17 September 2010

ဧည့်သည်

Posted by blackroze at Friday, September 17, 2010



လူဆိုတာ.....လောကကြီးထဲ
မဖိတ်ခေါ်ဘဲရောက်လာခဲ့ကြတယ်..
မနှင်ဘဲနဲ့လည်းပြန်သွားတတ်ကြတယ်..
လောကရင်ခွင်ထဲ
အူဝဲဆိုတဲ့...ငိုသံလေးနဲ့
ခရီးစဉ်တစ်ခုကိုအစပြုခဲ့တယ်..

ဘဝဟာရထားတစ်စင်းဆိုရင်
အမှတ်တရပုံရိပ်လေးတွေဟာ...
ဘူတာစဉ်လေးတွေပေါ့...

မီးရထားကြီးခုတ်မောင်းလို့
ဘူတာလေးတွေမှာ...ရပ်နားလို့...
တဘူတာပြီး..တဘူတာ...
ဖြတ်သန်းရင်း
ခရီးအစ...ခရီးအလယ်....
ခရီးအဆုံးထိရောက်အောင်
ခရီးနှင်နေဆဲ....

ပုံရိပ်လေးတွေလည်း
တခုပြီးတခုပြောင်းသွားတယ်..
ဝမ်းသာခြင်းတွေ
ငိုကြွေးခြင်းတွေ
ကြည်နူးခြင်းတွေ
ခံစားမှု့အရောင်တွေစုံလိုက်တာ...

ဖြစ်ချင်တာလည်းမဖြစ်ရ
မဖြစ်ချင်တာလည်းဖြစ်ခဲ့ရ
ဒီဘဝ..ဒီလောကထဲ.....
မီးရထားကြီးကတော့မှန်မှန်ခုတ်မောင်းနေဆဲ...

အချိန်တွေရယ်...
တရွေ့ရွေ့တိုက်စားလို့
ရထားကြီးလဲခရီးဆုံးရောက်ဖို့နီးလာတယ်
သြော်..နောက်ဆုံးဘူတာလေးတောင်
လှမ်းမြင်နေရပါရောလား...
အစကတော့ဝိုးတိုးဝါးတား
နောက်တော့ထင်ထင်ရှားရှား....

ဟော..နောက်ဆုံးဘူတာထဲတောင်
ဝင်လာပါရောလား...
လမ်းတလျှောက်လုံး
မောကြီးပန်းကြီးခုတ်မောင်းလာတဲ့
မီးရထားကြီးလည်း....
တဖြည်းဖြည်းအရှိန်တွေလျော့လို့
နောက်ဆုံးမှာရပ်တန့်သွားလေရဲ့.....

ခုတော့လည်းအရာအားလုံး
တိတ်..ဆိတ်..ငြိမ်..သက်..သွား..တယ်...
အချိန်တန်အိမ်ပြန်ရတဲ့
ဒီလောကကြီးထဲ
ကျမတို့အားလုံးဟာဧည့်သည်တွေပါလား....

blackroze

(17.9.2010 AM- 3:59 )

ပုံလေးကိုဒီနေရာလေးကယူထားတာပါ...

15 comments:

လင်းခေတ်ဒီနို on 17 September 2010 at 08:22 said...

ဘဝဟာရထားတစ်စင်းဆိုရင်
အမှတ်တရပုံရိပ်လေးတွေဟာ...
ဘူတာစဉ်လေးတွေပေါ့...


သေချာတာပေါ့ နက်နက် . . . . ဘ၀မှာ အမှတ်တရတွေ ဘူတာလေးတွေ မြောက်မြားစွာ ကျွန်တော်တို့ ဖြတ်သန်းနေခဲ့ရတယ် ဖြတ်သန်းနေဆဲ ဖြတ်သန်းနေရဦးမှာပဲ တစ်နေ့နေ့တော့ dead End ဆိုတဲ့ ခရီးဆုံးကို ဆိုက်ရဦးမှာပေါ့

သိပ်ကောင်းတဲ့ ကဗျာလေးပါပဲ

Anonymous said...

မေ့နေတာတွေ လာလာ သတိပေးနေတယ်း) တရားမရှိတာတော့မဟုတ် ကြောက်တယ် ဧည့်သည် အင်း တစ်နေ့တော့ သွားရမှာပေါ့


မောင်မျိုး

မြတ်မွန် on 17 September 2010 at 10:00 said...

အင်း
မှန်လိုက်လေ နက်ရေ..
ဘဝဆိုတာ မီးရထား တစ်စင်းဆိုတာ သိပ်ကို မှန်တယ် နက်ရေ။
နောက်ဆုံး ဘူတာ မရောက်သေးခင်
မီးရထားကြီး ဆက်လက် ခုတ်မောင်းနိုင်ဖို့
လောင်စာတွေ ရှိနေဖို့လိုအပ်တယ်။
ရှေ့ဆက်ရမယ့် ဘူတာ များစွာအတွက်ပေါ့။

ကျန်းမာရေးဂရုစိုက်နော် နက်။

ယွန်း on 17 September 2010 at 11:36 said...

တော်ပြီ..နောက်နေ့ ကစပြီး ရိပ်သာဝင်တော့မယ်..
နောက်ဆုံးဘူတာ ရောက်တဲ့နေ့ ကျရင် ယူစရာလေးတွေ ကျန်ခဲ့မှာစိုးလို့ :)
( ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်နော် )

ခင်တဲ့

ချော(အစိမ်းရောင်လွင်ပြင်) on 17 September 2010 at 15:50 said...

ဖတ်ပြီး တစ်မျိုးတောင်ဖြစ်သွားတယ်
စိတ်ထဲမှာ လွမ်းသလိုလို သံဝေဂ ရသွားသလိုလိုနဲ့ပေါ့
တစ်နေ့တော့ ကိုယ်ချစ်ခင်တဲ့ အရာအားလုံးကို ထားခဲ့ရမှာ သေချာပါတယ်..
အင်း ထားခဲ့နိုင်အောင်ကြိုးစားရဦးမယ်

မေပယ်လ် on 17 September 2010 at 20:58 said...

အိမ်း............
ဘယ်လို ပြောရမှန်းတောင် မသိတော့ဝူး
နဲနဲတော့ လန့်သွားတယ်
ပြောင်းပြန်ယူသော် များကြီး မလန့်သေး:P

ညိမ်းနိုင် on 17 September 2010 at 21:32 said...

နောက်ဆုံးဘူတာကြီးလည်းမရောက်ချင်သေး၊နောက်ဆုံးဘူတား ကြီးလည်း
မဖြစ်ချင်သေး..။ရ-ရထားကြီး ပျော်ပျော်စီး ချင်သေး...။

မြစ်ကျိုးအင်း on 18 September 2010 at 02:18 said...

ခုတော့ ဘူတာ အမှတ်စဉ် ၂၉ ကို ကျော်စပြုလာပြီ။
ဘယ်ဘူတာမှာ ခရီးဆုံး မလဲတော့ မသိသေးဘူး။
ဖြတ်သန်းခဲ့ရာ လမ်းတလျှောက် ပါတ်ဝန်းကျင်ကို ဆိုးညစ်အောင် မလုပ်ခဲ့တာ တခုနဲ့တင်ပဲ မကြာခင် ခရီးဆုံးရတော့မယ်ဆိုလည်း လိပ်ပြာလုံပါတယ်လေ။

blackcoffee on 18 September 2010 at 03:13 said...

ပြောတာမှန်တယ် သူငယ်ချင်းရေ...
တို့ အားလုံးက ဧည့်သည်တွေပါပဲ...
နောက်ဆုံး ဘူတာကိုတော့ မေ့ထားတယ်...
စိတ်ဆင်းရဲလို့ ...

မြသွေးနီ on 18 September 2010 at 20:25 said...

သံဝေဂရစရာ ကဗျာလေးပါ..။
ဆင်ခြင်နိုင်စရာပါ..။
ရထားမထွက်မှီနဲ့ထွက်ပြီးအတွက်
ဘာတွေလုပ်ထားရမလဲ..။
ဘာမှ အဆင်သင့်မဖြစ်သေးပါလားနော်..။

သူကြီးမင်း (တုံးဖလား) on 18 September 2010 at 20:40 said...

အလည်လာကြတဲ့ ဧည့်သည်အချင်းချင်း ရိုင်းပင်းကူညီပြီး နောက်ဆုံးဘူတာကို ပျော်ရွှင်စွာ ချဉ်းကပ်ခွင့်ရရင်တော့ ကြည်နူးစရာ ဧည့်သည်ကမ္ဘာလေးဖြစ်မှာပါ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မိုးစက်အိမ် on 19 September 2010 at 23:19 said...

မှန်တာပေါ့ အားလုံးက ဧည်သည့်တွေပါ တွေ့ ကြ ဆုံကြ
အခိုက်လေးမှာ တစ်ယောက်နဲ့ တစ်ယောက် အမုန်းမပွား
ဘဲ ချစ်ချစ်ခင်ခင်( ဖြစ်နိုင်ကြမယ်ဆိုရင် ) အကောင်းပါဘဲဗျာ...

ညလင်းအိမ် on 20 September 2010 at 00:27 said...

ဟုတ်တယ်ဗျ ဘလက်ရ ....
ဒါပေမယ့် အဲဒီခရီးတလျှောက်လုံးမှာ ပြောင်းလဲမှု အမျိုးမျိုးဖြစ်ခဲ့တာပဲ ...
နောက်ဆုံးဘူတာလည်းရောက်ရော ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ရပ်တံ့မလား ..
ပူလောင်ဆိုးရွားစွာနဲ့ ရပ်တံ့မလားဆိုတာတော့ ............ :)

စိတ်၏ဖြေရာ on 20 September 2010 at 02:04 said...

ဘ၀သံသရာရထားကြီးကိုစီးပြီးတစ်ယောက်ဆင်းတစ်ယောက်တက်
ခရီးဆက်ရင်းလမ်းဆုံးဘူတာကိုတရွေ့ရွေ့သွားနေကြတာပါ။
ခရီးတလျှောက်ပျော်စရာတွေ၊၀မ်းနဲစရာတွေ၊စိတ်ညစ်စရာတွေ၊
အောင်မြင်မှုတွေ၊ရှုံးနိမ့်မှုတွေနဲံ့ကြုံတွေ့ဖြတ်သန်းနေကြရတာလေ။

~ဏီလင်းညို~ on 25 September 2010 at 21:58 said...

အသေချာဆုံးပါပဲ.......ညီမလေးရေ့.....
ကိုဏီးတို့အားလုံးဧည့်သည်တွေပါပဲဗျာ...........။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei