အခုတလောရာသီဥတုကလဲအရမ်းပူတယ်......အလုပ်နဲ့အိမ်မှာဆိုပူတာအေးတာမသိသာပေမဲ့
လမ်းထွက်တဲ့အခါအရမ်းကိုပူလောင်နေတော့တာပါဘဲ.....အသားတွေဆိုစပ်ဖျဉ်းဖျဉ်းတောင်ဖြစ်တယ်
အပူဒဏ်ကြောင့်လားဘာလားတော့မသိဘူး.........ကျမအခုတလောခေါင်းမူးမူးနေတတ်တယ်...
ဟိုတနေ့ကဆိုအလုပ်ထဲမှာခေါင်းတွေမူးပြီးရင်တွေတုန်နေတာ...မတ်တပ်တောင်ကောင်းကောင်း
မရပ်နိုင်တဲ့အထိဖြစ်သွားတာပါ..ခွင့်ယူဖို့ကလည်း...မလွယ်....ဟိုရက်ပိုင်းကလဲချော်လဲလို့ခွင့်ယူထားသေးတာ
မကြာသေးဘူး..အခုထပ်ပြီးခွင့်....ဆိုရင်တော့...bossကမျက်စောင်းထိုးမှာအသေအချာပါဘဲ...
နောက်နေ့ဆေးခန်းသွားပြတော့....ဆရာဝန်ကကျမကိုသွေးနဲ့ပတ်သက်တဲ့ရောဂါရှိလားတဲ့....
ကျမစီမှာသွေးအားနည်းတဲ့ရောဂါရှိပါတယ်.....ပုံမှန်ဆိုရင်မသိသာပေမဲ့..ပင်ပန်းတာမျိုး
ရာသီဥတုပြင်းတာမျိုးဆိုရင်အဲဒီရောဂါက.....ထထပြီးဒုက္ခပေးတတ်ပါတယ်....ကျမလဲပျောက်ချင်ပေမဲ့
မပျောက်တဲ့ရောဂါဖြစ်နေပါတယ်....သွေးအားကောင်းဆေးတွေလည်းနေတိုင်းသောက်နေတာဘဲ...
ကျမကိုမျက်စိတွေဖြဲကြည့်...သွားဖုံးတွေကိုစစ်ကြည့်ပြီးတော့...ချက်ချင်းသွေးစစ်ခိုင်းပါတယ်....
ဘာလို့လဲဆရာဆိုတော့...အခုကမျက်လုံးအိမ်ထဲကမျက်သားတွေရော.....သွားဖုံးတွေရော...
အရမ်းဖြူနေတယ်တဲ့...ဖွေးဆွတ်နေတာဘဲတဲ့....သေချာဂရုစိုက်ပါ...မပေါ့ပါနဲ့တဲ့....
(နောက်မှ...ပြန်စဉ်းစားမိတယ်....ငါတော့မင်းသမီးလုပ်စားလို့ရပြီလို့..တရုတ်သရဲကားတွေထဲမှာ
ခုန်ဆွခုန်ဆွနဲ့သွားတဲ့သရဲမအဖြစ်ပါ.. )
ကျမလေဆေးခန်းကပြန်လာတော့...စိတ်မကောင်းဖြစ်မိပါတယ်....တဆက်တည်းလည်းတွေးမိပါတယ်..
တကယ်လို့များ.......ကျမရဲ့နောက်ဆုံးအချိန်တွေဟာ.....မကြာခင်မှာရောက်တော့မယ်ဆိုရင်...
ကျမဘာကိုလုပ်သင့်သလဲ............?ပြန်စဉ်းစားကြည့်မှာဘဲ..ပိုစိတ်ညစ်သွားပါတယ်....
ကျမလုပ်ချင်တာတွေအများကြီးပါ......ဒါပေမဲ့ကျမတစ်ခုမှအကောင်အထည်မဖေါ်ရသေးပါဘူး....
ဟိုယောင်ယောင်...ဒီယောင်ယောင်...လေးတွေဘဲလုပ်ဖြစ်တာပါ....အချိန်တွေကိုနှမြောမိသွားပါတယ်...
အစားထိုးလို့မရတဲ့အချိန်တွေ.....ပြန်မရနိုင်တဲ့အချိန်တွေ....တကယ်တော့လူ့ဘဝကတိုတောင်း
လှပါတယ်....မျက်စိတမှိတ်အတွင်းမှာ..အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်.....ဘယ်အရာကိုမှ
ဆုပ်ကိုင်ထားလို့မရနိုင်ပါဘူး.....အဲဒီရက်ပိုင်းတွေမှာကျမစိတ်နဲ့လူနဲ့မကပ်သလိုပါဘဲ.....
အလုပ်သာသွားနေရတယ်......ကျမစိတ်တွေကအလုပ်မှာမရှိပါဘူး......ထမင်းသာစားနေရတယ်...
အရသာကိုမသိပါဘူး.....ဆေးတွေသာသောက်နေရတယ်....သက်သာလားမသက်သာလားလည်း...
မခံစားမိပါဘူး.....ကျမတွေးနေမိတာက...ကျမအလုပ်ချင်ဆုံးဆန္ဒကဘာလဲဆိုတာဘဲ..တွေးနေမိတာပါ...
ဆေးရုံမှာဆေးသွားစစ်တော့လည်း.....ကျမကိုယ်ထဲကနေသွေးတွေဖောက်ထုတ်နေတာကိုကြည့်ပြီး.....
အတွေးတွေကဝေဝေဝါးဝါးပါဘဲ....နောက်တော့ကျမတဖြည်းဖြည်းခံစားမိလာတာက....ကျမလေ...
ဘာနှောင်ဖွဲ့မှု့မှမရှိတဲ့နေရာတခုစီကိုသွားချင်မိတယ်....အားလုံးနဲ့ဝေးရာကိုပေါ့....
အေးချမ်းတိတ်ဆိတ်နေမဲ့နေရာလေးပေါ့......ကျမနားထောင်ချင်တဲ့သီချင်းတပုဒ်ကိုခပ်တိုးတိုးလေး
နားထောင်ပြီး...ကျမခံစားခဲ့သမျှတွေ...ပျော်ရွှင်ခဲ့သမျှတွေ....ဝမ်းနည်းခဲ့သမျှတွေ.....
ကျမဘဝမှာကျမတွေ့ကြုံခဲ့တာတွေကို...ကဗျာတပုဒ်အဖြစ်နဲ့ရေးခဲ့ချင်မိတယ်.....
ကျမငယ်ငယ်က...အဖေတာဝန်ကျတဲ့နေရာကိုလိုက်သွားတုန်းက...ကျမတို့ညီအမကိုအဖေကညနေတိုင်း
မီးရထားလမ်းဘက်ခေါ်သွားပြီးမီးရထားကြီးလာတာကိုပြလေ့ရှိပါတယ်....မီးရထားကြီးလာရင်
ကျမတို့ညီအမကလက်ပြနှုတ်ဆက်ရင်...ရထားပေါ်ကလူတွေကလဲလက်တွေပြန်ပြပါတယ်...
အဲဒီနေရာလေးကိုထပ်သွားချင်မိတယ်....နောက်ထပ်ဆန္ဒတခုကတော့ကျမအဖေထာဝရအိပ်စက်နေတဲ့
နေရာကိုသွားပြီးအဖေ့ကိုတောင်းပန်ချင်တာပါ....ကျမအဖေဆုံးသွားတာကြာလှပါပြီ....ကျမတို့မိသားစု
အဖေ့စီတခါမှမသွားဖြစ်ပါဘူး...ငယ်ငယ်တုန်းကတော့အမေကခွင့်မပြုလို့ပါ...ကြီးလာတော့လဲ
ခုချိန်ထိအောင်ပါဘဲ...မသွားဖြစ်သေးပါဘူး...အခုမှလာလို့အဖေကျမကိုစိတ်မဆိုးလောက်ပါဘူးနော်..
ဒီထက်များအချိန်လေးနည်းနည်းလောက်ပိုရခဲ့မယ်ဆိုရင်လေ.....ကျမအရမ်းသွားချင်တဲ့
ချင်းတောင်ကိုတခေါက်လောက်တော့ရောက်အောင်သွားလိုက်ဦးမယ်....တောင်အမြင့်ကြီးတွေပေါ်ကနေ
တိမ်တွေကိုကြည့်လိုက်ချင်သေးတယ်......ကျမအမဆရာမလုပ်နေတဲ့ရွာကိုလိုက်သွားပြီး..အမနဲ့တူတူ
လရောင်အောက်မှာသီချင်းတပုဒ်လောက်တော့ဆိုလိုက်ချင်သေးတယ်.....ကျမအမတပည့်လေးတွေရဲ့
ကာလာမဆိုးထားတဲ့အဖြူရောင်မျက်ဝန်းလေးတွေကိုကြည့်ခဲ့ချင်သေးတယ်.....ကျမရဲ့မျက်စိတွေကို
အလင်းလိုအပ်နေတဲ့လူသားတယောက်အတွက်လှူခဲ့မယ်....အင်းးးးးးးးးးးးးးးးးးးးးးးးးးး
ဖြစ်ချင်တဲ့ဆန္ဒတွေကအများသားရှင်.......
ကဲ...ကျမဘာကိုအရင်ဆုံးလုပ်သင့်ပါလဲ..........။

(11.7.2010..........sun 2:51 )
17 comments:
ညီမလေးရေ
ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်..
အားမငယ်ပါနဲ့ကွယ် လူတိုင်းဟာ လုပ်ချင်တာကို လုပ်ခွင့်မရကြဘဲ လုပ်သင့်တာကိုသာ လုပ်နေကြရသူတွေချည်းပါဘဲ...
တစ်ချိန်ချိန်မှာတော့ ကိုယ်လုပ်ချင်တာလေးတွေလဲ လုပ်ခွင့်ရလာနိုင်မှာပါ..
လူတစ်ယောက်မှာ အရေးအကြီးဆုံးက စိတ်ဓါတ်ပါဘဲ..
စိတ်ဓာတ်မကျနဲ့ .. အားတင်းထား
ငါလုပ်ချင်တာတွေရှိသေးတယ် လုပ်နိုင်အောင်လုပ်မယ် လုပ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့စိတ်ကို မွေးထားပါ...
တစ်ချိန်ချိန်မှာ ဖြစ်ကိုဖြစ်လာပါလိမ့်မယ်..
သွေးအားနည်းတာက ဒီလောက်ကြီးလဲ စိုးရိမ်စရာမဟုတ်ပါဘူးနော်.. ရာသီဥတုပူလွန်တာကြောင့်လည်း လူက အားနည်းပြီး နှုန်းနေတာလဲ ဖြစ်နိုင်ပါတယ်.
အမြန်ဆုံးနေကောင်းပါစေ
ညီမဖြစ်ချင်တာတွေဖြစ်လာနိုင်ပါစေနော်...
ခင်တဲ့
မချော
ငါ့ညီမ။ အားမငယ်နဲ့လေ။ သွေးအားနည်းတာက ကြောက်စရာမှမဟုတ်တာ။ အကိုတောင် သွေးအားနည်းပြီး ခေါင်းမူးတတ်သေးတယ်။ ကားစီးရင်လဲ မူးမှမူးဘဲ။ ဒါပေမဲ့ အဲဒါက အသက်နဲ့ အဝေးကြီးညီမရေ။ သွေးအားပြည့်စေမဲ့ အစားအစာနှင့် အားဆေးသာ စားလိုက်။ ဒေါင်ဒေါင်တောင် မြည်လာဦးမယ်။ အခု ငါ့ညီမ ဖြစ်နေတာက ရောဂါကြောင့်မဟုတ်ဘူး။ စိတ်ကြောင့်ဖြစ်နေတာ။ စိတ်ဓါတ်ကို လုံးဝ မကျစေနဲ့။ စိတ်ဓါတ်ကျသွားရင် ဘာမှလုပ်လို့မရတော့ဘူး။
ငါ့ညီမ စာဖတ်ပြီး။ တကယ်စိတ်မကောင်းဖြစ်မိတယ်။ ကိုရီးယားဇာတ်ကားတွေထဲက ရောဂါဝေဒနာခံစားနေရတဲ့ ဇာတ်လိုက်မင်းသမီးလေသံမျိုးလေ။ ဒါတောင် ညီမက နောက်ခံတေးလေး မထည့်ထားလို့ ထည့်များထားရင် လာဖတ်သူတွေ မျက်ရည်ကျပေါက်ဘဲ။
ဘာမှ အားမငယ်နဲ့ သိလား။ စိတ်အားငယ်မယ်ကြံတိုင်း ဘလော့တွေလျောက်လည်ပစ်လိုက်။ ဘလော့ဂါတွေက ညီမကို မေတ္တာဓါတ်တွေနဲ့ စောင့်ရှောက်ပေးကြမှာပါ။
ခင်တဲ့
ကိုကိုမောင်(ပန်းရနံ့)
.
..
စိတ်မညစ်ပါနဲ့..နက်ရယ်..
ရောဂါ တစ်ခုခု ခံစားရရင် လူတွေက အားငယ်စိတ်တွေ အလိုလိုဝင်လာတက်ပါတယ် နက်ရေ..
နေမကောင်းတဲ့အခါ အိပ်ရေးဝဝအိပ်..
ဘာမှ သိပ်မစဉ်းစားနဲ့..
စိတ်ဓာတ်ကျတာနဲ့ တူတယ်နော်..။
နက် အမြန်ဆုံး ပြန်နေကောင်းပါစေ..။
ညီမရေ...ဘာမှအားမငယ်ပါနဲ့...။
အားငယ်စိတ်တွေဝင်လာရင် သမိန်ပေါသွပ်တို့၊ဝိဇ္ဇာ တို့ရှာဖတ်ချေနော်..။
တကယ်ပြောတာ..၊ကျွန်တော် ကတော့ စိတ်ညစ်လာရင် ကာတွန်းတွေပဲ
ရှာဖတ်ပြီး စိတ်ကို ဖော့ပစ်လိုက်တယ်။ဒီနိုင်ငံမှာတော့ အဲဒီကာတွန်းတွေ
ရှာရခက်လို့၊မောင်ကောင်းထိုက် ဟာသတွေရှာဖတ်ရတယ်..ဟီး
ပြောရဦးမယ် ပို့စ်ရေးရင် စာလုံးနည်းနည်း ကြီးပေးလို့ရမလားဟင်...
အဘတို့က ဇရာကစကားပြောလာတော့ မျက်စိက သိပ်မကောင်းတော့ဘူးရယ်..။
အမေနဲ့သမီး အတူလျှောက်လာရင် သမီးပဲမြင်တယ်ဆိုတဲ့ မျက်လုံးမျိုးရယ်..
လင့်လည်းယူထားလိုက်တယ်နော်
ဒီလိုပါပဲ ကျန်းမာရေးမကောင်းတဲ့ အချိန်ဆိုတော့ တွေးမိတွေးရာတွေလိုက်တွေးနေပြီး စိတ်တွေ ရောကုန်တာဖြစ်မှာပါ မကြာခင်နေကောင်းသွားမှာပါဗျာ မွန်းကြပ်လာတဲ့ စိတ်တွေကိုတော့ ခဏ အနားပေးလိုက် ခွင့်ယူပြီး ခရီတိုလေး ၂ ရက်ခရီလောက်ထွက်တာမျိုး ဒါမှမဟုတ် အိမ်မှာ အားမွေးပြီး အစားကောင်းကောင်းစား များများအိပ် ပြီးတော့ တရားလေးထိုင်ကြည့်ပါလား စိတ်တွေကြည်လာမှာပါ ကျနော်တော့ အလှူကြီးကြှီးမားမားကြီးတွေ ဘာမှမလုပ်နိုင်တော့ နိုင်သလောက် တတ်နိုင်သလောက် ကိုယ့်အနီးနားမှာ ဝေမျှနေတာပဲ ကျနော်လည်း အစာအိမ်နာပြီး ဆေခန်းးသွားရ အရမ်းခံစားရတုန်းက ဒီလိုပဲ ခံစားဖူးတယ် ကိုရီးယား ကားတွေကြည့်ပြီး အစာအိမ်ကင်ဆာများလားလို့ ပေါက်ကရတွေတောင် တွေးမိသေး။။
စိတ်တွေကြည်လင်ပြီး အမြန်နေကောင်းပါစေဗျာ ။
အမြန်ဆုံးနေပြန်ကောင်းပါစေဗျာ..။ တစ်ယောက်တည်းမို့ထင်တယ် နေမကောင်းတဲ့အချိန်မှာ ဟိုတွေးဒီတွေးနဲ့ ၀မ်းနည်းကြေကွဲတတ်ပါတယ်...။ အရင်ဆုံးဘာလုပ်သင့်သလဲဆိုတော့ ကောင်းကောင်းအနားယူလိုက်ပါ...။း)))))
ခင်မင်တဲ့
နေ၀သန်
နေထိုင်မကောင်း ဖြစ်နေချိန် မို့လို့ စိတ်အားငယ်စရာတွေ ဝင်နေတာပါ။ ဒီလိုလေး ချရေးပြီး ရင်ဖွင့်လိုက်တာ ကောင်းတယ်။
စိတ်ထဲမှာ တခုခု အတွေးတွေ ဝင်လာတိုင်း ဒီလိုပဲ ရင်ဖွင့်ပေါ့။
သူငယ်ချင်း မိတ်ဆွေတွေရဲ့ နွေးထွေးတဲ့ အားပေးမှုတွေ ကြောင့် စိတ်သက်သာရာ ရတယ် ဆိုလည်း မဆိုးဘူးလေ။
ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရမှာပေါ့။ သူငယ်ချင်း ဖြစ်ချင်တာတွေက သိပ်ခက်တာတွေ မပါဘူးလေ။ တလလောက် အချိန်ယူလိုက်ရင် တောင် ဖြစ်လာနိင်တာတွေပါ။
စိတ်အားမငယ်နဲ့...။ ထိုင်ဝမ်က အလုပ်ဖိအားများတယ်။ စိတ်အားငယ်ရင် ပိုဆိုးမယ်လေ။ ဆေးသာမှန်မှန်သောက်...။
အစစအရာရာ အဆင်ပြေပါစေနော်..။
ညီမနှင်းဆီနက်ရေ..
နေမကောင်းဖြစ်တဲ့အချိန်မှာညီမလေးလိုအတွေးမျိုးတွေဝင်ဝင် လာတတ်တယ်။
အဓိကကစိတ်ဓါတ်ပဲညီမလေး..။ကြံ့ခိုင်တဲ့စိတ်ဓါတ်ထားရမယ်..။ကိုယ့်မြေနဲ့ အဝေးမှာရှိနေတဲ့အချိန်မှာစိတ်ကိုပျော်အောင်ထားပြီးနေတတ်မှဖြစ်မယ်လေ..။
ဖြစ်ချင်တာတွေလည်းတဖြည်းဖြည်းဖြစ်လာမှာပါ..။
အဓိကနေကောင်းအောင်ကျန်းမာရေးကိုဂရုစိုက်နော်..။
ခင်တဲ့
မသဒ္ဓါ
မရိုစ့်ရေ..နေမကောင်းဖြစ်နေတယ်ဆိုတော့စိတ်မကောင်းဖြစ်ရပါတယ်။
ရာသီဥတုပူလို့လည်းဖြစ်မှာပါ..အရမ်းစိတ်အားငယ်နေသလား။
သွေးအားနည်းတတ်တယ်ဆိုတော့အားရှိမဲ့အသီးအရွက်ကလေးတွေ
များများစားပေး။ရေများများသောက်သွေးအားညီမျှတာပေါ့..
နေမကောင်းဖြစ်နေတဲ့အချိန်မှာ..စိတ်အားငယ်စရာတွေ
မတွေးပါနဲ့..ဖြစ်သင့်တာနဲ့ဖြစ်ချင်တာတွေ..တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ဖြစ်လာမှာပါ။
ခိုင်နုတို့လည်းဒီလိုပါပဲ..မိဘတွေနှင့်ဝေးရာမှာဆိုတော့..
ရာသီဥတုမညီမျှလို့နေမကောင်းဖြစ်ရင်..တစ်ခါတစ်ရံစိတ်အားငယ်မိတယ်။
နေကောင်းအောင်နေနှော်။
ခင်လျှက်
ခိုင်နုငယ်
ဒီလိုပါပဲ ကျန်မာရေးသိပ်မကောင်းတဲ့ အခါ လူတွေ တွေးချင်ရာတွေးမိတတ်ပါတယ်....။ အမလဲဖြစ်ခဲ့ဖူးတာကိုး...။ ညီမလေးနှင်းဆီနက်အမြန်နေကောင်းပါစေကွယ်...။
ခင်မင်စွာဖြင့်
မိုးငွေ့
နေ ကောင်းပါစေ။ ကျနော် ပြင်ဦးလွင်ကပါ။ ကျားရိုးး)
စိတ်ဓါတ်မကျပါနဲ့ညီမလေးရေ။နေကောင်းအောင်နေပါ။
အမလဲခုတလောကျန်းမာရေးမကောင်းတော့ကိုယ်ချင်းစာပါတယ်။
ကိုယ်ရောစိတ်ပါခဏအနားယူလိုက်ရင်ပြန်နေကောင်းလာမှာပါ။
အမရေ.. အရမ်းမခံစားပါနဲ့ဗျာ..
ကျနော့် အထင်လေ.. တစ်ခါတစ်လေ ကိုယ်လုပ်ချင်တာတွေများလာတဲ့အခါ အဲဒီဆန္ဒတွေကပဲ ၀န်ထုပ်ဝန်ပိုးကြီးဖြစ်လာတတ်သလိုပဲ.. ပေါ့ပေါ့ပါးပါးလေးပဲတွေးပါအမရာ.. တစ်ခါတစ်လေ.. အဲဒီဆန္ဒလေးတွေကိုပါ မေ့ချင်မေ့ထားလိုက်ပါ ခဏလေးပေါ့.. အမပေါ့ပါးသွားလိမ့်မယ်.. ဆန္ဒဆိုတာမျိုးကလည်း အကျိုးတရားကြီးတွေးပြီး ဇွတ်မှိတ်ကြိုးစားမနေပဲ သူ့ကိုဖြစ်စေတဲ့ အကြောင်းတရားလေးတွေကို တဖြည်းဖြည်းဖြည့်စီးလိုက်ရင် အမ ပင်ပန်းတယ်လို့မထင်ရပဲ ဆန္ဒတွေ ပြီးပြည့်စုံသွားလိမ့်မယ်လို့ ကျနော်တော့ ထင်ပါတယ်.. အမရောက်ချင်တဲ့ နေရာလေးကို တစ်နေ့ရောက်သွားမှာ အမရဲ့အဖေလိုက်မပို့နိုင်ပေမဲ့ တစ်စုံတစ်ယောက်လိုက်ပို့နိုင်မှာပါ.. အားမငယ်ပါနဲ့ဗျာ..
ကျန်းမာရေးကောင်းအောင် အရင်လုပ်သင့် ပါတယ်
နှင်းဆီနက်ရေ
စိတ်မကောင်းလိုက်တာ
ဖြစ်ချင်တာတွေအမြန်ဆုံးဖြစ်လာပါစေနော်..
အလုပ်မအားတာနဲ့ ခုမှရောက်ဖြစ်တာ ခွင့်လွှတ်
ဖြစ်ချင်စိတ်အားကောင်းရင် ဘာမဆိုဖြစ်နိုင်ပါတယ်..
အားမလျှော့နဲ့သိလား
ခင်တဲ့
ပန်းနုနှင်းဆီ
မရို့စ်ရေ
ခုရော နေကောင်းသွားပြီလား... နေကောင်းအောင်နေပါနော်... နေမကောင်းတဲ့ အချိန် စိတ်ညစ်စရာတွေ မတွေးနဲ့နော်... ပျော်ပျော်နေ... စိတ်ညစ်စရာတွေဝင်လာရင် တရားလေ မှတ်နေလိုက်ပေါ့နော်...
အမြန်ဆုံး နေကောင်းပါစေ
နောက်ကျမှ သတင်းမေးမိတဲ့ အတွက်လဲ ဆောရီးနော်...
ဒီစာလေးကိုဖတ်ပြီးစိတ်မကောင်းဖြစ်လို့ပါ ကိုကိုယ်တိုင်လည်းဖြစ်ဖူးတော့ ဘယ်လိုခံစားရတယ်ဆိုတာကိုနားလည်ကိုယ်ချင်းစာပါတယ် ရောဂါတခုခုဖြစ်လာရင် ဖြစ်လာတဲ့ရောဂါကို ခံစားရတာကနည်းနည်းပါ စိတ်ဓာတ်ကျတဲ့ရောဂါက ပိုဆိုးတယ်
ကျွန်တော်ဆို ငါ့အသက်က ၂၅ ထဲရောက်နေပြီ ငါ နောက်ထပ် အလွန်ဆုံးနေရရင် ၁၀ နှစ်ပေါ့ဆိုပြီးတွေးလိုက်တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားတယ် အဲဒါကြောင့် http://www.26soeaprilmon.com/2010/07/blog-post_355.html ဒီစာလေးရေးဖြစ်တယ်
ကြောငြာတာမဟုတ်ပါဘူးနော် ဒီလောက်ပဲ
ကျန်းမာပါစေ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..