06 November 2011

အားလပ်ရက်

Posted by blackroze at Sunday, November 06, 2011
ဒီနေ့ နားရက်ပါ ။ အလုပ်သာနားတာပါ ။လူကမနားပါ ။မနက်မျက်စိလုံးလေး နှစ်လုံးဖွင့်လိုက်ကထဲက လုပ်ရမဲ့ဟာတွေက တန်းစီလို့ တခုပြီးတခုဆက်တိုက်ပါ ။ဒါပေမဲ့ တခုမှအဆင်မပြေပါကွယ်.....။
ဆေးခန်းသွားတယ် ။ဆေးခန်းပိတ်တယ် ။သူငယ်ချင်းတွေကတော့သတိပေးသား ဆေးခန်းပိတ်လောက်တယ်နော်တဲ့ နင့်သွားမဲ့နေ့က sunday နော် တဲ့ ။ဒါပေမဲ့ jerry pigpig တို့က
don't care ပါ ။ကိုယ်လုပ်ချင်တာလုပ်လိုက်ရရင် ပြီးတာဘဲလေ ။နောက်ပြီး အကြားအမြင်ဆရာမ ဆိုတာ
သွားမေးမလို့ နေ၇ာအတိအကျမသိတဲ့အတွက် စုံစမ်းရေးတာဝန်ကို jerry pigpig ကယူထား၇ပါတယ် ။
အဲတာလည်းအဆင်မပြေပါဘူးကွယ် ။first time အဆင်မပြေတော့ second time ပေါ့ ။စိတ်မလျှော့ပါဘူး..
ဆ၇ာမကလည်းဟောတာအရမ်းမှန်တယ်ဆိုဘဲ ။။ ဒီတော့ ရှေ့ဖြစ်နောက်ဖြစ်ကိစ္စကို ရအောင်မေးမြန်းကြမယ်လို့ အားလုံးကဆုံးဖြတ်ထားကြပါတယ် ။

ပြီးတော့သူငယ်ချင်းတယောက် အိမ်ကိုသွားပါတယ် ...သူက ကလေးတယောက်နဲ့ပါ ..သားလေးတယောက်ရှိပါတယ် ။ သူငယ်ချင်းနဲ့မှ
စကားမပြောရသေးဘူး အနှီသူ့သားလေးဆိုတော့ကောင်လေးက ဝင်ဂျီကျပါတယ် ။ အန္တီၤ သားကို
ဟိုပုံလေးဆွဲပေး ဒီပုံလေးဆွဲပေး ။ အော် ..သူ့အိမ်သွားလည်တာဆိုတော့ သူ့ကိုနဲနဲတော့သည်းခံရမယ်ပေါ့
ဆိုတဲ့ စိတ်ထားလေးထားလို့ ကလေးအလိုကျလိုက်လုပ်ပေးနေရပါတယ် ။jerry pigpig ကို ပန်းချီဆရာမများမှတ်နေလားမသိပါဘူး ။ အန်တီ သားကို ခွေးပုံဆွဲပေးပါ ...ခွေးပုံပြီးတော့ ခွေးနေဖို့ အိမ်လေးပါ ဆွဲပေးဦးတဲ့ ....ပြီးတော့ ယုန်ပုံဆွဲပေးပါတဲ့..ယုန်နေဖို့အိမ် ....( ဟင်းးး ) ရေခဲမုန့်ပုံလေးပါဆွဲပေးဦးနော် တဲ့ .....ပြီးတော့ဇွန်းပါတပ်ပေးဦးလေတဲ့ ...ရေခဲမုန့်က ဇွန်းမလိုပါ ဘူးဟယ်..ဆိုတော့ အလိုမကျတဲ့မျက်နှာလေးနဲ့ သားစားရင်ဇွန်းအမြဲတပ်စားတယ်တဲ့ ..
jerry pigpig ကိုဒီလိုလာလုပ်လို့ဘယ်ရမလဲလေ ။။။အန်တီရေခဲမုန့်စားရင်တော့ ဇွန်းမတပ်ဘူးသားရယ်..
အဲတော့ဇွန်းပုံမဆွဲတတ်ဘူးလို့ ပြောပလိုက်တာပေါ့ ...ဟားဟားဟား ဘယ်ရမလဲလေ ..အဲတော့ သူ့အမေဘက်လှည့်သွားပါတယ် ...မားမား ဇွန်းပုံဆွဲပေးပါတဲ့ ..နောက်ဆုံးတော့ အဲဒီဇွန်းက jerry pigpig ဘဲတပ်ပေးလိုက်ပါတယ် ရေခဲမုန့်မှာ ။။ အော်...အခုစိတ်ရှည်သည်းခံနေတာ နောင်တချိန်အတွက် အလေ့အကျင့်ယူနေတယ်လို့ဘဲ သဘောထားလိုက်ပါတယ်လေ ။။ကဲ..ပုံဆွဲခြင်းအမှု့ ကိစ္စပြီးတဲ့အခါ
ကာတွန်းကားကိစ္စလာပြန်ပါတယ်....။အော် ကလေးတယောက်ရှိတာ တော်တော်မလွယ်တာပ်ါလားနော် ။
နောက်ဆုံးတော့ သူငယ်ချင်းနဲ့အလောသုံးဆယ် စကားမြန်မြန်ပြောပြီး တာ့တာ့ ဆိုပြီးပြန်ခဲ့ပါတယ် ..။။
နောက်ခါ ဒင်းကျောင်းပိတ်တဲ့ရက်ဘယ်တော့မှ မသွားဘူး ...ဒင်းကျောင်းဖွင့်တဲ့ရက် ဘဲသွားမယ် ..
လူကိုပုံနင်းကန်ဆွဲခိုင်းလွန်းလို့ ...ဟွန့် ....
ပြန်ခါနီးတော့မှ သူငယ်ချင်းကမျက်၇ည်အဝဲသားနဲ့ ရင်ဖွင့်ပါတယ်.... သူ့သားကျောင်းကလေ့လာရေးသွားတယ် ဟိုရက်ပိုင်းကဆိုပါတော့ ..ခါတိုင်းဆိုလည်း ပြင်ဆင်ပြီး ကလေးကိုထည့်ပေးနေကြ..။ဒီတခေါက်ကျတော့ ကလေးက သူ့ကိုဘာပြောလဲဆိုတော့
မားမား သားတို့ကျောင်းကလေ့လာရေးသွားရင် မားမားမလိုက်ခဲ့နဲ့နော် တဲ့

..သားကျောင်းကဆရာမတွေလည်းပါတယ်သားသူငယ်ချင်းအမေတွေလည်းပါတယ် တဲ့ မားမားလိုက်စရာမလိုဘူးလို့

ပြောတယ်တဲ့ အမေတယောက်အနေနဲ့ ကျမသူငယ်ချင်းအရမ်းစိတ်မကောင်း ဖြစ်နေတယ် ဆိုတာ ကျမသိပါတယ်..
သူ့ကိုနှစ်သိမ့်ဖို့ ကျမစီမှာလည်း စကားလုံးတွေ မရှိပါဘူး ...။သူငိုတာကို ကျမဒီတိုင်းဘဲကြည့်နေရပါတယ် .ကျမသူငယ်ချင်းက သူ့သားကိုအရမ်းချစ်ပါတယ် ။သူ့ဘယ်နေရာသွားသွား အမြဲခေါ်နေကြပါ ။ကလေးကို ရန်ကုန် မှာကျောင်းပြန်ထားတာတောင် မခွဲနိုင်လို့ဆိုပြီး ထိုင်ဝမ်ပြန်ခေါ်လာတာပါ ...သူငယ်ချင်းတွေအားလုံးက သူ့ကိုကွယ်ရာမှာဝေဖန်ကြပါတယ် ။သူလုပ်နေတာတွေ မှားနေပြီ ဆိုပြီးတော့ပါ ။အားလုံးကလည်းဝိုင်း အကြံပေးတာက အကောင်းဆုံးက ကလေးကို ရန်ကုန်မှာဘဲကျောင်းထားဖို့ပါ ။ပညာရေးတိုးတက်တာတွေ မတိုးတက်တာတွေ အပထား ...ယဉ်ကျေးမှု့ ဆိုတာတခုနဲ့တင် ရန်ကုန် ပြန်ကျောင်းထားသင့်တာပါ ။။ကလေးကအခုမှ 5နှစ်သားလေးရှိသေးတာပါ ။အခုတော့ 5နှစ်သားလေး
ပြစ်လိုက်တဲ့ မြှားက သူ့ရင်ကိုခွင်းသွားပါပြီ ။။ကျမပြန်ခါနီးတော့ သူ့ကို (အများကြီးမစဉ်းစားနဲ့ အများကြီးမမျှော်လင့်နဲ့ ) 不要想太多不要希忘太多 လို့ဘဲ ပြောခဲ့ပါတယ် ။။

အိမ်ပြန်ရောက်တော့ ကျမ စိတ်တွေက တိမ်တွေလိုလွင့်မျောလို့နေပါတယ် ။။အတွေးပေါင်းစုံက
ခေါင်းထဲမှာအပြည့်နေရာယူထားပါတယ် ...
အော် လောကကြီးမှာ ဘာလို့ အခုလိုမျိုးတွေဖြစ်တတ်လာတာလဲ လို့ တွေးမိပါတယ် ။ကျမဆိုရင်တော့
ကျမသားသမီးတွေကို မြန်မာပြည်မှာဘဲ ကြီးပြင်းစေမယ် ...ကွန်ပြူတာတွေ အင်တာနက်တွေကို
ကလေးတွေငယ်ငယ်လေးနဲ့နားမလည်ရင်နေပါစေ ...ကလေးတွေရင် ရင်ထဲမှာ..မိဘရဲ့ ခံစားချက်ကိုနားလည်ပေးတတ်တဲ့ စိတ်ထားလေးတွေရှိအောင် ထည့်ပေးထားမယ်....
ကျမလည်းတခါတလေ ကျရင်လောကကြီးကိုနားမလည်နိုင်ဘူး...
လူတွေကိုလည်းနားမလည်နိုင်ဘူး...
ကျမကဘဲလိုနေတာလား လောကကြီးကလဲ နဲနဲစောင်းနေတာလားမသိတော့ပါဘူးလေ....။။

ချစ်သူကိုတောင် သတိရမိတယ် ။သူနဲ့သာဖုန်းပြောလို့ လွယ်ရင် ကျမဒီအကြောင်းကို
ပြောရင် သူဘာပြန်ပြောမလဲ သိချင်လိုက်တာလေ...သားသမီးနဲ့မိဘ ရဲ့ကြားကဆက်သွယ်မှု့ကို ကျမထက် ကျမ ရဲ့ ချစ်သူ ကပိုပြီးနားလည် ခံစားတတ်တယ် ...ကျမဆို ခံစားလိုက်၇တာဘဲသိတယ် ...ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ် ဆိုတာ ချက်ချင်းမစဉ်းစားတတ်ဘူး...
သူဆို တခုခုပြောလိုက်၇င် ဘယ်လိုလုပ်သင့်တယ်ဆိုပြီးချက်ချင်းအဖြေထွက်ပါတယ်...။

သူ့စီကိုဖုန်းလည်းခဏခဏမဆက်ရဲပါဘူး...ဆက်တိုင်းလည်းသူကတာဝန်နဲ့ အပြင်ထွက်နေတာများတယ် ...ဘယ်သွားတာလဲ ဘယ်လောက်ကြာမှာလည်းဆိုပြီး သိချင်တာလည်း
သေချာအသေးစိတ်မမေးရဲဘူး ..။
ဟိုဘက်ကဖုန်းကိုင်တာ ဘယ်သူမှန်းလည်းကိုယ်ကသေချာ မသိတော့ ပြောရဆိုရတာ အရမ်းစိတ်ကျဉ်းကျပ် ပါတယ်...သူ့စီဖုန်းတခါဆက်ရတာ ကျမအတွက် အရမ်း ပရက်ရှာ များပါတယ်...။
ွှအရမ်းရင်တုန်ရပါတယ် ။ ဖုန်းကလည်းခေါ်တိုင်းဝင်တာမဟုတ်ပါဘူး...တခါတခါ ဆက်သွယ်မှု့ပြင်ပရောက်နေတာပါ ...စိတ်ရှည်ရှည်ထားရတာပါ..ဖုန်းလည်းဝင်ရော...မရှိပါဘူးခင်ဗျာ
တာဝန်နဲ့ အပြင်ထွက်သွားပါတယ်ဆိုရင်...ရင်ကိုမောရောဘဲ...ဆို့သွားတာဘဲ...။
ကျမအတွက် ဖုန်းဆက်ရတဲ့ဒုက္ခကလည်းမသေးပါဘူး ..ဒုက္ခလို့လည်းမသတ်မှတ်ချင်ပါဘူး...
ကိုယ်ချစ်ရတဲ့သူစီဆက်ရတာဆိုတော့ သူ့အသံလေးကြားလိုက်ရရင်တော့ သုခပေါ့နော်...
ရင်ထဲကို အေးစိမ့်ပြီး အလွမ်းကိုပြေသွားတာဘဲ....ဖုန်းချခါနီးကျရင် ပစ်ပစ်ဘယ်နေ့ထပ်ဆက်မှာလဲဆိုပြီး
သူကအမြဲမေးပါတယ်..။ဒါပေမဲ့ ကျမဆက်တိုင်းလည်း ...သူနဲ့ဆုံတာကနဲပါတယ်... အဲလိုဘဲ စိတ်ရှည်ရှည်
ထားပြီးဆက်ရတာပါဘဲ...။မတတ်နိုင်ဘူးလေ....ဒီလိုဘဲပေါ့နော့ ။။

အမမဒမ်ကိုး ကတော့ ကျမခံစားချက်ကို သေချာနားလည်မှာပါ ..အမရေ လူလည်းတော်တော်ပိန်သွားတယ် ။။ 4KG လောက်ကိုကျသွားတာ
အကျီတွေတောင် ချောင်ကုန်တယ် ...

အမရေ ပစ်ပစ်တို့နှစ်ယောက် နှစ်ယောက်တအိမ်မက် မက်ခွင့်ရရေး ကြိုးစားနေတယ် အမရေ
ကံတရားဆိုတာမမြင်ရပေမဲ့ အစွမ်းကုန်ကြိုးစားခွင့်တော့ ကိုတို့နှစ်ယောက်စလုံးမှာရှိတယ် တဲ့
Fighting ..ကြ စို့ ပစ်ပစ်ရေတဲ့..သတ္တိရှိတယ်မဟုတ်လား..ခေါ်ရင် လိုက်ရဲတယ်မှတ်လားတဲ့
ချစ်သူကပြောတာလေ....
ခုတော့ လွမ်းနေရသေးတာပေါ့နော် ....။။။


သူငယ်ချင်းလည်း သူ့သားကြောင့် စိတ်မကောင်းဖြစ်ပြီး ငိုနေမယ်ထင်ပါရဲ့...။
ကျန်တဲ့သူငယ်ချင်းတွေကျတော့ အကြားအမြင်ဆရာမကို မေးလိုက်မဟဲ့ ဆိုပြီး
ဘာမေးရင်ကောင်းမလဲစဉ်းစားနေမယ်ထင်ပါရဲ့ ....။။
အိမ်က မတည့်အတူနေညီမ ကတော့ သူဆံပင်ဖြောင့်ထားတဲ့နေ့မှ ရာသီဥတု ကဒီလောက်
ပူရသလားဆိုပြီး မကျေမနပ်ဖြစ်နေလေရဲ့ ...။။
jerry pigpig ကတော့ လွမ်းနေသလိုလို စိတ်တိုင်းမကျသလိုလို အိပ်ငိုက်သလိုလို ဖြစ်နေလေရဲ့..။

jerry pigpig
6.11.2011 PM 6:15

9 comments:

AH on 6 November 2011 at 18:39 said...

အစ်မရေ... ဘလော့လေးမှာ တွေးစရာတွေ အများကြီးပေးတဲ့အတွက် ကျေးဇူးပါပဲခင်ဗျာ။ ကလေးငယ်တစ်ယောက်ရဲ့ အနာဂတ်ကို မိဘတွေက အများကြီးတွေးတတ်ကြပါတယ်။ ငါ့ သားသမီဟာ ဟိုနိုင်ငံမှာ ဆိုရင်တော့ ဟိုလို အခွင့်အရေး ပိုရမယ်၊ ဒီနိုင်ငံမှာ ဆိုရင်တော့ ဒီလို အခွင့်အရေးပိုရမယ်၊ ဒါပေမယ့် တစ်ခုသိသင့်တာက ကျွန်တော်တို့ရတဲ့ အခွင့်အရေး ဟာ ဒုတိယမြောက် လူတန်းစား၊ ဒါမှ မဟုတ် တတိယမြောက် လူတန်းစာ တစ်ရပ်အနေနဲ့သာ ရမယ့် အခွင့်အရေးမျိုးပါ။ အဓိကက မိမိကလေးငယ်ကို မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုဆီကို ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် သွန်သင်နိုင်မယ့် ပတ်ဝန်းကျင်မှာ ထားရှိနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော် ကလေးရရင် သေချာတယ် မြန်မာပြည်ကို ပြန်မှာပါ။ မြန်မာပြည်မှာပဲ ကလေးငယ်ရဲ့ ဖြူစင်တဲ့ဘ၀ကို အစွန်းအထင်းခံစေမယ်၊ အယူဝါဒကို သမာသမတ်ကျစေမယ်၊ မိမိနိုင်ငံကို ချစ်မြတ်နိုးစေမယ်၊ မြန်မာဟာ မြန်မာပါပဲ၊ နိုင်ငံတိုင်းရဲ့ အမြင်မှာ မြန်မာဟာ မြန်မာပါ၊ အဲ့ဒီတော့ နိုင်ငံတိုင်းက မြန်မာကို ဘယ်လိုမြင်သလဲဆိုတာ ကျွန်တော်တို့ အပေါ်မူတည်တာပါ။ မြန်မာနိုင်ငံ မြင့်တက်လာအောင် မြန်မာတိုင်းရင်းသားတွေပဲ လုပ်ဆောင်နိုင်သလို မြန်မာလူမျိုးနိမ့်ကျသွားအောင်လည်း မြန်မာတိုင်းရင်းသားတွေပဲ လုပ်ဆောင်နိုင်တာပါ။
ချစ်သူနဲ့လည်း အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ

ခင်မင်စွာဖြင့်
AH

မောင်ဘုန်း on 6 November 2011 at 18:51 said...

အင်း ... ဟုတ်ပါရဲ့ မြန်မာပြည် ကို ဖုန်းခေါ်ရတာလည်း ... ဝင်ရင်လည်း တစ်ခါ
မဝင်ရင်လည်း ... တစ်ရက် ဆိုလိုပဲနော် ....

ဟန်ကြည် said...

အလို...သူများကလေးနဲ့ လေ့ကျင့်ခန်းဆင်းနေပါကလား...စောပါသေးသကွယ်...တစ်ဆင့်ချင်းသွားရင် အဆင်မပြေပေဘူးလား...ရှေ့ဖြစ်တော့ မဟောတတ်ဘူး...နောက်ဖြစ်ကတော့ ဦးဟန်ကြည်တို့က ဘာကျွမ်းသလဲမမေးနဲ့...

ပစ်ပစ်ငယ်ငယ်က ကလေးလေး
နေတာက အရှေ့အိမ်ရဲ့ အနောက်ဘက်မှာ
ပစ်ပစ်မွေးမွေးချင်း စကားမပြောတတ်သေးဘူး

ကိုင်း မမှန်လား...းးး)))

စံပယ်ချို on 7 November 2011 at 03:02 said...

လာပြီးထက်တူခံစားခဲ့ပါတယ်နောက်ဆိုအားရက်ရက်တွေကို
ကောင်းကောင်းလေးအနားယူလိုက်ပါနော်
အိပ်ရေးဝအောင်လဲအိပ်ပါကျန်းမာမှ ချစ်တဲ့သူနဲ့ပျော်ပျော်နေရမှာလေ
ချစ်တဲ့ jasmine

ညီရဲ on 7 November 2011 at 11:49 said...

ခေါ်ရင်တော့ လိုက်သာသွားလိုက် သူငယ်ချင်း...
ဘာမှ စဉ်းစားမနေနဲ့ ဟဲ..ဟဲ...
မြှောက်ပေးသွားတယ်...

Angelhlaing(May everybody be happy and healthy! on 7 November 2011 at 20:03 said...

ငါဒီမှာ မင်းနဲ့နီးဖို့ ကြိုးစားနေတယ်တဲ့ မမရေ...:):) အားမငယ်ပါနဲ့ မမရေ..ဒီလိုလေးပဲ မျှော်လင့်ချက်ကိုယ်စီနဲ့ အသက်ရှင်နေကြရတာဆိုတော့...အားမလျှော့ လိုက်ပါနဲ့...လို့..

လွင်ပြင်လှိုင်းငယ် on 8 November 2011 at 01:52 said...

ထပ်တူခံစားသွားပါတယ်

သူကြီးမင်း (တုံးဖလား) on 8 November 2011 at 08:00 said...

ကလေးနဲ့ ဖက်ပြီး စိတ်ဆိုး စိတ်ကောက်မဲ့ပုံဘဲ။း(

မဒမ်ကိုး on 8 November 2011 at 16:30 said...

ပစ်ပစ်လေးရေ .အမ ကိုရင့်ဆီရောက်နေလို့လိုင်းပေါ်မတက်နိုင်ခဲ့တာခွင့်လွှတ်ပါ
အရာရာကိုသတ္တိမွေးပါ
ဘာလို့လဲဆိုရင် ချမ်းသာတာဆင်းရဲတာက ကံတရားနဲ့ပဲဆိုင်တယ်
စိတ်ချမ်းသာဖို့ကအဓိကဖြစ်တယ်
ဘ၀ကအရမ်းတိုတောင်းလွန်းနေတယ် .
အဲဒီအချိန်ခနလေးမှာ ဟိုးအရင်ရှေးရိုးစွဲအယူတွေကိုစွန့်လွှတ်ပြီး
စိတ်ချမ်းသာအောင်ကြိုးစားနေထိုင်တာအကောင်းဆုံးပဲ.
အမလဲအဲလိုပဲဖြတ်သန်းခဲ့တယ် .
တကယ်ကိုတူနှစ်ကိုတဲအိုပျက်ပဲ .အရာအားလုံးကိုစွန့်လွှတ်ခဲ့တယ်
စိတ်ချမ်းသာခဲ့တယ် .
ကိုယ့်ချစ်သူအပေါ်မှာသစ္စာရှိမှုကနေရလာတဲ့ပျော်ရွှင်မှု့က အမအတွက်တော့ ဘာနဲ့မှမလဲနိုင်ခဲ့ဘူး.
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ကြပြီဆိုရင် နှစ်ဘက်မိဘတွေကိုလေးစား မျှတစွာတွေးပေး နားလည်မှု့ထားပေးပါ .နှစ်ကိုယ်တူကြိုးစားဖို့ပဲလိုတယ်
ဒါဆို ပျော်ရွှင်နေလိမ့်မယ် ..

ပျော်ရွှင်ပါစေ ချစ်ညီမလေးရေ

ချစ်တဲ့
အမ မဒိုးကန်

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei