27 July 2010

ကူညီကြပါဦး...

Posted by blackroze at Tuesday, July 27, 2010
ပိုစ့်တင်ဖို့စာရိုက်ရင်..စာလုံးတွေကိုspace bar နဲ့ခြားခြားသွားပေမဲ့..
တကယ်လဲ post တင်လိုက်ပြီဆိုခြားထားတဲ့စာလုံးတွေက..အကုန်ဆက်နေရော..
နေရာခြားထားတာမရှိဘူး..ခြားပြန်ရင်လဲ..စာကြောင်းတွေကသုံးပိုင်းလောက်ခွဲပြီး..
ပေါ်နေရော..အဲတော့ကျမစာရိုက်လို့..စကားစုလေးတွေကိုခြားချင်ရင်
(......) တွေနဲ့ခြားရတယ်..ကျမတင်ထားတဲ့ပိုစ့်တွေကိုဖတ်ကြည့်လိုက်တာနဲ့
သိသာပါတယ်..ကူညီကြပါဦးရှင်..
နောက်တခုကတင်တဲ့Post ထဲမှာ..link ထည့်တာပါ
ဥပမာ...ကျမပိုစ့်ထဲမှာကျမကBlogger တယောက်ရဲ့link ထည့်ချင်တယ်ဆိုပါတော့
ဘယ်လိုထည့်ရလဲ..တချို့ဆို..ဘယ်သူဆိုပြီး..သူ့နာမည်လေးကိုနှိပ်လိုက်တာတဲ့
သှူု့Blog စီတခါထဲရောက်သွားရောလေ..အဲလိုမျိုးကိုပြောတာလေ..
ကျမလုပ်ကြည့်ပေမဲ့မရဘူးဖြစ်နေလို့ပါ....သိတဲ့သူများကောမက်ထဲမှာ
အော်သွားပေးကြပါဦးနော်.....

12 comments:

khin oo may on 27 July 2010 at 06:20 said...

သိဘူ ဟိုလိုမျိုးလေးဘဲသိတယ်။

နေ၀သန် on 27 July 2010 at 07:47 said...

space ခြားတာတောင် မခြားတာက ဘရောက်စာများကြောင့်လား.. ဘာသုံးတာပါလိမ့်...။ link ကတော့လွယ်ပါတယ်..။ ကိုယ်လင့်ခ်ချင်တဲ့ စကားလုံးလေးကို select လုပ် ပြီးတော့ အပေါ်က editor tool ထဲမှာ link ဆိုတာကို နှိပ်လိုက်ရင် ဘောက်စလေးကျလာမယ်။ အဲဒီထဲမှာ ကိုယ်ထည့်ချင်တဲ့လင့်ခ်ကို ထည့်လိုက်ရုံပါပဲ....။

ခင်မင်တဲ့
နေ၀သန်

ရေသန့်  on 27 July 2010 at 10:15 said...

ကျနော် သိဘူး.... ကိုပေါ့ ဆိမ့် သိနိုင်တယ်....သူ့ကိုမေးကြည့်ပါလား
(ကိုပေါ့ဆိမ့်ရေ ကူညီလိုက်ပါနော်...)

~ဏီလင်းညို~ on 27 July 2010 at 10:34 said...

ညီမလေးရေ့.......

အိပ်ယာကနိုးတော့....ကူညီကြပါဦးဆိုတာနဲ့ပြေးလာကြည့်တယ်.....။
ငါလည်းနေမကောင်း.....ငါ့ညီမတွေလည်းဘာဖြစ်လို့လေ.....း)
ပို့စ်တင်ဖို့စာရိုက်ရင် အကောင်းဆုံးကတော့...word file ထဲမှာအရင်ရေးပြီး ဘလောဂ်မှာ ကော်ပီနဲ့ ပေ့စ်လုပ်ပြီးတင်ပါ...။
အကြောင်းအမျိုးမျိုးကြောင့် ဘလော့ဂ်တစ်ခုခုဖြစ်သွားရင်တောင် ကိုယ်ရေးထားတဲ့စာလေးတွေ ဘက်ကပ်အဖြစ်ရှိနေခဲ့မယ်လေ...။
လင့်ခ်ထည့်ချင်တာက မခက်ပါဘူး....။ ညီလေးနေ၀သန်ပြောသလိုပါပဲ....။ ဘလော့ဂ်က စာရေးတဲ့ အပေါ်က toolဘားတွေထဲမှာ link ဆိုတာလေးကို ကလစ်တစ်ချက်နှိပ်လိုက်ရင် ဘောက်(စ်)လေးတစ်ခုပေါ်လာမယ်.....။ အဲ့ဒီမှာ အပေါ်ကနေရာမှာ ထည့်ချင်တဲ့လင့်ခ်ကို မြန်မာလို နာမည်ရေး.....။ အောက်ကနေရာမှာ ကော်ပီလုပ်ထားတဲ့ လင့်ခ်ကို ထည့်.....အိုကေ နှိပ်လိုက်ရင် ရပြီ....။ စာတင်တာ..... compose နဲ့တင်လေ....။ edit html ဆိုတာလည်းရှိသေးတယ်လေ........။
အဆင်ပြေပါစေဗျား......း)

ခင်မင်ခြင်းအားဖြင့်....
ဏီလင်းညို

သဒ္ဓါလှိုင်း on 27 July 2010 at 12:17 said...

အဆင်ပြေပြီလားညီမနှင်းဆီနက်ရေ..

ခင်တဲ့
သဒ္ဓါ

ခိုင်နုငယ် on 27 July 2010 at 13:00 said...

မရို့စ်ရေ..ကူညီပါအုံးဆိုလို့ရောက်လာတာ
ကိုယ်လည်းမတောက်တစ်ခေါက်စမ်းတ၀ါးဝါးနဲ့
လုပ်ထားတာဆိုတော့သိသလောက်လေးပြောပါ့မယ်။
စာရေးရင် edit html ရေးပြီး..အဲဒီမှာစပေ့ဘား
ခြားလို့ရပါတယ်..စာတွေပြန်ပြင်တာကြတော့ compose
မှာပြန်ပြင်..post မှာ Link ထည့်ချင်ရင်..ပိုစ့်ထဲမှာ.ဥပမာ..မောင်ဖြူဘလောပ့်ကိုထည့်ချင်ရင်..မောင်ဖြူလို့ရေးပြီး..မောင်ဖြူကိုစလက်ကလေးမှတ်ပြီး.
အပေါ်မှာ..menu ဘားမှာ insert link
ဆိုတဲ့..အစိမ်းရောင်ကွင်းကလေးပုံစံကိုရွေး ဘောက်စကလေး
ကျလာရင်..ထည့်ချင်တဲ့ဘလောပ့်လိပ်စာသော်လည်းကောင်း
အခြားဝက်ဆိုဒ်လင့်ခ်ပဲဖြစ်ဖြစ်ထည့်နိုင်ပါတယ်။
အဆင်ပြေပါစေ။

ခင်တဲ့
ခိုင်နုငယ်

Maung Myo on 27 July 2010 at 19:15 said...

စာရေးရင် edit html ရေး ပြီးရေ compose နဲ့ ပြန်ချိန်ပေါ့ ပေါ်က editor tool ထဲမှာ ကြည့်ပြီး ပြင်လို့ရတယ်လေ အကောင်းဆုံးက new post စရေးထဲက compose ရေး ပြီရင် စာလုံးတွေ ညီအောင် ပြန်စီလိုက်ပေါ့ ။editor tool ထဲမှာ align left ,.... , ....., justify full အဲ့လေးမျိုးရှိတယ် အဲ့ထဲကမှ စာတွေ အားလုံးရေးပြီးပြီး တင်တော့မယ်ဆို ပို့စ်တစ်ခုလုံးကို select လုပ်ပြီးတော့ justify full ကိုရွေးလိုက် အဲ့တာဆို အဆင်ပြေသွားလိမ့်မယ် ။ နောက်တစ်ခု မေးထားတာက မခိုင်နုငယ်ရှင်းပြထားသလို လုပ်ကြည့်လိုက် လွယ်ပါတယ် လုပ်ကြည့်မရရင် ထပ်မေးပေါ့ အဆင်ပြေပါစေ။

ချော on 27 July 2010 at 19:35 said...

အပေါ်က ပြောသွားကြတာ စုံသလောက်ရှိပါပြီ
ညီမလေး အဆင်ပြေလောက်ပြီထင်ပါတယ်..
အစ်မတော့ စာရေးရင် ဘလော့ထဲတိုက်ရိုက် မရေးဘဲ
Word ထဲမှာ ရေးလေ့ရှိတယ်..
ပြီးတော့မှ ဘလော့ပေါ်ပြန်ကူးပါတယ်..
အဆင်ပြေပါစေနော်..

မြစ်ကျိုးအင်း on 27 July 2010 at 22:31 said...

ခုလောက်ဆိုရင် လုပ်တတ်နေလောက်ရောပေါ့နော်
ရောက်လာတာ နောက်ကျ သွားတယ်။

သူကြီးမင်း (တုံးဖလား) on 1 August 2010 at 04:13 said...

ဟုတ်တယ်။ အားလုံးအပေါ်က ပြောကြသလိုပါဘဲ။းဝ)

မိုးယံ on 4 August 2010 at 01:55 said...

သယ်ရင်းမလေးရေ။ အစ်ကိုအစ်မတွေ ပြောထားတဲ့ အတိုင်းလုပ်ကြည့်လိုက်ပါ အဆင်ပြေလိမ့်မယ်။ သူတို့ပြောထားတာ စုံလင်နေတာပဲ အဆင်ပြေမှာပါ

KoSoe on 30 June 2011 at 06:40 said...

အစ်မနဲ့စခင်ခဲ့မိတာကတော့ ဒီပို့စ်လေးပါပဲ သတိရတယ်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei