23 May 2010
တိမ်နဲ့ပင်လယ်
တောင်စဉ်အသွယ်သွယ်
ယှက်ကာဖြာလို့
လှိုင်းသဏ္ဍန်ဆင့်ကာရယ်....
တိမ်ခိုးရယ်
ရှစ်ခွင်တိုင်းဆိုင်းပါလို့
မှိုင်းမှုံပြာရီချယ်....
တောင်ပြာတွေကအဆင့်ဆင့်
တိမ်လွှာတွေကတလွင့်လွင့်
ရေတံခွန်စိမ့်စမ်း
တောင်ပြာတန်းတွေပေါ်
တိမ်လွှာတိမ်ထု
မြူခိုးပမာလွှမ်းခြုံထားရင်ဖြင့်......
သဏ္ဍန်မကွဲပြား
ထင်မှတ်မှားတယ်
ပင်လယ်လေလား
တိမ်လေလား....
တောင်တန်းတွေလား
ကျွန်းတွေလား......။။။
(ဒီကဗျာလေးကိုကျွန်မဓါတ်ပုံတစ်ပုံကိုကြည့်မိရာကနေခံစားပြီးရေးဖြစ်ခဲ့တာပါ)
23.5.2010 AM 2:21
Categories
ကဗျာ
Subscribe to:
Post Comments (Atom)
10 comments:
ကဗျာလေးက နုပြီး လှနေတာဘဲ။
သိပ်ကောင်းတဲ့ကဗျာလေး..
အရမ်းကြိုက်တယ်..
အမြင့်ဆုံးတောင်ပေါ်တက်ပီး ကြည့်နေရသလားအောင့်မေ့မိတယ်..။
မိုက်တယ် ........ တဖြေးဖြေး ပိုပို တော်လာတယ် ....
အရမ်းကို လှပ ပါတယ် ..........
ကောင်းတယ်ဗျာ ...
ရေဖွဲ့မှုလေးက မိုက်တယ် ...
ပုံလေးကြည့်ရင်း ကဗျာလေးကိုဖတ်ပြီး...အဲဒီမြင်ကွင်းလေးကို အပြင်မှာမြင်ဖူးချင်နေမိတယ်....။
ခင်မင်စွာဖြင့်
မိုးငွေ့
ခေါင်းစဉ်လေး တော်တော်လှတယ်..။ ကဗျာလည်း ကောင်းပါ့ဗျာ
ကျွန်တော်နေတဲ့ ကျွန်းနိင်ငံမှာလည်း တောင်တန်းတွေ ဝိုင်းနေတယ်။ မြူခိုးတွေ ဆိုင်းနေတဲ့ တောင်တန်းတွေကို ကြည့်ရတာ နှစ်သက်တဲ့ ကျွန်တော့်အတွက်တော့ အံကိုက်ပါပဲ။
ပင်လယ်လေလား
တိမ်လေလား....
တောင်တန်းတွေလား
ဓာတ်ပုံကော ကဗျာလေးကော အရမ်းလှတယ် ကျနော်က သူများရေးတဲ့ ကဗျာတွေဖတ်ပြီး အဲ့လိုရေးတတ်ချင်တာ ။
လန်းတယ်ဗျာ
တိမ်ထိပ် တောင်ဖျား ရောက်ရှိသွားခဲ့၊
တောင်ညိုပြာလက် အရောက်ခက်သည်
ဒေါနမြင်ကွင်း ညနေခင်း။
ရောက်ရှိရှုမော အံ့လည်းသြသည်
တို့ညီနောင်ရင်း အရိုးကျင်း။
မန်းကိုကို
http://mahnkoko.blogspot.com/
(ကဗျာမဖွဲ့တတ်ပေမယ့် တခါတရံတော့လည်း စိတ်ကူးကလေးတွေ ပြေးလွားနေတာကို ခွင့်ပြုမိရာက စီကုံးထွက်လာတဲ့ စာကြောင်းတွေပါ။)
တော၊ တောင်၊ ရေ၊ မြေတို့ရဲ့သဘာဝကိုစပ်ဆိုထားတဲ့ ချစ်စရာကဗျာလေး ဖတ်သွားတယ်နော်။ သီတင်းကျွတ်ရာသီလေးမှာ ပျော်ရွှင်ပါစေနော်။ လာလည်တာကျေးဇူးပါ။
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..