားလေးပေါ့..ဒီနေ့ရိုက်ခဲ့တာပါ...ရာသီဥတုကတော့..အခုဆို
့ကိုယ့်ဘက်ပါချင်နေပြီလေ........မှိုင်းညှို့ညှို့လေးပေါ့နော်..အေးတော့မအေးသေးပါဘူး
ဒါပေမဲ့ကျမကတော့အဲလိုအချိန်ဆို..ရန်ကုန်မှာတုန်းကကျိုက်ထီးရိုးဘုရားသွားဖူးခဲ့ရတာကို
အရမ်းပြန်လွမ်းမိတတ်ပါတယ်.....အခုလိုမှိုင်းညှို့ညှို့ဆိုရင်...ကျိုက်ထီးရိုးဘုရားမှာညနေဘက်
ကျီးကန်းပါးစပ်ဘက်သွားပြီး....အကြော်ဆိုင်တွေမှာထိုင်...ဟိုးးးးးးးးးးးအဝေးးးးးးးးးကပြပြလေး
လှမ်းမြင်ရနေတဲ့....ကျောက်ထပ်ကြီးဘုရားတို့....တောင်တွေအဆင့်ဆင့်ကိုကြည့်ရင်းးးး
အကြော်ထိုင်စားခဲ့ရတဲ့အရသာမျိုး..ပြန်လွမ်းမိတတ်ပါတယ်...ခုဆိုသူငယ်ချင်းတွေလည်း
တယောက်တနေရာစီ...ကွဲကုန်လို့တချို့ဆိုအဆက်အသွယ်တောင်မရှိကြတော့ပါဘူးလေ...
ပြန်စဉ်းစားရင်တော့..အတိတ်ကပုံရိပ်လေးတွေကလွမ်းစရာလေးတွေပေါ့.....ကျမကဘဲ
ခံစားချက်ကြီးလို့လားမသိပါဘူးလေ...ကျမသူငယ်ချင်းတွေလည်း..ကျမလိုဘဲပြန်သတိရ
ကြမှာပါနော်.....
















ဒါလေးးကတော့စကိတ်ကွင်းပါဘဲ...ကျမအခုရောက်နေတဲ့...နိုင်ငံက...တောင်တွေကြားထဲမှာ
မြို့တည်ထားတဲ့နိုင်ငံပါ....ငလျင်တော့နဲနဲလား...များများလား...မသိပါဘူး..ကြောက်ရပါတယ်..













အင်းးးးးးး...တနင်္ဂနွေတနေ့တော့ကုန်သွားပြန်ပြီပေါ့နော်....နောက်အပါတ်ကျရင်တော့ဘယ်သွား
ဖြစ်မလည်းမသိသေးပါဘူး...ခုတော့မနက်ဖန်အလုပ်တက်ဖို့အားမွေးလိုက်ပါဦးမယ်....ဟူးးးးးးးးးးးးးးး

မျှော်လင့်ချက်တွေအိမ်မက်တွေတကယ်ဖြစ်လာမဲ့နေ့ကိုစောင့်မျှော်ရင်းနဲ့
အိမ်ပြန်ရမဲ့အချိန်တွေကိုစောင့်မျှော်ရင်းနဲ့......
အဲလိုနဲ့ဘဲ...တနေ့ပြီးတနေ့......... !!!!!!!!!!!

(27.9.2010 AM ....2:22 )

ပုံလေးတွေကိုချဲ့ပြီးကြည့်ချင်ရင် click လုပ်လိုက်နော်...

13 comments:

မေပယ်လ် on 27 September 2010 at 02:57 said...

ပုံလေးတွေ အ၀ကြည့်သွားတယ်
ကိုယ်ပါ လွမ်းသွားတယ်..
ကွဲကွာနေတဲ့ သူငယ်ချင်းတွေအကြောင်းလဲပါတယ်
ကျိုက်ထီးရိုးအကြောင်းလဲ ပြောတယ်..
အင်း.......လွမ်းမောစရာတွေနဲ့ အိပ်မက်တွေ
တစ်နေ့နေ့ ထပ်တူဖြစ်စေ..။

Maung Myo on 27 September 2010 at 12:22 said...

လွမ်းစရာအကြောင်းတွေကြီးပါပဲလေ ဒီတစ်ခါ ကျိုက်ထီးရိုးသွားဖြစ်ရင်ပြောနော့် ကျိုက်ထို မြို့ပေါ်က ဗာဒံရိပ် လက်ဖက်ရည်ဆိုင်လေးဟာလည်း အေးချမ်းပြီး ဆိတ်ငြိမ်တဲ့ ဆိုင်လေးတစ်ဆိုင်ဆိုတော့ ထိုင်ဖို့စိတ်ဝင်စားမယ်ထင်ပါတယ် ။ မဝေးသောတစ်နေ့ ချစ်သောမြေကို ပြန်နိုင်ပါစေဗျာ ။

blackroze said...

ပေးတဲ့ဒီဆုလေးအရမ်းပြည့်ချင်ပါတယ်မောင်မျိုးရေ...

လသာည on 27 September 2010 at 16:23 said...

ဓါတ်ပုံလေးတွေက ပျော်စရာကောင်းမယ့်ပုံ (နောက်ပြီး လွမ်းစရာလည်း ကောင်းမယ့်ပုံ)..။ သူတို့က တချိန်ကျ ယခုနေရာအတွက် အလွမ်းပြေ ဖြစ်ဦးမှာနော်။

တနင်္ဂနွေ တစ်ပတ်ပြီး တစ်ပတ်ကုန်သွားတဲ့အခါ အိမ်ပြန်ရမယ့် တနင်္ဂနွေလေး ရောက်လာဦးမှာပါ..။

အစစအဆင်ပြေပါစေနော်..

ညိမ်းနိုင် on 27 September 2010 at 19:08 said...

အေးဗျာ.....တနင်္ဂနွေလေး တစ်နေ့တော့ သွားရှာပြီ...။
အိမ်ပြန်ရောက်မယ့် တစ်နေ့ လည်း နီးလာပြီပေါ့ဗျာ....။

မြစ်ကျိုးအင်း on 27 September 2010 at 23:12 said...

ပိထန် ဘက်သွားတဲ့ လမ်းက ပန်းခြံနဲ့တူတယ်။
အဲဒီစကိတ်ကွင်းရဲ့ ဟိုးဘက်မှာ ရှင်းတရန့် မြစ်ကို ငေးလို့ရတဲ့ မြက်ခင်းဆင်ခြေလျော မှာ ထိုင်ဖူးတယ်။ နေ့လည်ဘက်တော့ မရောက်ဖူးသေးဘူး။ ညဘက်မှ သွားလေ့ရှိတာ။

အုပ်ကြီး on 27 September 2010 at 23:25 said...

နေရာလေးက ပျော်စရာကြီးဗျာ ...
တောင်တွေကြားမှာ ချမ်းစိမ့်စိမ့်နဲ့ လားမသိဘူး ..

သုခုမလေဒီ on 28 September 2010 at 00:43 said...

စကိတ်ကွင်းလေးထဲ စကိတ်စီးချင်စိတ်တောင်ဖြစ်မိတယ်..
တနင်္ဂနွေနေ့တိုင်း ပျော်ရွှင်ပါစေ..

ချော(အစိမ်းရောင်လွင်ပြင်) on 28 September 2010 at 03:54 said...

တောင်တွေကြည့်ရတာ ပျော်ဖို့ကောင်းတယ်
လွမ်းဖို့လဲကောင်းတယ် မှိုင်းမှိုင်းညို့ညို့လေးရယ်နော်
အပေါ်ဆုံးပုံကတော့ ရှမ်းပြည်လိုလို ဘာလိုလို။
မြေနီလမ်းကလေးကလည်း ချစ်စရာ။

Cameron on 28 September 2010 at 16:02 said...

အော်...ညီမလေးရယ် ဒီလိုပါပဲ ဘယ်နေရာရောက်ရောက် အလုပ်လုပ်နေသူတွေအတွက် တနင်္ဂနွေပိတ်ရက်ကလေးက တကယ့်ကို တန်ဖိုးကြီးမားတဲ့ အချိန်လေးလိုဖြစ်နေကြတာ.... မျှော်လင့်ချက်တစ်ခုတည်းနဲ့ လူတိုင်းကိုယ့်ခရီးကိုယ်သွားနေကြသူချည်းပါပဲ...။ စိတ်မညစ်နဲ့ အားမွေးထား ကျားရို...ကျားရို...

ခင်တဲ့
မိုးငွေ့

ညလင်းအိမ် on 3 October 2010 at 09:03 said...

ပျော်ဖို့ကောင်းမှာပဲဗျာ ...
စိတ် မွန်းကြပ်မှုတွေထဲက လွတ်အောင် ဒီလိုပဲ လုပ်ယူကြတာပေါ့ ...

MT on 9 November 2010 at 20:38 said...

ရောက်ဖူးချင်လိုက်တာ...

မေဒီဇာ on 5 October 2011 at 23:08 said...

အရင်က မကြာခဏရောက်ဖြစ်တယ်။ ဒီတစ်လော ပန်းခြံဆီ မသွားဖြစ်တာ ကြာလှပေါ့။ ခုဆို လေတဖြူးဖြူးနဲ့ ချမ်းစိမ့်နေမှာ အသေအချာပဲ။

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei