17 July 2010

နှင်းဝေတဲ့ဆောင်း..

Posted by blackroze at Saturday, July 17, 2010



ဆောင်းလေကလေး

တချက်အဝေ့.....

နှင်းငွေ့ငွေ့နဲ့

ဖွဖွအေးတဲ့

မြောက်ပြန်လေက

လာလှုပ်နိုးတယ်......

နှင်းရည်ဆမ်းတဲ့

စံပါယ်ပွင့်ကလေး

ပျံပျံသင်းလို့

ရနံဖြာပေးတယ်.......

ကြည့်လေရာ

မြူဆိုင်းတဲ့

ဒီရာသီ

ဆောင်းပေမို့.....

ခရေတွေလည်းဖူးပြန်လို့

ရာသီဦးမှာ

ပွင့်ခဲ့တယ်......

မြမြအေးတဲ့

ငွေ့နှင်းထဲက

ဆောင်းအလယ်

သဇင်တခေါက်

ပွင့်ပြန်တယ်.......

နွေရာသီ

တစ်ခေါက်ပြောင်း

မိုးရာသီ

တစ်လှည့်ဟောင်းလို့

သြော်.............

.......................

နှင်းဝေတဲ့

တစ်ဆောင်းသစ်ပြန်ပြီလေ..............။။။။


(17.7.2010 ....AM ..2:59 )

19 comments:

သူကြီးမင်း (တုံးဖလား) on 17 July 2010 at 04:34 said...

ညီမ.. ဆောင်းရောက်ပြန်ပြီလား။ ဒီမှာကတော့ နွေရှိသေးတယ်။းဝ)

ဧကန္တကတော့ ရင်ထဲက ဆောင်းရာသီဖြစ်ရမယ်။

ကဗျာလေးနူးညံ့တယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခိုင်နုငယ် on 17 July 2010 at 10:24 said...

မရိုစ့်ရေ...နေကောင်းသွားပြီလား။
ဆောင်းရာသီ..ကဗျာရှု့ခင်းလှလှလေး
ကိုဖတ်သွားတယ်။..ရင်ထဲကိုအေးသွားတာပဲ..



ခင်တဲ့
ခိုင်နုငယ်

ယွန်း on 17 July 2010 at 12:29 said...

နူးနူးညံ့ညံ့နဲ့  ရင်ထဲစီးဆင်းသွားတဲ့  ကဗျာလေးပါပဲ..

နေ၀သန် on 17 July 2010 at 12:35 said...

ခုမှ မိုးတွင်းလေ... :D:D

ခင်မင်တဲ့
နေ၀သန်

Maung Myo on 17 July 2010 at 14:15 said...

ကောင်းကင်က မှိုင်း
မြူတွေဆိုင်းတော့
ရင်ဝယ်မချိ နွမ်းနယ်မိပေါ့
ဆောင်းလေသွေးတော့ လွမ်းမိတယ်



ဘာမှမဆိုင်ပါဘူး ကဗျာလာစပ်သွားတား)

Anonymous said...

ဟင်.. ဒီလောက်ပူနေတဲ့အချိန် သူက ဆောင်းရောက်သွားပြီ
ကြည့်ရတာ ပြင်ပကမ္ဘာက ပူလွန်းလို့ ရင်ထဲကဆောင်းရာသီအကြောင်း ရေးချလိုက်တာဖြစ်မယ်..
ဒါမှ မဟုတ်ဆောင်းမြန်မြန်ရောက်ချင်ပြီထင်ပါ့
အစ်မလဲရာသီအားလုံးထဲမှာ ဆောင်းကို အကြိုက်ဆုံးပါဘဲ..

မချော(အစိမ်းရောင်လွင်ပြင်)

လသာည on 17 July 2010 at 19:12 said...

ဒီမှာတအားပူနေတယ်.. ရိုစ်ရယ်..။
ဆောင်းရာသီလေးကို တမ်းတမိနေတယ်။ ရိုစ်ရောပဲလား..

မောင် လေး on 17 July 2010 at 19:19 said...

ဆောင်းရာသီ ကို ပြန်လွမ်းမိသွားတယ်..။ဒီနိုင်ငံမှာက ဆောင်းမရှိဘူးလေ...။
ရာသီတွေထဲမှာ ဆောင်းရာသီကို သဘောအကျဆုံးပဲ..။

sosegado on 17 July 2010 at 23:25 said...

နားလည်ပါတယ်၊ ရာသီဥတုတွေထဲမှာ ဆောင်းရာသီကို အကြိုက်ဆုံးပါ၊ အမြဲတန်းဘဲ တစ်ဆောင်းသစ်နေ ချင်ပါတယ်။

သိင်္ဂါကျော် on 18 July 2010 at 02:07 said...

မိုးမရွာတဲ့ မိုးမှာ ဆောင်းကဗျာဖတ်ရတာ တစ်မျိုးတော့ တစ်မျိုးပဲ..
အေးသွားတာပေါ့.. :D
ရာသီထဲမှာ ဆောင်းကိုတော့ အကြိုက်ဆုံးပဲ

ပန်းနုနှင်းဆီ on 18 July 2010 at 05:33 said...

ကဗျာလေးဖတ်ပြီးဆောင်းကိုမြန်မြန်ရောက်စေချင်မိတယ်..
ချစ်စရာကဗျာလေးပါနော်

သော်ဇင်စိုး on 18 July 2010 at 11:23 said...

ခရေရယ်... သဇင်ရေ... အမြန်လာပါဗျို့ ဒီမှာ ဆောင်းရောက်ချင်လှပြီ....... :D

မြစ်ကျိုးအင်း on 18 July 2010 at 11:39 said...

ကျနော်တော့ ပူလွန်းလို့ ဆောင်းရောက်စေချင်နေပြီ....။

မြတ်မွန် on 18 July 2010 at 13:00 said...

ဟုတ်တာပေါ့
နွေရာသီရဲ့ ပူပြင်းမှုတွေကြောင့်
ဆောင်းရဲ့ အေးချမ်းမှုကို တမ်းတမိတယ်..

အရမ်းလှတဲ့ ကဗျာလေးပါပဲရှင်..။

ညလင်းအိမ် on 18 July 2010 at 16:06 said...

နှင်းဝေတဲ့ ဆောင်း ...

ဂွတ်ဧ။် ...

ဒီမှာ အရမ်းပူတယ် ... :P

blackcoffee on 19 July 2010 at 15:06 said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။ ဆောင်းသရုပ်ကို ပေါ်လွင်အောင် ပုံဖော်နိုင်တယ်။ အင်း... ဆောင်းရောက်ရင်တော့ နှင်းတွေဝေမှာပဲ။

သဒ္ဓါလှိုင်း on 22 July 2010 at 12:10 said...

ကဗျာဖတ်ပြီးဆောင်းရာသီကိုလွမ်းသွားရတယ်..။
ဒီလိုပဲဥတုတွေလည်းတခုပြီးတခုပြောင်းနေတာပဲလေ..

ခင်တဲ့
သဒ္ဓါ

Cameron on 22 July 2010 at 14:28 said...

နောက်ကျမှရောက်လာတယ်...ဆောင်းနှင်းမြူလေး အေးစိမ့်နေတာပဲ...။
နေကောင်းသွားပြီလား ညီမလေး...။

ခင်မင်စွာဖြင့်
မိုးငွေ့

Mila on 23 July 2010 at 02:47 said...

Hello! Invite to Ukraine!))

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei