20 May 2010

ကဗျာနဲ့ဆောက်တဲ့အိမ်...

Posted by blackroze at Thursday, May 20, 2010
အိမ်.... ဆိုတဲ့ ဝေါဟာရအသုံးအနှုံး
ဘယ်ကနေဆင်းသက်လာခဲ့သလဲဆိုတာ..
မသိခဲ့ပေမဲ့...
ကဗျာတွေနဲ့
အိမ်တစ်ခုဆောက်ဖို့ကြိုးစားခဲ့ပါရဲ့...

ချစ်ခြင်းတရားကိုအခြေချလို့
သည်းခံခွင့်လွှတ်ခြင်းတွေနဲ့ကာရန်
မေတ္တာတရားကိုခေါင်မိုးမိုးလို့...
နားလည်မှု့ခြံစည်းရိုးလေး
ခတ်လိုက်မယ်ဆိုပြီးတော့ပေါ့

အဲဒီအိမ်လေးထဲမှာ....
လမင်းနဲ့ကြယ်တွေကိုမြင်နိုင်တဲ့
ပြတင်းတံခါးလေးတချပ်လဲပါရမယ်
လမင်းနဲ့ကြယ်လေးတွေကိုကြည့်ပြီး....
ချစ်သူဖတ်ဖို့အတွက်
ကဗျာလေးတွေ
ရေးပေးချင်လို့ပါ...

ချစ်သူနားထောင်ဖို့...
သံစဉ်တွေဖန်တီးပေးလို့ရအောင်
ဂစ်တာလေးတစ်လက်လဲရှိရမယ်

ချစ်သူအိပ်စက်ဖို့အတွက်
ဖြူစင်တဲ့စံပါယ်ပန်းတွေနဲ့
ခင်းပေးထားတဲ့...
အိပ်ယာလေးတစ်ခုလဲရှိရမယ်...

ဒီအိမ်လေးမှာချစ်သူအတွက်
တခါးဆိုတာမရှိပါဘူး...
လာချင်တဲ့အချိန်မှာ...ဝင်လာပြီး
မနေချင်တော့တဲ့အချိန်မှာ
ပြန်ထွက်သွားလို့ရပါတယ်....

ကျွန်မဆောက်ထားတဲ့အိမ်လေးထဲမှာ...
ချစ်သူအတွက်..
နှောင်ကြိုးဆိုတာလုံးဝမရှိစေရပါဘူး...
ချုပ်နှောင်ဖို့မရည်ရွယ်လို့
ကြိုးမှန်သမျှကိုကျွန်မသိမ်းထားပါ့မယ်...

ကြည်နူးခြင်းပန်းချီကားတွေချိတ်ဆွဲထားတဲ့
ဧည့်ခန်းလေးထဲမှာ...
ချစ်သူရှိနေတဲ့အခါ...
ကျွန်မရဲ့အိမ်လေးကတန်ဖိုးမဖြတ်နိုင်တဲ့
ကဗျာနဲ့ဆောက်ထားတဲ့အိမ်လေးပေါ့...

ချစ်သူအိမ်မပျော်တဲ့ညတွေမှာ...
ကျွန်မကလမင်းဖြစ်ပါရစေ....

ချစ်သူကတိမ်ဆိုရင်..
ကျွန်မကလေပြေလေးဖြစ်ပါရစေ....

ချစ်သူကမိုးစက်လေးတွေဆိုရင်
ကျွန်မကမြေပြင်ဖြစ်ပါရစေ...

ချစ်သူကပိတုန်းဆိုရင်...
ကျွန်မကပန်းဖြစ်ပါရစေနော်..

ချစ်သူ..ဝမ်းနည်းတဲ့အခါ
ကျွန်မပါလိုက်ပြီးငိုကြွေးပါရစေ...

ချစ်သူပျော်တဲ့အခါ...
ကျွန်မကိုချစ်သူရဲ့အပြုံးလေး
ကြည့်ခွင့်ပြုပါနော်..

ချစ်သူချမ်းတဲ့အခါ...
ကျွန်မရဲ့မေတ္တာတွေနဲ့
နွေးထွေးသွားအောင်
ထွေးပိုက်ထားပါရစေနော်....

ကဲ..ကျွန်မရဲ့ချစ်သူလေးရေ...
ကျွန်မရေးထားတဲ့ကဗျာလေးဖတ်ပြီး...
ကျွန်မဆောက်ထားတဲ့အိမ်လေးထဲမှာ...
အိပ်လိုက်တော့နော်......။။။။။။။။။။


(20.5.2010 AM 2:03 )

4 comments:

မြတ်မွန် on 20 May 2010 at 20:23 said...

အင်...ချစ်သူတော့ ကဗျာဖတ်ပြီး ပျော်နေလောက်ပြီ ထင်ပါရဲ့ရှင်..။

Cameron on 22 May 2010 at 13:16 said...

ချစ်တတ်လွန်းသူကောင်မလေးရေ....ခုလောက်ဆို ချစ်သူကောင်လေးက ၀မ်းသာလွန်းလို့ ကျွမ်းဘယ်နှစ်ပတ်တောင်ပစ်လိုက်ပြီလဲမသိဘူးနော်...။

ခင်မင်စွာဖြင့်
မိုးငွေ့

Anonymous said...

:) . . . ဒါမျိုးတွေလဲ ရသလား ဗျ

ညလင်းအိမ် on 26 May 2010 at 14:41 said...

အိပ်ချင်ပါဘူးဗျာ .. အဟီး ... နောက်တာ

ချစ်သူလေးဖတ်ပြီး ကြည်နူးနေလောက်ပြီ ...
ကဗျာစပ်တာ ကောင်းတယ်ဗျ ..

Post a Comment

အဆင်ပြေသလိုသာ ဝေဖန်ခဲ့ပါနော်..

 

ခံစားမှု့သံစဉ် Copyright © 2010 Design by Ipietoon Blogger Template Graphic from Enakei