21 August 2010
အိမ်မက်မျက်ရည်..
ခေါ်နေသံလား
စကားပြောနေသံလား
မသဲကွဲလိုက်တာလေ
ထပ်ပြီးတော့အားစိုက်နားထောင်မိတယ်..
အသံလေးကခပ်တိုးတိုးပါဘဲ
ဟိုးအဝေးကြီးကနေလာတဲ့အသံလေး..
ကျမနားတွေဘာဖြစ်ကုန်ပြီလဲ
စိတ်ကိုအတည်ငြိမ်ဆုံးထားလို့
အဲဒီအသံလေးကိုဘဲ
နားစွင့်နေမိတယ်...
ခေါ်သံပါလား..
တယောက်ယောက်က
လှမ်းခေါ်နေတာမျိုး....
အသံကဝဲနေသလိုဘဲ
တိုင်းရင်းသားသံတခုခုဝဲနေတာဘဲ
ကရင်သံဝဲနေတာများလား......
သူဘာပြောနေတာပါလိမ့်
ကျမကိုလှမ်းခေါ်နေတာဘဲ
" ချစ် " ဆိုပြီးလှမ်းခေါ်လိုက်တာများလား
ရင်ထဲမှာလှိုက်ခနဲ
ဖြစ်သွားတဲ့ခံစားချက်နဲ့အတူ
ရုတ်တရက်မျက်လုံးဖွင့်ကြည့်လိုက်မိတယ်....
သြော်.......................
..............................
အိမ်မက်..မက်နေတာပါလား...
.............................
မျက်ရည်တွေကဘာလို့ကျလာတာပါလိမ့်နော်..
မ..ငို..ချင်..ပါ...ဘူး...ဆို...မှ...လေ........ ။။။။
(21.8.2010 am 00:44 )
13 August 2010
ပြောင်းလဲခြင်း
တောင်မဝေခွဲတတ်တော့ပါဘူးလေ သေချာတာကတော့ စိတ်ထဲတနုံနုံဖြစ်နေတာပါဘဲ …
အဖြစ်ကတော့ဒီနေ့အလုပ်သွားတော့ မနက်ပိုင်းsec (1)က မမကပြောသွားပါတယ် ..
device name -7143 ကို Test လုပ်နေတဲ့ computer က ပြသာနာနည်းနည်းရှိနေတယ်တဲ့
ကွန်ပြူတာကိုစစ်ခိုင်းထားတယ်တဲ့….လာစစ်တဲ့ကောင်လေးတွေက ကွန်ပြူတာကဘာမှပြသာနာ
မရှိဘူးတဲ့ စက်ကိုစစ်ပါတဲ့ ကျမလဲစက်ပြင်တဲ့ကောင်လေးကိုခေါ်ကြည့်ခိုင်းတာပေါ့…..
စက်ပြင်တဲ့ ကောင်လေးကလဲ ကွန်ပြူတာကဖြစ်နေတာတဲ့ စက်ကအိုကေပါတယ်တဲ့
နောက်ဆုံးတော့ကွန်ပြူတာသမားက ပိုအငြင်းသန်လို့ အနိုင်ရသွားပါတယ်…စက်ပြင်တဲ့
ကောင်လေးကပြင်ပါတော့တယ် ကျမအလုပ်တက်ပြီးလို့တစ်နာရီလောက်ရှိနေပါပြီ…
ကျမစူပါဗိုက်ဆာကိုသွားပြောပါတယ်…7143 က Run လို့မရဘူးနော်… ပြင်နေတယ်လို့
သူကလဲ “ အေး “ တဲ့… ပြီးပြီပေါ့ သူသိနေတာဘဲလေ ထမင်းသွားမစားခင်ထပ်သွားပြောသေးတယ်
် “ မအိုကေသေးဘူးနော်’’ လို့ သူကလဲ
“ OK ” တဲ့….သူသိတယ်ပေါ့ ကျမတာဝန်ကျေပါတယ် ကျမလုပ်ပေးရတဲ့အပိုင်းကို
သေချာသွားပြောတာဘဲလေ အလုပ်ဆင်းခါနီးအထိ ပြင်တာမပြီးသေးတာနဲ့ ကျမလဲ
ထပ်သွားပြောလိုက်တယ်…ခုချိန်ထိအောင် “ ပြင်နေဆဲပါလို့ ” အဲမှာစတွေ့တာပါဘဲ
တနေ့လုံးစက်ပြင်နေတာဘာလို့ သူ့ကိုလာမပြောသလဲတဲ့လေ ..ကျမသူ့ကိုသွားပြောတာ
၃ခေါက်တိတိပါ ..သူဘာလို့မသိဘူးလို့ပြောရတာလဲ ကျမကိုဘာလို့လာမပြောဘူးလို့
ပြောရတာလဲ ကျမသွားပြောတဲ့အကြိမ်တိုင်း သူဘာလို့ “ အေး ” လို့ပြန်ပြောရတာလဲ
ကျမလဲ “ နင့်ကိုလာပြောတာ၃ခေါက်တောင်မှလေ ..နင်ဘဲ အိုကေဆို ..ခုမှ မသိဘူး
ဘာဖြစ်လို့ ပြောရတာလဲ ” လို့ပြန်မေးလိုက်ပါတယ် …တနေ့လုံးစက်ကိုပြင်နေတာလားတဲ့
( ခုမှတရေးနိုးတဲ့ပုံစံနဲ့လာမေးနေပါတယ် ) ဟုတ်တယ်လို့ဖြေလိုက်တော့ အဲဒါဘာလို့ငါ့ကို
လာမပြောတာလဲတဲ့ ..ကဲ စဉ်းစားပေးကြပါဦးရှင် ဂျာအေးသူ့အမေရိုက်နေသလိုပါဘဲ…
စက်ကဘာဖြစ်တယ် ကွန်ပြူတာကဘာဖြစ်တယ်ဆိုပြီး အာရာဖတ် လုပ်တော့တာပါဘဲ…
ကျမလေ ဒေါသထွက်လိုက်တာလေ….ပြန်ခံပြောလိုက်ချင်တာ ပါးစပ်ကိုယားနေတာဘဲ
သူကလူကြီးဆိုတော့လည်း လေသံကကိုယ့်စိတ်တိုင်းကျမာလို့မရပြန်ဘူး မမာမပျော့နဲ့ဘဲ
ပြန်ပြောရပါတယ် (သြော် နိုင်ငံခြားများဆိုးပါ့နော် ) ကျမလဲစိတ်မရှည်တော့တာနဲ့
“ခဏနေဦး ..ငါ စက်ပြင်နေတဲ့ကောင်လေးကိုလွှတ်လိုက်မယ်..နင်သိချင်တာမေး…
ငါလဲစက်အကြောင်းအဲကောင်လေးလောက်မသိဘူး ” ဆိုပြီးနားလည်မှု့ယူလိုက်ရပါတယ်
အလုပ်ကနေသာအိမ်ပြန်ရောက်လာပါတယ် စိတ်ကဒေါသတရားအပြည့်နဲ့ပါ …
ကျမနားမလည်ပါဘူး….သူတကယ်ဘဲ မသိတာလား မသိတာမဖြစ်နိုင်ပါဘူး
မသိတာဆိုရင်တော့ သူပုံမှန်မဟုတ်တော့ဘူးဆိုတဲ့ သဘောပါဘဲ ..သိတယ်ဆိုရင်လည်း
ကျမကိုဘာလို့အဲလိုလာရစ်ရတာလဲ …ကျမသူငယ်ချင်းကိုပြောပြတော့..
သူငယ်ချင်းကပြောပါတယ်အပျိုကြီးမမတွေကအဲလိုဘဲတဲ့လေ လိုရင်တမျိုးမလိုရင်တမျိုး တဲ့လေ …
ထားပါတော့ မလိုရင်တမျိုးဆိုတဲ့အဓိပ္ပါယ်ကို ကျမနားမလည်ပါဘူး..မလိုရအောင် သူနဲ့ကျမက
ဘာသက်ဆိုင်မှု့မှမရှိပါဘူး သူလဲလာပြီးအလုပ်လုပ်တာပါ ကျမလဲအလုပ်လာလုပ်တာပါဘဲ
သူကလုပ်သက်ပိုကြာလို့ ကျမတို့ထက်သိတာပိုများလို့ တတ်တာပိုများလို့ ခေါင်းဆောင်နေရာ
ကိုယူပြီးလုပ်ရတာပါ …။ ကျမအမြင်ပေါ့လေ ခေါင်းဆောင်တယောက်အနေနဲ့ ဒီလိုမဖြစ်သင့်ဘူး
ထင်ပါတယ် …တကယ်ဆို ကျမသွားမပြောခဲ့ရင်တောင် သူကလာမေးရမှာပါ ခုတော့..ကျမအဖြစ်က …
မိအေးနှစ်ခါနာသလိုပါဘဲ ကိုယ်ကစေတနာနဲ့ လုပ်ပေးလိုက်တာတခုကို
အပြစ်တင်လိုက်သလိုပါဘဲ အလုပ်ထဲမှာ လူတိုင်းတာဝန်ကိုယ်စီရှိကြတဲ့ သူတွေကြီးပါဘဲ ………
တဆက်ထဲဘဲတွေးမိပါတယ်…..ရန်ကုန်မှာနေတုန်းကအိမ်မှာဆိုရင် ကျမကမဟုတ်မခံဆိုပြီး…..
ပြောတာပါ…အိမ်ကလူတွေကတော့ကျမကို လူ့ဂွစာတဲ့လေ ..တခုခုဆိုကျမစိတ်ထဲမှန်တယ်လို့
လက်ခံထားတဲ့ အရာတစ်ခုဆိုရင် ကျမဘယ်တော့မှအလျှော့မပေးပါဘူး …ဒီနေ့လိုအဖြစ်မျိုးဆို
ကျမအလျှော့ပေးလိုက်ရတာပါ (ကျမစိတ်ထဲမှာတော့အလျှော့ပေးလိုက်ရတယ်လို့ဘဲထင်ပါတယ်)
သူနဲ့ထိပ်တိုက်ရင်မဆိုင်ချင်လို့ပါ …ကျမဘာလို့အဲလိုပြောင်းလဲသွားရတာလဲ
အလုပ်ကြောင့်လားငွေကြောင့်လား…..တကယ်တော့နှစ်ခုစလုံးကြောင့်ပါဘဲ….အလုပ်ထဲမှာ
အရာရှိနဲ့ပြသနာမတက်ချင်တဲ့သဘောပါဘဲ သူနဲ့ပြသနာတက်လိုက်ရင် အနဲအများဆိုသလို
အလုပ်ကိုထိခိုက်နိုင်ပါတယ် ဒါကြောင့်ကိုယ်ကပြသာနာမတက်အောင်ရှောင်လိုက်တဲ့သဘောလို့
သတ်မှတ်လိုက်ပါတယ် …စိတ်ထဲမှာတော့ အရင်ကဘဝကိုပြန်မြင်နေသလိုပါဘဲ…
အရင်ကပြတ်သားတဲ့စိတ်ဓါတ်နဲ့ ရှင်သန်ခဲ့တဲ့ ကျမကိုယ်ကျမပြန်မြင်နေရပါတယ်
ကျမစိတ်မကောင်းဖြစ်မိပါတယ်……ဘဝဆိုတာပြောင်းလဲတတ်ပါလားနော်လို့
အသက်တွေကြီးလာလို့ ဘဝထဲရောက်လာတာနဲ့အမျှ လူတွေဟာ ငွေကြောင့်
ခံစားချက်တွေ ခံယူချက်တွေပြောင်းသွားတတ်ကြတာဘဲနော်….
(13 8.2010 AM 3:50 )
09 August 2010
အဆုံးမရှိသေးတဲ့ပုံပြင်...

မြန်မာပြည် မြေပုံလေး ရှေ့မှာချပြီး ကျွန်မ ရွာရှိမယ့် တည်နေရာ လေးကို စိတ်မှန်းနဲ့ လှမ်းကြည့် လိုက်မိတယ်။
မြန်မာပြည် အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းလေးရဲ့ ထောင့်ချိုး တစ်နေရာဟာ ၀ါးတောမဆိုတဲ့ ရွာလေးတဲ့လား။ ဖုန်ငွေ့လုံးလုံး၊ ကုန်းခေါင်ခေါင် ကျွန်မတို့ အညာ၊ မုံရွာ၊ အရာတော် ပတ်ဝန်းကျင်ရဲ့ ပူအိုက်ခြင်းမျိုး ဘယ်ဒေသမှ လိုက်မီမယ် မထင်ဘူး။ နေပူပူ မြေပူပူမှာ ခေါင်လိုက်တဲ့ မိုးကလည်း လွန်ရော ကျွံရော။ အိုင်တီခေတ်နဲ့ အမီ ရွာမှာ စလောင်းတွေ ဒယ်အိုးတွေ၊ မုန့်စုံရတဲ့ လက်ဖက်ရည်ဆိုင်တွေ တိုးပြီးရင်း တိုးလာတာတောင် တန်ခူး၊ ကဆုန် ရောက်လာပြီဟဲ့ ဆိုရင် မိုးခေါ်လွန်ဆွဲ၊ ကန်တူး ပွဲတွေကတော့ ရိုးရာ မပျက်သေးပါဘူး။ မိုးနတ်မင်းကို အပြစ်ဖို့ကြပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင် သူနဲ့ လားလားမှ ဆိုင်တာ ဟုတ်ဘူးရယ်။ လူတွေကလည်း ကြည့်ဦး။ နွေဆိုလည်း နွေမို့၊ မိုးဆိုလည်း မိုးမို့ တစ်နှစ်ပတ်လုံး ရွာထဲကို ၀င်လာမစဲ တသဲသဲက ထင်းလှည်းကြီးတွေ။ ၀ယ်တဲ့ လူတွေလည်း ၀ယ်ရဲ့။ ရောင်းတဲ့လူကလည်း ရောင်းရဲ့။ ဘယ်လောက်မှလည်း စီးပွားဖြစ်ကြတာ မဟုတ်ဘူး။
ရောင်းသူက တစ်စီးလုံး ပေးမှ ငါးထောင်လောက်ပဲ ရသလို ၀ယ်ကြတဲ့ အကြော်သည်၊ အထက်မီး အောက်မီးသည်၊ တိုလီမုတ်စသည်တွေလည်း ၀မ်းမ၀တ၀ အဆင့်ကနေ ဘာအမြတ်မှ သိသိသာသာ ကျန်တာ မဟုတ်ဘူးရယ်။ တောတွေပြုန်းပြီး တောင်တွေ သင်္ကန်း မဆီးရဘဲ ခေါင်းတုံး ကျသွားတာက လွဲရင် ရောင်း ကောင်းကြတုန်း။ ၀ယ်ကောင်းကြတုန်း။ မွဲကောင်း ကြတုန်း။
“အောင်မယ် ကောင်မ။ ညည်း သည်လိုတော့ လာမပြောနဲ့ အေဟဲ့။ ထမင်းချက် တာ ထင်းနဲ့မချက်လို့ ငါက ဘာနဲ့ ချက်ရမှာတုံး။ ညည်း မမွေးခင်ကတည်းက ငါသည်လို ချက်လာတာ ပညာတတ် မကြီးရဲ့။ ဘီအီးဒီ အောင်သိုက် ပြဇာတ်ထဲက ဘွဲ့ရအလုပ် လက်မဲ့ကြီးရဲ့”
ဒေါ်တင်မြ ထင်းသုံး ကြမ်းတယ်လို့ မနေနိုင် မထိုင်နိုင် ဖြစ်ပြီး ပါးစပ်သရမ်းမိ လိုက်ပါတယ်။ ကြားကြတဲ့ အတိုင်း ကျွန်မမှာ ကက်ကက်လန် ရန်အတွေ့တောင်ခံလိုက် ရသေး။ တကယ်တော့ သူတို့ကိုလည်း အပြစ် မဆိုသာပါဘူး။ ခေတ်ကြီးကိုက လိုက် မမီအောင် ပြောင်းလဲ နေတဲ့ဟာ။ ကျွန်မတို့ တောသူ တောင်သားတွေက ဘာများ တတ်နိုင်မှာတဲ့တုံး။
ရှေးရှေးတုန်းကတော့ “၀ါးတောမ”ဆိုတာ အရာ တော်၊ မုံရွာနယ် တစ်ကြောမှာ နာမည် တစ်လုံးနဲ့။ အထည်ဆိုလည်း အထည်မို့၊ ထန်း လျက်ဆိုလည်း ထန်းလျက်မို့ နာမည် အကြီးသား။ အခုများတော့ လာကြည့်စေချင်တယ်။ ၀တ်ရတာက တရုတ်ထည်၊ စားရတာက ဟင်းချိုမှုန့်၊ စီးရတာက ထော်လာဂျီ။ အခု ၀ါးတောက အပျိုချော မမတွေ သွားကုန်ကြပြီ။ ရှမ်းပြည် နယ်လက်ဖက်ခူး၊ မြစ်ကြီးနား ထမင်းချက်တဲ့။ ရွာမှာ ဘာအလုပ်မှ မဖြစ်တော့ဘူး။
ဗမာချည်ကို အတိုင်ရော အဖောက်ပါ ဆေးကောင်းကောင်းနဲ့ ရက်ထားတဲ့ ဖျင်ကြမ်း လုံချည် တစ်ကွင်းဆို လေးထောင်ကျော်မှ ရတော့တာ။ တရုတ်ထည် က သုံးကွင်းမှ ငါးထောင်။ ဘယ်အပျိုက လက်ထွက်လုံ ချည်ကို ဖင်ပူခံရက်တော့မှာတုံး။ ကိုယ်တောင် မ၀တ်တာ သူများနယ်ကရော အမြတ် ပေးပြီး လာဝယ်ပါဦးမလား။ ခေတ်ကလည်း ခေတ်ပဲကိုး။ ရွာသူတွေကိုလည်း အပြစ် မတင်ရက်ပါဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်၊ တရုတ်ထည်တွေ ၀င်မလာ ခင်တုန်းကတော့ ရွာမှာအလုပ် ဖြစ်ကြသား။ ၀ါးတောမရွာ ထွက် ရွှေဖလာ အဆင်စောင် အုပ်၊ နှပ်လေးလွှာ ရွက်စောင်၊ အပြာဖြတ်၊ အနီဖြတ်တွေဆို တာ တစ်နယ်တစ်ကျေးက ကုန်သည်တွေ လုဝယ်ရတဲ့ အထိ။ မန္တလေး၊ တောင်ကြီးက ဖျင်(အကြမ်းထည်)ပွဲစား တွေဆိုတာလည်း လိုချင် လိုက်ကြတာမှငမ်းငမ်းတက်။ တကယ့်ကို ရွှေရောင် အတိတ်ကြီးပါတော်။
ဟော အခုတော့ မကြုံ စဖူး အကြုံထူးလို့ ထန်းသ မားကရှုံး၊ ဖျင်ကပျက်။ ဖျင် ကပျက်တော့ ချည်မထွက်၊ ချည်မထွက်တော့ ဂွမ်းသမား တွေ ငုတ်တုတ်၊ ၀ါသမား တွေဗိုက်မှောက်။ အတိုးတွေ တနင့်တပိုး ယူပြီး မလေးရှား ပြေးသူလည်း ပြေးရဲ့။ ဒါပေ မယ့် ကံကောင်းမှ ဖားလောင်း ဖားဖြစ် ဆိုတဲ့ စကားအတိုင်း ဆယ်ယောက် သွားလို့မှ တစ်ယောက်သေချာတာ မဟုတ်ဘူးရယ်။
“တူမကြီး၊ ချည်လဲချင် လို့ပါကွယ် အမေကြီး”
ဟော ပြောလို့မှမဆုံး သေးဘူး။ ရောက်လာပြန်ပြီ တစ်ယောက်။ အသက် ၇၀ ကျော် အဘွားကြီး။ မြေးလေး လက်တစ်ဖက်က ဆွဲလို့ အိမ်တံခါးဝမှာ မတ်တတ်။
“အမေကြီးရေ ဖျင်တွေ အလုပ် မဖြစ်လို့ နားထားတာ သုံးလလောက် ရှိပြီ အမေကြီး ရဲ့။ တခြား သွားလဲလိုက်ပါ နော် အမေကြီး”
တကယ်တော့ သူတို့ လေးတွေက ဟိုးအောက်ဆုံး အဆင့် လက်လုပ်လက်စား လေးတွေရယ်။ ငွေ ၁၆၀၀ လောက် ရှိတဲ့ အရင်းနဲ့ ဗိုင်း တစ်ပိဿာဝယ်၊ ချည်ငင်ပြီး ဗိုင်းနဲ့ပြန်လဲတော့ တစ်ပိဿာ ငင်ခ ၆၀၀ လောက်ရ။ အဲဒါလေးကိုပဲ ဆန်ကွဲ၊ ငရုတ်ဖြစ် အောင် ဖန်တီးပြီး သုံးရက်လောက် အသက်ဆက်ရရှာ တာ။
“တူမကြီးရယ် လဲပါကွယ်။ အမေကြီးက လာနေကျပါ။ တခြားလည်း မသွား ချင်တော့တာနဲ့”
အဲဒါက ချည်သမားတိုင်း မကျက်ရဘဲ အလွတ် ပြောနိုင်တဲ့ ဈေးခေါ်စကား။ အစကတော့ ကျွန်မလည်း သနားတာနဲ့ အလုပ် မဖြစ်တောင် တတ်နိုင်သလောက် တော့ ငွေအောင်းခံပြီး ကုသိုလ် ဖြစ်လဲပေးပါသေးတယ်။ အခုတော့ ကျွန်မဆီမှာလည်း ငွေဖြစ်မလာတဲ့ ချည်ပုံ၊ အထည်ပုံကြီးက ဆယ်ပေ လောက်မြင့်နေပြီ။
“ဗိုင်း ကုန်နေလို့ပါ အမေကြီးရယ်”
မတတ်နိုင်ဘူး။ လက်ကျန်ဗိုင်းလေး အချိန် တစ်ဆယ်လောက်ကို အိမ်ထဲ သွင်းထားပြီး မုသာဝါဒ ဆိုတဲ့ မမှန်သော စကားကို မျက်စိ စုံမှိတ်ပြီး လှိုင်လှိုင်ကြီး သုံးနေရတာက နေ့တိုင်း။
“အမေကြီး ဗိုက်ဆာတယ်”
ရေမချိုးတာ ကြာနေပြီလို့ ထင်ရတဲ့ ချဉ်တူးတူး၊ စုတ်ပြတ်ပြတ် ကောင်လေးရဲ့ မျက်လုံး တစ်စုံက ကျွန်မ လက်ထဲရှိ ခွဲရင်းတန်းလန်း စိန်တစ်လုံး သရက်သီးကြီးဆီ ကို အကြည့်တွေ ရဲရဲကြီးပို့ လွှတ်လို့။
“စားမလားဟင် ကောင်လေး”
“ဟုတ်”
“အမေကြီးကိုလည်း တစ်စိတ်လောက် ကျွေးပါ တူမကြီးရယ်။ အမေကြီး ခံတွင်း မလိုက်လို့ အစားပျက် နေတာကြာပြီ”
ကျွန်မလည်း နေပူပူ၊ အိုက်စပ်စပ်မှာ ဘာအလုပ်မှ မရှိတဲ့ အတူတူ ကြောင်ရေချိုး ခွေးသန်းရှာပဲ ပြောပြော၊ မြေး အဘွား နှစ်ယောက်ကို အိမ်ထဲ ခေါ်ပြီး တောင်ရောက်မြောက် ရောက်စပ်စု၊ လေကန်လုပ် နေမိပါတော့တယ်။ အဲဒါကြောင့် ထင်ရဲ့။ အဖေက ကျွန်မကို ခဏခဏကြည့်ပြီး ရွတ်တတ်တာ။ “ခေတ်ပညာ တတ်မကြီး၊ ဘာစီးပွားရေး အကွက်မှ မမြင်ဘူး”တဲ့။ စီးပွားတွက် တွက်မယ် ဆိုရင် တော့ ဟောသလို အလုပ် မဖြစ်တဲ့ ကာလကြီးမှာ ကျွန်မ ရှေ့ထိုင်နေတဲ့ မြေးအဘွား နှစ်ယောက်က ကျွန်မအတွက် ရွှေခဲကြီး မဟုတ်သလို ငွေတွင်းကြီးလည်း ဖြစ်မလာနိုင်ပါဘူး။ မဆိုင်တဲ့ ကိစ္စကို မဆိုင်သလို နေလိုက်လည်း ပြီးတာပေါ့နော်။ ဒါပေမယ့် ကျွန်မကလည်း ကျွန်မလေ၊ တခြားသူမှ မဟုတ်တာ။ နတ်ကရာ ကျီးမောလို့ပဲ ပြောပြော၊ လှံဖျားပုစဉ်းနား၊ ကျီးကန်းချေးပါလို့ပဲ ဆိုဆို မဆိုင်သလို မနေမိတာကတော့ ကျွန်မရဲ့မွေးရာပါ မဟာ အားနည်းချက် အစစ်။ ကျွန်မ ကျီးများ ၀င်စားလေရော့ သလား။
“တူမကြီးပဲ စဉ်းစား ကြည့်။ အလုပ်ဖြစ်တုန်းက ကုန်ဈေးနှုန်းကို လိုက်မမီဘူး။ ဟော ကုန်ဈေးနှုန်းလေး သင့်တော့ အလုပ်ကမရှိ။ ကျော်ခန့်တို့တော့ ဖုန်တောက မတက်တော့ပါဘူးကွယ်”
တစ်ခါတုန်းက ၀ါးတောမ ဆိုတဲ့ ကျွန်မတို့ ရွာ မှာ ကျော်ခန့်ဆိုတဲ့ လူရိုး တစ်ယောက်ရှိခဲ့သတဲ့။ ရွာနီးချုပ်စပ် ပွဲကနား ရှိလို့ ရွာသားတွေ လှည်းယဉ်ကိုယ်စီနဲ့ ထွက်ကြပြီဆိုရင် ကျော်ခန့် တစ်ယောက်ကတော့ ဖုန်ထူ တဲ့ လမ်းလေးထဲမှာ ခြေကျင်ပဲ လျှောက်သတဲ့။ “ကျော်ခန့် လှည်းပေါ်တက်လေ”လို့ပြော ရင် သူက “ငါ ကိုယ်ပိုင် လှည်း မ၀ယ်နိုင်မချင်း ဖုန်တောက မတက်ဘူးကွ” လို့ ပြန်ပြောသတဲ့။ နှစ်တွေကြာလို့ ကျော်ခန့်တို့ ရွယ်တူတွေ ဆံဖြူ သွားကျိုးဖြစ်သွားတာ တောင် ကျော်ခန့်တစ်ယောက် ဖုန်တောက တက်မလာနိုင် တော့ဘူးတဲ့။
အခုလည်း အဘွားကြီးက သူ့ဘ၀လည်း ကျော်ခန့် လို့ပါပဲ ဆိုတဲ့ သဘောနဲ့ ကျွန်မ ရှေ့မှာ ပုံခိုင်းပြရှာတာ။ ရုတ်တရက်ဆိုတော့ သတိလက် လွတ်ဖြစ်ပြီး အော်ရယ်မိလိုက် သေး။ နောက်တော့မှ ပြန်တွေးမိပြီး အဘွားကြီးကို ကျွန်မဖြင့် အားနာလိုက်တာ ဘယ်လို ပြောရမှန်းတောင် မသိဘူး။
“ဟောဒီ မြေးလေးကို သင်္ကန်း ဆီးပေးချင်သေးတာကွယ့်။ သင်္ကန်း မ၀ယ်နိုင်လို့ သာပါ။ မြေးလေး သာသနာဘောင် ရောက်သွားတာနဲ့ အမေကြီးတော့ သေဆိုရင် တောင် သေနိုင်ပါပြီကွယ်”
“အမေကြီး သားသမီး တွေကရော”
“သားနဲ့ချွေးမပဲ ရှိတာကွယ်။ မနှစ်က ရွှေတော အသွား ငှက်ဖျားမိလို့ နှစ်ယောက်စလုံး ဆုံးရှာကြပါ ပေါ့လား”
“သြော် ဖြစ်ရလေ မေကြီးရယ်”
အခုမှ အမေကြီး ပါးစပ် ဖျားက မချတဲ့ မြေးအနှစ် လေးကို အသေအချာကြည့် မိတယ်။ မျက်လုံးတောက် တောက်၊ မျက်ဖန်ကောင်း ကောင်းနဲ့ နှာတံပေါ်ပေါ်မှာ နှုတ်ခမ်းလေးက ဖူးလို့။ တကယ့်ကို ပညာရှိဖြစ်မယ့် ဥပဓိ ရုပ်ကလေး။
“ကလေး မင်းကရော ဆရာတော်ကြီး ဖြစ်ချင်ရဲ့လား”
ချာတိတ်လေးက ကျွန်မကို တည်တည်လေးနဲ့ မျက်လုံး လှန်ကြည့်တယ်။ မျက်လွှာလေး ချလိုက်၊ မျက်ခုံးလေး ပင့်လိုက်နဲ့ သူ့မှာ အတော့် ကို အဖြေရ ကျပ်နေတဲ့ပုံ။ သူ ဘယ်တော့မှ သင်္ကန်းဆီးခွင့် မရတော့ဘူးလို့များ အပိုင် တွက်ထားလေရော့သလား။ ကလေးတစ်ယောက် ရဲ့ရင်ထဲ တစ်ဘ၀လုံး အညွန့် ကျိုးသွားစေမယ့် သိမ်ငယ်တဲ့ ခံစားချက်မျိုး ကိန်းအောင်း မသွားစေချင် မိတာတော့ အမှန်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ရည်မှန်းချက် တစ်ခုနဲ့ စုထားတဲ့ ငွေလေးထဲက သုံးထောင်ကျော်တန် သင်္ကန်း တစ်စုံ ဖိုးလောက်တော့ ကုသိုလ် ပြုလိုက်ဖို့ ဆုံးဖြတ်ချက်ချမိ တော့တယ်။
မလေးရှား သွားတဲ့ မောင်ရေ။ မောင့်ရဲ့ခင်လေး ရွာမှာ မြင်မြင်သမျှပေးကမ်း လှူဒါန်းမိလို့ တူနှစ်ကိုယ်နီးတဲ့ အခါ စီးပွားလုပ်ဖို့ စုထား တဲ့ ငွေလေးတွေ တတိတိနဲ့ ပြောင်တော့မယ်။ ကြိုးစားပါ မောင်ရေ။ မလေးရှားမှာ အလုပ်ရှင်နဲ့လည်း တည့် အောင်ပေါင်း။ သည်တစ်ခါ စာရေးရင် သေသေချာချာ ထည့်ပြောရမယ်။
“အစ်မကြီး ကျုပ်က လေ”
“အင်း ပြော”
“ကျုပ်က”
ကောင်လေးရဲ့ မျက် လုံးလေးတွေ အရောင်လက် ပြန်တယ်။ သူ ဘယ်လိုများ ဖြေမှာပါလိမ့်။ ကျွန်မကို ကယ်တင်ရှင်ကြီးလို့များ ထင်ရော့သလား မသိ။ ရွှန်းရွှန်း ကြီးကြည့်လို့။ ကျွန်မ လက်ထဲမှာလည်း ငွေ ၃၀၀၀ကျော် က အဆင်သင့်။
“ကျုပ် ဆရာဝန်ကြီး ဖြစ်ချင်တာ။ ဘုန်းကြီး မ၀တ်ချင်ဘူး။ ငှက်ဖျား ရောဂါကို အထူး ကုပေးနိုင်တဲ့ ဆရာဝန်ကြီး ဖြစ်ချင်တာ”
“ဗုဒ္ဓေါ”
ကျွန်မလက်ထဲက တစ်ထောင်တန်လေး သုံးရွက် အောက်ကို လွတ်ကျသွား တယ်။ ကောင်လေးအဖြေ စကားက ကျွန်မ ခေါင်းကို ဖောက်ပြီး သံရည်ပူတွေ လောင်း ထည့်ခံလိုက်ရသလို ပဲ။ ကျွန်မ နားကြား လွဲသွား တာတော့ မဟုတ်တန်ပါဘူး နော်။
“ဒါပေမယ့် ကိုရင်ဝတ် ရမယ်ဆိုလည်း ကျုပ် ကျေနပ် ပါတယ်”
ကျွန်မဆီက ငွေ သုံး ထောင်ကျော်ကို မရတော့မှာ ကြောက်လို့ ပြောလေသလား။ တကယ်ပဲ ကိုရင်လေး ဘ၀ကို ကျေနပ်သလား ဆိုတာတော့ ကောင်လေးသာ အသိဆုံးဖြစ် တော့မှာပေါ့။ ကျွန်မ သိချင် ပေမယ့် မမေးရက်ဘူး။ ဘာ ကြောင့်မှန်း မသိ၊ ကောင်လေး တို့မြေးအဘွားကို အားနာနေ မိတယ်။
သည်အကြောင်း အဖေ့ ကို ပြောပြရင် “သတ္တ၀ါ တစ်ခု ကံတစ်ခု” လို့များပြော လေမလား။ “ဘယ်သူမပြု မိမိမှု” လို့များဆိုလေမလား။“တောင်မင်း မြောက်မင်း မကယ်နိုင်” ဘ၀တွေကရော၊ ဘယ်တော့များမှ လွတ် မြောက်နိုင်မှာပါလိမ့်။ ကျွန်မ ငိုမိတယ်။
မြေးအဘွားတို့ လာသွားတဲ့ ညက မိုးတွေမှရွာလိုက် တာတအား။ ခေါင်မိုးသွပ်ချပ် ပေါ် မိုးပေါက်ကျတဲ့ အသံ တွေများ တဗြောင်းဗြောင်းကို မြည်လို့။ ဖားတွေ အော်နေ လိုက်ကြတာလည်း “အုံးအင် အုံးအင်” သံချင်းကို ထွေးလို့။ မိုးရွာပါစေ။ မိုးရွာပါ စေ။ သီးနှံတွေလည်း ကောင်းပါစေ။ လူတွေလည်း ကျန်း မာပါစေ။ ၀က်၊ ကြက်၊ တိရစ္ဆာန်တွေလည်း ကျန်းမာ ပါစေ။ ကမ္ဘာကြီးလည်း ကျန်းမာပါစေ။
ကျွန်မ မေတ္တာပို့က အဆီ အငေါ် မတည့်ပေမယ့် ပြန်တွေးရင်း ကြည်နူးရတာတော့ အမှန်။
ကျွန်မ မေတ္တာအပို့ ကောင်းလို့လားတော့ မသိ။ မနက်လင်းတော့ စာတစ် စောင် ရောက်လာတယ်။ ဖျင်(အထည်ကြမ်း)အလုပ်ပြန် ဖြစ်တော့မယ်တဲ့။ ၀မ်းနည်း ရမှာလား။ ၀မ်းသာရမှာလား မိသိန်းကြည်။ ကျွန်မတို့ ဖျင်သွား လမ်းကြောင်းရဲ့ ဂိတ်ဆုံး က ထိုင်းနိုင်ငံလေ။ မန္တလေး ပွဲစားလက်ပဲ ရောက်ရောက် တောင်ကြီးပွဲစား လက်ပဲ ရောက်ရောက် ထိုင်းမှာပဲ ဇာတ်သိမ်းရတာ ဆိုတော့ သိ ကြတဲ့အတိုင်း အလုပ်ကဖြစ် လိုက်၊ ပျက်လိုက်နဲ့ တကယ့် ကို တရားဓမ္မ အတိုင်း။
ရက်ကန်းသမ တချို့ကတော့ လန့်ကြတယ်။ ဖျင်တွေ ပိတ်သွားလို့ အလုပ် မဖြစ် ရင် လက်ကျန် အထည်တွေ ဆက်သိမ်းပေးမှာတဲ့လား။ အကြွေးနဲ့ ချည်အရင် ထုတ်ပေးတဲ့။ အရင်းလည်း အစိုက် ငြိမ်းအောင် ကျွန်မကပဲ ချည်ထုတ်ပေးပြီး အထည်ပြတ် ရက်ခနဲ့ ရက်ကန်း ငှားမယ်ဆိုတော့ လိုချင်တဲ့သူတွေများ လွန်းလို့ အိမ်တံခါးတောင် ပိတ်ထားရမလို ဖြစ်သွား သေး။ ပွဲစားတွေကတော့ မော့ မော့ပဲ။ အလိုချင်ကြီးမဟုတ် သေးဘူးလေ။ ငွေကိုတစ်လ ဆိုင်းစောင့်တဲ့။ ကျွန်မ သီလရှင် ၀တ်ချင်စိတ်တောင် ပေါက်သွားတယ်။ အဟုတ်။ဟိုတစ် လောက ဆရာလေးဆီက ငှားထားတဲ့ ၀ိနည်းစာအုပ် လေး ဘယ်နားထားမိပါ လိမ့်။ ပြန်ဖတ်ထားဦးမှ။ အဆင်ပြေရင် ခေါင်းတုံးတုံးပြီး ဘ၀ ပြောင်းပစ်ရအောင် လို့လေ။
ဒီဝတ္ထုလေးက သြဂုတ်လထုတ် ရွှေအမြုတေမဂ္ဂဇင်းရွှေဝတ္ထု ကဏ္ဍမှာဖော်ပြခဲ့တဲ့ မိုးထက်စံ(IR)ရဲ့
ဝတ္ထုလေးပါ ..ကျမဖတ်ပြီးအရမ်းသဘောကျတာနဲ့...တင်လိုက်တာပါ...
ဝတ္ထုထဲကကောင်လေးက....ငှက်ဖျားရောဂါကုဆရာဝန်ကြီး....ဖြစ်ချင်တယ်တဲ့လေ...
ရင်ကိုထိရှသွားတဲ့စာကြောင်းလေးပါဘဲ......။။။။
(9.8.2010....AM 1:38)
01 August 2010
လှောင်အိမ်ထဲကဘဝများ.....
ရေးလိုက်တာပါ...တကယ်တော့သူတို့တွေအရမ်းသနားဖို့ကောင်းပါတယ်...
ထားတာပါ...အတောင်တွေရှိရဲ့သားနဲ့သံဇကာအမိုးတွေအောက်မှာမပျံနိုင်ဖြစ်နေရတဲ့ဘဝပါ...
ကျမသိတဲ့..ငှက်ဆိုတာကောင်းကင်မှာပျံနေတဲ့အမျိုးပါ..ခုတော့သံဇကာအောက်မှာရှင်သန်နေရတဲ့
သူတို့တွေ..စကားသာပြောတတ်မယ်ဆို....ဘာတွေများပြောကြမလဲမသိဘူးနော်...သူတို့တွေစိတ်ထဲမှာ
ဘာတွေများတွေးနေမိမလဲ....ဘာတွေစဉ်းစားနေကြမှာလဲ...ကျမသိချင်မိပါတယ်....
ကြည့်ပါဦး....5ပေပတ်လည်လောက်ရှိတဲ့မှန်လှောင်အိမ်ထဲက..........လိပ်ကလေးပါ.....သူ့လိုအမျိုးတူ
လိပ်ကလေ3း..4..ကောင်လောက်နဲ့ဒီမှန်လှောင်အိမ်ထဲမှာနေ..နေရတာဘယ်လောက်ကြာပြီလဲမသိပါဘူး
သူလဲအပြင်လောကမှာသွားလာချင်ရှာမှာဘဲလေ...ခုတော့သူ့အဖြစ်ကလဲထောင်ကျနေသလိုပါဘဲနော်..
ကျမဓါတ်ပုံရိုက်ဖို့..မှန်နားကပ်သွားတော့အထဲကနေကျမကိုလှမ်းကြည့်ပါတယ်...
သူအပြင်ထွက်ချင်တယ်လို့များပြောတာလား...ဒါမှမဟုတ်..သူ့အဖြစ်ကိုစာနာပါလို့များပြောလိုက်လေသလား
အဲဒီမြွေဆိုတွားသွားလို့မရတာဘယ်လောက်များကြာနေပါလိမ့်နော်...မှန်လှောင်အိမ်လေးကကျဉ်းကျဉ်းလေး
ဆိုတော့သူလဲပုံထဲကလိုဘဲခွေခွေလေးဘဲနေလို့ရမှာပေါ့....အပြင်ကလွတ်လပ်တဲ့မြွေတွေလိုတော့
သွားလာလှုပ်ရှားလို့ဘယ်ရမလဲလေ...ကျမကမြွေဆိုရင်အရမ်းကြောက်ပါတယ်...ဒါပေမဲ့
ဒီမှန်လှောင်အိမ်ထဲကမြွေကိုကြည့်ပြီးတော့......သနားမိပါရဲ့.....
ဟော...သူ့မျက်လုံးတွေကိုကြည့်ပါဦး..သူ့စိတ်ထဲမှာလူတွေကိုနာကျည်းနေမလား...
မုန်းတီးနေမလား..တခုခုပါဘဲ....ဒါမှမဟုတ်သူ့လိုအမျိုးတူတဲ့...အဖေါ်တွေကိုဘဲမှန်းဆပြီးများလွမ်းနေသလား..
သူ့ဘဝကြီးကလဲ...ကန့်သတ်ချက်ဘောင်ထဲမှာကျဉ်းကျပ်လိုက်တာနော်...
ဒီပင်ဂွင်းငှက်လေးတွေကတော့သနားစရာအကောင်းဆုံးပါဘဲလေ....အလုံပိတ်ထားတဲ့မှန်ခန်းထဲမှာ
အညာခံနေရလို့ပါဘဲ....ဒါပေမဲ့....သူတို့ကိုညာထားတယ်ဆိုတာလည်းသူတို့သိချင်သိနေမှာပါ
ပင်ဂွင်းငှက်ဆိုတာ..အင်မတန်အေးတဲ့...ရေခဲပြင်တွေမှာရှင်သန်ကျက်စားတဲ့သတ္တဝါမျိုးပါ
ခုတော့.....ပေ30လောက်ရှိတဲ့....airconတွေမတရားလွှတ်ထားတဲ့.....နေရာလေးမှာအမျိုးတူ
10ကောင်လောက်နဲ့.....နေနေရတဲ့ဘဝမို့လို့ပါ...သူတို့ရဲ့နေရာအစစ်အမှန်နဲ့တူအောင်
အတုလုပ်ပေးထားတဲ့....ဒီမှန်ခန်းထဲမှာ...ဘယ်လောက်ကြာအောင်သူတို့တွေနေနေရမှာလဲ..
ကျမလဲမသိပါဘူး.....ကြည့်ပါဦး...ကောင်းကင်ပြာပြာရဲ့အောက်မှာ...ရေခဲပြင်တွေရဲ့အပေါ်မှာ...
သူတို့လိုအမျိုးတူတွေအကောင်ပေါင်းများစွာနဲ့ပြေးလိုက်..ရေထဲဆင်းလိုက်နဲ့....ပျော်နေခဲ့တဲ့ဘဝမျိုးကို...
သူတို့လည်းပြန်တမ်းတနေမိမယ်ထင်တယ်နော်.....
ကောင်းကင်အပြာရောင်နဲ့တူအောင်အမိုးကိုဆေးအပြာသုတ်လို့......ရေခဲပြင်လို့ထင်ရအောင်
ကျောက်တုံးအတုတွေပေါ်မှာရေခဲအမှုန်တွေဖြူးပြီး...ဖန်တီးပေးထားတဲ့အခန်းလေးထဲမှာ...
ဟိုလျှောက်လိုက်...ဒီလျှောက်လိုက်နဲ့.....ယောင်တောင်တောင်...ဖြစ်နေကြတဲ့ဘဝလေးတွေပါ....
နောက်ထပ်မှန်လှောင်အိမ်ထဲကအကောင်တွေကအများကြီးပါဘဲ....ဖားတွေရော....ကင်းလိပ်ချောတွေရော
ကျမအမျိုးအမည်မခွဲခြားတတ်တဲ့အကောင်တွေလဲအများကြီးပါဘဲ...သူတို့တွေအကုန်လုံးအကျဉ်းကျခံနေရတာ
လို့ကျမထင်မိပါတယ်....ကံမကောင်းအကြောင်းမလှလို့...တိရစ္ဆာန်ဘဝကိုရောက်ရတာခြင်းတူတူ
တောထဲမှာလွတ်လပ်စွာ...ရှင်သန်ရတဲ့တိရစ္ဆာန်တွေရဲ့ဘဝနဲ့......မှန်လှောင်အိမ်ထဲမှာလာရှင်သန်ရတဲ့
တိရစ္ဆာန်ရဲ့ဘဝ...ကွာခြားလှပါတယ်..တကယ်တော့တိရစ္ဆာန်ရုံက...တိရစ္ဆာန်တွေရဲ့ဘဝကထောင်ကျ
နေသလိုပါဘဲ...သူတို့တွေရဲ့နေရာမှာ...ကိုယ်တွေသာဆိုရင်ဘယ်လိုခံစားရမလဲ....တွေးကြည့်မိပါတယ်
တကယ်တော့....စာနာထောက်ထားခြင်းဆိုတာ.....လူသားတွေပေါ်မှာတင်မဟုတ်ဘဲ
သတ္တဝါတွေရဲ့အပေါ်မှာလည်း.......ထားသင့်တယ်လို့ကျမခံစားမိပါတယ်.....
(1.8.2010.....AM-3:24)
ကိုယ့်အတွက်အအကျိုးအမြတ်တစုံတရာ..မရသေးဘဲနဲ့
ယုံကြည်ရာတခုကြောင့်နှစ်ပေါင်းများစွာ....ချုပ်နှောင်ခံနေရတဲ့ဘဝပေါင်းစွာ....
လူပေါင်းများစွာ....သူတို့တွေဆိုရင်ရော....
သူတို့တွေကိုယ်စားကျမရင်နာမိပါတယ်...
(1.8.2010 AM-11:41 )
28 July 2010
အရင်ကလိုဘဲ....

မရှိတော့ပေမဲ့
အရင်ကအချစ်တွေက
ဒီရင်ထဲမှာကျန်နေဆဲမို့
အရင်လိုဘဲ...အရင်အတိုင်းဘဲ
ရင်ထဲကချစ်တတ်နေဆဲ.....
အရင်ကအချိန်တွေ
ပြန်မရနိုင်တော့တာ
သေချာခဲ့ပေမဲ့.....
အရင်ကအလွမ်းတွေကိုတော့
မှတ်မိနေဆဲမို့
အရင်လိုတော့
တခါတခါ............
လွမ်းနေချင်တုန်းဘဲ
အရင်လူကိုမေ့ထားလိုက်ပေမဲ့
အရင်ကပျော်ရွှင်မှု့မျိုးကိုတော့
ခဏလောက်ဖြစ်ဖြစ်
ပြန်လိုချင်သေးတယ်...
အရင်ကအချစ်မျိုးကို
ပြန်မတမ်းတချင်တော့ပေမဲ့
အရင်ကခံစားမှု့မျိုးနဲ့
တခါလောက်တော့
အရင်လိုဘဲ
ပြန်ချစ်ကြည့်ချင်သေးတယ်.........။။။
(28.7.2010 AM 1:15 )
27 July 2010
ကူညီကြပါဦး...
တကယ်လဲ post တင်လိုက်ပြီဆိုခြားထားတဲ့စာလုံးတွေက..အကုန်ဆက်နေရော..
နေရာခြားထားတာမရှိဘူး..ခြားပြန်ရင်လဲ..စာကြောင်းတွေကသုံးပိုင်းလောက်ခွဲပြီး..
ပေါ်နေရော..အဲတော့ကျမစာရိုက်လို့..စကားစုလေးတွေကိုခြားချင်ရင်
(......) တွေနဲ့ခြားရတယ်..ကျမတင်ထားတဲ့ပိုစ့်တွေကိုဖတ်ကြည့်လိုက်တာနဲ့
သိသာပါတယ်..ကူညီကြပါဦးရှင်..
နောက်တခုကတင်တဲ့Post ထဲမှာ..link ထည့်တာပါ
ဥပမာ...ကျမပိုစ့်ထဲမှာကျမကBlogger တယောက်ရဲ့link ထည့်ချင်တယ်ဆိုပါတော့
ဘယ်လိုထည့်ရလဲ..တချို့ဆို..ဘယ်သူဆိုပြီး..သူ့နာမည်လေးကိုနှိပ်လိုက်တာတဲ့
သှူု့Blog စီတခါထဲရောက်သွားရောလေ..အဲလိုမျိုးကိုပြောတာလေ..
ကျမလုပ်ကြည့်ပေမဲ့မရဘူးဖြစ်နေလို့ပါ....သိတဲ့သူများကောမက်ထဲမှာ
အော်သွားပေးကြပါဦးနော်.....
22 July 2010
အလှူ......
မေးပါတယ်(စားချင်တာတွေမှာချင်ပေမဲ့သူ့ကိုအားနာလို့ပါ...သူလဲသယ်ရမဲ့ပစ္စည်းမနဲပါဘူး)
ကျမကိုယ်စားအလှူလေးတစ်ခုလုပ်ခဲ့ပေးဖို့ဘဲမှာဖြစ်ပါတယ်....ကျမပေးလိုက်တဲ့ပိုက်ဆံကို
ဘယ်နေရာ..ဘယ်အဖွဲ့အစည်းကိုလှူပါလို့မပြောလိုက်ပါဘူး...ကျမကဟိုနေရာမှာလှူခိုင်း...ဒီနေရာမှာလှူခိုင်း
ပေမဲ့လည်း..သူကအားဦးမှကိုး...ရန်ကုန်ပြန်သွားပြီဆိုတာနဲ့...စားချင်တာတွေ..လုပ်ချင်တာတွေ..တွေ့ရမဲ့
ဆွေမျိုးတွေ...ကိစ္စတွေကများလှပါတယ်.....အဲဒါကြောင့်မို့ပါ..နောက်ပြီးတော့လဲ..လှူတယ်ဆိုတဲ့နေရာမှာ
ကျမဘောင်မခတ်ချင်ဘူး...တကယ်လိုအပ်နေတဲ့..တကယ်လှူသင့်တဲ့နေရာတွေကအများကြီးပါဘဲ....
အဲဒီထဲမှာမှ..ကိုယ်စိတ်ကူးသန်ရာလေး...ကိုယ်နဲ့ဆက်စပ်တဲ့အသိုင်းအဝိုင်းအနီးနားမှာရှိတဲ့..နေရာမျိုးမှာဘဲ
သွားလှူဖြစ်တာများပါတယ်....ကျမမှာလိုက်တာကကျမပေးလိုက်တဲ့ပိုက်ဆံကို...သူသွားရင်းလာရင်းနဲ့
တကယ်လိုအပ်နေတာမျိုးဆိုလှူခဲ့လိုက်ပါဆိုပြီးတော့ပါ...ကျမရဲ့ချွေးနဲစာလေးနဲ့...လူတယောက်ရဲ့
လိုအပ်မှု့တစ်ခုကိုဖြည့်ဆည်းခွင့်ရလိုက်ရင်ဘဲကျမကျေနပ်ပါတယ်...ထမင်းအရမ်းဆာနေတဲ့လူတယောက်
ကိုတွေ့လို့ထမင်းစားဖို့ပိုက်ဆံပေးခဲ့ရင်လဲကျမကျေနပ်ပါတယ်...သူများနိုင်ငံမှာအလုပ်လုပ်ပြီးပိုက်ဆံရှာရတာ
အရမ်းပင်ပန်းပါတယ်...ကျမလေ.....မိုးခေါင်တဲ့နေရာမှာဘဲမိုးပိုရွာစေချင်ပါတယ်....
ကျမငယ်ငယ်တုန်းက..တက္ကသိုလ်ပထမနှစ်လောက်ကပေါ့...သူငယ်ချင်းတယောက်စီသွားနေကြပါ...
သူတို့အိမ်ကကားလမ်းမကြီးပေါ်မှာဆိုတော့...ကျူရှင်သွားတိုင်း...သူတို့အိမ်ခဏဝင်နေကြပါ...
ကားဂိတ်ကသူ့အိမ်ရဲ့..မျက်စောင်းထိုးလေးမှာပါ..သူတို့မိသားစုကစတိုးဆိုင်ဖွင့်ထားပါတယ်..
လမ်းမကြီးပေါ်မှာဆိုတော့အလှူခံတွေလဲများတာပေါ့...အထူးသဖြင့်သီလရှင်သေးသေးလေးတွေ
အလှူလာခံတာပါ...တနေ့ကျမနဲ့ဆုံတော့ကျမကပိုက်ဆံ50လှူမလို့ပါ...အဲဒီမှာသူငယ်ချင်းအမေက..
မလှူနဲ့ဆိုပြီးတားပါတယ်...သီလရှင်လေးတွေကမျက်လုံးလေးတွေအဝိုင်းသားနဲ့ကျမကိုကြည့်လို့လေ...
သူ့အမေကတားတော့ကျမလဲမလှူဖြစ်တော့ပါဘူး..နောက်တော့သူငယ်ချင်းအမေကပြောပြပါတယ်..
"အန်တီတို့လဲသီလရှင်ကလေးလေးတွလာရင်50...100တော့လှူနေကြပါသမီးရယ်...ဒါပေမဲ့သူတို့က
လှူလိုက်တဲ့ပိုက်ဆံကိုရေခဲချောင်းတွေဝယ်စား....ကိုးရီးယားမင်းသားပုံတွေဝယ်တာလေ...ကားမှတ်တိုင်က
ပုံရောင်းတဲ့ကုလားမကြီးဆိုသူတို့နဲ့အဆင်ပြေလို့.......ဒါကြောင့်နောက်ပိုင်းမလှူတော့တာပေါ့.....အဲဒါကြောင့်
သမီးကိုမလှူနဲ့လို့အန်တီကတားလိုက်တာ......'' ....ဆိုပြီးပြောပါတယ်....
အဲဒီမှာကျမတွေးမိတာကကိုယ်ကလှူလိုက်ပြီဆိုရင်...ကြားဖူးတာပေါ့နော်..စေတနာသုံးတန်ပြဌါန်းပြီး
လှူလိုက်ရတာမှတ်လား.....ကိုယ်လှူလိုက်တဲ့ပိုက်ဆံကို.....ဘာဘဲလုပ်လုပ်ပေါ့...မဟုတ်ဘူးလား...
နောက်ပြီးတော့စဉ်းစားမိတာက...သီလရှင်လေးတွေက..ကလေးလေးတွေပါ....ဒီအရွယ်မှာသူတို့လဲ
ရေခဲချောင်းစားချင်မှာပေါ့...ကိုးရီးယားကားတွေပြနေလို့..ကိုးရီးယားမင်းသားမင်းသမီးတွေကိုသူတို့လဲ....
ကြိုက်မှာပေါ့...နောက်ပြီးသူတို့အလှူခံထွက်ရတာက...Aircon...ဖွင့်ထားတဲ့ကားနဲ့မှမဟုတ်တာလေ...
နေပူထဲလမ်းလျှောက်ပြီးသွားရတော့..ရလာတဲ့ပိုက်ဆံလေးနဲ့ရေခဲချောင်းဝယ်စားမိမှာဘဲ...
အဲဒါသူတို့ကိုအပြစ်တင်သင့်သလားဆိုတာပါ...
နောက်တစ်ခုကလှူလိုက်တဲ့ပမာဏပါ...တကယ်တော့50...ဆိုတာအဲဒီအချိန်မှာရေခဲချောင်း
တစ်ချောင်းစာတန်ဘိုးဘဲရှိတာပါ....ကျမမှတ်မိပါသေးတယ်..အဲတုန်းကမုန့်ဟင်းခါးတပွဲကို150လားမသိဘူး
ကျမကတော့ဘာမှပြန်ပြောမနေတော့ပါဘူး....ကျမတွေးမိတာတွေကိုလဲထုတ်ပြောမနေတော့ပါဘူး
တော်ကြာသူငယ်ချင်းနဲ့ပါအခင်မင်ပျက်နေပါဦးမယ်......စိတ်ထဲမှာတော့သူငယ်ချင်းအမေကိုတမျိုးကြီး
ဖြစ်သွားပါတယ်....နောက်ပိုင်းသူတို့အိမ်အလှူလုပ်ရင်...ကျမနားထောင်မိပါတယ်.....ဘယ်ဘုန်းကြီးကိုမှ
ပင့်တာမျိုးတို့..ဘယ်ကျောင်းတိုက်မှာသွားလှူတာမျိုး.....ဆိုတာတွေကြားနေရပါတယ်...ကျမတော့စိတ်
ထဲမှာဘဲအကုန်လုံးကိုသိမ်းထားလိုက်ပါတယ်....ကျမဆုံးဖြတ်မိတာကတော့...ကျမသာအဲလိုအလှူတွေ
လုပ်ရမယ်ဆိုရင်....တကယ်လိုအပ်နေတဲ့နေရာမျိုးမှာဘဲ...ကျမလှူမယ်လို့ဆိုပြီးတော့ပါ....
ကျမတို့တက္ကသိုလ်တွေစာမေးပွဲဖြေတော့ရပ်ကွက်အထက်တန်းကျောင်းတွေမှာသွားဖြေရတယ်.
စာမေးပွဲသွားဖြေရင်းနဲ့ကျမဘုန်းကြီးကျောင်းတခုကိုတွေ့ခဲ့ပါတယ်....ဘာမှပြည့်ပြည့်စုံစုံလဲရှိပုံမရပါဘူး.....
နောက်..စာမေးပွဲပြီးတော့..ကျမမွေးနေ့နဲ့ဆုံတာနဲ့သူငယ်ချင်းတွေကိုမုန့်ကျွေးမဲ့ပိုက်ဆံကို
ဘုန်းကြီးကျောင်းမှာလိုမယ်ထင်တဲ့...ရေခွက်တို့...ဆွမ်းခွက်တို့...မျက်နှာသုတ်ပဝါတို့...ဆပ်ပြာတုန်းတို့
တိုလီမိုလီလေးတွေဝယ်သွားပြီးလှုဖြစ်ပါတယ်...ကျောင်းထိုင်ဘယ်သူမှန်းလဲမသိပါဘူး...မွေးနေ့မို့လာလှူ
တာပါဆိုပြီးဝင်လှူလိုက်တာပါ...ကျမလှူတဲ့...ပစ္စည်းတွေကတန်ဘိုးမရှိလှပါဘူး....ဒါပေမဲ့..အလှူလက်ခံတဲ့
ဘုန်းဘုန်းကတကယ်ကိုဝမ်းသာအားရနဲ့ပါ..ကျမတို့ကို...ကျောင်းကဆင်းရဲတော့ဘာမှမရှိဘူးတဲ့....
ရှိတဲ့ထန်းလျှက်ဘဲကျွေးပါရစေဆိုပြီး...ကိုရင်လေးကိုထန်းလျှက်ခဲနဲ့ရေနွေးကြမ်းယူလာခိုင်းပါတယ်...
ကျမရဲ့မွေးနေ့တွေထဲမှာ..အဲဒီမွေးနေ့ကအဓိပ္ပါယ်အရှိဆုံးနဲ့...အမှတ်အရဆုံးပါဘဲ....
တကယ်တော့ရေတွေပေါနေတဲ့နေရာမှာ....ရေတခွက်ကတန်ဘိုးမရှိလှပါဘူး.....
ရေမရှိတဲ့နေရာမှာတော့ရေတခွက်ဆိုတာ......အင်မတန်ကို....တန်ဘိုးကြီးလှပါတယ်...။။။။
(23.7.2010.....AM 00:38 )
