22 November 2011

အချစ်ဆိပ်

Posted by blackroze at 16:14


အခုတလော ကြားမိတဲ့စိတ်မကောင်းစရာ သတင်းလေးကတော့ စင်ကာပူကညီမလေး တယောက်
တိုက်ပေါ်ကခုန်ချသွားတဲ့ သတင်းပါဘဲ... အဲသတင်းကိုစပြောပြတဲ့သူက အမ မဒမ်ကိုးပါ ..
" " ပစ်ပစ်ရေ အမ....မအိပ်ရဲဘူးဖြစ်နေတယ် ကြောက်လို့"" တဲ့လေ ။အမရယ်..ဘာလို့အဲတာတွေသွားဖတ်ရတာလဲ
ချောက်ချားစရာတွေ မဖတ်ပါနဲ့လေ...အမက ကျန်းမာရေးလည်းကောင်းသေးတာ မဟုတ်ဘူးလေ လို့
ပြောသာပြောလိုက်ရတယ်..ကျမကိုယ်တိုင်ကအရမ်းသိချင်နေပါပြီ...ဘယ်သူလဲ..ဘာအတွက်ခုန်ချတာလဲ
နောက်ဆုံး အွန်လိုင်းမှာ ကိုရင့်ကိုတွေ့တာနဲ့ အတော်ဘဲဖြစ်သွားတယ် ဘယ်သူလဲ ပြောပြစမ်းပါဦးလို့မေးစမ်းရတယ်..link လေးပေးပါလို့တောင်းရတယ်..

ပစ်ပစ်: လင့်ကလေးပေးပါကိုရင်
ကိုရင်: တိုက်ပေါ်က ခုန်ချတယ်တဲ့
ပစ်ပစ်: သူကဘယ်ကလဲ
ကိုရင်: link
အမက FBI ကလား
ကျွန်တော် တွန်းချတာ မဟုတ်ဘူးနော်
ကျွန်တော့်မိန်းမ တွန်းချတာလည်း ဟုတ်ဘူး
:D
11:24 PM ပစ်ပစ် : မဟုတ်ပါဘူးရှင် ကျမက အမေရိကန် CIA ကပါ..
ဒီအမှု့ကိုစုံစမ်းဖို့တာဝန်ပေးခံရတဲ့ jerry pigpig 007
ပါ :P

လင့်မပေးခင် ...သူမဟုတ်တဲ့အကြောင်း ကျမကိုရှင်းပြနေတာပါ...နောက်ဆုံးလင့်ကလေးရတော့
ကမန်းကတန်းသွားစပ်စုရပါတယ်...အချစ်ကြောင့်ခုန်ချတယ်ဆိုပါတော့...
သူ့FB လည်း သွားကြည့်ခဲ့ပါတယ် ...ကောင်မလေးကိုကရုဏာဒေါသ ဖြစ်မိပါတယ်...ဒီလိုယောက်ကျားအတွက် ဒီလောက်ပေးဆပ်ဖို့မလိုပါဘူး...ကျမလည်း ငယ်ငယ်ကချစ်ဖူးပါတယ် အသည်းလည်းကွဲဖူးတာဘဲ....အခုလည်းချစ်နေဆဲပါဘဲ..
တခါတလေ အဆင်မပြေတာတွေလည်း ရှိနေဆဲပါဘဲ...။။
မိန်းကလေးဆိုတော့ ချစ်သူနဲ့အဆင်မပြေရင်
ဝမ်းနည်းမယ်.. ခံစားမယ်.. ငိုမယ်...သတိရမယ်.. အဲတာသဘာဝပါဘဲ ..ဒီထက်ပိုပြီးတော့ မစဉ်းစားခဲ့သလို
မစဉ်းစားသင့်ဘူးလို့လည်းထင်ပါတယ်... အသက်တချောင်းဆိုတာ မိဘကဖန်တီးပေးလိုက်ရုံတင်မကပါဘူး
အဲဒီအသက်တချောင်း လောကကြီးထဲမှာရှင်သန်ခွင့်ရအောင် အချိန်အကြာကြီး အပင်ပန်းခံပြီး ပြုစုပျိုးထောင် ပေးခဲ့ရပါသေးတယ်..ချစ်သူကြောင့် ဒီလိုစိတ်တွေတွေးမိရင်တောင်မှ မိဘကိုထည့်စဉ်းစားသင့်ပါသေးတယ် ...ငါ့မိဘ အတွက် ဘာလုပ်ပေးခဲ့ပြီးပြီလည်း... ဘာလုပ်ပေးရဦးမလဲ သူတို့ဘာလိုအပ်နေသေးလည်း... ပြန်ပေးဆပ်သင့်ပါတယ်...
မိဘပေးခဲ့တဲ့အသက်အတွက် ပြန်မဆပ်နိုင်သေးရင်တောင်မှ ပညာသင်ပေးခဲ့တဲ့ ကျေးဇူးတရားကို
ပြန်ကြည့်သင့်တယ်.. ခုတော့ပညာလည်းတတ် ဝင်ငွေလည်းရရော...ချစ်သူအတွက် တိုက်ပေါ်ကခုန်ချတယ်
ဆိုတာ ကြားရတဲ့သူအဖို့ကတော့........... ဘာမှကိုမပြောချင်တော့ပါဘူး။။။

ချစ်သူကထားခဲ့တယ် ဆိုရင်တောင်မှ ကိုယ်ကငိုကြွေေးနရုံနဲ့ ပြီးသွားမှာလား....အသစ်တဖန် ပြန်မစတော့ဘူးလား ....သဘာဝတရားအရတော့ မိန်းကလေးတွေက စိတ်နုတာများပါတယ်..
ဒါကြောင့်ရည်းစားပြတ်ကြရင် မိန်းကလေးကပိုခံစားရတာများပါတယ်...အချစ်အတွက်ခံစားတယ်
ဆိုတာ အဆန်းမဟုတ်ပါဘူး ....နေရာတိုင်းမှာ သတ်မှတ်ချက်လေးတော့ ထားသင့်တာပေါ့လေ...။။
အခုခေတ်ကြီးမှာ ချစ်လိုက်ကြ ပြတ်လိုက်ကြဆိုတာ အဆန်းတကျယ်တော့ မဟုတ်တော့ပါဘူး...
တယောက်တယောက် သစ္စာရှိရှိနဲ့ လက်တွဲသွားကြတဲ့သူတွေရှိသလို
(၁)အယူအဆမတူလို့
(၂) မိဘအနေအထားကြောင့် ....
(၃) ငွေကြေးအခြေအနေအရ
(၄)ဘာသာမတူလို့
(၅)သဘောထားချင်းမတိုက်ဆိုင်ကြတော့လို့ စတဲ့အကြောင်းတွေကြောင့် နှစ်ဦးနှစ်ဘက် လမ်းခွဲကြတာ
ရှိသလို ...တဘက်ဘက်က သစ္စာဖောက်ပြီး အသစ် တွေ့သွားလို့ လမ်းခွဲကြတာတွေလည်းရှိပါတယ်..

ဘယ်လိုအကြောင်းကြောင့်နဲ့ ချစ်ချစ် ဘယ်လိုအကြောင်းကြောင့်နဲ့ပြတ်ပြတ် အသက်သေလောက်တဲ့
အထိတော့ အချစ်ကိုမကိုးကွယ်သင့်ပါဘူး....အချစ်ကို အဆိပ်မဖြစ်စေသင့်ပါဘူး..

ကာယံကံရှင်ရဲ့ မိဘတွေတော့ဘယ်လောက်ယူကြုံးမရ ဖြစ်နေမလဲ မသိပါဘူး...ကျမတို့လိုကြားရတဲ့သူ
တွေအဖို့ကတော့ စိတ်ထဲတနုံနုံ နဲ့ စိတ်မကောင်းဖြစ်နေမိပါတယ်...

ဘယ်လိုအခက်ခဲတွေနဲ့ဘဲရင်ဆိုင်နေရပါစေ နောက်ဆုံးမှာတော့ ပြီးဆုံးခြင်းဆိုတာရှိပါတယ်..
အဲဒီခံစားမှု့တခုက သေတဲ့ အထိရင်ထဲမှာရှိမနေပါဘူး..အချိန်တန်ရင် လွင့်ပါးသွားမှာပါ...
ကိုယ်ကခံနိုင်ရည်ရှိဖို့ဘဲလိုပါတယ်.. အခက်အခဲဆိုတာ နေရာတိုင်းမှာရှိပါတယ်....အချိန်တိုင်းမှာရှိတတ်ပါတယ်...အောင်မြင်ခြင်းဆိုတဲ့အရာ ကအခက်အခဲတွေရဲ့
နောက်မှာဘဲရှိနေတတ်တာပါ ..။။။ကိုယ့်ရဲ့ခံနိုင်ရည် ကိုစမ်းသပ်နေတယ်လို့ဘဲ သဘောထားတတ်ဖို့
လိုပါတယ်...

အချစ်ရေးအဆင်မပြေရင် ဘာကိုမှ မစားချင်မသောက်ချင် ဖြစ်တတ်တာက သဘာဝပါ....ဘာဆက်လုပ်ရမလဲ ဘာဆက်လုပ်သင့်လဲ ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတဲ့ အတွေးပေါင်းစုံနဲ့
တော်တော်ခံစားရတာပါ..ကျမလည်းခံစားဖူးပါတယ်...အဲလိုအခါမျိုးမှာ တယောက်ယောက်ကို ရင်ဖွင့်လိုက်ပါ ..ကိုယ့်ရင်ထဲရှိတာကို အကုန်ပြောပြပြီး သူ့ကိုမျှဝေပေးလိုက်ပါ...

(တကယ်လို့များ တစုံတယောက်က သင့်ကို သူရဲ့ခံစားချက်တွေကို ရင်ဖွင့်လာမယ်ဆိုရင် အချိန်ပေးပြီး သေချာနားထောင်ပေးပါ ။သူ့ရဲ့ခံစားချက်ကို မျှဝေယူပေးလိုက်ပါ..ဒါဟာ သင်လူတယောက်ကို ကူညီရာရောက်ပါတယ်.. ကူညီတယ်ဆိုတာ ငွေကြေးအရ လူမှု့ရေးအရ လိုက်ပါကူညီပေးမှ ကူညီတယ်လို့ သတ်မှတ်တာ မဟုတ်ပါဘူး..စိတ်ဓါတ်အင်အား အရ အားပေးကူညီပေးတာလည်း ကူညီမှု့တခုပါဘဲ)

တိုက်ပေါ်ကလွယ်လင့်တကူ ခုန်ချလိုက်ဖို့ကိုတော့ မစဉ်းစားကြပါနဲ့....မိဘတွေရဲ့ ခံစားမှု့ကို
ထည့်စဉ်းစားကြပါလို့ ပြောချင်ပါတယ်.. အချစ်ဆိုတဲ့အရာက ချစ်နေတဲ့အချိန်မှာ အရမ်းချိုမြိန်ပါတယ်...
တခါတလေ အဆင်မပြေတာတွေနဲ့ တိုက်ဆိုင်မိချိန်မှာတော့ ချိုမြန်တဲ့ အရာသာပျောက်သွားတတ်ပါတယ် ။။။ဒါဟာလည်း ဖြစ်တတ်တဲ့သဘာဝတခုပါဘဲ အရာအားလုံးဟာ
အချိန်တိုင်းပြီးပြည့်စုံ လှပနေတယ် မရှိပါဘူး ။။ တခါတလေမှာ ခါးတဲ့အရသာကိုလည်း ခံစားနိုင်ရမယ်..။
အချစ်ကို အချစ်လို့ဘဲခံစားစေချင်ပါတယ် ..။။။ အဆိပ်တခွက်တော့မဖြစ်စေချင်ပါဘူး...
မိန်းကလေးတိုင်းကို အချစ်ဆိပ်မသင့်စေချင်ပါဘူး....။။။

jerry pigpig
22.11.2011 PM 7:43

12 comments:

rose of sharon on 22 November 2011 20:47 said...

အော်ပစ်ပစ်ဆိုတာ blackrose ကိုး... သူ့ရင်ဖွင့်သံကိုနားထောင်မဲ့သူတွေမရှိခဲ့လို့များလား... ရှိခဲ့ရင်တောင် သူအဲလိုလုပ်မယ် မပြောပြခဲ့လို့ မတားဖြစ်ခဲ့ကြတာ ထင်ပါတယ်... စိတ်မကောင်းဘူးကွယ်...း((

ကိုကိုမောင်(ပန်းရနံ့) on 22 November 2011 21:29 said...

ချစ်ဆိပ်ရည်ဆိုတာ အဲဒါပြောတာပေါ့။

အချစ်က လူကို ကောင်းကျိုးပေးစေတတ်သလို ဆိုးကျိုးလဲ ပေးစေတတ်ပါတယ်။ အချစ်စစ်မဟုတ်ခဲ့ရင်ပေါ့။ အဲဒါရောဂါမျိုးကို ကုစားဖို့က အချိန်လိုတယ်။ ရင်ဖွင့်ချက်တွေကို နားထောင်ပေးမဲ့ လူလိုတယ်။ ၀ါသနာပါရာ ပျော်စရာတစ်ခုခု လိုတယ်။ ဒါမှ မဟုတ်ရင် အချစ်က အဆိပ်ဖြစ်စေတတ်ပါတယ်။

ဝက်မလေးလဲ သတိထားပေါ့။ အချစ်အတွက် စိတ်ဂယောင်ချောက်ခြားဖြစ်ပြီး ကွန်မင့်ပေးခဲ့သလား မပေးခဲ့ဘူးလားတောင် ခွဲခြား မသိနိုင်တော့ဘူးဆိုတော့ နဲနဲတော့ စိုးရိမ်စရာဘဲ။း))

ခင်မင်လျှက်

jerry pigpig said...

ဘာလို့မပေးခဲ့ရမှာလဲ
ကောမက်ကပေးခဲ့တာသေချာတယ်
တဂျီး တခုခုလုပ်ထားလို့
အဲဒီကောမက်က မရှိတော့တာနေမှာ..
အဲတာအသေအချာဘဲ..

ညိမ်းနိုင် on 22 November 2011 21:42 said...

စိတ်မကောင်းစရာသတင်းတစ်ခုပါ။သေခြင်းတရားကိုရွေးချယ်လိုက်ဖို့ဆိုတာ
အတော်ခက်ခဲလှပါတယ်၊ကျွန်တော်လည်း စိတ်ကျချိန်မှာ အဲ့လိုလုပ်ချင်စိတ်
ပေါက်ခဲ့ဖူးတာပါပဲ။ဒါပေမယ့် လက်တွေ့မှာတော့ ရွေးချယ်ဖို့ဆိုတာ တော်တော်
ကို ခဲယဉ်းလှတာပါ။ခမျာမှာတော်တော့ကို စိတ်ဆင်းရဲနေလို့ဖြစ်မယ်ထင်ရဲ့..။
ပစ်ပစ်ရေးသလို သူ့မှာရင်ဖွင့်ဖော်သူငယ်ချင်းမရှိဘူးထင်ပါရဲ့လေ...၊ရင်ဖွင့်လိုက်
ရင် တစ်မျိုးပြောင်းလဲသွားနိုင်ရဲ့....။အင်း...ကျွန်တော်လည်း ခုတလော တိုက်
ပေါ်ကနေ ခုံချ ချင်နေတာ...၊အိမ်ခန်းထဲက ခုံကျိုးတွေပြောပါတယ်....:)

မောင်ဘုန်း on 22 November 2011 21:44 said...

အင်း ... ထူးဆန်းတယ်လို့ ပြောရမှာလား ပဲ အဲ့ ကောင်မလေး ဆုံးသွားတာ
တိကျတဲ့ အကြောင်းပြချက် မရှိဘူး နော် ....
လူတစ်ယောက် ဟာ ကိုယ့်ကို သက်သေ မို့  လုံလောက်တဲ့ အကြောင်းပြချက်တော့ ရှိရမယ် ထင်ပါတယ် ....
သေကြောင်းကြံ တယ်ဆိုတဲ့ သတင်းတွေ ထဲမှာတော့ ဒီ သတင်းကြားတော့ အတော် ကို ထူးဆန်းနေမိတယ် ...အချစ်ကြောင့် လို့  ဆိုပင်မဲ့ သူမရဲ့ အသက်ရွယ် ပညာ အရည် ချင်း ကို ကြည့်ရင် လုံးဝ မဖြစ်သင့် ဘူးလေ ...
သူမ နဲ့ နောက်ဆုံး ဆက်သွယ်တွေ့ ဆုံတဲ့ သူ သို့ မဟုတ် သူမ သုံးတဲ့ ဖုန်း ၊ ကွန်ပြူတာ မှာ ရှိတဲ့ အချက်လက်တွေ သတင်းပြောက် နေတာလည်း ထူးဆန်းတယ်နော် ..... အဟီး ........ ဘာရယ်မဟုတ်ဘူနော် ကျနော် လည်း jerry pigpig 007 .... လုပ်ကြည့်တာလေ .....

မဒမ်ကိုး on 22 November 2011 21:49 said...

အောင်မလေး ဒီမှာရွှေဒိုးတို့တနေ့တနေ့ ရင်ငြိမ်းပွင့်စာမျက်နှာထဲသွားသွားကြည့်ပြီး စိတ်မကောင်း တွေးရင်တနုံ့နုံ့နဲ့
ကြားတဲ့နေ့ကများဆို ထိုင်မရထမရ ကတုန်ကရင်ကြီးနဲ့
အိပ်တာတောင်တွေးနေမိတာ စိတ်ထဲမကောင်းလိုက်တာများ
ရေးဖို့စီကာစဉ်ကာပေါ်လာပါရဲ့ ဒါပေမယ့် ကိုယ့်ဟာနဲ့ကိုယ်တောင် စိတ်မကောင်းဖြစ်နေရတဲ့အထဲ ဒါကြီးဖတ်ပြီး ပိုဆိုးနေမှာဆိုးတာနဲ့
မရေးတော့တာ .
ကောင်းတယ်ဟေ့ ထောက်ခံတယ် .ရေးထားတာအကုန်အမှန်တွေချည်းပဲ မို့ ရင်ငြိမ်းပွင့် ဟာ စာဖတ်အားနည်းခဲ့တာလား ဘုရားတရားလုပ်ဖို့မေ့လျော့ခဲ့တာလား မိဘတွေကို တချက်ကလေးတောင်ပြန်မငဲ့ကြည့်ခဲ့တာလား ဆိုတာတော့ တမလွန်မှ သူပဲသိနိုင်ပါလိမ့်မယ် .သူသာခုနေသိခဲ့ရင် ဒါမှမဟုတ် ခုန်ချလိုက်တဲ့ တခနမှာ ငါမှားပြီဆိုတဲ့ နောင်တရကောင်းရသွားနိုင်ပါလိမ့်မယ် .ဒါပေမယ့်နောက်ကျသွားတာဖြစ် ကောင်းဖြစ်မှာပါ .သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘ၀နဲ့ ဘယ်လောက်အဖြစ်ဆိုးလိုက်သလဲ .ဘာသာတရားအရကြည့်လိုက်ရင် သူများကိုလုပ်ခဲ့တဲ့ကံကြောင့် ဥပေစ္ဆေတကကံကြောင့် သူများက လာတောင်မသတ်ရပဲ ဒီအချိန်မှာ ကိုယ့်ကိုယ်ကို ပြန်သတ်ပေးရတဲ့အထိ ကံဝတ်ကြွေးများ တကယ်ကိုကြောက်စရာကောင်းလှပါတယ် ..
ဘလော့ဂါများတို့ အဲလိုအသိပေးစာလေးတွေရေးပေးကြစေချင်ပါတယ်..
စာရှည်သွားလို့ဆောရီးပါပစ်ကလေးရေ ။..

ချစ်တဲ့ အမ

AH on 22 November 2011 21:54 said...

သြော်... ခက်ပ၊ ဘယ့်နှယ် ဘ၀မှ မစသေးဘူး ကိုယ့်ဘ၀ ကိုယ်တုံး ပြစ်ရတယ်လို့၊ နှမျောစရာ။

Anonymous said...

ကလေးမလေးက..ကောင်လေးနာမည်ကို
တက်တူးတောင်.ထိုးထားတယ်ဆိုပဲး)
ဆိုတော့ကာ....
(ဆားပုလင်းနှင်းမောင်လေသံး)
အဓိက.တရားခံကတော့..သူ့စိတ်.လို့ထင်တာပါပဲရှင်။
တိုင်ပင်စရာ.မိတ်ဆွေမရှိတာလည်း.ပါတာပေါ့နော်။
ဒီလိုစိတ်ကူးမျိုးတွေ..ဘယ်သူ့ဆီကိုမှ
မကူးစက်အောင်..တတ်နိုင်သမျှ.
ကြိုးစားကြတာပေါ့အမတော်ရယ်..
အထူးသဖြင့်..ဘလော့ဂါတွေမှာပေါ့း)))
(မိစံတော့..အပြေးကောင်းရင်နှစ်ချက်ပဲးP)

လေးစားလျှက်ပါ....

jasmine(တောင်ကြီး) on 22 November 2011 22:59 said...

သူအဲလိုလုပ်မယ် မပြောပြခဲ့လို့ မတားဖြစ်ခဲ့ကြတာ ထင်ပါတယ်.
ဖတ်ပြီး တစ်ခုခုကိုကြောက်နေသလိုပဲသိလား ။

ကိုယ့်ဖာသာကို အပ်နဲ့ထိုးမိတောင်ကြောက်တယ်...
မစဉ်းစားရဲဘူးကွယ် ---

ယွန်း on 23 November 2011 00:35 said...

မိုက်၇ူးရဲပါလား..ကိုယ့်အသက်ကိုယ်တန်ဖိုးမထား..ယောကျာင်္းလေးတစ်ယောက်အတွက်နဲ့များ..ဒီလိုဖြစ်ရတယ်လို့  ..မိဘဆရာတွေသင်ပေးထားတဲ့ ပညာတွေ အသိတွေ နှမြောစရာ..

ညီရဲ on 23 November 2011 00:53 said...

သူငယ်ချင်းတွေ ရင်ဖွင့်လာရင် နားထောင်ပေးလိုက်တယ်။ သူတို့ အပူလျှော့သွားတယ် ဆိုရင် ကိုယ်လဲ ကျေနပ်နေတတ်တယ်လေ...ဒါမျိုးက ကူညီသင့်ပါတယ်...

မြသွေးနီ on 23 November 2011 16:51 said...

လူ့ဘ၀ဆိုတာရခဲလှပါတယ်...
အချစ်အတွက်နဲ့ တန်ဘိုးရှိလှတဲ့ ဘ၀တစ်ခုလုံးကို စတေးရတာ မတန်လှပါဘူး...။ စဉ်းစားဆင်ခြင်ဥာဏ်လေးနဲ့ ချင့်ချိန်သင့်လှပါတယ်။

Post a Comment

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei