16 May 2010
နွေရောက်မှာကြောက်တယ်..
ရာသီတွေပြောင်း..
သက္ကရာဇ်တွေဟောင်းပေမဲ့
ရော်ရွက်ကြွေ..မြေခလို့
ရွေဥသြအသံကြားလေသောအခါ
စိတ်အလျဉ်ဘဝင်...
ရင်တွင်ဘလောင်ဆူလို့
လေရူးတချက်ဝေ့လေတိုင်း
ဝေဒနာအဟောင်းတွေ..
ဒီရင်ခွင်သို့...တိုးဝေ့ဆဲမို့
သြော်....
နွေရောက်မှာကြောက်တယ်လေ.....။။။။။
(15.5.2010-------AM 1:03 )
Categories
ကဗျာ
Subscribe to:
Post Comments (Atom)
4 comments:
နှင်းဆီနက်ရေ...ဝေဒနာဟောင်းကိုတူးဆွသလို
ဒီနွေရဲ့ ပူပြင်းပုံကလည်း စာဖွဲ့လို့မဆုံးဖြစ်နေကြပြီ...။
ဒါကြောင့် လူတိုင်းရင်မှာ နွေရောက်မှာကြောက်နေကြတယ်..။
ခင်မင်စွာဖြင့်
မိုးငွေ့
ကိုယ်တော့ မိုးရာသီရောက်မှာကြောက်တယ် နှင်းဆီနက်ရေ။ မိုးစက်ဖွဲဖွဲလေးတွေကို မြင်ရင် စိတ်ထဲမှာတစ်မျိုးပဲ။
အားလုံးကြောက်ကြတယ်....ဒီနွေရောက်မှာကို
နှင်းဆီနက်ရဲ့ ကဗျာလေးတွေကိုလဲ နှစ်သက်မိတယ်...
များများရေးနော်... :)
ဟုတ်တယ် ညီမရေ.. နွေရောက်မှာတော့ ကြောက်စရာပါဘဲ။ ဒါပေမဲ့ ကြောက်ရတဲ့အကြောင်းနှင့်ခံစားမှုခြင်းတော့ တူချင်မှ တူမှာပေါ့လေ။
Post a Comment
အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..