ကျမအခုအရမ်းကြောက်နေတယ် ။ ရင်ဘတ်ထဲက နှလုံးခုန်သံကိုတောင် သေသေချာချာ ပြန်ကြားနေရတယ်။။အလုပ် ထဲမှာလည်း ကွန်ပြူတာ Mouse ကိုကိုင်တာ လက်တွေတုန်နေတာ သိသာလိုက်တာလေ ။click တချက်နှိပ်ဖို့ကို ကိုယ့်လက်ကို ကိုယ်ပြန်ကြည့်မိတယ် ။ ဘုရား ဘုရား
လက်ညှိုးလေးက တဆတ်ဆတ်ကို တုန်လို့ ။ရင်ဘတ်ထဲကနှလုံးခုန်နေတာလည်း ပြုတ်ထွက်တော့
မလားတောင် အောက်မေ့ရတယ်လေ ။ ကျမကိုသူငယ်ချင်းယောက်က ဖုန်းနံပါတ်တခုလာပေးတယ် ။
ကျမအဲဒီဖုန်းကိုဆက်လိုက်ဖို့ကို ကြောက်နေတာ ။
ကျမရဲ့ယုံကြည်မှု့တွေ ။
ကျမရဲ့သတ္တိ တွေ ဘယ်ရောက်သွားပြီလဲ ။။
ကိုယ့်ဘာသာ ကို အကြိမ်ဖန်များစွာ ပြန်မေးနေမိတယ် ။။
ငါဘာဖြစ်နေလည်း ။
ငါဘာလို့ကြောက်နေရတာလည်း ။
ငါဘာကိုကြောက်နေဖို့လို လို့လည်း ။
အတောမသတ်နိုင်တဲ့ မေးခွန်းတွေကရင်ထဲက အပြည့်ဘဲ။။ ကိုယ်ဖြတ်သန်းလာတဲ့ ဘဝခရီးတလျှောက်မှာ... ဒီလိုမျိုးအဖြစ်တွေနဲ့
ဆုံခဲ့ဖူးတာ အကြိမ်ပေါင်းမနဲလှပါဘူး ... အခုလိုဘဲ စိတ်လှုပ်ရှားစရာ အခြေအနေတွေနဲ့ ကျမရင်ဆိုင်ခဲ့ဖူးပါတယ် ။။နောက်တော့လည်း အဆင်ပြေသွားတာပါဘဲလေ ဆိုပြီး ကိုယ့်ဘာသာ
ပြန်အားပေးနေရတယ် ။
မနက်ဖန်မနက် ဆိုတာကို ကျမကြောက်နေတာ ...ဒါဆိုမနက်ဖန် မရောက်အောင် တားဆီးထားလို့ရလား
ဆိုတော့လည်း မရပါဘူး...သဘာဝတရားကတော့ အချိန်တန်ရင် နေထွက်လာပြီး မနက်ဖန် ဆိုတာ
ရောက်လာမှာပါဘဲလေ ။
အဲဒီ မနက်ဖန် ဆိုတဲ့နေ့မှာကျမ ဖုန်းနံပါတ်တခုကို ဆက်ရပါလိမ့်မယ် ။။အဲဒီဖုန်းကိုဆက်လိုက်ဖို့ကို
စိတ်ထဲမှာအရမ်းကြောက်နေတယ် ။ကျမမဆက်ရဲဘူး ။။ဒါဆိုမဆက်ဘဲနဲ့ နေလို့ရသားဘဲလေ ဆိုတော့လည်း မဟုတ်ပြန်ဘူး ။ကျမဖုန်းဆက်မှကို ဖြစ်မှာပါ ။ကျမရင်ဘတ်ထဲက နှလုံးတချက်ခုန်လိုက်
တိုင်း တုန်ခါမှု့ လှုပ်ရှုားမှု့ကို ကျမခံစားကြည့်လို့ရနေတယ် နှလုံးတချက်ခုန်လိုက်တိုင်း ရင်ဘတ်တခုလုံး
လှုပ်ခါသွားသလိုဘဲ ။နှလုံးခုန်နေသံကို နားနဲ့ဆတ်ဆတ်ပြန်ကြားနေရတယ် ။။
ကျမနားထဲမှာ လှောင်ရယ် ရယ် နေသံကိုကြားနေရသလိုဘဲ ။
ကျမအရမ်းစိတ်လှုပ်ရှုားမိနေတယ် ။အရမ်းလည်းကြောက်နေမိတယ် ...
ကျမတလောကလုံးကြားအောင် အားးးးးးးးးးးးးးးးးးးးးးး ဆိုပြီးတော့သာ အော်ပလိုက်ချင်တော့တယ် ။။။
ကိုယ့်ကိုကိုယ်သာ ဒီလောက်သွေးကြောင်ရသလားဆိုပြီး ထုရိုက်ပြစ်လိုက်ချင်တော့တယ် ။
ကျမအခုစာရိုက်နေတယ်.. စာလုံးပေါင်းအမှားဗရပွကို ထပ်ခါထပ်ခါ ပြင်နေရတယ် ။။
ကျမကိုယ်ထဲက သတ္တိတွေကို မနည်းပြန်ဆွဲထုတ်နေရတယ် ။။
ရင်ထဲရောက်နေတဲ့ကြောက်စိတ်တွေကို အတင်းပြန်မောင်းးထုတ်နေရတယ် ..။။
အသက်ကိုမနည်းမှန်အောင် ပြန်ရှုနေရတယ် ..။။
ကျမ မနက်ဖန်ဆိုတာကို အေးအေးဆေးဆေး ခံနိုင်ရည်ရှိစွာနဲ့ ရင်ဆိုင် နိုင်မှာပါနော်...။။။
jerry pigpig
1.11.2011 AM 2:22
01 November 2011
Subscribe to:
Post Comments (Atom)
10 comments:
မကြောက်စမ်းပါနဲ့ ပစ်ပစ်ရယ်...ကျားကိုးစီးစားလို့မကုန်နိုင်တဲ့ ခန္ဓာကိုယ်ကြီးထဲကို ဧရာမသတ္တိကြီးတွေ၊ စိတ်ဓာတ်ခွန်အားတွေ အပြည့်မောင်းသွင်းလိုက်စမ်းပါ...စိတ်အားတက်ကြွမယ့်စာတွေဖတ်၊ အတွေးတွေတွေး...အသက်ရှင်နေသမျှတော့ လူ့ဘ၀က ဘာမှကို အရှုံးမရှိဘူးလို့မှတ်...ဒီမှာ သားကျွေးမှု၊ မယားကျွေးမှုကတစ်ဖက်၊ ထမ်းထားရတဲ့ မဟာတာဝန်ကြီးတွေကတစ်ဖက်နဲ့ ဦးဟန်ကြည်တို့က မကြောက်ရဘူး...ဒီကလေးတွေက ကြောက်နေရတယ်လို့...
ဖုန်းမဆက်ခင်မှာ ဘာပဲဖြစ်ဖြစ် စိတ်မညစ်ဘူးလို့ အရင်ကြိုတွေးထား၊ ဖုန်းရှေ့မှာ မှန်တစ်ချပ်ချထား...ဘာပဲကြားကြား မှန်ကိုကြည့်ပြီး ငါက ငါပဲဖြစ်နေသေးတယ်လို့သာ တွေးချပစ်လိုက်ပေတော့...
ဖုန်းနံပါတ်ပိုင်ရှင်က ဘယ်သူများ ဖြစ်နေလို့ ပါလိမ့်။ ၂ လုံးသား ရေးရာလား၊ လုပ်ငန်းခွင်လား။ တစ်ခုခုတော့ တစ်ခုခုပဲ။ ကျနော်တော့ ၂ မျိုးစလုံး လတ်တလော ကြုံထားတဲ့ သူမိဲု့  နည်းနည်း နားလည်သလိုပဲ။ ဟီး။
ဘာပဲဖြစ်ဖြစ် မနက်ဖန် ရောက်လာတဲ့ခါ ရင်ဆိုင်စရာ ရှိတာကို အပြေးလေး ရင်ဆိုင်လိုက်ပါ။ အဆင်ပြေသွားမှာပါလေ။
ကံကောင်းခြင်းတွေပဲ စောင့်မျှော်နေတဲ့ မနက်ဖြန်လေး ဖြစ်ပါစေမမ..
မကြောက်ပါနဲ့ သူငယ်ချင်းရယ်...
ဘာဖြစ်လာလာ ပြေးရင်ဆိုင်လိုက်ပါ...
အဖြေတစ်ခုထွက်လာပြီးရင် အကောင်းဆုံးဆိုတာကို ပြင်ဆင်နိုင်ခွင့် ရှိတယ်...
လောကမှ အဆိုးဆုံးက တွေးကြောက်နေရတာကိုဘဲ...
ဘာဖြစ်ဖြစ် ထိပ်တိုက်ပြေးရင်ဆိုင်လိုက်ပါ အစစ အရာရာ အဆင်ပြေသွားလိမ့်မယ်...
အခုလောက်ဆို ဆက်ပြီးသွားပြီဟုတ်.. This too will pass ပါ.. အဆင်ပြေတယ်ဟုတ်..း))
ခင်မင်လျက်
နေ၀သန်
ကိုယ့်ကိုယ်ကို ထုံတုံတုံဖြစ်အောင် တစ်ခုခု လုပ်ထားလိုက်... မူးယစ်ဆေး အရက် စတာတွေ သုံးခိုင်းတာတော့ မဟုတ်ဘူး... ဥပမာ... အိပ်ရေးနည်းနည်း အပျက်ခံ အိပ်ချင်မူးတူး ထုံတုံတုံဖြစ်... ဗိုက်ဗိုက်နည်းနည်း အဆာခံ... ဗိုက်ဆာတော့ ကျန်တာ ဂရုမစိုက်နိုင်... အာရုံလွှဲတာပေါ့။... ဟီးဟီး လုပ်နေကျ ဟာတွေပါ။ ဘာပဲဖြစ်ဖြစ် Good Luck & Cheers
ပစ်ပစ် ညီမလေး ခုမှပိုစ့်ကိုဖတ်မိတယ်
ရင်တွေတုန်လိုက်တာဟယ်
ဘာဖြစ်တာလဲ
ဘာသတင်းကြားသလဲ
ဟိုတစ်ယောက်သတင်းလား
ဘာလဲ ရင်ပူနေတယ် တကယ်ကိုစိတ်ပူနေတယ် အကျိုးအကြောင်းမြန်မြန်ပြောပါ
အမ
မဒိုးကန်
ရွှေဒိုးပြောလို့လိုက်လာတာပါ
သိတောင်မသိလိုက်ဘူး ပိုစ်အသစ်တင်တာလေ
ဘာကိုကြောက်နေတာလဲ..လောကမှာအရာအာလုံးအမြဲပြောင်းလဲနေတာ
ဘာကိုမှမကြောက်ပါနဲ့ အပြောင်းအလဲဆိုရင်လဲ
အရင်ကထက်ပိုပြီးကောင်းဖို့လို့သဘောထားနော်။
ခွန်းအားတွေ သတ္တိတွေဘယ်ရာက်ကုန်တာလဲပစ်ပစ်ရေ
ရှင် ကလဲ ကှုပ်သူငယ်ချင်းလုပ်ပြီးဒီလိုကြောက်ရလား
ရှင်မဆက်ရဲရင်ကျုပ်ဆက်ပေးမယ်။
ပစ်ရေ..ဘာဖြစ်လဲ ပြောပါအုံး..
မွန့်ကို ဖုန်းဆက်မယ်ဆို..
နားထောင်ပေးမယ်နော်..
အမြန်ဆုံး ဆက်သွယ်ပါ..
ညီမလေး.....
မနက်ဖန်တိုင်းဟာ သတ္တိရှိရှိနဲ့ ရင်ဆိုင်ရမဲ့ နေ့ရက်တွေပါဘဲ..
ဘာတွေဖြစ်လာမယ်ဆိုတာ မသိပေမဲ့ ဘာဖြစ်ဖြစ်မယ် ရင်ဆိုင်မယ်ဆိုတဲ့စိတ်ကိုမွေးပြီး ရင်ဆိုင်ပါ။ အဆိုးဆုံးကို ကြိုတင်ပြင်ဆင်ထားပါ.
အဆုံးဆုံးဖြစ်မလာရင် ခံစားရသက်သာမှာပါ.။
ဘာဘဲဖြစ်ဖြစ် သတင်းကောင်းသာကြားပါစေလို့ဆုတောင်းပေးပါတယ်နော်..
အစစ အဆင်ပြေပျော်ရွှင်ပါစေညီမလေးပစ်ပစ်ရေ..
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..